Breaking

October 22, 2019

ဖေ့စ်ဘုတ်ပေါ်ကနေ တမန်တော်မြတ် မုဟမ္မဒ်ကို စော်ကားတဲ့ပို့ စ်ကြောင့် ဘင်္ဂလားဒေ့ရှ်မှာ လူထောင်နဲ့ချီ ဆန္ဒပြမှုတွေ အတွင်း၄ ဦးသေဆုံးပြီး ၅၀ဒဏ်ရာရရှိခဲ့


Image may contain: 1 person, sitting and sleeping
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူမှုမီဒီယာ ဖေ့စ်ဘုတ်ပေါ်က ဘာသာရေး စော်ကားတဲ့ ပို့စ်တစ်ခုနဲ့ ပတ်သက်ပြီး အရေးယူပေးဖို့ လူပေါင်း ထောင်နဲ့ချီ ဆန္ဒပြတောင်းဆိုမှု တွေကို ရဲတပ်ဖွဲ့ရဲ့ ဖြိုခွင်းမှုကြောင့် လူ၄ဦးထက် မနည်းသေဆုံး ခဲ့ရပါတယ်။
ဖေ့စ်ဘုတ်ပေါ်မှာ တမန်တော်မြတ်မုဟမ္မဒ်ကိုစော်ကားသိက္ခာချတဲ့ ပို့စ်နဲ့ပတ်သက်ပြီးအရေးယူပေးသွားဖို့ ဆန့်ကျင်ဆန္ဒပြနေကြတဲ့ ဘင်္ဂလားဒေ့ရှ်မွတ်စလင်ထောင်နဲ့ချီကို ဖြိုခွင်းတဲ့ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုတွေကြောင့် လူလေးဦးထက်မနည်းသေဆုံးခဲ့ရပြီးနောက်မှာ စိတ်အေးအေးထားကြဖို့ ဝန်ကြီးချုပ်ရှိတ်ဟာစီနာက တနင်္ဂနွေနေ့ကတိုက်တွန်းပြောကြားခဲ့ပါတယ်။ အွန်လိုင်းပေါ်မှာဘာသာရေးစော်ကားတဲ့ပို့စ်နဲ့ပတ်သက်ပြီး လူအုပ်ရဲ့တိုက်ခိုက်မှုတွေဟာ နိုင်ငံလူဦးရေ၁၆၈သန်းမှာ မွတ်စလင်လူဦးရေ၉၀%ခန့်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်က လုံခြုံရေးတပ်ဖွဲ့တွေအတွက် ခေါင်းခဲစရာကိစ္စကြီးဖြစ်လာပါတယ်။
အွန်လိုင်းပေါ်ကနေ ဘာသာရေးတင်းမာမှုတွေဖြစ်အောင်သွေးထိုးလှုံ့ဆော်တဲ့စွဲချက်နဲ့ ဟိန္နူလူငယ်တစ်ဦးကိုအရေးယူပေးဖို့ နိုင်ငံရဲ့အကြီးဆုံးကျွန်းတစ်ခုဖြစ်တဲ့ ဘိုလာက ဘိုရ်ဟန်နူဒင်မြို့မှာ မွတ်စလင်၂ထောင်ကျော်ကဆန္ဒပြမှုတွေလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ လူအုပ်ထဲကတစ်ချို့ဟာ ရဲတပ်ဖွဲ့ဝင်တွေကိုခဲတွေနဲ့ပေါက်တာကြောင့် ကိုယ့်ကိုကိုယ်ကာကွယ်တဲ့အနေနဲ့ ပစ်ခတ်မှုတွေလုပ်ရတာဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောကြားထားပါတယ်။ “အနည်းဆုံးလူလေးဦးသေဆုံးပြီး အယောက်၅၀နီးပါးဒဏ်ရာရရှိခဲ့ပါတယ်” လို့ရဲတပ်ဖွဲ့စုံစမ်းစစ်ဆေးရေးမှူး ဆာလာဟူဒင်မီရာက အေအက်ဖ်ပီသတင်းဌာနကိုပြောကြားခဲ့ပါတယ်။ နောက်ထပ်ထပ်တိုးရဲတပ်ဖွဲ့တွေနဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေကို အဲဒီကျွန်းပေါ် ရဟတ်ယာဉ်တွေနဲ့ အမြန်ပို့ဆောင်ပေးခဲ့ကြောင်းလည်း သူကပြောကြားခဲ့ပါတယ်။
သေဆုံးသူဦးရေဟာမြင့်တက်လာဖို့ရှိတယ်လို့ ဒေသခံဆရာဝန် တာယီဘာရ်ရာဟ်မန်က အေအက်ဖ်ပီကိုပြောကြားခဲ့ပါတယ်။ ၄၃ဦးထဲက ၇ဦးဟာစိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့ သူကဆိုပါတယ်။ ဘာသာရေးသွေးထိုးလှုံ့ဆော်မှုနဲ့စွဲချက်တင်ခံရသူရဲ့ ဖေ့စ်ဘုတ်အကောင့်ကို မွတ်စလင်တစ်ဦးကဟက်ခဲ့တာဖြစ်ပြီး အလိမ်အညာသတင်းတွေဖြန့်ဝေဖို့ အသုံးချခဲ့တာဖြစ်တယ်လို့ ဝန်ကြီးချုပ်ဟာစီနာကပြောကြားခဲ့ပါတယ်။
“နိုင်ငံတွင်းမင်းမဲ့စရိုက်အခြေအနေတွေဖန်တီးဖို့ ဖေ့စ်ဘုတ်ပေါ်မှာကောလဟာလတွေဖြန့်ဝေနေခဲ့တာကို ကျွန်မတို့မြင်တွေ့ခဲ့ရပါတယ်။ သူတို့ကဘယ်သူတွေလဲ သူတို့ရဲ့ရည်ရွယ်ချက်ကဘာလဲ။” လို့ဟာစီနာက သူမရဲ့နိုင်ငံရေးပါတီဝင်တွေကိုပြောကြားတဲ့မိန့်ခွန်းထဲမှာ ဆိုပါတယ်။ “ကျွန်မတို့ရဲ့နိုင်ငံသားတွေအနေနဲ့ စိတ်ရှည်သည်းခံကြဖို့တောင်းဆိုပါတယ်။ ပွဲလန့်တုန်းဖျာဝင်ခင်းဖို့လိုလားနေကြတဲ့သူတွေကို ရှာဖွေပြီး အရေးယူမှုတွေလုပ်ဆောင်သွားမှာပါ” လို့သူမကဆိုပါတယ်။
အဲဒီဟိန္နူအမျိုးသားဟာ သူ့ရဲ့ဖေ့စ်ဘုတ်အကောင့်ဟက်ခံရတယ်ဆိုပြီး စနေနေ့ကရဲစခန်းကိုလာရောက်တိုင်ကြားခဲ့တယ်လို့ ဘိုလာရဲ့ ဒုရဲအုပ်ရှိတ်ဆာဗီရ်က အေအက်ဖ်ပီသတင်းဌာနကိုပြောကြားခဲ့ပါတယ်။ “သူ့ရဲ့အကောင့်ဟက်ခံရတယ်လို့ ကျွန်တော်တို့လည်းသံသယရှိပါတယ်။ ဒီအရေးအသားတွေကိုဖေ့စ်ဘုတ်မက်ဆန်ဂျာကနေ ဖြန့်ဝေနေခဲ့တာ” လို့ သူကပြောကြားခဲ့ပါတယ်။ ဒါပေမယ့်စွဲချက်တင်ထားတာကိုပယ်ဖျက်ထားခြင်းမရှိသေးပါဘူး။
