Breaking

October 22, 2019

မင်္ဂလာတောင်ညွန့်

"အမည်ကိုခေါင်ကွန့်ထားသည့် တောင်ညွန့်" မြန်မာနိုင်ငံကို ''ရွှေမြေ''(Golden Land) ဟုတင် စားခေါ်ဝေါ်နေကြ သလို ရန်ကုန်မြို့ကို စစ်ကြိုခေတ်က အာရှတိုက်၏ဥယျာဉ်မြို့တော် (Garden City of Asia) ဟုဂုဏ်ပြုခေါ်ဝေါ်ခြင်းခံခဲ့ဖူးသည်။ ထိုသို့ ဂုဏ်ထူးနာမရခဲ့ခြင်းမှာ မြတ်ဘုရားရွှေတိဂုံ ၏ ခြေတော် ရင်းက စိမ်းလန်းစိုပြည်သည့် ကန်တော်ကြီးဝန်းကျင်က အဓိကပါဝင်နေခဲ့၍ဖြစ်သည်။ “တောင်ညွန့်မှ သည် မင်္ဂလာတောင်ညွန့်ဖြစ်တည်” အရှေ့ပိုင်းခရိုင်မှာပါဝင်သော မင်္ဂလာတောင်ညွန့်မြို့နယ် သည် ကန်တော်ကြီး ဝန်းကျင်တွင် မြတ်ဘုရားရွှေတိဂုံတည်ရာ သိဂုၤတ္တရတောင်စွယ်တောင်တန်းတွေမှနေ၍ ဆင်ခြေလျှော သွယ်တန်းလာသည့်တောင်ကုန်း၊ တောင်ထွတ်များတည်ရာမှာ ဖြစ်တည် လာသောမြို့ ကွက်ဖြစ်သည့်အတွက် ကနဦးအမည်က တောင်ညွန့်ဖြစ်ခဲ့သည်။ စစ်ကြိုခေတ်က ကျော်ကြားသောလူ ရွှင်တော်ကြီးများ ဖြစ်ကြသည့် ဒီပေါက်နှင့် ညှပ်ကြီး တို့က ပြက်လုံးထုတ်ခဲ့ကြရာမှာ “လူပျိုကာလ သားတွေနေတဲ့အရပ်ကို တောင်ညွန့်၊ အပျိုကလေးတွေနေသည့်အရပ်ကတော့ Spark လမ်း(ယခုဗိုလ်ေ အာင်ကျော်လမ်း)ပေါ့”ဟု ရယ်ရွှင်ဖွယ်ရာ အပြင် မှတ်သားစရာပါဖြစ်ခဲ့သည်။ ထို့ကြောင့် လွတ် လပ်ရေးရပြီးသော အခါမှာ မင်္ဂလာအပေါင်းခညောင်းသည့်သိဂုၤတ္တရကုန်းတော်၏ ဆင်ခြေလျောအ တွင်း ဖြစ်တည် လာခဲ့သော တောင်ထွတ်အညွန့်အဖူးမှာ တည်ရှိနေသည့်ဗျူပ္ပတ်နှင့် အမည် ကို ခေါင်ကွန့်ကာ “မင်္ဂလာတောင်ညွန့်” အမည်သို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ခြင်းဖြစ် သည်။ တောင် ကုန်းတောင်ထွတ်ထူထပ်မှု နိမိတ်ပုံနှင့် မြတ်ဘုရားရွှေတိဂုံအား ခြံရံထားသည့် ကုန်း ၉၉ကုန်းတွင် ပါဝင်သော တောင်ကုန်း (အများစု)သည် မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းမှာ တည်ရှိနေသည်။ အရိုးကုန်း၊ ပျားရည်ကုန်း၊ သာယာကုန်း(ပါတာနီကုန်း)၊ မြယာကုန်း၊ ပိန္နဲကုန်းနှင့် ဒိုဘီကုန်းစသောကုန်းပေါင်းများစွာ ပါဝင်နေသည်။ ရန်ကုန်မြို့ကြီးကို နယ်မြေ(၁၂) ခုနှင့် ပိုင်းခြားမှုပြုခဲ့စဉ်က အမှတ် (၉)နယ်မြေ၏ ဒေသစိတ်ဖြစ်ခဲ့သည်။ ယခင်က ၈၇ လမ်းမှ ၉၄ လမ်းအထိကိုသာ ကန်တော်ကလေးရပ်ဟု