Breaking

May 25, 2024

အစ္စရေးရဲ့ ဂါဇာထိုးစစ် ချက်ချင်းရပ်ဖို့ ICJ ဆုံးဖြတ်ချက်ချ

၂၅ မေ၊ ၂၀၂၄


အစ္စရေး ပါလက်စတိုင်း ပဋိပက္ခ။
အစ္စရေး ပါလက်စတိုင်း ပဋိပက္ခ။

ဂါဇာတောင်ပိုင်း အီဂျစ်နယ်စပ် ရာဖာကို အစ္စရေးဘက်က စစ်ရေးထိုးစစ်ဆင်နေတာတွေကိုကို ချက်ချင်းရပ်ပစ်သင့်တယ်လို့ ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က သောကြာနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။ ICJ တရားသူကြီး အဖွဲ့ရဲ့ လက်ရှိ ဥက္ကဋ္ဌ Nawaf Salam က စီရင်ချက်ကိုဖတ်ကြားရာမှာ ရာဖာက "အလွန်အမင်းထိခိုက်လွယ်တဲ့" လူထုဟာ "ထူးခြားဆိုးရွားနေတဲ့" အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

အစ္စရေး အစီအစဥ်နဲ့ ရာဖာက အရပ်သားတွေကို ရွှေ့ပြောင်းတာမှာလည်း အန္တရာယ်ဖြစ်နိုင်ခြေကို အပြည့်အဝ လျှော့ချပစ်နိုင်မလားဆိုတာ သံသယ ရှိတယ်လို့ ICJ က ပြောပါတယ်။

ပါလက်စတိုင်းအရပ်သားတွေ အပေါ် အစ္စရေးက လူမျိုးတုံးသတ်ဖြတ်နေတယ်လို့ စွပ်စွဲကာ ရာဖာမှာ အရေးပေါ်အစီအမံ ချမှတ်ဖို့ တောင်အာရိကနိုင်ငံက ICJ ကို ဦးတိုက်လျှောက်ထားပြီးနောက် တပတ်အကြာမှာ အခု ဆုံးဖြတ်ချက် ထွက်လာတာပါ။ ဒါဟာ ဟားမတ်စ်အပေါ် အပြီးတိုင် စစ်ဆင်နိုင်ဖို့ ရာဖာကို ထိုးစစ်ဆင်တဲ့ အစ္စရေးအပေါ် နိုင်ငံတကာဖိအားတွေ တိုးမြင့်လာစေပါတယ်တယ်။

ICJ ဟာ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကြား အငြင်းပွားမှုတွေကို ကြားနာဖို့ ဖွဲ့စည်းထားတဲ့ အဆင့်အမြင့်ဆုံး ကုလသမဂ္ဂရဲ့ တရားရေး အဖွဲ့အစည်း ဖြစ်ပါတယ်။

ICJ ရဲ့ စီရင်ထုံးတွေမှာ အပြီးအပြတ် စည်းနှောင်မှု ရှိပေမယ့် တရားရုံးအနေနဲ့ အပြစ်ပေး စီရင်ပိုင်ခွင့်အာဏာမရှိလို့ အရင်က ဆုံးဖြတ်ချက်တချို့ လျစ်လျူရှုခံခဲ့ရဖူးပါတယ်။ တောင်အာဖရိကနိုင်ငံတကာဆက်ဆံရေးဌာနကတော့ ICJ ရဲ့ သောကြာနေ့ စီရင်ချင်ကို ချက်ချင်းပဲ ချီးကျူးကြိုဆိုလိုက်ပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ စစ်ရေးအရ အရေးယူတာကို ရပ်တန့်ဖို့ ပထမဆုံး အကြိမ်အဖြစ် ပြတ်ပြတ်သားသား ဖော်ပြခဲ့တဲ့အတွက် ဒီစီရင်ချက်ဟာ အလှည့်အပြောင်းပဲ" လို့ ထုတ်ပြန်ပါတယ်။ “ဒါဟာ တနည်းဆိုရရင် အပစ်အခတ်ရပ်စဲရေး တောင်းဆိုတာပါ။ ဒါဟာ ပါလက်စတိုင်းပြည်သူတွေအပေါ် ရန်လိုတဲ့ လုပ်ရပ်ကို အဆုံးသတ်ဖို့ အဓိက လုပ်ဆောင်နေသူကို အမိန့်ပေးတာပါ” လို့ တောင်အာဖရိကရဲ့ နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဌာန ညွှန်ကြားရေးမှူးချုပ် Zane Dangor က ဗွီဒီယိုသတင်း ထုတ်ပြန်ပါတယ်။

ဥရောပသမဂ္ဂ (EU) ရဲ့ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ Josep Borrell ကလည်း “ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ အပြည်ပြည်ဆိုင်ရာတရားရုံးရဲ့ စီရင်ချက်အပေါ် EU ရဲ့ အဖြေက ဘာဖြစ်မလဲ၊ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်က ဘယ်လိုဖြစ်မလဲ ဆိုတာက အစ္စရေးကို ထောက်ခံပေးမလား။ ဒါမှမဟုတ် နိုင်ငံတကာ တရားဥပဒေစိုးမိုးမှု စနစ်အဖွဲ့အစည်းတခုကို ထောက်ခံမှာလား ဆိုတာ ရွေးချယ်ရမှာ ဖြစ်တယ်” လို့ မှတ်ချက်ပြုထားပါတယ်။

https://burmese.voanews.com/a/7626228.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.