Breaking

May 5, 2024

ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းချက် ဟာမတ်စ် ပယ်ချ

၁၄ ဧပြီ၊ ၂၀၂၄


ဂါဇာဒေသတွင်း ရောက်ရှိနေတဲ့ အစ္စရေးတင့်ကားတပ်ဖွဲ့
ဂါဇာဒေသတွင်း ရောက်ရှိနေတဲ့ အစ္စရေးတင့်ကားတပ်ဖွဲ့

ဂါဇာဒေသမှာ ယာယီအပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းချက်ကို Hamas အဖွဲ့ဘက်က လက်မခံဘဲ ပယ်ချလိုက်တယ်လို့ အစ္စရေးဝန်ကြီးချုပ်ရုံးက ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းချက်ကို လက်မခံဘဲ ပယ်ချလိုက်တာဟာ ဂါဇာမှာရှိတဲ့ Hamas အဖွဲ့အကြီးအကဲ Yahya Sinwar အနေနဲ့ ဖမ်းဆီးထားတဲ့ ဓါးစာခံတွေကို ပြန်လွှတ်ပြီး လူသားချင်းစာနာမှု အကူအညီပေးရေး သဘောတူညီချက်ကို မလိုလားဘဲ အီရန်နဲ့ ဖြစ်နေတဲ့ တင်းမာမှုကို ဆက်လက်အမြတ်ထုတ်ပြီး ဒေသတွင်းမှာ တင်းမာမှုတွေ တိုးလာအောင် လုပ်နေတယ်ဆိုတာကို ပြသလိုက်တာ ဖြစ်တယ်လို့ အဲဒီကြေညာချက်မှာ ဖော်ပြလိုက်ပါတယ်။

အစ္စရေးအနေနဲ့ ဂါဇာစစ်ပွဲရဲ့ ရည်မှန်းချက်တွေကို အင်အားအပြည့်အဝနဲ့ ဆက်လက်အကောင်အထည် ဖော်သွားမှာဖြစ်ပြီး၊ ဂါဇာမှာ ဖမ်းဆီးထားတဲ့ ဓါးစားခံ ၁၃၃ ယောက် ချက်ချင်း ပြန်လည်လွတ်မြောက်လာဖို့အတွက် လုပ်စရာရှိတာတွေ အကုန်လုပ်ဆောင် သွားမယ်လို့လည်း ပြောလိုက်ပါတယ်။
အစ္စရေးနဲ့ ဂါဇာ ယာယီအပစ်ရပ်ဖို့ ကမ်းလှမ်းချက်နဲ့ ပတ်သက်ပြီး Hamas ဘက်ကတော့ အီဂျစ်နဲ့ ကာတာနိုင်ငံက ကြားဝင်စေ့စပ်သူတွေကို မနေ့ စနေနေ့က ပြန်လည်တုံ့ပြန်ထားပြီး၊ အဲဒီအစား အမြဲတမ်းအပစ်ရပ်ဖို့ကိစ္စကို လိုလားတယ်လို့ အခိုင်အမာပြောဆိုနေပါတယ်။

၂ ဘက် ယာယီအပစ်ရပ်စဲရေး ဆွေးနွေးမှုတွေကို အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ ဧပြီ ၇ ရက်နေ့က စတင်ခဲ့ပေမယ့် အခုချိန်ထိတော့ ထူးထူးခြားခြား သဘောတူညီမှုတော့ မရသေးပါဘူး။

https://burmese.voanews.com/a/hamas-rejects-gaza-truce-proposal-israel-says/7569401.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.