Breaking

April 28, 2024

မြန်မာ့အရေး အာဆီယံ ပိုဆောင်ရွက်ဖို့ ထိုင်းတောင်းဆို

၂၈ ဧပြီ၊ ၂၀၂၄


သင်္ကန်းညီနောင်မှ မြဝတီသို့ပြန်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကော်ဘရာစစ်ကြောင်းမှ ကြားဖြတ်တိုက်ခိုက် (Photo: Cobra Column)
သင်္ကန်းညီနောင်မှ မြဝတီသို့ပြန်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကော်ဘရာစစ်ကြောင်းမှ ကြားဖြတ်တိုက်ခိုက် (Photo: Cobra Column)

မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ ဒေသတွင်း အဖွဲ့ ဖြစ်တဲ့ အာဆီယံ အနေနဲ့ ပိုပြီး တက်တက်ကြွကြွနဲ့ ပါဝင်လုပ်ဆောင်ဖို့ ထိုင်းအစိုးရက သောကြာနေ့မှာ တောင်းဆိုလိုက်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့က ရက်သီတင်ပတ်တွေကြာ တိုက်ပွဲတွေကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်ပြီး စစ်ဘေးရှောင်တွေ ထိုင်းဘက်ကို အမြောက်အမြားဝင်လာခဲ့တာနဲ့ အတူ ထိုင်းအစိုးရက အခုလို တောင်းဆိုခဲ့တာပါ။

“ပိုမိုအားကောင်းတဲ့ အာဆီယံကို ကျွန်တော်တို့ မြင်ချင်ပါတယ်” လို့ ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ Nikorndej Balankura က ပြောပါတယ်။ “လက်ရှိ အာဆီယံ ဥက္ကဋ္ဌ ဖြစ်တဲ့ လာအိုနဲ့ မြန်မာ့အရေး ဆွေးနွေးနေတယ်” လို့လည်း သူက ဆိုပါတယ်။ “အတိုက်အခံနဲ့ စစ်တပ် ကြားက တိုက်ပွဲတွေဟာ မြဝတီ အထိရောက်လာနေပါပြီ။ ဒါက ထိုင်းနိုင်ငံနဲ့ အလွန့်အလွန်ကို နီးကပ်နေတာပါ။ အာဆီယံဘက်ကပိုပြီးတော့ လုပ်ဖို့လိုပါတယ်” လို့ Nikorndej က ပြောပါတယ်။

ထိုင်းအစိုးရက ဒီသတင်းပတ် အစောပိုင်းကတည်းက မြန်မာ့အရေး အာဆီယံ အစည်းအဝေး ကျင်းပဖို့ တောင်းဆိုနေတာပါ။ အစည်းအဝေးမှာ တော်လှန်ရေးအင်အားစုတွေနဲ့ ပိုပြီး ထိတွေ့ဆက်ဆံတဲ့ အရင် အလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှား၊ လက်ရှိ ဥက္ကဋ္ဌ လာအိုနဲ့ လာမယ့် ၂၀၂၅ ခုနှစ်မှာ ဥက္ကဌ တာဝန်ရယူမယ့် မလေးရှား နိုင်ငံတို့ ပါ၀င်တဲ့ အလှည့်ကျ ဥက္ကဋ္ဌ သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်တဲ့ trioca ယန္တရားနဲ့ ဆွေးနွေးကြဖို့ တိုက်တွန်းထားပါတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.