Breaking

February 18, 2023

အာဖရိကဦးချိုဒေသကနေ ပင်လယ်ကွေ့နိုင်ငံတွေဆီ ရွှေ့ပြောင်းသူအရေအတွက်တိုးမြင့်လာခြင်းဟာ စိုးရိမ်ပူပန်စရာကောင်းနေပြီ လို့ ကုလပြေ

ဖေဖေါ်ဝါရီ ၁၇၊ ၂၀၂၃


အာဖရိကဦးချိုဒေသက အမျိုးသမီးတွေနဲ့ကလေးငယ်တွေဟာ ယီမင်ကနေတစ်ဆင့် ပင်လယ်ကွေ့နိုင်ငံတွေထဲ ရွှေ့ပြောင်းလာမှုတွေ သိသိသာသာတိုးမြင့်လာနေပြီး စိုးရိမ်ပူပန်စရာကောင်းလာနေပြီ လို့ အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာကုလအဖွဲ့အစည်း (IOM) အကြီးအကဲကပြောကြားလိုက်ပါတယ်။

အရှေ့ပိုင်းရွှေ့ပြောင်းမှုလမ်းကြောင်းဟုခေါ်တဲ့ အီသီယိုးပီးယား ဆိုမာလီယာ နဲ့ ဂျီဘိုတီတိုကနေ ယီမင်ကနေတစ်ဆင့် စိတ်ချရမှုမရှိတဲ့ခရီးစဉ်တွေနဲ့ စွန့်စားထွက်လာမှုတွေဟာ ပြီးခဲ့တဲ့နှစ်အတွင်း ၆၄% တိုးမြင့်လာတာကို မြင်တွေ့ခဲ့ရပါတယ်။ အမျိုးသမီးတွေနဲ့ကလေးငယ်အမြောက်အများဟာ ပိုမိုကောင်းမွန်တဲ့ ဘ၀နေထိုင်မှုတွေရရှိဖို့ စွန့်စားထွက်လာနေကြခြင်းဖြစ်ကြောင်း IOM ညွှန်ကြားရေးမှူးချုပ် အန်တိုနီယို ဗီတိုရီနို က AP သတင်းဌာနကိုပြောကြားခဲ့ပါတယ်။
ယခင်ကလည်း အမျိုးသမီးတွေနဲ့ကလေးငယ်တွေဟာ ခြေလျင်ခရီးစဉ်တွေနဲ့ သဲကန္တာရတွေကိုဖြတ်ပြီး အန္တရာယ်ရှိတဲ့ခရီးတွေ မကြာခဏထွက်လာနေကြပါတယ်။ ဒါ့အပြင်ယခင်က အမျိုးသားတွေဟာ ၎င်းတို့ရဲ့မိသားစုတွေကို ချန်ထားရစ်ပြီး ပိုမိုကောင်းမွန်တဲ့အလုပ်အကိုင်တွေရရှိဖို့နဲ့ အိမ်ကိုငွေပြန်ပို့နိုင်ဖို့ မျှော်လင့်ချက်တွေနဲ့ အဆိုပါခြေလျင်ခရီးကြမ်းတွေနဲ့ ထွက်ခွာနေခဲ့ကြပါတယ်။ “ရွှေ့ပြောင်းမှုအရေအတွက်တွေ တိုးလာနေတာနဲ့အမျှ ဖိအားတွေလည်းတိုးလာနေတယ်” လို့ ယီမင်ကနေအဆိုပါလမ်းကြောင်းကို အသုံးပြုနေတဲ့ ရွှေ့ပြောင်းနေထိုင်သူတစ်သန်းကျော်အတွက် ထောက်ပံ့မှုတွေရရှိဖို့ ဒေါ်လာ၈၄သန်းမေတ္တာရပ်ခံဖို့အတွက် ကင်ညာကိုရောက်ရှိနေတဲ့ ဗီတိုရီနိုက ပြောပါတယ်။
စိတ်အားထက်သန်နေကြတဲ့ ရွှေ့ပြောင်းသူတွေဟာ လမ်းကြောင်းတစ်လျှောက် ရာဇဝတ်ဂိုဏ်းတွေရဲ့ အန္တရာယ်တွေကိုခံနိုင်ရည်ရှိဖို့ မုဒိန်းမှု အကြမ်းဖက်မှု လူမှောင်ခိုကုန်ကူးမှုရန်တွေကနေ အကာအကွယ်ပေးဖို့ လိုအပ်နေတယ် လို့ သူကပြောကြားခဲ့ပါတယ်။ ယီမင်စစ်ပွဲ အပါအဝင် အန္တရာယ်များကို ရွှေ့ပြောင်းနေထိုင်သူအချို့က သတိမပြုမိကြပဲ ကုလသမဂ္ဂရဲ့ ရွှေ့ပြောင်းအခြေချအဖွဲ့အစည်းဟာ အန္တရာယ်တွေကို သတိပြုမိရန် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။ အဆိုပါခရီးထွက်ဖို့ ရွေးချယ်ဆဲ ရွှေ့ပြောင်းနေထိုင်သူများအတွက် အဖွဲ့အစည်းဟာ အခြေခံကျန်းမာရေးစောင့်ရှောက်မှုနဲ့ အခြားဝန်ဆောင်မှုတွေကို ပေးသင့်ပြီး အချို့ကိစ္စရပ်တွေမှာ ၎င်းတို့နေရပ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်သင့်တယ် လို့၎င်းက ဆိုပါတယ်။
