Breaking

May 11, 2024

ရခိုင်ပြည်နယ်တွင်း လူမျိုးရေးအကြမ်းဖက်မှု အန္တရာယ် ICG သတိပေး

၁၁ မေ၊ ၂၀၂၄


မြန်မာနိုင်ငံတွင်း စစ်တပ်ရဲ့နယ်မြေရှင်းလင်းမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးတွင်တွေ့ရစဉ် (စက်တင်ဘာ ၄၊ ၂၀၁၇)
မြန်မာနိုင်ငံတွင်း စစ်တပ်ရဲ့နယ်မြေရှင်းလင်းမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးတွင်တွေ့ရစဉ် (စက်တင်ဘာ ၄၊ ၂၀၁၇)

ရခိုင်ပြည်နယ်မှာ AA ရခိုင်တပ်တော် စစ်ရေးအားသာလာချိန် စစ်ကောင်စီဖက်က ရိုဟင်ဂျာတွေကို အသုံးချလာတာကြောင့်၊ လူမျိုးရေး အကြမ်းဖက်မှုအန္တရာယ် ကြီးမားလာနေတယ်လို့ ICG နိုင်ငံတကာပဋိပက္ခစောင့်ကြည့်ရေးအဖွဲ့က သတိပေးလိုက်ပါတယ်။ ဒီအခြေအနေကို ဘယ်လို ကျော်လွှားသင့်ပါသလဲ။ ICG အဖွဲ့ရဲ့ မြန်မာနဲ့ ဘင်္ဂလာဒေ့ရှ်ဆိုင်ရာ အကြီးတန်းအကြံပေး Thomas Kean ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။


ပြီးခဲ့တဲ့လထဲ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရခိုင်နဲ့ ရိုဟင်ဂျာ အသိုင်းအဝိုင်းကြား တင်းမာမှုတွေ ကြီးကြီးမားမား ထိုးတက်သွားခဲ့ပါတယ်။ အဓိက လက်သည်ကတော့ စစ်အုပ်စုပါပဲ၊ စစ်အုပ်စုအနေနဲ့ AA ရခိုင်တပ်တော်ကိုပြန်တိုက်ဖို့ ရိုဟင်ဂျာတွေကို စစ်သားစုဆောင်းတာ၊ AA ကိုဆန့်ကျင်ဆန္ဒပြတာ၊ ရခိုင်အိမ်တွေကို မီးရှို.တာတွေ အတင်းဖိအားပေးလုပ်ခိုင်းခဲ့တယ်လေ။

AA အနေနဲ့ ပြီးခဲ့တဲ့ ၆ လလောက်က ပြန်စတိုက်လိုက်တဲ့ ဒီတခေါက် စစ်ဆင်ရေးထဲ ရခိုင်ပြည်နယ်က မြို့ကြီးအတော်များများကို သိမ်းနိုင်လာခဲ့ပါတယ်။ အခုနောက်ဆုံး ရိုဟင်ဂျားအများစုရှိတဲ့ မြို့တွေကိုပါ သိမ်းပိုက်သလို ဖြစ်လာချိန်မှာ စစ်ကောင်စီဘက်က ရိုဟင်ဂျာတွေသုံးပြီး တန်ပြန်လာတာလို့ ICG က ထောက်ပြလိုက်ပါတယ်။ ရခိုင်ပြည်နယ်မြို့တော် စစ်တွေနဲ့ ရခိုင်ရဲ့ စစ်ဌာနချုပ်ရှိရာ အမ်းမြို့တွေကိုပါ ဆက်သိမ်း လာနိုင်တာကို တွေ့ရှိခဲ့တဲ့ ICG အဖွဲ့ရဲ့ မြန်မာနိုင်ငံ အကြီးတန်း အကြံပေး Thomas Kean က ဘူးသီးတောင်မှာ အဓိက ဖြစ်နေတာကို ခုလို ရှင်းပြပါတယ်။

https://burmese.voanews.com/a/7606678.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.