သတ်မှတ်ခဲ့သေည်လည်း စနစ်သစ်အုပ်ချုပ်ရေးအရ ကန်ရှေ့၊ ကန်နောက်၊ ကန်တောင်၊ ကန်မြောက် ဟူ၍(၄)ရပ်ကွက်ဖြစ်လာသည်။ ၉၅ လမ်းမှနေလမ်း ၁ဝဝ အထိကို ဘင်္ဂါလီစု (Bengali busti)၊ ၁ဝ၁ လမ်းမှနေ ၁ဝ၃ လမ်းအထိကို ဖို့မြေဟူ၍ ခေါ်တွင်သည်။ အဘယ်ကြောင့်ဆိုသော် “ဒေဝ+သာဂရ = နတ်ပင်လယ်” ဟုခေါ်သည့်တောင်ကုန်းအောက်မှာ သိမ်ဖြူချောင်း၊ ပုဇွန်တောင်ချောင်းနှင့် ဒီတိုးချောင်းတို့ပေါင်းဆုံစီးဆင်းနေသည့်အတွက် ရွှံ့မြေကွက် ဖြစ်ခဲ့၍ မြို့ကွက်တည်ရန် မြေဖို့ပြုပြင်ခဲ့ရလို့ ဖို့မြေဖြစ်ခဲ့ရသည်။ ယခုအခါ စည်ပင်သာယာ၏အလုပ်ရုံ၊ စက်ရုံနှင့် ရေပုပ်စုပ်ယာဉ်များ ထားရှိနေရာဖြစ်လာသည်။ “မင်္ဂလာတောင်ညွန့်အတွင်းက ထူးခြားမှုအစုစု” တစ်ချိန်က ကွမ်းခြံစိုက် မိလက္ခူတွေ နေထိုင်ခဲ့သည့် ကွမ်းခြံရပ်၏နိမိတ်ပုံအဖြစ် ကွမ်းခြံဘူတာကြီး (ယခုရန်ကုန်ဘူတာကြီး)နှင့် BAA အမည်ရခဲ့သည့် အောင်ဆန်းအားကစားကွင်းအပြင် ဘိုးဘွားရိပ်သာအစဖြစ်သော Little Sister ခရစ်ယာန်အဘွားရိပ်သာပါ ရှိခဲ့သည်။စစ်ကြိုခေတ်က ရန်ကုန်မြို့စွန်တွင် တည်ရှိခဲ့၍ ဘာသာပေါင်းစုံသင်္ချိုင်းတွေအပြင် ထူးထူးခြားခြား ဂျူးလူမျိုးတို့၏ ဂူသင်္ချိုင်းပါရှိခဲ့သည်။ ကူးစက်ရောဂါကု ကျောက်ဆေးရုံရှိခဲ့၍ ကျောက်ကွေ့ကားမှတ်တိုင်ရှိသလို၊ တစ်ခြမ်းပဲ့ဗလီနှင့် ကန်တော်ကလေးရွာဟောင်းဗလီများပါရှိသည်။ ခရစ်ယာန်ဘာသာဝင်များ၏ စိန်အန်ထော် Church ကလည်း ရှေးဟောင်း လက်ရာစုစာရင်းဝင်ဖြစ်သည်။ ယခုအခါ လွတ်လပ်ရေးရပြီး ဖြစ်သည့်အတွက် စိန်အန်ထော်နီကျောင်းတည်ရာကို စိန်အန်ထော်နီလမ်း အမည်တွင်ရာမှနေ အမျိုးသားပညာဝန် ဦးဖိုးကျားအားဂုဏ်ပြုကာ ဦးဖိုးကျားလမ်း၊ Little Sister Road ကို သခင်မကြီးဒေါ်သိန်းတင်ကို ဂုဏ်ပြုကာ ဒေါ်သိန်းတင်လမ်း၊ ဧရာဝတီဖလိုတီးယားကုမ္ပဏီက စာရေးကြီးဝီလျံကနေဒီအမည်နှင့် ရှိခဲ့သည့်ကနေဒီကျွန်းကို လွတ်လပ်ရေးကျွန်းကနေဒီလမ်းအမည်ကို ဝန်းသိုစော်ဘွားကြီးအားဂုဏ်ပြုကာ ဦးအောင်မြတ်လမ်းတို့အပြင် Arrow Lane ကိုနောင်ရိုးလမ်း၊ Bow Laneကို ဗညားဒလလမ်း၊ Culvertလမ်းကို မြန်မာ့ဂုဏ်ရည်လမ်းနှင့် သဲတောလမ်းက မန္တလေးလမ်းအမည်ရနေပြီဖြစ်ဖြစ်သည်။ Ref: မောင်မြတ်မွန်(ဆူးလေ)၊ မြို့တော်သတင်း

