Breaking

May 27, 2024

Tel Aviv မြို့ကို ဟာမတ်စ်တို့ ဒုံးလက်နက်တွေနဲ့ပစ်ခတ်တိုက်ခိုက်

၂၇ မေ၊ ၂၀၂၄


ဟာ့ဇ်လီယာမြို့တွင်းမှာ အစ္စရေးဗုံးရှင်းလင်းရေးတပ်ဖွဲ့ဝင် ရဲအရာရှိတယောက်က ပါလက်စတိုင်းစစ်သွေးကြွတွေပစ်လွှတ်တဲ့ မစ်ဇိုင်းဒုံးအပိုင်းအစတွေကို လိုက်လံကောက်ယူရှင်းလင်းနေစဥ်။ (မေ ၂၆၊ ၂၀၂၄)
ဟာ့ဇ်လီယာမြို့တွင်းမှာ အစ္စရေးဗုံးရှင်းလင်းရေးတပ်ဖွဲ့ဝင် ရဲအရာရှိတယောက်က ပါလက်စတိုင်းစစ်သွေးကြွတွေပစ်လွှတ်တဲ့ မစ်ဇိုင်းဒုံးအပိုင်းအစတွေကို လိုက်လံကောက်ယူရှင်းလင်းနေစဥ်။ (မေ ၂၆၊ ၂၀၂၄)

အစ္စရေးလ်ရဲ့ စီးပွါရေး အချက်အချာကျတဲ့ Tel Aviv မြို့ကို ပစ်မှတ်ထားပြီး ဟာမတ်စ်လက်နက်ကိုင်အဖွဲ့က တနင်္ဂနွေနေ့မှာ ဒုံးလက်နက်တွေနဲ့ အကြီးအကျယ်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ၈ လကြာရှိပြီဖြစ်တဲ့ အစ္စရေးလ်-ဟာမတ်စ်စစ်ပွဲအတွင်း ပါလက်စတိုင်းလက်နက်ကိုင်တို့ဘက်က သူတို့ရဲ့ ခံနိုင်ရည်စွမ်းအားကို ပြသတဲ့အနေနဲ့ ခုလို တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။

အခုလို တိုက်ခိုက်နေချိန်မှာ အရေးပေါ်ဥသြဆွဲသံတွေထွက်လာခဲ့ပေမဲ့ ထိခိုက်သေဆုံးမှုသတင်းတွေ ချက်ချင်းထွက်မလာသေးဘူးလို့ အစ္စရေးလ်တို့က ပြောပါတယ်။ ဒါဟာ ဇန်နဝါရီလနောက်ပိုင်း ဂါဇာဘက်ကနေ တာဝေးပစ် ရော့ကက်ဒုံးနဲ့ ပထမဆုံး ပစ်ခတ်တိုက်ခိုက်တာလည်းဖြစ်ပါတယ်။ ဂါဇာနယ်စပ်တလျှောက်ကနေ ရော့ကက်တွေ၊မော်တာကျည်တွေနဲ့ အစ္စရေးလ်ဘက်ကိုတိုက်ခိုက်နေတာတော့ရှိပါတယ်။

ခုနောက်ဆုံး ရော့ကက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အသံကို ဂါဇာဒေသအလယ်ပိုင်းကနေတောင် ကြားရပါတယ်။ အရပ်သားတွေကို အစုလိုက်အပြုံလိုက်တိုက်ခိုက်နေတဲ့ ဇီယွန်ဝါဒီတွေကိုတုံ့ပြန်တဲ့အနေနဲ့ Tel Aviv မြို့ကို ပစ်မှတ်ထားပြီး ရော့ကက်ဒုံးတွေနဲ့ အကြီးကျယ်တိုက်ခိုက်ခဲ့တယ်လို့ ဟာမတ်စ်အကြီးအကဲ al-Qassam Brigades က တယ်လီဂရမ်လူမှုစာမျက်နှာမှာ ရေးပါတယ်။ အစ္စရေးလ်စစ်ဘက်ကလည်း ဂါဇာတောင်ပိုင်းမြို့ဖြစ်တဲ့ ရာဖာအနီးကနေ အစ္စရေးလ်နယ်မြေထဲပစ်လွှတ်လိုက်တဲ့ ဒုံးကျည် ၈ စင်းထဲမှာ အတော်များများကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ပြောပါတယ်။

https://burmese.voanews.com/a/srael-hamas-fighting-tel-aviv-gaza-war-/7627802.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.