၂၀၁၆ခုနှစ်တုန်းကလည်း အစ္စလာမ်ရဲ့မြင့်မြတ်တဲ့ေြ့မတစ်ခုကို လှောင်ပြောင်စော်ကားတဲ့ဖေ့စ်ဘုတ်ပို့စ်တစ်ခုကြောင့် ဒေါသထွက်နေတဲ့မွတ်စလင်တွေဟာ နိုင်ငံအရှေ့ပိုင်းမြို့က ဟိန္နူဘုရားကျောင်းတွေကိုအကြမ်းဖက်တိုက်ခိုက်ခဲ့ကြပါတယ်။ ၂၀၁၂ခုနှစ်တုန်းကလည်း ဗုဒ္ဓဘာသာလူငယ်တစ်ဦးက ကုရ်အာန်ကျမ်းမြတ်ကိုလှောင်ပြောင်စော်ကားတဲ့ ဓာတ်ပုံပို့စ်တစ်ခုတင်ခဲတယ်လို့စွပ်စွဲခဲ့ပြီးနောက် ကော့ဘဇားခရိုင်က ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေနဲ့ အိမ်တွေ ဈေးဆိုင်တွေကို မွတ်စလင်အကြမ်းဖက်လူအုပ်ကမီးရှို့ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ဘာသာရေးလူနည်းစုတွေအပေါ် တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်တွေအမြောက်အများရှိခဲ့ပါတယ်။ အများစုကလက်ယာဝါဒီအဖွဲ့တွေရဲ့လက်ချက်ဖြစ်တယ်လို့ ယူဆထားပါတယ်။
Al Jazeera သတင်းဌာနပါ “Bangladesh protest against Facebook post turns deadly” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။
Zawgyi version
ေဖ့စ္ဘုတ္ေပၚကေနတမန္ေတာ္ျမတ္မုဟမၼဒ္ကိုေစာ္ကားတဲ့ပို႔စ္​ေၾကာင္​့ ဘဂၤလားေဒ့ရွ္မွာလူေထာင္နဲ႔ခ်ီဆႏၵျပမႈေတြအတြင္း၄ဦးေသဆံုးၿပီး ၅၀ဒဏ္ရာရရွိခဲ့
ေအာက္တိုဘာ ၂၁၊ ၂၀၁၉ Myanmar Muslim Media
ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ လူမႈမီဒီယာေဖ့စ္ဘုတ္ေပၚက ဘာသာေရးေစာ္ကားတဲ့ပို႔စ္တစ္ခုနဲ႔ပတ္သက္ၿပီး အေရးယူေပးဖို႔လူေပါင္းေထာင္နဲ႔ခ်ီဆႏၵျပေတာင္းဆိုမႈေတြကို ရဲတပ္ဖြဲ႔ရဲ႕ၿဖိဳခြင္းမႈေၾကာင့္ လူ၄ဦးထက္မနည္းေသဆံုးခဲ့ရပါတယ္။
ေဖ့စ္ဘုတ္ေပၚမွာ တမန္ေတာ္ျမတ္မုဟမၼဒ္ကိုေစာ္ကားသိကၡာခ်တဲ့ ပို႔စ္နဲ႔ပတ္သက္ၿပီးအေရးယူေပးသြားဖို႔ ဆန္႔က်င္ဆႏၵျပေနၾကတဲ့ ဘဂၤလားေဒ့ရွ္မြတ္စလင္ေထာင္နဲ႔ခ်ီကို ၿဖိဳခြင္းတဲ့ရဲတပ္ဖြဲ႔ရဲ႕ ပစ္ခတ္မႈေတြေၾကာင့္ လူေလးဦးထက္မနည္းေသဆံုးခဲ့ရၿပီးေနာက္မွာ စိတ္ေအးေအးထားၾကဖို႔ ၀န္ႀကီးခ်ဳပ္ရွိတ္ဟာစီနာက တနဂၤေႏြေန႔ကတိုက္တြန္းေျပာၾကားခဲ့ပါတယ္။ အြန္လိုင္းေပၚမွာဘာသာေရးေစာ္ကားတဲ့ပို႔စ္နဲ႔ပတ္သက္ၿပီး လူအုပ္ရဲ႕တိုက္ခိုက္မႈေတြဟာ ႏိုင္ငံလူဦးေရ၁၆၈သန္းမွာ မြတ္စလင္လူဦးေရ၉၀%ခန္႔ရွိတဲ့ ဘဂၤလားေဒ့ရွ္က လံုၿခံဳေရးတပ္ဖြဲ႔ေတြအတြက္ ေခါင္းခဲစရာကိစၥႀကီးျဖစ္လာပါတယ္။
