Breaking

October 30, 2019

ကန်လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ရခိုင် ပြည်နယ် ရောက်ရှိ

[Unicode Version]
အမေရိကန်ပြည်ထောင်စုရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး David Stilwell ဟာ ဒီကနေ့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိပြီးတော့ ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ သက်ကယ်ပြင်ဒုက္ခသည်စခန်းအကြီးအကဲတွေတွေ အရပ်ဘက် လူ့အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ သီခြားစီတွေ့ဆုံစကားပြောပါတယ်။
ရခိုင်ပြည်နယ်တွင်းရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ရေး အမေရိကန်ဘက်က တတ်နိုင်သလောက် အကူအညီပေးဖို့ မေတ္တာရပ်ခံခဲ့ကြတယ်လို့ ရန်ကုန် အမေရိကန်သံရုံး ပြောခွင့်ရသူ Aryani က ဗွီအိုအေကို ပြောပါတယ်။ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနဲ့အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marcial လည်း အခု စစ်တွေခရီးစဉ်မှာ ပါသွားပါတယ်။
ရခိုင်မြောက်ပိုင်းဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် ခံစားနေရတဲ့ ကြေကွဲစရာ အဖြစ်အပျက်တွေနဲ့ အဲဒီက လူမှုအဖွဲအစည်းတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်ချက်တွေအကြောင်း ပြောဆိုကြပြီးတော့ ပဋိပက္ခဖြစ်တဲ့ အရင်းခံအကြောင်းရင်းတွေ ခွဲခြားဆက်ဆံမှုတွေ မလုံခြံမှုတွေကို ဖြေရှင်းရာမှာ အမေရိကန် အကူအညီပေးဖို့ သူတို့က ကမ်းလှမ်းခဲ့ပါတယ်လို့ သံရုံးပြောခွင့်ရသူ ပြောသွားတာပါ။
လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးရဲ့ အခု ခရီးစဉ်ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေမှာ အကူအညီပေးဖို့ အမေရိကန်ရဲ့ ရေရှည်ပိုငးဖြတ်ထားချက် အလေးပေး လုပ်ဆောင်ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။
အမေရိကန် မြန်မာ နှစ်နိုင်ငံဆက်ဆံရေးဟာ အရေးပါတာကြောင့်ရော မြန်မာနိုင်ငံဟာ အင်ဒိုပစိဖိတ်ဒေသမှာ အရေးပါတဲ့ တိုင်းပြည်ဖြစ်နေတာကြောင့်ပါ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးအနေနဲ့ မြန်မာနိုင်ငံကို လာရောက်တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
လက်ထောက်နိုင်ငံခြားရေးဝန်ကြီး David Stilwell ဟာ မြန်မာခရီးစဉ်အတွင်း နေပြည်တော်နဲ့ ရန်ကုန်မြို့တွေမှာ အစိုးရတာဝန်ရှိသူတွေ အရပ်ဘက်အဖွဲ့အစည်းနဲ့ လူမှုအဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်တွေနဲ့လည်း တွေ့ဖို့ရှိနေပါတယ်။
လက်ထောက်နိုင်ငံခြားရေးဝန်ကြီး David Stilwell ဟာ အောက်တိုဘာ ၂၇ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ မြန်မာနိုင်ငံမှာရှိမှာဖြစ်ပြီး အဲဒီနောက် အခြားဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ မလေးရှား ထိုင်း တရုတ် တောင်ကိုရီယားတို့ကိုလည်း သွားရောက်ဖို့ ရှိနေပါတယ်။

