Breaking

May 7, 2024

အပစ်ရပ်ရေးအစ္စရေးအဆိုပြုချက် ဟာမတ်စ်လက်ခံ

၀၇ မေ၊ ၂၀၂၄


အစ္စရေးတောင်ပိုင်း ဂါဇာနဲ့နယ်စ-ပ်မှာ အစ္စရေးစစ်တပ်ရဲ့တင့်ကားတွေကိုတွေ့ရစဥ်။ (မေ ၆၊ ၂၀၂၄)

အစ္စရေးတောင်ပိုင်း ဂါဇာနဲ့နယ်စ-ပ်မှာ အစ္စရေးစစ်တပ်ရဲ့တင့်ကားတွေကိုတွေ့ရစဥ်။ (မေ ၆၊ ၂၀၂၄)

အပစ်အခတ်ရပ်စဲပေးပြီး အပြန်အလှန်အနေနဲ့ ဟာမတ်စ်တို့လက်ထဲက ဓားစာခံတွေလွှတ်ပေးနိုင်အောင် အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့က အပစ်ရပ်ဆွေးနွေးပွဲမှာ ကြားဝင်ညှိနှိုင်းပေးနေသူတွေ ကြိုးပမ်းနေကြတာပါ။ ဟာမတ်စ်တို့ဘက်က ဘယ်အချက်တွေကို သဘောတူလိုက်သလဲဆိုတဲ့ မှတ်ချက်မျိုး အစ္စရေးလ်ဘက် အသေးစိတ်ထွက်မလာသေးပါဘူး။

အီဂျစ်တို့ရဲ့ ပျော့ပြောင်းတဲ့အကြံပြုချက်မူကြမ်းကို ဟာမတ်စ်တို့သဘောတူလိုက်ပုံရတယ်လို့ အစ္စရေးလ်အရာရှိတဦးက ရိုက်တာသတင်းကိုပြောပါတယ်။ အဲဒီထဲမှာ အစ္စရေးလ်ဘက်က လက်မခံနိုင်တဲ့အစွန်းရောက် ကောက်ချက်တွေပါဝင်နေတယ်လို့လည်း သူကပြောပါတယ်။ နာမည်မဖော်ပြလိုတဲ့အဲဒီအရာရှိက အစ္စရေးလ်ဘက်က သဘောတူညီမှုကို လက်မခံ ပယ်ချလိုက်တဲ့ ပုံစံမျိုးဖြစ်အောင် ဟာမတ်စ်တို့ဘက်က လုပ်လိုက်ပုံရတယ်လို့လည်း ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနကလည်း ဟာမတ်စ်တို့ရဲ့တုံ့ပြန်ချက်ကို သုံးသပ်နေတယ်လို့ပြောပါတယ်။ ရာဖာမြို့ကိုဝင်တိုက်ဖို့ ပြင်ဆင်နေတဲ့ အစ္စရေးတပ်က မြို့အရှေ့ပိုင်းက လူပေါင်းတသိန်းလောက် Khan Younis အရပ်က လူသားချင်းစာနာမှုဆိုင်ရာ တိုးချဲ့ဧရိယာဘက် ရွှေ့ပြောင်းသင့်တယ်လို့ ပြောဆိုလိုက်ပြီး နာရီပိုင်းအကြာမှာပဲ ဟာမတ်စ်တို့ရဲ့ ပြောဆိုချက်ထွက်လာတာပါ။

https://burmese.voanews.com/a/amas-says-it-accepts-cease-fire-proposal-but-israel-has-not-commented/7600217.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.