မစ္စ ဖာတူဘန်ဆူဒါ -
နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC မှ
နစ်နာသူများ ကိုယ်စား ရှေ့နေချုပ်။
.
အပြည်ပြည်ဆိုင်ရာ တရားဥပဒေ နှင့် နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံးမှာ အထူး သြဇာအာဏာရှိတဲ့ ဂမ်ဘီယာနိုင်ငံသူ နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ( ICC ) ရှေ့နေချုပ် တစ်ဦးဖြစ်ပါတယ်။
.
အပြည်ပြည်ဆိုင်ရာ ရာဇ၀တ် ဥပဒေကို ချိုးဖောက်ပြီး ရိုဟင်ဂျာ ပြည်သူများအပေါ် ကျူးလွန်သူ မြန်မာ အာဏာပိုင်များကို ရောမ စာချုပ် ဥပဒေ စည်းဘောင်အတွင်းမှ နေပြီး၊ စာချုပ်ဝင်မဟုတ်တဲ့ မြန်မာနိုင်ငံကို မည်သို့ မည်ပုံ ကိုင်တွယ်အရေးယူမည့် ဆိုတဲ့ ဥပဒေလုပ်ငန်းစဉ်ကို တည်ဆောက်လိုက်ပြီ ဖြစ်ကြောင်း၊ အချိန်တိုအတွင်းမှာ ထိရောက်တဲ့ အရေးယူမှုတွေ မြန်မြန်ဆန်ဆန် ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ တခြားရင်ဆိုင်စရာများကို တဆင့်ပြီး တဆင့် ကျော်ဖြတ်နိုင်ရန်လည်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ၁၈ ကြိမ်မြောက် ရောမ စာချုပ် အဖွဲ့ဝင်နိုင်ငံများ အစည်းအဝေးမှာ အိုင်စီစီခုံရုံး ရှေ့နေချုပ် မစ္စ ဖာတူဘန်ဆူဒါမှ ပြောဆိုပါတယ်။
.
(အပြစ်ပေး အရေးယူမှုတွေ ဆူနာမီလှိုင်းအလား ဗမာပြည်ဘက်ကို လာနေတယ်လို့ အကြိမ်ကြိမ် သတိပေးသူတွေ ရှိပါတယ်။ ကျူးလွန်သူများအတွက် ဖမ်းဝရမ်း ကိစ္စအကြောင်း ကြိုတင်အသိပေး ပြောကြားခဲ့သူလည်း ရှိနေပါတယ်)

No comments:
Post a Comment
Note: Only a member of this blog may post a comment.