Breaking

November 17, 2019

ရခိုင်မြောက်ပိုင်းမှာ လူမျိုးတုံးသတ်ဖြတ်မှု အန္တရာယ်ဆက်ရှိနေကြောင်း FFM ထုတ်ပြန်

ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးနေတဲ့ ရိုဟင်ဂျာတွေကို ၂၀၁၇၊ အောက်တိုဘာ ၁၆ ရက်နေ့က တွေ့ရစဉ်
ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးနေတဲ့ ရိုဟင်ဂျာတွေကို ၂၀၁၇၊ အောက်တိုဘာ ၁၆ ရက်နေ့က တွေ့ရစဉ် 
 
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ကျန်ရှိနေသေးတဲ့ ရိုဟင်ဂျာ ခြောက်သိန်းကျော်ဟာ ဖွဲ့စည်းပုံအရ ဖိနှိပ်ချုပ်ချယ်မှုတွေ ကြုံနေရပြီး လူမျိုးတုံးသတ်ဖြတ်မှု အန္တရာယ် ဆက်ရှိနေတယ်လို့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး မစ်ရှင်က FFM က ဂျနီဗာကို ဒီကနေ့ တင်သွင်းတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂ဝ၁၇ ခုနှစ်က တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာ ၇ သိန်း ၄ သောင်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ပြီး ထောင်ပေါင်းများစွာ သတ်ဖြတ်ခံခဲ့ရတာကြောင့် လူမျိုးတုံးသတ်ဖြတ်မှုကို တပ်မတော်က ကျူးလွန်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးဖို့၊ လူမျိုးတုံးသတ်ဖြတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့၊ လူမျိုးတုံးသတ်ဖြတ်မှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီး အရေးယူအပြစ်ပေးတာတွေ ဆောင်ရွက်ဖို့ တာဝန် ပျက်ကွက်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း လူသားမျိုးနွယ်အပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ရှိတဲ့ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင် ခြောက်ဦးအမည်ကို လူသိရှင်ကြား ကြေညာခဲ့ပြီးဖြစ်သလို၊ ရာဇဝတ်မှုကျူးလွန်သူတွေလို့ သံသယရှိတဲ့ လူဦးရေ တစ်ရာကျော်ပါတဲ့ လျှို့ဝှက်စာရင်းကိုလည်း ရရှိထားတယ်လို့ အချက်လက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။
တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ FFM အစီရင်ခံစာအပေါ် အခုလို တုံ့ပြန်ပါတယ်။zawmintun-350.JPG
"လက်တေ့ွအခြေအနေကြည့်ရင် သိနိုင်ပါတယ်။ ဖိနှိပ်ညှဉ်းပမ်းမှု ရှိတယ်ဆိုရင် ဖုံးကွယ်လို့ရတဲ့နေရာ မဟုတ်ပါဘူး။ ဖုံးကွယ်လို့လည်း မရပါဘူး။ လက်တေ့ွမှာ ဖိနှိပ်ညှဉ်းပမ်းမှုတွေ မရှိလို့ သူတို့ ဆက်နေနိုင်တာပါ။ အဲဒီမှာနေတဲ့လူတွေက အရင်ကထက် ပိုမိုပွင့်လင်းမြင်သာလာတယ်။ အတွင်းထဲမှာဖြစ်တဲ့အခြေအနေကို လေ့လည်းမလေ့လာ၊ သိလည်းမသိဘဲ အပြင်ကနေ ဝေဖန်နေတာကတော့ နိုင်ငံတစ်နိုင်ငံရဲ့ အုပ်ချုပ်နေတဲ့အစိုးရရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေပါတယ်"
တပ်မတော်ခေါင်းဆောင်ပိုင်းတွေကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) မှာ တရားစွဲတင်မယ့်ကိစ္စမှာ မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင်အဖြစ် လက်မှတ်ရေးထိုးထားခြင်း မရှိတာကြောင့် တရားစွဲလို့မရဘူး ဆိုပြီး ပြောထားကြပေမယ့်၊ FFM  အချက်လက်ရှာဖွေရေးအဖွဲ့ကတော့ မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် ဂျီနီဗာသဘောတူစာချုပ်အရ လိုက်နာရမယ့် တာဝန်တွေ ပျက်ကွက်တဲ့အတွက် မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ တရားစွဲဆိုနိုင်တယ်လို့လည်း ဆိုထားပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးကို လွှဲပြောင်းဖို့အတွက် အရင် ယူဂိုဆလားဗီးယားနဲ့ ရဝမ်ဒါ လူမျိုးတုန်းသတ်ဖြတ်မှုတွေကို အရေးယူခဲ့သလို၊ အထူးရာဇဝတ်ခုံရုံး တည်ထောင်ဖို့လည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို FFM အဖွဲ့က တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံးမှာ တရားစွဲဆိုဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို အချက်လက်ရှာဖွေရေးမစ်ရှင်ရဲ့ တိုက်တွန်းချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဒီကနေ့ညနေထိ ဆက်သွယ်လို့ မရခဲ့ပါဘူး။
အစီရင်ခံစာမှာ... တပ်မတော်ဟာ ၂ဝ၁၇ တုန်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်ခဲ့သလို၊ လက်ရှိ ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် AA နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာလည်း အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ တွေ့ရှိရကြောင်း ရေးသားထားပါတယ်။
လက်တလော ရက္ခိုင့်တပ်တော်နဲ့ ဖြစ်ပွားနေတဲ့ အရပ်ဒေသတွေမှာ တပ်မတော်ရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဖြတ်လေးဖြတ် စစ်ဆင်ရေးအပြင်၊ ဖြတ်ငါးဖြတ် လို့ လူပြောများလာတဲ့ အင်တာနက်လိုင်းဖြတ်တောက်တာ၊ လူသားချင်းစာနာကူညီရေး လုပ်ငန်းတွေကို ကန့်သတ်တာတွေကိုပါ ကျူးလွန်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
(RFA သတင်းထောက် ကိုမိုးမြင့် တင်ပြသည်)

