Breaking

December 5, 2019

ICJ မှာ မြန်မာ အတွက် ပါမောက္ခ Scahbas အကျိုး ဆောင်မယ့် အပေါ် လူ့အခွင့်အရေး လှုပ်ရှားသူများ စိတ်ပျက်

အင္ၾကင္းႏိုင္



ပါေမာကၡ William Schabas
ပါေမာကၡ William Schabas
(Zawgyi/ Unicode)
ျမန္မာႏိုင္ငံအေနာက္ဘက္မွာ ႐ိုဟင္ဂ်ာေတြအေပၚ ဖိႏွိပ္ညႇဥ္းပန္းမႈေတြဟာ ႏိုင္ငံတကာဥပေဒ ခ်ဳိးေဖာက္မႈေျမာက္တယ္လို႔ အေစာဆံုးေထာက္ျပခဲ့တဲ့ ႏိုင္ငံတကာဥပေဒပညာရွင္ ပါေမာကၡ William Schabas က ICJ တရားရံုးမွာ ျမန္မာအစိုးရရဲ႕ ေရွ႕ေနအျဖစ္ လိုက္ပါေဆာင္ရြက္မယ္ဆိုတဲ့ သတင္းအေပၚ ႏိုင္ငံတကာ လူ႔အခြင့္အေရး လႈပ္ရွားသူေတြဘက္က အံ့ၾသသင့္ စိတ္ပ်က္ခဲ့ၾကပါတယ္။
၂၀၁၀ ျပည့္ႏွစ္က ပါေမာကၡ Schabas ဦးေဆာင္ၿပီး ေရးသားျပဳစုခဲ့တဲ့ ျမန္မာႏိုင္ငံအေနာက္ဘက္က လူသားထုအေပၚ ရာဇ၀တ္က်ဴးလြန္မႈ စာအုပ္အတြက္ ၀ိုင္း၀န္းကူညီေပးခဲ့ၾကသူတခ်ဳိ႕ကို ေမးျမန္းထားတဲ့ မအင္ၾကင္းႏုိင္က တင္ျပထားပါတယ္။
ၿဗိတိန္ႏိုင္ငံ လန္ဒန္ Middlesex တကၠသိုလ္ ႏိုင္ငံတကာဥပေဒ ပါေမာကၡ William Schabas ဟာ လူမ်ဳိးတုန္းသတ္ျဖတ္မႈအပါအ၀င္ ႏိုင္ငံတကာဥေပဒနဲ႔ ပတ္သက္ရင္ အကြ်မ္းက်င္ ဆံုးပုဂၢိဳလ္တဦးအျဖစ္ ႏိုင္ငံတကာက အသိအမွတ္ျပဳ ေလးစားရသူျဖစ္ပါတယ္။ ဒါအျပင္ ရိုဟင္ဂ်ာအေရးနဲ႔ ပတ္သက္ရင္ ၂၀၁၀ျပည့္ႏွစ္ မတိုင္ခင္ကတည္းက ႏိုင္ငံတကာဥပေဒပညာရွင္ တဦးအေနနဲ႔ ေစာင့္ၾကည့္ေလ့လာေနခဲ့သလို၊ ျမန္မာစစ္တပ္ရဲ႕ လုပ္ရပ္ေတြဟာ လူသားထုအေပၚ ရာဇ၀တ္က်ဴးလြန္မႈ ေျမာက္တယ္ဆိုတာကိုလည္း အရင္ဆံုး ေထာက္ျပခဲ့သူတဦးျဖစ္ပါတယ္။
အခုလို ရိုဟင္ဂ်ာအသိုင္းအ၀ိုင္းအေနနဲ႔ ဘယ္ေလာက္ထိ ဖိႏွိပ္ညွဥ္းပမ္းခံခဲ့ရသလဲ ဆိုတာကို အေထာက္အထားေတြနဲ႔ အေသးစိတ္သိေနသူ ဥပေဒပညာရွင္ တဦးအေနနဲ႔ ရိုဟင္ဂ်ာေတြကို ဖိႏွိပ္မႈမွာ တာ၀န္ရွိတဲ့ ျမန္မာအစိုးရဘက္ကေန ေရွ႕ေနအျဖစ္ လိုက္ပါေဆာင္ရြက္မယ္ဆိုတဲ့ သတင္းအေပၚမွာ အံ့ၾသမိသလို နားမလည္ႏိုင္ေအာင္ျဖစ္မိတယ္လို႔ ၿဗိတိန္အေျခစိုက္ ျမန္မာ့အေရးလႈပ္ရွားေနတဲ့ Burma Campaign UK ရဲ႕ အမႈေဆာင္ညြန္ၾကားေရးမွဴး Mark Farmaner က ဗီြအိုေအကို ေျပာပါတယ္။