အြန္လိုင္းေပၚကေန ဘာသာေရးတင္းမာမႈေတြျဖစ္ေအာင္ေသြးထိုးလံႈ႕ေဆာ္တဲ့စြဲခ်က္နဲ႔ ဟိႏၷဴလူငယ္တစ္ဦးကိုအေရးယူေပးဖို႔ ႏိုင္ငံရဲ႕အႀကီးဆံုးကၽြန္းတစ္ခုျဖစ္တဲ့ ဘိုလာက ဘိုရ္ဟန္ႏူဒင္ၿမိဳ႕မွာ မြတ္စလင္၂ေထာင္ေက်ာ္ကဆႏၵျပမႈေတြလုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။ လူအုပ္ထဲကတစ္ခ်ဳိ႕ဟာ ရဲတပ္ဖြဲ႔၀င္ေတြကိုခဲေတြနဲ႔ေပါက္တာေၾကာင့္ ကိုယ့္ကိုကိုယ္ကာကြယ္တဲ့အေနနဲ႔ ပစ္ခတ္မႈေတြလုပ္ရတာျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔ကေျပာၾကားထားပါတယ္။ “အနည္းဆံုးလူေလးဦးေသဆံုးၿပီး အေယာက္၅၀နီးပါးဒဏ္ရာရရွိခဲ့ပါတယ္” လို႔ရဲတပ္ဖြဲ႔စံုစမ္းစစ္ေဆးေရးမွဴး ဆာလာဟူဒင္မီရာက ေအအက္ဖ္ပီသတင္းဌာနကိုေျပာၾကားခဲ့ပါတယ္။ ေနာက္ထပ္ထပ္တိုးရဲတပ္ဖြဲ႔ေတြနဲ႔ နယ္ျခားေစာင့္တပ္ဖြဲ႔ေတြကို အဲဒီကၽြန္းေပၚ ရဟတ္ယာဥ္ေတြနဲ႔ အျမန္ပို႔ေဆာင္ေပးခဲ့ေၾကာင္းလည္း သူကေျပာၾကားခဲ့ပါတယ္။
ေသဆံုးသူဦးေရဟာျမင့္တက္လာဖို႔ရွိတယ္လို႔ ေဒသခံဆရာ၀န္ တာယီဘာရ္ရာဟ္မန္က ေအအက္ဖ္ပီကိုေျပာၾကားခဲ့ပါတယ္။ ၄၃ဦးထဲက ၇ဦးဟာစိုးရိမ္ရတဲ့အေျခအေနမွာရွိတယ္လို႔ သူကဆိုပါတယ္။ ဘာသာေရးေသြးထိုးလံႈ႕ေဆာ္မႈနဲ႔စြဲခ်က္တင္ခံရသူရဲ႕ ေဖ့စ္ဘုတ္အေကာင့္ကို မြတ္စလင္တစ္ဦးကဟက္ခဲ့တာျဖစ္ၿပီး အလိမ္အညာသတင္းေတြျဖန္႔ေ၀ဖို႔ အသံုးခ်ခဲ့တာျဖစ္တယ္လို႔ ၀န္ႀကီးခ်ဳပ္ဟာစီနာကေျပာၾကားခဲ့ပါတယ္။
“ႏိုင္ငံတြင္းမင္းမဲ့စရိုက္အေျခအေနေတြဖန္တီးဖို႔ ေဖ့စ္ဘုတ္ေပၚမွာေကာလဟာလေတြျဖန္႔ေ၀ေနခဲ့တာကို ကၽြန္မတို႔ျမင္ေတြ႔ခဲ့ရပါတယ္။ သူတို႔ကဘယ္သူေတြလဲ သူတို႔ရဲ႕ရည္ရြယ္ခ်က္ကဘာလဲ။” လို႔ဟာစီနာက သူမရဲ႕ႏိုင္ငံေရးပါတီ၀င္ေတြကိုေျပာၾကားတဲ့မိန္႔ခြန္းထဲမွာ ဆိုပါတယ္။ “ကၽြန္မတို႔ရဲ႕ႏိုင္ငံသားေတြအေနနဲ႔ စိတ္ရွည္သည္းခံၾကဖို႔ေတာင္းဆိုပါတယ္။ ပြဲလန္႔တုန္းဖ်ာ၀င္ခင္းဖို႔လိုလားေနၾကတဲ့သူေတြကို ရွာေဖြၿပီး အေရးယူမႈေတြလုပ္ေဆာင္သြားမွာပါ” လို႔သူမကဆိုပါတယ္။
