Breaking

November 2, 2019

သီလဝါ အထူးစီးပွားရေးဇုန်တွင် တိုယိုတာကားစက်ရုံ စတင်ဆောက်လုပ်

                           တိုယိုတာကားစက်ရုံ တည်ဆောက်ရန် ပန္တွက်ရိုက်နေစဉ်
November 1, 2019
မော်တော်ကားဈေးကွက် သာမက နိုင်ငံစီးပွားရေးတိုးတက် စေမည့် အရေးပါသည့် ရင်းနှီးမြှုပ် နှံမှုအဖြစ် တိုယိုတာကုမ္ပဏီက မြန်မာနိုင်ငံ သီလဝါအထူးစီးပွား ရေးဇုန်တွင် နိုဝင်ဘာ ၁ ရက်၌ စက်ရုံစတင်ဆောက်လုပ်ပြီ ဖြစ် ကြောင်း မြန်မာနိုင်ငံဆိုင်ရာဂျပန် သံအမတ်က ပြောသည်။

တိုယိုတာစက်ရုံသည် သီလ ဝါအထူးစီးပွားရေးဇုန် (B) တွင် ဆောက်လုပ်ပြီး တစ်နှစ်လျှင် ဟိုင်းလတ် (Hilux) အစီးရေ ၂,၅၀၀ ကို ၂၀၂၁ ဖေဖော်ဝါရီ တွင် စတင်ထုတ်လုပ်မည်ဟု ဂျပန်တိုယိုတာ မော်တော်ကား ကော်ပိုရေးရှင်းက ဆိုသည်။

‘‘ကြည့်လိုက်ရင် လမ်းမှာ မော်တော်ကား ၉၀ ရာခိုင်နှုန်းက ဂျပန်ကားဖြစ်တယ်။ ဒီဂျပန်ကား တွေရဲ့ ၉၀ ရာခိုင်နှုန်းကလည်း တိုယိုတာဖြစ်တယ်။ ဒီလောက်တို ယိုတာကားကို သဘောကျလို့စီး နေတဲ့ နိုင်ငံက ကမ္ဘာမှာ မရှိ လောက်ဘူးလေ။ ဒီလိုနိုင်ငံကို အခုမှ လာရတယ်။ စက်ရုံ ဆောက်ရတယ်’’ ဟု မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံအမတ်အီချီယို မာရူယာမက ပြောသည်။

ထိုင်းနိုင်ငံတွင် တိုယိုတာ မော်တော်ကား စက်ရုံရှိသော် လည်း အလုပ်သမားစရိတ်ကြီး မြင့်ခြင်းနှင့် မြန်မာနိုင်ငံ၌ လူဦး ရေများခြင်း၊ စီးပွားရေးတိုးတက် လာခြင်း၊ တိုယိုတာမော်တော် ကားကို မြန်မာပြည်သူလူထုက ကြိုက်နှစ်သက်ခြင်းကြောင့် ယခု ကဲ့သို့ စက်ရုံတည်ဆောက်ရခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

‘‘အခုတော့ SKD စနစ်ပါပဲ။ နောက်ပိုင်းမှ တစ်ဆင့်ပြီးတစ်ဆင့် မြှင့်တင်သွားပါမယ်။ ဒီမှာထုတ် တာလည်း ဂျပန်အရည်အသွေးအ တိုင်းထုတ်သွားမှာပါ’’ ဟု တိုယို တာ၏ တရုတ်နှင့် အာရှဒေသ ဒုတိယအမှုဆောင်အရာရှိချုပ် ဆုဆုမူ မတ်ဆုဒါက ပြောသည်။

ထိုသို့ထုတ်လုပ်နိုင်ရန် အ မေရိကန်ဒေါ်လာ ၅၂ သန်းကျော် စတင်ရင်းနှီးမြှုပ်နှံပြီး မြန်မာ ကုမ္ပဏီရုံးကို ဖွဲ့စည်းခဲ့သည်ဟု တိုယိုတာကဆိုသည်။ အဆိုပါ ကားကုမ္ပဏီရုံးခွဲကို တိုယိုတာ မော်တော်ကား ကော်ပိုရေးရှင်းက ရှယ်ယာ ၈၅ ရာခိုင်နှုန်းနှင့် Toyota Tsusho ကော်ပိုရေးရှင်း က ၁၅ ရာခိုင်နှုန်းပိုင်ဆိုင်သည်။ Toyota Tsusho ကော်ပိုရေးရှင်းသည် တိုယိုတာမော်တော်ကား ကော်ပိုရေးရှင်း၏ ရောင်းဝယ်ရေးကုမ္ပဏီတစ်ခုဖြစ်သည်။

ကားထုတ်လုပ်သောအခါ ပြည်ပမှ မော်တော်ယာဉ်အစိတ် အပိုင်းများ တင်သွင်းပြီး မြန်မာ နိုင်ငံတွင် ကားအစိတ်အပိုင်းများ တပ်ဆင်သော Semi Knock-Down (SKD) စနစ်ဖြင့်ဖြစ်သည်။

မြန်မာနိုင်ငံတွင် စီးပွားရေး တိုးတက်လာခြင်းကြောင့် ကား အသစ်ရောင်းအား တိုးတက်လာ ပြီး ၂၀၁၈ ၌ကားအသစ် ၁၈,၀၀၀ ခန့်ရောင်းချရကာ ယခင်နှစ်များ ထက် နှစ်ဆကျော်မြင့်တက်လာ သည်ဟု တိုယိုတာကဆိုသည်။

တိုယိုတာကုမ္ပဏီက မြန်မာ နိုင်ငံတွင် Hilux, Vios နှင့် Rush ကားများ ရောင်းချနေသည်။

တိုယိုတာ ကားစက်ရုံကို မြန်မာနိုင်ငံသို့ဝင်ရောက်ရန် အ တော်ဆွဲဆောင်ခဲ့ရပြီး အခြားအိမ်နီးချင်းနိုင်ငံများကြားမှ ရွေးချယ်ခြင်းဖြစ်သည်ဟု သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဒေါက်တာရွှေဟိန်းက ပြောသည်။ထိုကုမ္ပဏီကြီးများ ဝင်ရောက်ခြင်းကြောင့် အခြားအပို ပစ္စည်းထောက်ပံ့ရေးကုမ္ပဏီများ ပါဝင်ရောက်လာနိုင်ရေးနှင့် ပြည်တွင်းကုမ္ပဏီများလည်း ကုမ္ပဏီကြီးနှင့် တွဲဖက်လုပ်ကိုင်ရန်အ လားအလာရှိသည်ဟု ဂျပန်သံအ မတ်က ပြောသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.