“သူ႔အေနနဲ႕ ျမန္မာအစိုးရအတြက္ ဒီအမႈမွာ လိုက္ပါေဆာင္ရြက္မယ္လို႔ သေဘာတူခဲ့တဲ့အေပၚမွာ အရမ္းကိုအံၾသမိပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ရိုဟင္ဂ်ာေတြအေပၚ ဖိႏွိပ္မႈလုပ္ရပ္ေတြဟာ လူမ်ဳိးတံုးသတ္ျဖတ္မႈေျမာက္တယ္လို႔ သူယူဆေၾကာင္း လူေတြကို အရင္က သူပဲေျပာခဲ့တာပါ။ သူ႔သင္ၾကားခဲ့တဲ့ ေက်ာင္းသူ၊ ေက်ာင္းသားေတြ၊ သတင္းေထာက္ေတြနဲ႔ အျခားလူေတြကို သူ႔ရဲ႕ထင္ျမင္ယူဆခ်က္ကို ေျပာတဲ့ေနရာမွာ လူမ်ဳိးတုံး သတ္ျဖတ္မႈအေနအထားထိေရာက္တဲ့ က်ဴးလြန္မႈေတြျဖစ္ခဲ့တယ္လို႔ ေျပာခဲ့တာပါ။ ဒါအျပင္ ႏိုင္ငံတကာမွာ ဒီကိစၥကို မေျပာခင္က လြန္ခဲ့တဲ့ ၂၀၁၀ျပည့္ႏွစ္ကတည္းက လူ႕အခြင့္အေရးလႈပ္ရွားေနတဲ့ Irish Center အဖဲြ႔က ျပဳစုေရးသားခဲ့တဲ့ ရိုဟင္ဂ်ာေတြ ရင္ဆိုင္ခဲ့ရတဲ့အေျခအေနဟာ လူသားထုအေပၚ ရာဇ၀တ္က်ဴးလြန္မႈျဖစ္တယ္ဆိုတဲ့ အစီရင္ခံစာကိုလည္း Professor Schabas ပဲ ဦးစီးခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ အခုလို ဒီအမႈကို သူကလိုက္ပါ ေဆာင္ရြက္မယ့္ကိစၥဟာ အလြန္ကို အံၾသသင့္စရာျဖစ္သလို၊ သူ႕ေရးသားျပဳစုတဲ့ စာအုပ္အတြက္ ၀ိုင္း၀န္းကူညီၿပီး အခ်က္အလက္ေတြေပးခဲ့ၾကတဲ့ ရိုဟင္ဂ်ာေတြအေပၚ သစၥာေဖာက္ရာၾကပါတယ္။”
အလားတူ ၂၀၁၀ျပည့္ႏွစ္က ပါေမာကၡ William Schabas ဦးစီးေရးသားခဲ့တဲ့ ရိုဟင္ဂ်ာေတြရဲ႕ အေျခအေန- ျမန္မာႏိုင္ငံအေနာက္ ဘက္က လူသားထုအေပၚ ရာဇ၀တ္က်ဴးလြန္မႈဆိုတဲ့ စာအုပ္ အတြက္ ကူညီေပးခဲ့သူ Rohingya Action Ireland အဖဲြ႔က တာ၀န္ရွိသူျဖစ္တဲ့ Mohammed Rafique ကလည္း အခုလို ဗီြအိုေအကို ေျပာပါတယ္။
“က်ေနာ္ သူ႔နဲ႔ေတြ႕တဲ့အခ်ိန္က ၂၀၁၀ျပည့္နွစ္ ဇြန္လမွာ ဒီစာအုပ္မိတ္ဆက္ပဲြကို အိုင္ယာလန္ႏိုင္ငံ ႏိုင္ငံျခားေရး၀န္ႀကီးဌာနမွာ ျပဳလုပ္တဲ့အခ်ိန္က ျဖစ္ပါတယ္။ အခုသူက ျမန္မာအစိုးရရဲ႕ေရွ႕ေနအျဖစ္ လိုက္ပါေဆာင္ရြက္မယ္လို႔ ၾကားလိုက္ရခ်ိန္မွာ တုန္႔လႈပ္ခဲ့ရပါတယ္။ ဒါဗလင္ၿမိဳ႕မွာ သူ႕စာအုပ္ မိတ္ဆက္ပဲြမွာ ေတြ႕ဆံုခဲ့ခ်ိန္၊ ရိုဟင္ဂ်ာေတြနဲ႔ ပတ္သက္လို႔ ဥပေဒေရးရာကေန ေထာက္ျပခဲ့သူ တဦးရဲ႕ ဆံုးျဖတ္ခ်က္ကို မယံုႏိုင္ေအာင္ျဖစ္ရပါတယ္။”