 ရခိုင္ေျမာက္ပိုင္းမွာ လူမ်ိဳးတုံးသတ္ျဖတ္မွု အႏၲရာယ္ဆက္ရွိေနေၾကာင္း FFM ထုတ္ျပန္

 Zawgyi

 ရခိုင္ေျမာက္ပိုင္းမွာ လူမ်ိဳးတုံးသတ္ျဖတ္မွု အႏၲရာယ္ဆက္ရွိေနေၾကာင္း FFM ထုတ္ျပန္

ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ က်န္ရွိေနေသးတဲ့ ရိုဟင္ဂ်ာ ေျခာက္သိန္းေက်ာ္ဟာ ဖြဲ႕စည္းပုံအရ ဖိႏွိပ္ခ်ဳပ္ခ်ယ္မွုေတြ ၾကဳံေနရၿပီး လူမ်ိဳးတုံးသတ္ျဖတ္မွု အႏၲရာယ္ ဆက္ရွိေနတယ္လို႔ ကုလသမဂၢ အခ်က္အလက္ရွာေဖြေရး မစ္ရွင္က FFM က ဂ်နီဗာကို ဒီကေန႔ တင္သြင္းတဲ့ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

၂ဝ၁၇ ခုႏွစ္က တပ္မေတာ္ရဲ့ နယ္ေျမရွင္းလင္းေရး စစ္ဆင္ေရးေၾကာင့္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ရိုဟင္ဂ်ာ ၇ သိန္း ၄ ေသာင္းေက်ာ္ ဘဂၤလားေဒ့ရွ္နိုင္ငံကို ထြက္ေျပးခဲ့ၿပီး ေထာင္ေပါင္းမ်ားစြာ သတ္ျဖတ္ခံခဲ့ရတာေၾကာင့္ လူမ်ိဳးတုံးသတ္ျဖတ္မွုကို တပ္မေတာ္က က်ဴးလြန္ခဲ့တယ္လို႔ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

