ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

၂၁ ဖေဖော်ဝါရီ ၂၀၂၂ - မြန်မာဘက်က (အဲဒီအချိန်က )အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကိုကိုလှိုင်၊ ရှေ့နေချုပ် ဒေါ်သီတာဦးတို့ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျှောက်လဲ။ ဂမ်ဘီယာဘက်မှာ တရားရေးဝန်ကြီး ဒေါ့ဒါ ဂျာလိုး ဦးဆောင် တက်ရောက်။

၁၉ ဇန်နဝါရီ ၂၀၂၂ - မြန်မာရဲ့ ကနဦးကန့်ကွက်လွှာကို ၂၁ ဖေဖော်ဝါရီ ၂၀၂၂ ကနေ ၂၈ ဖေဖော်ဝါရီ ကာလအတွင်း ကြားနာမှု ၄ ရက် ပြုလုပ်မယ်လို့ အိုင်စီဂျေ တရားရုံး ထုတ်ပြန်။

၂၀ ဇန်နဝါရီ ၂၀၂၁ - ဂမ်ဘီယာဘက်က တရားစွဲလို့မရကြောင်း မြန်မာဘက်က ကနဦးကန့်ကွက်လွှာကို အိုင်စီဂျေထံ တင်သွင်း။

၃၀ ဇွန် ၂၀၂၀ - ဂူတာပြင်က သေဆုံးသူ ၁၉ ဦးနဲ့ပတ်သက်လို့ အဓိက တာဝန်ရှိသူ အရာရှိကြီးတစ်ဦးအပါအဝင် သုံးဦးကို အရေးယူထားကြောင်း၊ အရေးယူခံရသူတွေရဲ့ပြစ်ဒဏ်တွေကို ထုတ်ပြောဖို့မရှိကြောင်း စစ်တပ်ဘက်က ပြော။ ဂူတာပြင်ရွာက သေဆုံးသူအရေအတွက် ရာနဲ့ချီရှိတယ်လို့ အေပီသတင်းဌာနက ဖော်ပြ။

၂၅ မေ ၂၀၂၀ - မြန်မာဘက်က ကြားဖြတ်စီမံဆောင်ရွက်ချက်အစီရင်ခံစာကို အိုင်စီဂျေထံ တင်သွင်း။

၂၆ မေ ၂၀၂၀ - ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လျှောက်ထားမှုတင်သွင်းရမယ့် ကာလကို အချိန်နောက်ဆုတ်ပေးဖို့ ဂမ်ဘီယာရဲ့ ပန်ကြားမှုအရ ၂၃ ဇူလိုင် ကနေ ၂၃ အောက်တိုဘာ ၂၀၂၀ နဲ့ မြန်မာအတွက် ၂၅ ဇန်နဝါရီကနေ ၂၃ ဇူလိုင် ၂၀၂၁ ကို ပြောင်းလဲသတ်မှတ်။

၂၀ ဖေဖော်ဝါရီ ၂၀၂၀ - ICOE အစီရင်ခံစာပါ ဖြစ်စဉ်တွေထဲက အရေးယူဆောင်ရွက်မှုတချို့ကို စစ်တပ် ထုတ်ပြန်။ ဂူတာပြင်ရွာဖြစ်စဉ်ကို စစ်တရားရုံးနဲ့ အရေးယူဆောင်ရွက်နေပြီး အင်းဒင်ကိစ္စ အရေးယူပြီးဖြစ်တယ်လို့ ဖော်ပြ။ မောင်နုရွာနဲ့ ချွတ်ပြင်ရွာဖြစ်စဉ်တွေကိုလည်း စစ်တရားရုံးနဲ့ စစ်ဆေးစီရင်မယ်လို့ ဖော်ပြ။

icoe

ဓာတ်ပုံ ရင်းမြစ်, သမ္မတရုံး

ဓာတ်ပုံ ပုံစာ, ICOE အပြီးသတ်အစီရင်ခံစာကို သမ္မတထံ ပေးအပ်

၂၆ နိုဝင်ဘာ ၂၀၁၉ - ဂူတာပြင်ရွာက သတ်ဖြတ်မှုတွေနဲ့ပတ်သက်လို့ မြန်မာစစ်တပ်ဘက်က ပြစ်မှုကျူးလွန်သူတွေကို ဘူးသီးတောင်မြို့၊ နယ်မြေခံတပ်မှာ အကျဉ်းစစ်တရားရုံးချုပ်နဲ့ စတင်စစ်ဆေးတယ်လို့ ထုတ်ပြန်။

၂၁ နိုဝင်ဘာ ၂၀၁၉ - အိုင်စီဂျေ အမှုနဲ့ ပတ်သက်ပြီး တပ်မတော်ဟာ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြော။

၁၄ နိုဝင်ဘာ ၂၀၁၉ - သီးခြားအမှုအနေနဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးကလည်း ရိုဟင်ဂျာဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး လူအမြောက်အမြားအပေါ် ကျူးလွန်တဲ့ရာဇ၀တ်မှုတွေနဲ့ဆိုင်တဲ့ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ အတည်ပြု။

၁၁ နိုဝင်ဘာ ၂၀၁၉ - ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားစွဲ။

rohingya

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၇ နောက်ပိုင်း ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့တယ်လို့ ကုလသမဂ္ဂ ဖော်ပြ