Mohammed Rafique ကို စစ္ေတြမွာ ေမြးဖြားခဲ့သူျဖစ္ၿပီး အသက္ (၁၀)ႏွစ္အရြယ္မွာ ဘဂၤလားေဒ့ရွ္ဘက္ကို ထြက္ေျပးခဲ့ရၿပီးေနာက္ ရိုဟင္ဂ်ာဒုကၡသည္စခန္းမွာ ႀကီးျပင္းလာခဲ့သူျဖစ္ၿပီး အသက္ ၂၀ ေက်ာ္မွာ အိုင္ယာလန္ႏို္င္ငံကို ဒုကၡသည္အျဖစ္ ေရာက္ရွိခဲ့သူျဖစ္ပါတယ္။ ၂၀၁၀ျပည့္ မတိုင္ခင္ ဒုကၡသည္စခန္းမွာ ေနခဲ့စဥ္ကတည္းက ပါေမာကၡ William Schabas ဦးစီးတဲ့အဖဲြ႔ ေရးသားခဲ့တဲ့ ရိုဟင္ဂ်ာေတြအေျခအေန စာအုပ္အတြက္ အခ်က္အလက္ေတြကို ၀ိုင္း၀န္းကူညီပံ့ပိုးေပးခဲ့သူျဖစ္ပါတယ္။
ICJ ႏိုင္ငံတကာတရားရံုးမွာ ဂမ္ဘီယာႏိုင္ငံက ျမန္မာအေပၚ လူမ်ဳိးတံုးသတ္ျဖတ္မႈတားဆီးေရး စာခ်ဳပ္ ခ်ဳိးေဖာက္မႈ စဲြခ်က္တင္ထားတဲ့ အမႈကို ခုခံေခ်ပဖို႔ ဥပေဒအက်ဳိးေဆာင္အျဖစ္ လန္ဒန္ Middlesex တကၠသိုလ္ ႏိုင္ငံတကာဥပေဒ ပါေမာကၡ William Schabas ကို ျမန္မာအစိုးရက ငွားရမ္းလိုက္ေၾကာင္း ၿပီးခဲ့တဲ့ရက္ပိုင္းက သတင္းေတြထြက္လာခဲ့ပါတယ္။
ဒီသတင္းနဲ႔ ပတ္သက္လို႔ ေရွ႕ေန Schabas ကို ဗီြအိုေအက တိုက္ရိုက္ ဆက္သြယ္ေမးျမန္း တဲ့အခါမွာ- ဟုတ္မဟုတ္ ျငင္းဆိုျခင္းမရွိပဲ၊ သူ႔အေနနဲ႔ သတင္းထုတ္ျပန္ေရး အရာရွိတေယာက္ကို ခန္႔ထားဖို႔ရွိေနၿပီး ေလာေလာဆယ္မွာ ဆက္သြယ္ႏိုင္တဲ့ အခ်က္အလက္အေသးစိတ္ကို မေပးႏိုင္ ေသးေၾကာင္းနဲ႔ သူတို႔ဘက္က အဆင္သင့္ျဖစ္ၿပီဆိုတာနဲ႔ ဗီြအိုေအကို ျပန္လည္ ဆက္သြယ္မွာ ျဖစ္တယ္လို႔ အီးေမးလ္ကေန တံု႔ျပန္ေျဖဆိုခဲ့ပါတယ္။
နယ္သာလန္ႏိုင္ငံ the Hague အေျခစိုက္ ကုလသမဂၢ အျမင့္ဆံုးတရားရံုးျဖစ္တဲ့ ICJ မွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္ၿပီး သြားေရာက္ရင္ဆိုင္ဖို႔အတြက္ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ရံုးက ဦးေဆာင္ၿပီး စစ္ဥပေဒခ်ဳပ္ရံုးနဲ႔ ႏိုင္ငံျခားေရး၀န္ႀကီးဌာနတို႔ ပါ၀င္တဲ့ ႏိုင္ငံတကာရာဇ၀တ္မႈ တရားစီရင္ေရးဆိုင္ရာ အထူးအဖဲြ႔ကို ႏို၀င္ဘာလ (၂၆)ရက္ေန႔က ဖဲြ႔စည္း ခဲ့ပါတယ္။ ICJ ႏိုင္ငံတကာတရားရံုးမွာ ဒီဇင္ဘာလ ၁၀ ရက္ ကေန ၁၂ ရက္ေန႔ထိ ဂမ္ဘီယာနဲ႔ ျမန္မာ ႏွစ္ဖက္အျပန္အလွန္ ေလွ်ာက္လဲွခ်က္ေတြကို အမ်ားျပည္သူ ေရွ႕ေမွာက္ ၾကားနာစစ္ေဆးမွာျဖစ္သလို ဂမ္ဘီယာႏိုင္ငံဘက္က အေမရိကန္ဥပေဒအက်ဳိးေဆာင္အဖဲြ႔ျဖစ္တဲ့ Foley Hoag က လိုက္ပါေဆာင္ရြက္မွာျဖစ္ပါတယ္။
…………………
