Breaking

May 15, 2024

"ရာဖာတဝိုက် အစ္စရေးစစ်ရေးလှုပ်ရှားမှု ထိတ်လန့်တုန်လှုပ်" ကုလအတွင်းရေးမှူးချုပ်

၁၅ မေ၊ ၂၀၂၄


ဂါဇာတောင်ပိုင်း ရာဖာမြို့ကနေ ခန်ယူနစ္စ်မြို့ကို ပြောင်းရွှေ့လာတဲ့ မိသားတစု။ (မေ ၁၂၊ ၂၀၂၄)
ဂါဇာတောင်ပိုင်း ရာဖာမြို့ကနေ ခန်ယူနစ္စ်မြို့ကို ပြောင်းရွှေ့လာတဲ့ မိသားတစု။ (မေ ၁၂၊ ၂၀၂၄)

ဂါဇာတောင်ပိုင်း Rafah တဝိုက်မှာ အစ္စရေးစစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ တိုးမြင့်လာတာကို သူ့အနေနဲ့ ထိတ်လန့်တုန်လှုပ်မိတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က အင်္ဂါနေ့မှာ ပြောပါတယ်။

အဲဒီဒေသမှာ ပါလက်စတိုင်း လေးသိန်းခွဲနီးပါးဟာ ပြီးခဲ့တဲ့အပတ်အတွင်း အတင်းအကြပ် ရွှေ့ပြောင်းခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။ အခုဖြစ်ရပ်တွေဟာ ဂါဇာမှာရှိနေတဲ့ ဆိုးဝါးတဲ့အခြေအနေကို ပိုဆိုးစေပြီး လူသားချင်းစာနာကူညီမှုလုပ်ငန်းတွေကိုလည်း နောက်ထပ် အတားအဆီးဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး လက်ထောက်ပြောခွင့်ရသူ Farhan Haq က ပြောပါတယ်။

တချိန်တည်းမှာတော့ ဟာမတ်စ်ဘက်ကလည်း ဒုံးကျည်တွေနဲ့ စစ်ဖက်အရပ်ဖက်မခွဲ ပစ်ခတ်နေတာကြောင့် ဂါဇာတဝှမ်းမှာ အရပ်သားတွေကို အကာအကွယ်ပေးကြဖို့လည်း ကုလပြောခွင့်ရသူက တိုက်တွန်းပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းကတော့ အရပ်သားတွေ ရာဖာမြို့ကနေ ထွက်ခွာကြဖို့ အစ္စရေးက အမိန့်ပေးခဲ့သလို ရာဖာမှာ စစ်ဆင်ရေးနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ အစ္စရေးဘက်က ပြင်းပြင်းထန်ထန်လုပ်ခဲ့ပါတယ်။

အစ္စရေးဘက်ကတော့ အီဂျစ်နဲ့ကပ်နေတဲ့ ဂါဇာနယ်စပ်မှာ စစ်သွေးကြွတွေကိုနှိမ်နင်းဖို့ အကန့်အသတ်ဆောင်တဲ့စစ်ဆင်ရေးလို့ သုံးနှုန်းပြောဆိုပါတယ်။ အခုအနေအထားအရ ဂါဇာမှာ လုံခြုံတဲ့နေရာမရှိတော့ဘူးလို့ ကုလပြောခွင့်ရသူက ပြောပါတယ်။ ဂါဇာစစ်စတင်ခဲ့တဲ့နောက် ဂါဇာလူဦးရေရဲ့တဝက်ကျော်ဟာ ရာဖာမြို့မှာ ခိုလှုံနေကြရတာပါ။

https://burmese.voanews.com/a/un-chief-appalled-by-israeli-military-escalation-in-gaza-s-rafah-/7611245.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.