2022.03.08

စစ်ကောင်စီက အဂတိလိုက်စားမှု စွပ်စွဲချက်နဲ့ တရားစွဲဆိုထားတဲ့ အမှုတွေအတွက် အပြစ်မရှိဘူးလို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ထွက်ဆိုခဲ့ကြောင်း တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဒုက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါက်တာ ဇော်မြင့်မောင်ကို မန္တလေး နန်းတွင်းအထူးတရားရုံးမှာ မတ်လ ၈ ရက် ဒီကနေ့ ရုံးထုတ်ခဲ့ပါတယ်။
ဒီကနေ့ရုံးချိန်းမှာ စွပ်စွဲခံထားရတဲ့ အမှု ငါးမှုလုံးကို ထပ်မံ စွဲချက်တင်လိုက်တာဖြစ်ပြီး၊ တရားလိုနဲ့ တရားလိုပြသက်သေတွေကို ပြန်ခေါ်စစ်ဆေးဖို့ရှိပါတယ်။
လာမယ့် မတ်လ ၁၁ ရက်နေ့မှာ တရားလိုဖြစ်တဲ့ စစ်ကောင်စီရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးစိန်တင်ကို ပြန်စစ်ဆေးမယ်လို့ စုံစမ်းသိရပါတယ်။
အသက် ၇၀ အရွယ်ရှိပြီဖြစ်တဲ့ ဒေါက်တာဇော်မြင့်အောင်ကို စစ်ကောင်စီက အဂတိလိုက်စားမှု ငါးမှု၊ ရွေးကောက်ပွဲ မသမာမှု ၂ မှု၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅၀၅ (ခ)နဲ့ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ (၂၅) စုစုပေါင်း အမှုကိုးခု စွပ်စွဲထားတာပါ။
ရွေးကောက်ပွဲ မသမာမှု အမှု နှစ်ခုကိုတော့ မနက်ဖြန် မတ်လ ၉ ရက်နေ့မှာ ပြန်ခေါ်သက်သေတွေ စစ်ဆေးပါမယ်။ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅၀၅ (ခ)နဲ့ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ (၂၅) အတွက် ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက ထောင်လေးနှစ် ချမှတ်ထားပြီးဖြစ်ပါတယ်။
ဒီနေ့ရုံးချိန်းလာရောက်တဲ့ ဒေါက်တာ ဇော်မြင့်မောင်ရဲ့ ကျန်းမာရေး ကောင်းမွန်တယ် လို့လည်း တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
https://www.rfa.org/burmese/news/drzaw-myint-maung-trial-03082022095602.html
No comments:
Post a Comment
Note: Only a member of this blog may post a comment.