ICJ မှာ မြန်မာအတွက် ပါမောက္ခ Scahbas အကျိုးဆောင်မယ့်အပေါ် လူ့အခွင့်အရေးလှုပ်ရှားသူများ စိတ်ပျက်
(Unicode)
မြန်မာနိုင်ငံအနောက်ဘက်မှာ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်ညှဉ်းပန်းမှုတွေဟာ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုမြောက်တယ်လို့ အစောဆုံးထောက်ပြခဲ့တဲ့ နိုင်ငံတကာဥပဒေပညာရှင် ပါမောက္ခ William Schabas က ICJ တရားရုံးမှာ မြန်မာအစိုးရရဲ့ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်မယ်ဆိုတဲ့ သတင်းအပေါ် နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားသူတွေဘက်က အံ့သြသင့် စိတ်ပျက်ခဲ့ကြပါတယ်။ ၂၀၁၀ ပြည့်နှစ်က ပါမောက္ခ Schabas ဦးဆောင်ပြီး ရေးသားပြုစုခဲ့တဲ့ မြန်မာနိုင်ငံအနောက်ဘက်က လူသားထုအပေါ် ရာဇဝတ်ကျူးလွန်မှု စာအုပ်အတွက် ဝိုင်းဝန်းကူညီပေးခဲ့ကြသူတချို့ကို မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။
ဗြိတိန်နိုင်ငံ လန်ဒန် Middlesex တက္ကသိုလ် နိုင်ငံတကာဥပဒေ ပါမောက္ခ William Schabas ဟာ လူမျိုးတုန်းသတ်ဖြတ်မှုအပါအဝင် နိုင်ငံတကာဥပေဒနဲ့ ပတ်သက်ရင် အကျွမ်းကျင် ဆုံးပုဂ္ဂိုလ်တဦးအဖြစ် နိုင်ငံတကာက အသိအမှတ်ပြု လေးစားရသူဖြစ်ပါတယ်။ ဒါအပြင် ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ရင် ၂၀၁၀ပြည့်နှစ် မတိုင်ခင်ကတည်းက နိုင်ငံတကာဥပဒေပညာရှင် တဦးအနေနဲ့ စောင့်ကြည့်လေ့လာနေခဲ့သလို၊ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေဟာ လူသားထုအပေါ် ရာဇဝတ်ကျူးလွန်မှု မြောက်တယ်ဆိုတာကိုလည်း အရင်ဆုံး ထောက်ပြခဲ့သူတဦးဖြစ်ပါတယ်။
အခုလို ရိုဟင်ဂျာအသိုင်းအဝိုင်းအနေနဲ့ ဘယ်လောက်ထိ ဖိနှိပ်ညှဉ်းပမ်းခံခဲ့ရသလဲ ဆိုတာကို အထောက်အထားတွေနဲ့ အသေးစိတ်သိနေသူ ဥပဒေပညာရှင် တဦးအနေနဲ့ ရိုဟင်ဂျာတွေကို ဖိနှိပ်မှုမှာ တာဝန်ရှိတဲ့ မြန်မာအစိုးရဘက်ကနေ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်မယ်ဆိုတဲ့ သတင်းအပေါ်မှာ အံ့သြမိသလို နားမလည်နိုင်အောင်ဖြစ်မိတယ်လို့ ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေတဲ့ Burma Campaign UK ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး Mark Farmaner က ဗွီအိုအေကို ပြောပါတယ်။