၂၈ ဇန်နဝါရီ ၂၀၂၀ - ကနဦးလျှောက်လဲချက်တွေအတွက် ဂမ်ဘီယာရဲ့ အဆိုလွှာကို ၂၃ ဇူလိုင် ၂၀၂၀ နဲ့ မြန်မာရဲ့ အချေလွှာကို ၂၅ ဇန်နဝါရီ ၂၀၂၁ အချိန်အတွင်း တင်သွင်းဖို့ အိုင်စီဂျေ ထုတ်ပြန်။

၂၃ ဇန်နဝါရီ ၂၀၂၀ - ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုရန်က ကာကွယ်ပေးဖို့၊ သက်သေ အထောက်အထားတွေ မပျက်စီးအောင် ထိန်းသိမ်းဖို့ အပါအဝင် ကြားဖြတ်အစီအမံ ၄ ချက်ကို မြန်မာဘက်က လိုက်နာဖို့ အိုင်စီဂျေ ချမှတ်။

၂၀ ဇန်နဝါရီ ၂၀၂၀ - အစိုးရဖွဲ့ပေးထားတဲ့ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ (ICOE) က အပြီးသတ် အစီရင်ခံစာကို အဖွဲ့ခေါင်းဆောင် သံအမတ်ကြီး မစ္စရိုဆာရီယိုမယ်နာလိုက ဦးဝင်းမြင့်ထံ ပေးအပ်။ အဲဒီထဲမှာ လုံခြုံရေးအဖွဲ့တွေဘက်က စစ်ရာဇဝတ်မှုနဲ့ တခြားပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ ကောက်ချက်ချထား။ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့နိုင်တယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကလည်း အသိအမှတ်ပြုထားသလို တကယ်လို့ သက်သေအထောက်အထားရှိခဲ့ရင် ၂၀၀၈ ဖွဲ့စည်းပုံအရ စစ်ဥပဒေနဲ့ အရေးယူရဖို့ရှိတယ်လို့ ပြောထားကြောင်း အစီရင်ခံစာမှာ ဖော်ပြ။

၁၀-၁၂ ဒီဇင်ဘာ ၂၀၁၉ - အိုင်စီဂျေတရားရုံးမှာ ကြားဖြတ်အစီအမံနဲ့ပတ်သက်လို့ ပထမဆုံးကြားနာ။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ မြန်မာအဖွဲ့ တက်ရောက်ပြီး မြန်မာဘက်က လူမျိုးတုံးသတ်ဖြတ်မှု မလုပ်ခဲ့ကြောင်း ထွက်ဆို။

DASSK ICJ

ဓာတ်ပုံ ရင်းမြစ်, Getty Images

အာဆာ အဖွဲ့ ဆိုတာ ဘာလဲ

၁၈ မတ် ၂၀၁၉ - ၂၀၁၇ ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ အဖွဲ့ဝင် ၃ ဦးပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးခုံရုံးကို တပ်မတော်နည်းဥပဒေတွေနဲ့အညီ ဖွဲ့စည်းကြောင်း စစ်တပ်က ထုတ်ပြန်။

၁၃ စက်တင်ဘာ ၂၀၁၈ - ရခိုင်က ပဋိပက္ခနဲ့ပတ်သက်လို့ ပြန်စဉ်းစားတဲ့အခါ NLD အစိုးရအနေနဲ့ ပိုမိုကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းခဲ့သင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဗီယက်နမ်မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးညီလာခံမှာ ပြော။

၁၀ ဇန်နဝါရီ ၂၀၁၈ - မောင်တောမြို့နယ် အင်းဒင်က အစုလိုက် အပြုံလိုက် မြုပ်နှံထားတဲ့ ရုပ်အလောင်းတွေဟာ ‘ဘင်္ဂါလီအကြမ်းဖက်’ သမားတွေရဲ့ ရုပ်အလောင်းတွေ ဖြစ်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ရွာသားတွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့တာလို့ မြန်မာစစ်တပ်ထုတ်ပြန်။

၁၉ စက်တင်ဘာ ၂၀၁၇ - စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ စက်တင်ဘာ ၅ ရက်ကစလို့ မရှိတော့ကြောင်း၊ ငြိမ်းချမ်းတည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့အတွက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့လည်း လုံခြုံရေးကိစ္စတွေကို ဆောင်ရွက်ရာမှာ အရပ်သားတွေကို မထိခိုက်စေဘဲ စည်းမျဉ်းစည်းကမ်းတွေအတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ဖို့ ညွှန်ကြားထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းထဲမှာ ထည့်ပြော။

၂ စက်တင်ဘာ ၂၀၁၇ - အိမ်ခြေ ၂၆၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ မြန်မာအစိုးရဘက်က ပြော။

၁၁ စက်တင်ဘာ ၂၀၁၇ - ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေထဲက ပြဋ္ဌာန်းစာအုပ် စံပြဥပမာအဖြစ် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာ မင်းကြီးက ပြော။

၂၆ သြဂုတ် ၂၀၁၇ - စစ်တပ်နဲ့ အာဆာကြား တိုက်ပွဲတွေကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ဘက် စတင် ထွက်ပြေး။

၂၅ သြဂုတ် ၂၀၁၇ - အာဆာအဖွဲ့က ရခိုင်မြောက်ပိုင်းမှာ ရဲကင်းစခန်း ၃၀ ကို တိုက်ခိုက်။