မြန်မာနိုင်ငံကို ''ရွှေမြေ''(Golden Land) ဟုတင်စားခေါ်ဝေါ်နေကြသလို ရန်ကုန်မြို့ကို စစ်ကြိုခေတ်က အာရှတိုက်၏ဥယျာဉ်မြို့တော် (Garden City of Asia) ဟုဂုဏ်ပြုခေါ်ဝေါ်ခြင်းခံခဲ့ဖူးသည်။ ထိုသို့ ဂုဏ်ထူးနာမရခဲ့ခြင်းမှာ မြတ်ဘုရားရွှေတိဂုံ၏ ခြေတော်ရင်းက စိမ်းလန်းစိုပြည်သည့် ကန်တော်ကြီးဝန်းကျင်က အဓိကပါဝင်နေခဲ့၍ဖြစ်သည်။
“တောင်ညွန့်မှသည် မင်္ဂလာတောင်ညွန့်ဖြစ်တည်”

အရှေ့ပိုင်းခရိုင်မှာပါဝင်သော မင်္ဂလာတောင်ညွန့်မြို့နယ်သည် ကန်တော်ကြီးဝန်းကျင်တွင် မြတ်ဘုရားရွှေတိဂုံတည်ရာ သိဂုၤတ္တရတောင်စွယ်တောင်တန်းတွေမှနေ၍ ဆင်ခြေလျှော သွယ်တန်းလာသည့်တောင်ကုန်း၊ တောင်ထွတ်များတည်ရာမှာ ဖြစ်တည်လာသောမြို့ကွက်ဖြစ်သည့် အတွက် ကနဦးအမည်က တောင်ညွန့်ဖြစ်ခဲ့သည်။

စစ်ကြိုခေတ်က ကျော်ကြားသောလူရွှင်တော်ကြီးများ ဖြစ်ကြသည့် ဒီပေါက်နှင့် ညှပ်ကြီး တို့က ပြက်လုံးထုတ်ခဲ့ကြရာမှာ “လူပျိုကာလသားတွေနေတဲ့အရပ်ကို တောင်ညွန့်၊ အပျိုကလေးတွေနေ သည့်အရပ်ကတော့ Spark လမ်း(ယခုဗိုလ်အောင်ကျော်လမ်း)ပေါ့”ဟု ရယ်ရွှင်ဖွယ်ရာ အပြင် မှတ်သားစရာပါဖြစ်ခဲ့သည်။

ထို့ကြောင့် လွတ်လပ်ရေးရပြီးသောအခါမှာ မင်္ဂလာအပေါင်းခညောင်းသည့်သိဂုၤတ္တရကုန်းတော်၏ ဆင်ခြေလျောအတွင်း ဖြစ်တည်လာခဲ့သော တောင်ထွတ်အညွန့်အဖူးမှာ တည်ရှိနေသည့်ဗျူပ္ပတ်နှင့် အမည်ကို ခေါင်ကွန့်ကာ “မင်္ဂလာတောင်ညွန့်” အမည်သို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။ တောင်ကုန်းတောင်ထွတ်ထူထပ်မှု နိမိတ်ပုံနှင့် မြတ်ဘုရားရွှေတိဂုံအား ခြံရံထားသည့် ကုန်း ၉၉ကုန်းတွင် ပါဝင်သော တောင်ကုန်း (အများစု)သည် မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းမှာ တည်ရှိနေသည်။ အရိုးကုန်း၊ ပျားရည်ကုန်း၊ သာယာကုန်း(ပါတာနီကုန်း)၊ မြယာကုန်း၊ ပိန္နဲကုန်းနှင့် ဒိုဘီကုန်းစသော ကုန်းပေါင်းများစွာ ပါဝင်နေသည်။