(Zawgyi/Unicode)
အေမရိကန္ျပည္ေထာင္စုရဲ႕ အေရွ႕အာရွနဲ႔ ပစိဖိတ္ေရးရာ လက္ေထာက္ႏိုင္ငံျခားေရး ဝန္ႀကီး David Stilwell ဟာ ဒီကေန႔ ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕ကို ေရာက္ရွိၿပီးေတာ့ ရခိုင္ျပည္နယ္ လႊတ္ေတာ္ ဥကၠ႒ သက္ကယ္ျပင္ဒုကၡသည္စခန္းအႀကီးအကဲေတြေတြ အရပ္ဘက္ လူ႔အဖြဲ႕အစည္းေခါင္းေဆာင္ေတြနဲ႔ သီျခားစီေတြ႕ဆုံစကားေျပာပါတယ္။
ရခိုင္ျပည္နယ္တြင္းရင္ဆိုင္ေနရတဲ့ ျပႆနာေတြကို ေျဖရွင္းႏိုင္ေရး အေမရိကန္ဘက္က တတ္ႏိုင္သေလာက္ အကူအညီေပးဖို႔ ေမတၱာရပ္ခံခဲ့ၾကတယ္လို႔ ရန္ကုန္ အေမရိကန္သံ႐ုံး ေျပာခြင့္ရသူ Aryani က ဗြီအိုေအကို ေျပာပါတယ္။ လက္ေထာက္ႏိုင္ငံျခားေရး ဝန္ႀကီးနဲ႔အတူ ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံအမတ္ႀကီး Scot Marciel လည္း အခု စစ္ေတြခရီးစဥ္မွာ ပါသြားပါတယ္။
ရခိုင္ေျမာက္ပိုင္းျဖစ္ေနတဲ့ ပဋိပကၡေတြေၾကာင့္ ခံစားေနရတဲ့ ေၾကကြဲစရာ အျဖစ္အပ်က္ေတြနဲ႔ အဲဒီက လူမႈအဖြဲအစည္းေတြ ရင္ဆိုင္ေနရတဲ့ စိန္ေခၚခ်က္ေတြအေၾကာင္း ေျပာဆိုၾကၿပီးေတာ့ ပဋိပကၡျဖစ္တဲ့ အရင္းခံ အေၾကာင္းရင္းေတြ ခြဲျခားဆက္ဆံမႈေတြ မလုံၿခံမႈေတြကို ေျဖရွင္းရာမွာ အေမရိကန္ အကူအညီေပးဖို႔ သူတို႔က ကမ္းလွမ္းခဲ့ပါတယ္လို႔ သံ႐ုံးေျပာခြင့္ရသူ ေျပာသြားတာပါ။
လက္ေထာက္ႏိုင္ငံျခားေရး ဝန္ႀကီးရဲ႕ အခု ခရီးစဥ္ဟာ ျမန္မာႏိုင္ငံရဲ႕ ဒီမိုကေရစီအသြင္ ကူးေျပာင္းေရးနဲ႔ စီးပြားေရး ျပဳျပင္ေျပာင္းလဲမႈေတြမွာ အကူအညီေပးဖို႔ အေမရိကန္ရဲ႕ ေရရွည္ပို္ငးျဖတ္ထားခ်က္ အေလးေပး လုပ္ေဆာင္ဖို႔ ျဖစ္တယ္လို႔ ေျပာပါတယ္။
အေမရိကန္ ျမန္မာ ႏွစ္ႏိုင္ငံဆက္ဆံေရးဟာ အေရးပါတာေၾကာင့္ေရာ ျမန္မာႏိုင္ငံဟာ အင္ဒိုပစိဖိတ္ေဒသမွာ အေရးပါတဲ့ တိုင္းျပည္ျဖစ္ေနတာေၾကာင့္ပါ လက္ေထာက္ႏိုင္ငံျခားေရး ဝန္ႀကီးအေနနဲ႔ ျမန္မာႏိုင္ငံကို လာေရာက္တာ ျဖစ္တယ္လို႔လည္း ေျပာပါတယ္။
လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး David Stilwell ဟာ ျမန္မာခရီးစဥ္အတြင္း ေနျပည္ေတာ္နဲ႔ ရန္ကုန္ၿမိဳ႕ေတြမွာ အစိုးရတာဝန္ရွိသူေတြ အရပ္ဘက္အဖြဲ႕အစည္းနဲ႔ လူမႈအဖြဲ႕အစည္းအသီးသီးက ေခါင္းေဆာင္ေတြနဲ႔လည္း ေတြ႕ဖို႔ ရွိေနပါတယ္။
လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး David Stilwell ဟာ ေအာက္တိုဘာ ၂၇ ရက္ေန႔ကေန ၃၀ ရက္ေန႔အထိ ျမန္မာႏိုင္ငံမွာရွိမွာျဖစ္ၿပီး အဲဒီေနာက္ အျခားေဒသတြင္းႏိုင္ငံေတြျဖစ္တဲ့ မေလးရွား ထိုင္း တ႐ုတ္ ေတာင္ကိုရီယားတို႔ကိုလည္း သြားေရာက္ဖို႔ ရွိေနပါတယ္။



No comments:

Post a Comment

Note: Only a member of this blog may post a comment.