ဒါေပမယ့္ ျမန္မာနိုင္ငံဟာ လူမ်ိဳးတုံးသတ္ျဖတ္မွု တားဆီးဖို႔၊ လူမ်ိဳးတုံးသတ္ျဖတ္မွုေတြကို စုံစမ္းစစ္ေဆးဖို႔၊ လူမ်ိဳးတုံးသတ္ျဖတ္မွုကို ရာဇဝတ္မွုအျဖစ္ သတ္မွတ္ၿပီး အေရးယူအျပစ္ေပးတာေတြ ေဆာင္ရြက္ဖို႔ တာဝန္ ပ်က္ကြက္ေနတယ္လို႔ ဆိုပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ကလည္း လူသားမ်ိဳးႏြယ္အေပၚမွာ က်ဴးလြန္တဲ့ ရာဇဝတ္မွုေတြနဲ႔ စစ္ရာဇဝတ္မွုေတြအတြက္ တာဝန္ရွိတဲ့ တပ္မေတာ္ ထိပ္ပိုင္းေခါင္းေဆာင္ ေျခာက္ဦးအမည္ကို လူသိရွင္ၾကား ေၾကညာခဲ့ၿပီးျဖစ္သလို၊ ရာဇဝတ္မွုက်ဴးလြန္သူေတြလို႔ သံသယရွိတဲ့ လူဦးေရ တစ္ရာေက်ာ္ပါတဲ့ လၽွို႔ဝွက္စာရင္းကိုလည္း ရရွိထားတယ္လို႔ အခ်က္လက္ရွာေဖြေရးအဖြဲ႕ရဲ့ အစီရင္ခံစာမွာ ေရးသားထားပါတယ္။

တပ္မေတာ္ေျပာခြင့္ရပုဂၢိဳလ္ ဗိုလ္မွူးခ်ဳပ္ ေဇာ္မင္းထြန္းကေတာ့ FFM အစီရင္ခံစာအေပၚ အခုလို တုံ႔ျပန္ပါတယ္။zawmintun-350.JPG

"လက္ေတ့ြအေျခအေနၾကည့္ရင္ သိနိုင္ပါတယ္။ ဖိႏွိပ္ညႇဥ္းပမ္းမွု ရွိတယ္ဆိုရင္ ဖုံးကြယ္လို႔ရတဲ့ေနရာ မဟုတ္ပါဘူး။ ဖုံးကြယ္လို႔လည္း မရပါဘူး။ လက္ေတ့ြမွာ ဖိႏွိပ္ညႇဥ္းပမ္းမွုေတြ မရွိလို႔ သူတို႔ ဆက္ေနနိုင္တာပါ။ အဲဒီမွာေနတဲ့လူေတြက အရင္ကထက္ ပိုမိုပြင့္လင္းျမင္သာလာတယ္။ အတြင္းထဲမွာျဖစ္တဲ့အေျခအေနကို ေလ့လည္းမေလ့လာ၊ သိလည္းမသိဘဲ အျပင္ကေန ေဝဖန္ေနတာကေတာ့ နိုင္ငံတစ္နိုင္ငံရဲ့ အုပ္ခ်ဳပ္ေနတဲ့အစိုးရရဲ့ ဂုဏ္သိကၡာကို က်ဆင္းေစပါတယ္"

