Breaking

October 27, 2019

တစ်ချိန်တုန်းက စည်းလုံးစွာ ရှိခဲ့တဲ့ ကိုးရီးယား နိုင်ငံ နှစ်ပိုင်း ကွဲသွားရတဲ့ အကြောင်းရင်း

ကိုးရီးယားနိုင်ငံဟာ ဆိုဗီယက် နဲ့ အမေရိကန် ပြည်ထောင်စုတို့ရဲ့ အားပြိုင်ပွဲ စစ်အေးတိုက်ပွဲမှာ မမျှော်လင့်ဘဲ ထိခိုက်ခဲ့ရပြီးနောက် နှစ်ပိုင်းကွဲသွားခဲ့တာ နှစ် ရ၀ လောက်ရှိနေပြီ ဖြစ်ပါတယ်။ နှစ်ပိုင်းကွဲမသွားခင်က ကိုးရီးယားကျွန်းဆွယ်ဟာ တစ်ခုတည်းသော စည်းလုံးတဲ့ ကိုးရီးယားနိုင်ငံ ဖြစ်ခဲ့ပြီး မင်းအဆက်ဆက်အုပ်ချုပ်ခဲ့ပါတယ်။ ရုရှား-ဂျပန်စစ်ပွဲအပြီး ငါးနှစ်အကြာမှာ ဂျပန်က ကိုးရီးယားကို သိမ်းယူလိုက်ပြီးနောက် ဒုတိယကမ္ဘာစစ်မှာ နှစ်ပိုင်းမကွဲသွားခင်အထိ ကိုရီးယားနိုင်ငံဟာ ဂျပန်ရဲ့လက်အောက်မှာ ၃၅ နှစ်လောက် နေခဲ့ရပါတယ်။
1945 ခုနှစ်မှာ ကိုရီးယားကျွန်းဆွယ်ကို မဟာမိတ်အုပ်စုကြီးနှစ်ခုက လွှမ်းမိုးချုပ်ကိုင်ထားလျက်ရှိကြပါတယ်။ နောက် ၃ နှစ်အကြာ 1948 ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စုက မြေုက်လတ္တီကျု ၃၈° အထိ ကွန်မြူနစ်ဝါဒ ဖြန့်ချိခဲ့ပြီး အဲ့ဒီနေရာရဲ့ တောင်ပိုင်းမှာတော့ အမေရိကန်မှ ထောက်ပံ့ပေးထားတဲ့ စစ်အစိုးရကို ဖွဲ့စည်းခဲ့ပါတယ်။ ကိုးရီးယားနိုင်ငံမြောက်ပိုင်းမှာ ဆိုဗီယက်တွေရဲ့ ကွန်မြူနစ်ဝါဒတွေ တွင်ကျယ်လာပြီးနောက် တော်တော်များများဟာ ကိုးရီးယားလူမျိုး အများစုရှိနေတဲ့ တောင်ပိုင်းကို ထွက်ပြေးခဲ့ကြပါတယ်။ အဲ့ဒီအချိန်မှာ အမေရိကန်ရဲ့ ထောက်ပံ့မှုကို ရထားတဲ့ တောင်ပိုင်းဟာ ကွန်မြူနစ်စနစ်ကို အတိအလင်း ကန့်ကွက်ခဲ့ပါတယ်။
1948 ခုနှစ်မှာ အမေရိကန်နိုင်ငံက ကိုရီးယားကျွန်းဆွယ်ရဲ့အနာဂတ်အတွက် ကိုရီးယားလူမျိုးတွေကို မဲခွဲဆုံးဖြတ်ပေးခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ ပါ၀င်ဖို့ ငြင်းဆိုခဲ့တဲ့အတွက် ဆိုးလ်မြို့မှာ ကွန်မြူနစ်ကန့်ကွက်သူ Syngman Rhee ကဦးဆောင်ပြီး အစိုးရသစ်ဖွဲ့စည်းခဲ့ပါတယ်။ မြောက်ကိုရီးယားကတော့ ပြုံယမ်းမြို့မှာ ကွန်မြူနစ်ခေါင်းဆောင် ဂင်အီဆောင်းကို ကိုးရီးယားဒီမိုကရက်တစ်သမ္မတနိုင်ငံရဲ့ သမ္မတအဖြစ် တင်မြှောက်ခဲ့ပါတယ်။
