
ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့.ပထမဆုံး ဥက္ကဌ-ကိုထွန်းစိန်(ရခိုင်မူစလင်)
Crd: ဘုန်းနောင်
Crd: ဘုန်းနောင်
ကိုထွန်းစိန်ဟာ ၁၉၂၄ မှာ ၁၀တန်းအောင်ပြီး ရခိုင်ပြည်နယ်သံတွဲမြို့ကနေရန်ကတက္ကသိုလ်ကိုလာ ရောက် ပညာသင်ယူခဲ့တယ်။ ၁၉၂၄-၂၈ ဘီအက်စီ စာမေးပွဲအောင်ပြီး ၁၉၂၈-၂၉ မှာ တက္ကသိုလ်သင်္ချာဌာန နည်းပြ ဆရာလေးအဖြစ်လုပ်ကိုင်ခဲ့တယ်။ ပုဂံဆောင်မှာလည်းအဆောင်မှူးအဖြစ်နဲ့တာဝန်ယူပြီး ၁၉၃၁-၃၂ ဘီအယ်လ် ဥပဒေပထမနှစ်သင်တန်း တက်ရောက်ခဲ့တယ်။ ကိုထွန်းစိန်ကို ၁၉၃၁မှာတော့ ကျောင်းသားထု အစည်းအဝေးမှာ စာသင်နှစ် ၁၉၃၁-၃၂ အတွက် ဥက္ကဌနေရာအဆိုတင်သွင်းခြင်းခံရတယ်။ ကိုထွန်းစိန် ဟာ ကိုလိုနီဆန့်ကျင်ရေးနဲ့ အမျိုးသားရေး စိတ်ဓာတ်ပြင်းထန်သူတစ်ယောက် ဖြစ်တယ်။ တရားမျှတမှု မရှိတဲ့အင်္ဂလိပ်နယ်ချဲ့စနစ် အင်္ဂလိပ်ပညာရေးစနစ်တွေကိုရန်ကုန်တက္ကသိုလ်မ ရောက်မီ ကတည်းက ဆန့်ကျင်တွန်းလှန်ခဲ့သူဖြစ်တယ်။
ရခိုင်ကနေ ရန်ကုန်တက္ကသိုလ်ပညာသင်ဖို့ထွက် လာရာအင်္ဂလိပ်ပိုင်သင်္ဘောနဲ့ခရီထွက်လာခဲ့တယ်။ သင်္ဘော အထက်ပိုင်းကုန်းပတ်ဟာ ဥရောပတိုက် သားများအတွက်သာဆိုတာရယ် သင်္ဘောအောက် ဖက်မှာ တိုင်းရင်းသားတွေပြည့်ကျပ်နေအောင်နေနေရတာရယ်ကြောင့် ကုန်းပတ်ပေါ်ခပ်တည်တည် တက်ပြီးလဲလျောင်းခဲ့တယ်။
ဒီအတွက်သင်္ဘော အရာရှိမျက်နှာဖြူနှစ်ယောက်နဲ့ စကားများရန်ဖြစ်ရင်းအောက်ထပ်ကကျောင်းသားတွေပါ ဒုတ်ကိုင်တက်လာတာကြောင့်မျက်နှာဖြူနှစ်ယောက် အလျော့ပေးခဲ့ရဖူးတယ်။
၁၉၃၁ ကိုထွန်းစိန်နဲ့ မစ္စတာမတ်ဆိုသူနှစ်ယောက် အင်ဂျင်နီယာကောလိပ်မှာနည်းပြတာဝန် ထမ်းဆောင် ခဲ့ဖူးတယ်။ ကောလိပ်ကျောင်းအုပ် မစ္စတာချယ်ရီက ကိုထွန်းစိန်တို့နှစ်ယောက်ကိုဂုတ်ဆွဲအခန်းပြင်ဆွဲထုတ် ပြီးအာဏာပြတဲ့အမှုကြောင့် ကိုထွန်းစိန် ကျောင်းအုပ် နားထင်ကိုထိုးခဲ့တဲ့အထိ ရဲရင့်ခဲ့တယ်။
ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ဆောက်လုပ်နေချိန် အဆောက်အအုံပုံစံကိုကြည့်ပြီး “ဗမာနိုင်ငံမှာ ဆောက်လုပ်ပြီး ဗမာမဆန်တဲ့ အနောက်နိုင်ငံယာဉ် ကျေးမှုအနုပညာ … ဇာတ်ရုံကြီးနဲ့တူနေပါလား” ဆိုပြီးမှတ်ချက်ပေးတယ်။
အင်္ဂလိပ်ဗမာ သတင်းစာနှစ်ဆောင်မှာအဆောက် အုံအကြောင်းရေးပြီးအပြင်းအထန်ဝေဖန်တယ်။ နောက်ဆုံးကိုထွန်းစိန်အကြံပေးချက်ကိုမေးမြန်းပြီး ဘွဲ့နှင်းသဘင်ရှေ့မှာ ခြေင်္သေ့ရုပ် (၄)ရုပ်ထည့်သွင်း တည်ဆောက်ခဲ့သည်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.