Breaking

October 31, 2019

ကျူးကျော် အစ္စရေးတွေ ဆီကနေ ကုန်ပစ္စည်းတွေ ဝယ်ယူသွားမှာ မဟုတ်ကြောင်း နော်ဝေး ကြေငြာ

အောက်တိုဘာ ၃၁၊ ၂၀၁၉ Myanmar Muslim Media
နော်ဝေးမြို့တော်က အစ္စရေးကျူးကျော်အခြေချနေထိုင်သူတွေဆီကနေ ကုန်ပစ္စည်းတွေတင်သွင်းမှုကို ပိတ်ပင် လိုက်ပါတယ်။ အသိမ်းပိုက်ခံပါလက်စတိုင်းမြေပေါ်က အစ္စရေးကိုလိုနီတွေဆီကနေ ကုန်ပစ္စည်း ဝယ်ယူမှုတွေကို ပိတ်ပင်မှုဟာ အော်စလိုမြို့တော်ကောင်စီရဲ့အာဏာရညွှန်ပေါင်းအဖွဲ့ရဲ့ လုပ်ဆောင်ချက် ထဲမှာ ပါဝင်ခဲ့ပါတယ်။
သူတို့ရဲ့ ၂၀၁၉-၂၀၂၃ခုနှစ် စီမံကိန်းထဲမှာ ဆိုရှယ်လစ်လက်ဝဲဝါဒီ ဂရင်းနဲ့ အလုပ်သမားပါတီတွေဟာ လူထုအတွက်ကုန်တင်သွင်းယူတွေမှာ နိုင်ငံတကာဥပဒေတွေကိုချိုးဖောက်ပြီး သိမ်းပိုက်ထားတဲ့ အာဏာအောက်က ခွင့်ပြုချက်ရယူပြီး သိမ်းပိုက်ထားတဲ့နယ်မြေတွေမှာ ထုတ်လုပ်တဲ့ကုန်ပစ္စည်းတွေကို တင်သွင်းသွားမှာမဟုတ်ကြောင်း အတည်ပြုခဲ့ကြပါတယ်။
အရှေ့ဂျေရုဆလင်အပါအဝင် အသိမ်းပိုက်ခံအနောက်ဘက်ကမ်းနဲ့ ဆီးရီးယားဂိုလန်ကုန်းမြင့်ဒေသမှာ အစ္စရေး အခြေချအဆောက်အဦးဆောက်လုပ်မှုတွေဟာ စစ်ရာဇဝတ်မှုတစ်ခုဖြစ်တယ်လို့ သူတို့ကဆို ပါတယ်။ “ပါလက်စတိုင်းလူထုဟာ နေ့စဉ်နဲ့အမျှသူတို့ရဲ့နယ်မြေအတွင်းမှာ တရားမဝင်ကျူးကျော် သိမ်းပိုက်ခံရမှုတွေကို ရင်ဆိုင်နေရတာဖြစ်တာကြောင့် နိုင်ငံတကာရဲ့အာရုံစိုက်မှုနဲ့ အားပေးထောက်ခံမှုတွေနဲ့ ထိုက်တန်ပါတယ်” လို့ အော်စလိုမြို့တော်ကောင်စီက ဆိုရှယ်လစ်လက်ဝဲပါတီခေါင်းဆောင် ဆူနီဗာအစ်ဒ်ဗိုလ် က ပြောကြားခဲ့ပါတယ်။ “လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ဖို့နဲ့ နိုင်ငံတကာ ဥပဒေတွေ ချိုးဖောက်ခြင်းမရှိစေဖို့ တစ်ကမ္ဘာလုံးဆိုင်ရာရဲ့တာဝန်ဖြစ်ပါတယ်”လို့ သူကဆက်လက် ပြောကြားခဲ့ပါတယ်။
“ပါလက်စတိုင်းနယ်မြေတွေကို တရားမဝင်ကျူးကျော်သိမ်းပိုက်ထားတဲ့အစ္စရေးတွေဆီကနေ ကုန်ပစ္စည်းတွေ ဝယ်ယူခြင်းမပြုဖို့ပိတ်ပင်ခဲ့တဲ့ အော်စလိုကောင်စီရဲ့ဆုံးဖြတ်ချက်အတွက် ကျွန်တော်ဂုဏ်ယူမိပါတယ်။” လို့အစ်ဒ်ဗိုလ်ကထပ်ဖြည့်ပြောကြားခဲ့ပါတယ်။ အစ္စရေးကိုသပိတ်မှောက်ပြီး အရေးယူပိတ်ဆို့ဖို့ လှုံ့ဆော်ရေးကမ်းပိန်းတွေလုပ်ဆောင်နေတဲ့ ပါလက်စတိုင်း BDS အမျိုးသားကော်မတီ (BNC) က ဒီပိတ်ပင်မှုကို ကြိုဆိုလိုက်ပါတယ်။ နော်ဝေးအစိုးရအနေနဲ့ အစ္စရေးနဲ့စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေနဲ့ လက်နက်ရောင်းချမှုတွေကိုပါ ပိတ်ပင်သွားဖို့ BNC ရဲ့တာဝန်ခံ အလ်စ်ဆမ်ဆန်အက်စ်ပီက ပြောကြားခဲ့ပါတယ်။ထရိုဒ်ဟမ်နဲ့ ထရိုမဆို မြို့တွေအပါအဝင် နော်ဝေးနိုင်ငံရဲ့တစ်ခြားမြို့၅မြို့ကလည်း အလားတူပိတ်ပင်မှုတွေလုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်။
Electronicintifada သတင်းဌာနပါ Ali Abuunimah ရေးသားသည့် “Norway’s capital says it won’t buy Israeli settlement goods” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.