အဲဒီဟိႏၷဴအမ်ဳိးသားဟာ သူ႔ရဲ႕ေဖ့စ္ဘုတ္အေကာင့္ဟက္ခံရတယ္ဆိုၿပီး စေနေန႔ကရဲစခန္းကိုလာေရာက္တိုင္ၾကားခဲ့တယ္လို႔ ဘိုလာရဲ႕ ဒုရဲအုပ္ရွိတ္ဆာဗီရ္က ေအအက္ဖ္ပီသတင္းဌာနကိုေျပာၾကားခဲ့ပါတယ္။ “သူ႔ရဲ႕အေကာင့္ဟက္ခံရတယ္လို႔ ကၽြန္ေတာ္တို႔လည္းသံသယရွိပါတယ္။ ဒီအေရးအသားေတြကိုေဖ့စ္ဘုတ္မက္ဆန္ဂ်ာကေန ျဖန္႔ေ၀ေနခဲ့တာ” လို႔ သူကေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္စြဲခ်က္တင္ထားတာကိုပယ္ဖ်က္ထားျခင္းမရွိေသးပါဘူး။
၂၀၁၆ခုႏွစ္တုန္းကလည္း အစၥလာမ္ရဲ႕ျမင့္ျမတ္တဲ့ေျ့မတစ္ခုကို ေလွာင္ေျပာင္ေစာ္ကားတဲ့ေဖ့စ္ဘုတ္ပို႔စ္တစ္ခုေၾကာင့္ ေဒါသထြက္ေနတဲ့မြတ္စလင္ေတြဟာ ႏိုင္ငံအေရွ႕ပိုင္းၿမိဳ႕က ဟိႏၷဴဘုရားေက်ာင္းေတြကိုအၾကမ္းဖက္တိုက္ခိုက္ခဲ့ၾကပါတယ္။ ၂၀၁၂ခုႏွစ္တုန္းကလည္း ဗုဒၶဘာသာလူငယ္တစ္ဦးက ကုရ္အာန္က်မ္းျမတ္ကိုေလွာင္ေျပာင္ေစာ္ကားတဲ့ ဓာတ္ပံုပို႔စ္တစ္ခုတင္ခဲတယ္လို႔စြပ္စြဲခဲ့ၿပီးေနာက္ ေကာ့ဘဇားခရိုင္က ဗုဒၶဘာသာဘုန္းႀကီးေက်ာင္းေတြနဲ႔ အိမ္ေတြ ေစ်းဆိုင္ေတြကို မြတ္စလင္အၾကမ္းဖက္လူအုပ္ကမီးရိႈ႕ခဲ့ပါတယ္။ ဘဂၤလားေဒ့ရွ္မွာ ဘာသာေရးလူနည္းစုေတြအေပၚ တိုက္ခိုက္မႈေတြျဖစ္ပြားခဲ့တဲ့အျဖစ္အပ်က္ေတြအေျမာက္အမ်ားရွိခဲ့ပါတယ္။ အမ်ားစုကလက္ယာ၀ါဒီအဖြဲ႔ေတြရဲ႕လက္ခ်က္ျဖစ္တယ္လို႔ ယူဆထားပါတယ္။
Al Jazeera သတင္းဌာနပါ “Bangladesh protest against Facebook post turns deadly” အမည္ျဖင့္ေဖာ္ျပထားသည့္ သတင္းကိုေညာင္နီရြက္(Myanmar Muslim Media)က ျမန္မာဘာသာသုိ႔ဆီေလ်ာ္ေအာင္ျပန္ဆိုသည္။

 အောက်တိုဘာ ၂၁၊ ၂၀၁၉ Myanmar Muslim Media

No comments:

Post a Comment

Note: Only a member of this blog may post a comment.