အမေရိကန်ရဲ့ အကူအညီကိုယူရင်းနဲ့ပဲ တောင်ကိုးရီးယားဟာ ဆယ်စုနှစ်အနည်းငယ်အတွင်းမှာ စီးပွားရေးတိုးတက်လာခဲ့ပြီး ပြည့်ဝတဲ့ ဒီမိုကရေစီကို ရရှိခဲ့ပြီးဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာတော့ မြောက်ကိုးရီးယားဟာ တသီးတသန့်ပဲ ဖြစ်လျက်ရှိနေပါသေးတယ်။ မြောက်ကိုးရီးယားရဲ့ Nuclear Program အတွက် အားထုတ်ကြိုးပမ်းမှုဟာ တောင်ကိုးရီးယားနဲ့ သူရဲ့ မဟာမိတ် အထူးသဖြင့် အမေရိကန်တို့ နဲ့ မြောက်ကိုရီးယားကြား ပိုပြီး တင်းမာမှုတွေ ဖြစ်လာစေခဲ့ပါတယ်။
လတ်တလော တောင်ကိုးရီးယား သမ္မတ မွန်းဂျယ်အင်း လက်ထက်မှာ သံတမန်ရေးရာ ကြိုးပမ်းအားထုတ်မှုတွေကလွဲလို့ တောင်ကိုးရီးယားနဲ့ မြောက်ကိုးရီးယားရဲ့ကြားက ပြင်းထန်တဲ့ ကွဲလွဲမှုတွေဟာ 2018 ဆောင်းရာသီ အိုလံပစ်ပွဲတော်မှာ ထင်ရှားသွားခဲ့ပါတယ်။ တောင်ကိုးရီးယားဟာ ကမ္ဘာတစ်ဝှမ်းက အားကစားသမားတွေကို နွေးထွေးစွာကြိုဆိုနေတဲ့အချိန်မှာတော့ မြောက်ကိုရီးယားသမ္မတ ဂင်ဂျံုအန်ဟာ ပြံုယမ်းမြို့ရဲ့ သမိုင်းဝင် ဂင်အီဆောင်း ရင်ပြင်မှာ စစ်ရေးပြခဲ့ပါတယ်။
NN သတင်းဌာနရဲ့ သတင်းပို့ချက်အရ သမ္မတ ဂင်ဂျံုအန်ဟာ ၀ရံတာမှာရပ်ပြီးတော့ နယ်ချဲ့ဝါဒရဲ့ ဆိုးယုတ်မှုတွေအကြောင်းကို ဟောပြောခဲ့တယ် လို့ သိရပါတယ်။ အဲ့ဒီစစ်ရေးပြဟာ ဂင်ဂျံုအန် ရဲ့ အဖိုး ဂင်အီဆောင်းက ကိုးရီးယားပြည်သူ့တပ်မတော်တပ်မတော်ကို 1948 မှာဖွဲ့စည်းခဲ့တဲ့ အထိမ်းအမှတ် အဖြစ် ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။ 1948 ခုနှစ်ကနေ စပြီး နှစ်ဖက်စလုံးဟာ ကိုးရီးယားပြည်သူတွေက တရားဝင် တင်မြှောက်တဲ့ ခေါင်းဆောင်တွေ အသီးသီးက အုပ်ချုပ်နေခဲ့ကြပြီး ယခုအချိန်ထိ ဘာမှမပြောင်းလဲသေးပါဘူး
Writer – Min Thu (  YGN Times )

https://ygntimes.com/?p=2419&fbclid=IwAR2v3YhJAGHkdkzOG5QQPsBzTaWQCyG-ns5QR3Im-UYx9BEDKhS2ddspXBw

No comments:

Post a Comment

Note: Only a member of this blog may post a comment.