ရန်ကုန်မြို့ကြီးကို နယ်မြေ(၁၂) ခုနှင့် ပိုင်းခြားမှုပြုခဲ့စဉ်က အမှတ် (၉)နယ်မြေ၏ ဒေသစိတ်ဖြစ်ခဲ့သည်။
ယခင်က ၈၇ လမ်းမှ ၉၄ လမ်းအထိကိုသာ ကန်တော်ကလေးရပ်ဟု သတ်မှတ်ခဲ့သေည်လည်း စနစ်သစ်အုပ်ချုပ်ရေးအရ ကန်ရှေ့၊ ကန်နောက်၊ ကန်တောင်၊ ကန်မြောက် ဟူ၍(၄)ရပ်ကွက်ဖြစ်လာသည်။ ၉၅ လမ်းမှနေလမ်း ၁ဝဝ အထိကို ဘင်္ဂါလီစု (Bengali busti)၊ ၁ဝ၁ လမ်းမှနေ ၁ဝ၃ လမ်းအထိကို ဖို့မြေဟူ၍ ခေါ်တွင်သည်။ အဘယ်ကြောင့်ဆိုသော် “ဒေဝ+သာဂရ = နတ်ပင်လယ်” ဟုခေါ်သည့်တောင်ကုန်းအောက်မှာ သိမ်ဖြူချောင်း၊ ပုဇွန်တောင်ချောင်းနှင့် ဒီတိုးချောင်းတို့ပေါင်းဆုံ စီးဆင်းနေသည့်အတွက် ရွှံ့မြေကွက် ဖြစ်ခဲ့၍ မြို့ကွက်တည်ရန် မြေဖို့ပြုပြင်ခဲ့ရလို့ ဖို့မြေဖြစ်ခဲ့ရသည်။ ယခုအခါ စည်ပင်သာယာ၏အလုပ်ရုံ၊ စက်ရုံနှင့် ရေပုပ်စုပ်ယာဉ်များ ထားရှိနေရာဖြစ်လာသည်။

“မင်္ဂလာတောင်ညွန့်အတွင်းက ထူးခြားမှုအစုစု”

တစ်ချိန်က ကွမ်းခြံစိုက် မိလက္ခူတွေ နေထိုင်ခဲ့သည့် ကွမ်းခြံရပ်၏နိမိတ်ပုံအဖြစ် ကွမ်းခြံဘူတာကြီး (ယခုရန်ကုန်ဘူတာကြီး)နှင့် BAA အမည်ရခဲ့သည့် အောင်ဆန်းအားကစားကွင်းအပြင် ဘိုးဘွားရိပ်သာအစဖြစ်သော Little Sister ခရစ်ယာန်အဘွားရိပ်သာပါ ရှိခဲ့သည်။စစ်ကြိုခေတ်က ရန်ကုန်မြို့စွန်တွင် တည်ရှိခဲ့၍ ဘာသာပေါင်းစုံသင်္ချိုင်းတွေအပြင် ထူးထူးခြားခြား ဂျူးလူမျိုးတို့၏ ဂူသင်္ချိုင်းပါရှိခဲ့သည်။

ကူးစက်ရောဂါကု ကျောက်ဆေးရုံရှိခဲ့၍ ကျောက်ကွေ့ကားမှတ်တိုင်ရှိသလို၊ တစ်ခြမ်းပဲ့ဗလီနှင့် ကန်တော်ကလေးရွာဟောင်းဗလီများပါရှိသည်။ ခရစ်ယာန်ဘာသာဝင်များ၏ စိန်အန်ထော် Church ကလည်း ရှေးဟောင်း လက်ရာစုစာရင်းဝင်ဖြစ်သည်။

ယခုအခါ လွတ်လပ်ရေးရပြီး ဖြစ်သည့်အတွက် စိန်အန်ထော်နီကျောင်းတည်ရာကို စိန်အန်ထော်နီလမ်း အမည်တွင်ရာမှနေ အမျိုးသားပညာဝန် ဦးဖိုးကျားအားဂုဏ်ပြုကာ ဦးဖိုးကျားလမ်း၊ LittleSister Road ကို သခင်မကြီးဒေါ်သိန်းတင်ကို ဂုဏ်ပြုကာ ဒေါ်သိန်းတင်လမ်း၊ ဧရာဝတီဖလိုတီးယားကုမ္ပဏီက စာရေးကြီးဝီလျံကနေဒီအမည်နှင့် ရှိခဲ့သည့်ကနေဒီကျွန်းကို လွတ်လပ်ရေးကျွန်းကနေဒီလမ်းအမည်ကို ဝန်းသိုစော်ဘွားကြီးအားဂုဏ်ပြုကာ ဦးအောင်မြတ်လမ်းတို့အပြင် Arrow Lane ကိုနောင်ရိုးလမ်း၊ Bow Laneကို ဗညားဒလလမ်း၊ Culvertလမ်းကို မြန်မာ့ဂုဏ်ရည်လမ်းနှင့် သဲတောလမ်းက မန္တလေးလမ်းအမည် ရနေပြီဖြစ်ဖြစ်သည်။

Crd.

မင်္ဂလာတောင်ညွန့်သူ/သားတွေ Share သွားကြလေ။

No comments:

Post a Comment

Note: Only a member of this blog may post a comment.