တပ္မေတာ္ေခါင္းေဆာင္ပိုင္းေတြကို နိုင္ငံတကာရာဇဝတ္ခုံ႐ုံး (ICC) မွာ တရားစြဲတင္မယ့္ကိစၥမွာ ျမန္မာနိုင္ငံဟာ ICC အဖြဲ႕ဝင္အျဖစ္ လက္မွတ္ေရးထိုးထားျခင္း မရွိတာေၾကာင့္ တရားစြဲလို႔မရဘူး ဆိုၿပီး ေျပာထားၾကေပမယ့္၊ FFM  အခ်က္လက္ရွာေဖြေရးအဖြဲ႕ကေတာ့ ျမန္မာနိုင္ငံဟာ ၁၉၄၈ ခုႏွစ္ ဂ်ီနီဗာသေဘာတူစာခ်ဳပ္အရ လိုက္နာရမယ့္ တာဝန္ေတြ ပ်က္ကြက္တဲ့အတြက္ ျမန္မာနိုင္ငံကို အျပည္ျပည္ဆိုင္ရာတရား႐ုံး ICJ မွာ တရားစြဲဆိုနိုင္တယ္လို႔လည္း ဆိုထားပါတယ္။

ဒါေၾကာင့္ ျမန္မာနိုင္ငံကို အျပည္ျပည္ဆိုင္ရာ ရာဇဝတ္ခုံ႐ုံးကို လႊဲေျပာင္းဖို႔အတြက္ အရင္ ယူဂိုဆလားဗီးယားနဲ႔ ရဝမ္ဒါ လူမ်ိဳးတုန္းသတ္ျဖတ္မွုေတြကို အေရးယူခဲ့သလို၊ အထူးရာဇဝတ္ခုံ႐ုံး တည္ေထာင္ဖို႔လည္း ကုလသမဂၢ လုံျခဳံေရးေကာင္စီကို FFM အဖြဲ႕က တိုက္တြန္းထားပါတယ္။

ျမန္မာနိုင္ငံကို အျပည္ျပည္ဆိုင္ရာတရား႐ုံးမွာ တရားစြဲဆိုဖို႔ ကုလသမဂၢ လုံျခဳံေရးေကာင္စီကို အခ်က္လက္ရွာေဖြေရးမစ္ရွင္ရဲ့ တိုက္တြန္းခ်က္နဲ႔ ပတ္သက္ၿပီး ျမန္မာနိုင္ငံျခားေရးဝန္ႀကီးဌာန ညႊန္ၾကားေရးမွူးခ်ဳပ္ ဦးခ်မ္းေအးကို RFA က ဆက္သြယ္ခဲ့ေပမယ့္ ဒီကေန႔ညေနထိ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

အစီရင္ခံစာမွာ... တပ္မေတာ္ဟာ ၂ဝ၁၇ တုန္းက လူ႔အခြင့္အေရး ခ်ိဳးေဖာက္မွုေတြကို က်ဴးလြန္ခဲ့သလို၊ လက္ရွိ ရခိုင္ျပည္နယ္မွာ ရကၡိဳင့္တပ္ေတာ္ AA နဲ႔ ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြမွာလည္း အရပ္သားေတြကို ပစ္မွတ္ထား တိုက္ခိုက္တာေတြ ေတြ႕ရွိရေၾကာင္း ေရးသားထားပါတယ္။

လက္တေလာ ရကၡိဳင့္တပ္ေတာ္နဲ႔ ျဖစ္ပြားေနတဲ့ အရပ္ေဒသေတြမွာ တပ္မေတာ္ရဲ့ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားတဲ့ ျဖတ္ေလးျဖတ္ စစ္ဆင္ေရးအျပင္၊ ျဖတ္ငါးျဖတ္ လို႔ လူေျပာမ်ားလာတဲ့ အင္တာနက္လိုင္းျဖတ္ေတာက္တာ၊ လူသားခ်င္းစာနာကူညီေရး လုပ္ငန္းေတြကို ကန႔္သတ္တာေတြကိုပါ က်ဴးလြန္ခဲ့ေၾကာင္း ေဖာ္ျပထားပါတယ္။

(RFA သတင္းေထာက္ ကိုမိုးျမင့္ တင္ျပသည္)




No comments:

Post a Comment

Note: Only a member of this blog may post a comment.