Breaking

May 22, 2024

အီရန်သမ္မတ သေဆုံးမှု - နိုင်ငံကို အဓိကအုပ်ချုပ်နေတာ ဘယ်သူလဲ

                                                                                 အီရန်သမ္မတ အီဘရာဟင် ရိုင်အီဆီသေဆုံးမှုကြောင့် နိုင်ငံကို သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ ဖြစ်လာစေပါတယ်
၂၀ မေ ၂၀၂၄

အီရန်နိုင်ငံမှာ သမ္မတ အီဗရာဟင် ရိုင်အီဆီဟာ ရဟတ်ယာဥ်ပျက်ကျမှုတစ်ခုမှာ သေဆုံးခဲ့တာကြောင့် သမ္မတရွေးကောက်ပွဲအဖြစ် ကျင်းပဖို့ နိုင်ငံအတွက် အကြောင်းဖန်လာပါတယ်။

ဒါပေမဲ့ အယူအစွဲကြီးတဲ့ ဘာသာရေးခေါင်းဆောင်တစ်ယောက်ဖြစ်သူ သမ္မတတစ်ယောက် အခုလို ရုတ်တရက် သေဆုံးမှုဟာ အစ္စလာမ္မစ်သမ္မတနိုင်ငံ အီရန်အတွက် နိုင်ငံရေးအပေါ် သိသာတဲ့အပြောင်းအလဲ သက်ရောက်မှုမရှိဘူးလို့ ပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် အန္တိမ အာဏာကို နိုင်ငံရဲ့ ဘာသာရေးခေါင်းဆောင်က ဆုပ်ကိုင်ထားတာကြောင့် ဖြစ်ပါတယ်။

အီရန်မှာ အခု ဘာဆက်ဖြစ်မှာလဲ

အီရန်မှာ သမ္မတက နာမကျန်းတာ၊ သေဆုံးတာ ဒါမှမဟုတ် လွှတ်တော်ကနေ သမ္မတကို အယုံအကြည်မရှိဆိုတင်ပြီး စွပ်စွဲပြစ်တင်မှုတွေလုပ်ကာ ဖယ်ရှားတာ စတဲ့ သမ္မတ တစ်ယောက် သူ့တာဝန် ဝတ္တရားတွေကို ဆက်ပြီးထမ်းဆောင်ဖို့ မစွမ်းသာတော့ဘူးဆိုရင် ဒီအခြေအနေကို ထိန်းဖို့ အီရန်ဖွဲ့စည်းပုံက တန်းတန်းမတ်မတ်ကို ပြဋ္ဌာန်းထားတာရှိပါတယ်။

မစ္စတာ ရိုင်အီဆီ သေဆုံးမှုပေါ်ပေါက်ခဲ့အပြီးမှာတော့ ဘာသာရေးခေါင်းဆောင် အရာတိုလာ အလီ ခါမေနီဟာ နိုင်ငံ့ရေးရာတွေကို စီမံဖို့ ဒုတိယသမ္မတ (၁) မိုဟာမက် မော့ခ်ဘာကို ခန့်အပ်လိုက်ပါတယ်။

မစ္စတာ မော့ခ်ဘာဟာ သမ္မတသစ် တက်လာဖို့ ရွေးကောက်ပွဲကို စီစဥ်ကျင်းပရမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲကို ရက်ပေါင်း ၅၀ အတွင်း ကျင်းပနိုင်ဖို့ လွှတ်တော်ဥက္ကဋ္ဌတွေ၊ တရားရေးမဏ္ဍိုင် ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့တစ်ခေါက်တုန်းကတော့ ရိုင်အီဆီကို အဓိက ပြိုင်နိုင်စွမ်းရှိတဲ့ သမ္မတလောင်းတွေ ရွေးကောက်ပွဲဝင်ခွင့် တားမြစ်ခံခဲ့ရပါတယ်။ ဒါကြောင့်ပဲ မစ္စတာ ရိုင်အီဆီဟာ ရွေးကောက်ပွဲမှာ မဲပေးသူ ၃၀ ရာခိုင်နှုန်းရဲ့မဲရရင်နိုင်တယ်ဆိုတဲ့ သတ်မှတ်ချက်အတိုင်း မဲအနည်းဆုံးရပြီး သမ္မတရုံးဆီ ရောက်လာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့တစ်ခေါက်ရွေးကောက်ပွဲကိုတော့ ကြိုတင်စီစဥ်ထားတဲ့ရွေးကောက်ပွဲလို့ မြင်ကြလို့ မဲဆန္ဒရှင်အများစု မဲရုံသွား မဲမထည့်ခဲ့ကြပါဘူး။


No comments:

Post a Comment

Note: Only a member of this blog may post a comment.