Breaking

May 4, 2024

အစ္စရေးလ်ရဲ့ နောက်ဆုံး ငြိမ်းချမ်းရေးအဆိုပြုချက် ဟားမတ်(စ) အပြုသဘောနဲ့လေ့လာ


Hamas Egypt





Hamas Egypt



 ဂါဇာတောင်ပိုင်းက ရာဖါမြို့ကို အစ္စရေးက ထိုးစစ်ဆင်တော့မယ့်အနေအထား ရောက်နေချိန်မှာပဲ၊ ဟားမတ်စ်အကြီးအကဲ Ismail Haniyeh က အပစ်ရပ်ရေးညှိနှိုင်းမှုတွေ အပြီးသတ်ဖို့ ဟားမတ်စ် ကိုယ်စားလှယ်အဖွဲ့ကို မကြာခင်မှာပဲ အီဂျစ်ကို စေလွှတ်တော့မယ်လို့ ပြောပါတယ်။

ဟားမတ်စ်အဖွဲ့ ခေါင်းဆောင် Haniyeh က သူဟာ အစ္စရေးဘက်က နောက်ဆုံးတင်ပြတဲ့ အဆိုပြုချက်အတွက် အပြုသဘောနဲ့ ဆန်းစစ်လေ့လာကြောင်း အီဂျစ်နဲ့ကာတာ ညှိနှိုင်းရေးမှုးတွေကို ကြာသပတေးနေ့က တယ်လီဖုံးဆက် ပြောကြားခဲ့တာပါ။ ၇ လထဲ ဝင်လာပြီဖြစ်တဲ့ အစ္စရေးနဲ့ ဟားမတ်စ်စစ်ပွဲအတွက် အပစ်ရပ် သဘောတူညီချက်ရဖို့ အီဂျစ်၊ ကာတာနဲ့ အမေရိကန်တို့က ကြားဝင် ညှိနှိုင်းပေးနေတာ ဖြစ်ပါတယ်။

အမေရိကန် ထောက်လှမ်းရေး အကြီးအကဲ William Burns ဟာလည်း ဂါဇာအရေး ဆွေးနွေးဖို့အတွက် သောကြာနေ့မှာ အီဂျစ်နိုင်ငံ ကိုင်ရိုကို သွားရောက်ကြောင်း အီဂျစ်တာဝန်ရှိသူနဲ့ ကိုင်ရိုလေဆိပ် တာဝန်ခံတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တားစ် သတင်းမှာ ဖေါ်ပြပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Anthony Blinken ကတော့ အပစ်ရပ်ရေးအတွက် အစ္စရေးဘက်က ကမ်းလှမ်းမှုဟာ အထူးရက်ရောမှု ရှိနေတာ တွေ့ရတယ်လို့ ပြောကြားခဲ့သလို ဒါကို ဟားမတ်စ်ဘက်က လက်ခံဖို့ တိုက်တွန်းပါတယ်။

ဒီ အပစ်ရပ် အဆိုပြုချက်ထဲမှာ ရက်ပေါင်း ၄၀ ခေတ္တ အပစ်ရပ်ဖို့အတွက် အဖမ်းခံနေရတဲ့ အစ္စရေး ဓါးစာခံတွေနဲ့ ထောင်နဲ့ချီ အကျဉ်းကျနေတဲ့ ပါလက်စတိုင်းတွေ လဲလှယ်ဖို့ဖြစ်ကြောင်း ဗြိတိန်ရဲ့ အသေးစိတ်ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ 

https://burmese.voanews.com/a/7597351.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.