“ပြီးခဲ့တဲ့နှစ်ကတော့ ကျွန်တော်တို့တွေဟာ အီသီယိုးပီးယားကရွှေ့ပြောင်းနေထိုင်သူ ၂၇၀၀ ကိုမူလနိုင်ငံဆီပြန်ပို့နိုင်ခဲ့ပြီး ရောက်ရှိလာတဲ့အပေါ်မှာ သူတို့ရဲ့မူလဒေသတွေဆီပြန်နိုင်ဖို့ လိုအပ်တဲ့အကူအညီများပေးအပ်ခဲ့တယ်” လို့ ဗီတိုရီနိုက ပြောပါတယ်။ အနောက်အာဖရိက ကနေ လစ်ဗျားကတစ်ဆင့် ဥရောပနိုင်ငံတွေဆီ ရွှေ့ပြောင်းကြတဲ့အရေအတွက်ဟာလည်း မြင့်တက်လာနေပြီး ပဋိပက္ခဒဏ်ခံနေရတဲ့ လစ်ဗျားမှာထိန်းသိမ်းခံထားရတဲ့ ရွှေ့ပြောင်းသူများရဲ့အခြေအနေဟာ ကမ္ဘာလုံးဆိုင်ရာစိုးရိမ်ပူပန်စရာတစ်ခုပဲဖြစ်တယ်လို့ သူကထပ်ဖြည့်ပြောကြားခဲ့ပါတယ်။
Al Jazeera သတင်းဌာနပါ “Rise in migrants from Horn of Africa to Gulf states worrying: UN” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media) ကမြန်မာဘာသို့ ဆီလျော်အောင်ပြန်ဆိုသည်။
Zawgyi
အာဖရိကဦးခ်ဳိေဒသကေန ပင္လယ္ေကြ႕ႏိုင္ငံေတြဆီ ေရႊ႕ေျပာင္းသူအေရအတြက္တိုးျမင့္လာျခင္းဟာ စုိးရိမ္ပူပန္စရာေကာင္းေနၿပီ လို႔ ကုလေျပာ
ေဖေဖၚ၀ါရီ ၁၇၊ ၂၀၂၃ Myanmar Muslim Media
အာဖရိကဦးခ်ဳိေဒသက အမ်ဳိးသမီးေတြနဲ႔ကေလးငယ္ေတြဟာ ယီမင္ကေနတစ္ဆင့္ ပင္လယ္ေကြ႕ႏိုင္ငံေတြထဲ ေရႊ႕ေျပာင္းလာမႈေတြ သိသိသာသာတိုးျမင့္လာေနၿပီး စိုးရိမ္ပူပန္စရာေကာင္းလာေနၿပီ လို႔ အျပည္ျပည္ဆိုင္ရာေရႊ႕ေျပာင္းေနထိုင္သူမ်ားဆိုင္ရာကုလအဖြဲ႔အစည္း (IOM) အႀကီးအကဲကေျပာၾကားလိုက္ပါတယ္။
အေရွ႕ပိုင္းေရႊ႕ေျပာင္းမႈလမ္းေၾကာင္းဟုေခၚတဲ့ အီသီယိုးပီးယား ဆိုမာလီယာ နဲ႔ ဂ်ီဘိုတီတိုကေန ယီမင္ကေနတစ္ဆင့္ စိတ္ခ်ရမႈမရွိတဲ့ခရီးစဥ္ေတြနဲ႔ စြန္႔စားထြက္လာမႈေတြဟာ ၿပီးခဲ့တဲ့ႏွစ္အတြင္း ၆၄% တိုးျမင့္လာတာကို ျမင္ေတြ႔ခဲ့ရပါတယ္။ အမ်ဳိးသမီးေတြနဲ႔ကေလးငယ္အေျမာက္အမ်ားဟာ ပိုမိုေကာင္းမြန္တဲ့ ဘ၀ေနထိုင္မႈေတြရရွိဖို႔ စြန္႔စားထြက္လာေနၾကျခင္းျဖစ္ေၾကာင္း IOM ညႊန္ၾကားေရးမွဴးခ်ဳပ္ အန္တိုနီယို ဗီတိုရီႏို က AP သတင္းဌာနကိုေျပာၾကားခဲ့ပါတယ္။
ယခင္ကလည္း အမ်ဳိးသမီးေတြနဲ႔ကေလးငယ္ေတြဟာ ေျခလ်င္ခရီးစဥ္ေတြနဲ႔ သဲကႏၱာရေတြကိုျဖတ္ၿပီး အႏၱရာယ္ရွိတဲ့ခရီးေတြ မၾကာခဏထြက္လာေနၾကပါတယ္။ ဒါ့အျပင္ယခင္က အမ်ဳိးသားေတြဟာ ၎တို႔ရဲ႕မိသားစုေတြကို ခ်န္ထားရစ္ၿပီး ပိုမိုေကာင္းမြန္တဲ့အလုပ္အကိုင္ေတြရရွိဖို႔နဲ႔ အိမ္ကိုေငြျပန္ပို႔ႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ေတြနဲ႔ အဆိုပါေျခလ်င္ခရီးၾကမ္းေတြနဲ႔ ထြက္ခြာေနခဲ့ၾကပါတယ္။ “ေရႊ႕ေျပာင္းမႈအေရအတြက္ေတြ တိုးလာေနတာနဲ႔အမွ် ဖိအားေတြလည္းတိုးလာေနတယ္” လို႔ ယီမင္ကေနအဆိုပါလမ္းေၾကာင္းကို အသံုးျပဳေနတဲ့ ေရႊ႕ေျပာင္းေနထိုင္သူတစ္သန္းေက်ာ္အတြက္ ေထာက္ပံ့မႈေတြရရွိဖုိ႔ ေဒၚလာ၈၄သန္းေမတၱာရပ္ခံဖို႔အတြက္ ကင္ညာကိုေရာက္ရွိေနတဲ့ ဗီတိုရီႏိုက ေျပာပါတယ္။
စိတ္အားထက္သန္ေနၾကတဲ့ ေရႊ႕ေျပာင္းသူေတြဟာ လမ္းေၾကာင္းတစ္ေလွ်ာက္ ရာဇ၀တ္ဂိုဏ္းေတြရဲ႕ အႏၱရာယ္ေတြကိုခံႏိုင္ရည္ရွိဖို႔ မုဒိန္းမႈ အၾကမ္းဖက္မႈ လူေမွာင္ခိုကုန္ကူးမႈရန္ေတြကေန အကာအကြယ္ေပးဖို႔ လိုအပ္ေနတယ္ လို႔ သူကေျပာၾကားခဲ့ပါတယ္။ ယီမင္စစ္ပြဲ အပါအဝင္ အႏၲရာယ္မ်ားကို ေ႐ႊ႕ေျပာင္းေနထိုင္သူအခ်ိဳ႕က သတိမျပဳမိၾကပဲ ကုလသမဂၢရဲ႕ ေ႐ႊ႕ေျပာင္းအေျခခ်အဖြဲ႕အစည္းဟာ အႏၲရာယ္ေတြကို သတိျပဳမိရန္ လိုအပ္ေၾကာင္း ၎က ေျပာၾကားခဲ့ပါတယ္။ အဆိုပါခရီးထြက္ဖို႔ ေ႐ြးခ်ယ္ဆဲ ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ားအတြက္ အဖြဲ႕အစည္းဟာ အေျခခံက်န္းမာေရးေစာင့္ေ႐ွာက္မႈနဲ႔ အျခားဝန္ေဆာင္မႈေတြကို ေပးသင့္ၿပီး အခ်ိဳ႕ကိစၥရပ္ေတြမွာ ၎တို႔ေနရပ္ႏိုင္ငံသို႔ ျပန္လည္ပို႔ေဆာင္သင့္တယ္ လို႔၎က ဆိုပါတယ္။
“ၿပီးခဲ့တဲ့ႏွစ္ကေတာ့ ကၽြန္ေတာ္တို႔ေတြဟာ အီသီယုိးပီးယားကေရႊ႕ေျပာင္းေနထိုင္သူ ၂၇၀၀ ကိုမူလႏိုင္ငံဆီျပန္ပို႔ႏိုင္ခဲ့ၿပီး ေရာက္ရွိလာတဲ့အေပၚမွာ သူတို႔ရဲ႕မူလေဒသေတြဆီျပန္ႏိုင္ဖို႔ လိုအပ္တဲ့အကူအညီမ်ားေပးအပ္ခဲ့တယ္” လို႔ ဗီတိုရီႏိုက ေျပာပါတယ္။ အေနာက္အာဖရိက ကေန လစ္ဗ်ားကတစ္ဆင့္ ဥေရာပႏိုင္ငံေတြဆီ ေရႊ႕ေျပာင္းၾကတဲ့အေရအတြက္ဟာလည္း ျမင့္တက္လာေနၿပီး ပဋိပကၡဒဏ္ခံေနရတဲ့ လစ္ဗ်ားမွာထိန္းသိမ္းခံထားရတဲ့ ေရႊ႕ေျပာင္းသူမ်ားရဲ႕အေျခအေနဟာ ကမၻာလံုးဆိုင္ရာစိုးရိမ္ပူပန္စရာတစ္ခုပဲျဖစ္တယ္လို႔ သူကထပ္ျဖည့္ေျပာၾကားခဲ့ပါတယ္။
Al Jazeera သတင္းဌာနပါ “Rise in migrants from Horn of Africa to Gulf states worrying: UN” အမည္ျဖင့္ေဖာ္ျပထားသည့္ သတင္းကိုေညာင္နီရြက္(Myanmar Muslim Media) ကျမန္မာဘာသို႔ ဆီေလ်ာ္ေအာင္ျပန္ဆုိသည္။

No comments:

Post a Comment

Note: Only a member of this blog may post a comment.