“သူ့အနေနဲ့ မြန်မာအစိုးရအတွက် ဒီအမှုမှာ လိုက်ပါဆောင်ရွက်မယ်လို့ သဘောတူခဲ့တဲ့အပေါ်မှာ အရမ်းကိုအံသြမိပါတယ်။ ဘာကြောင့်လဲဆိုတော့ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုလုပ်ရပ်တွေဟာ လူမျိုးတုံးသတ်ဖြတ်မှုမြောက်တယ်လို့ သူယူဆကြောင်း လူတွေကို အရင်က သူပဲပြောခဲ့တာပါ။ သူ့သင်ကြားခဲ့တဲ့ ကျောင်းသူ၊ ကျောင်းသားတွေ၊ သတင်းထောက်တွေနဲ့ အခြားလူတွေကို သူ့ရဲ့ထင်မြင်ယူဆချက်ကို ပြောတဲ့နေရာမှာ လူမျိုးတုံး သတ်ဖြတ်မှုအနေအထားထိရောက်တဲ့ ကျူးလွန်မှုတွေဖြစ်ခဲ့တယ်လို့ ပြောခဲ့တာပါ။ ဒါအပြင် နိုင်ငံတကာမှာ ဒီကိစ္စကို မပြောခင်က လွန်ခဲ့တဲ့ ၂၀၁၀ပြည့်နှစ်ကတည်းက လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ Irish Center အဖွဲ့က ပြုစုရေးသားခဲ့တဲ့ ရိုဟင်ဂျာတွေ ရင်ဆိုင်ခဲ့ရတဲ့အခြေအနေဟာ လူသားထုအပေါ် ရာဇဝတ်ကျူးလွန်မှုဖြစ်တယ်ဆိုတဲ့ အစီရင်ခံစာကိုလည်း Professor Schabas ပဲ ဦးစီးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အခုလို ဒီအမှုကို သူကလိုက်ပါ ဆောင်ရွက်မယ့်ကိစ္စဟာ အလွန်ကို အံသြသင့်စရာဖြစ်သလို၊ သူ့ရေးသားပြုစုတဲ့ စာအုပ်အတွက် ဝိုင်းဝန်းကူညီပြီး အချက်အလက်တွေပေးခဲ့ကြတဲ့ ရိုဟင်ဂျာတွေအပေါ် သစ္စာဖောက်ရာကြပါတယ်။”
အလားတူ ၂၀၁၀ပြည့်နှစ်က ပါမောက္ခ William Schabas ဦးစီးရေးသားခဲ့တဲ့ ရိုဟင်ဂျာတွေရဲ့ အခြေအနေ- မြန်မာနိုင်ငံအနောက် ဘက်က လူသားထုအပေါ် ရာဇဝတ်ကျူးလွန်မှုဆိုတဲ့ စာအုပ် အတွက် ကူညီပေးခဲ့သူ Rohingya Action Ireland အဖွဲ့က တာဝန်ရှိသူဖြစ်တဲ့ Mohammed Rafique ကလည်း အခုလို ဗွီအိုအေကို ပြောပါတယ်။
“ကျနော် သူ့နဲ့တွေ့တဲ့အချိန်က ၂၀၁၀ပြည့်နှစ် ဇွန်လမှာ ဒီစာအုပ်မိတ်ဆက်ပွဲကို အိုင်ယာလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ပြုလုပ်တဲ့အချိန်က ဖြစ်ပါတယ်။ အခုသူက မြန်မာအစိုးရရဲ့ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်မယ်လို့ ကြားလိုက်ရချိန်မှာ တုန့်လှုပ်ခဲ့ရပါတယ်။ ဒါဗလင်မြို့မှာ သူ့စာအုပ် မိတ်ဆက်ပွဲမှာ တွေ့ဆုံခဲ့ချိန်၊ ရိုဟင်ဂျာတွေနဲ့ ပတ်သက်လို့ ဥပဒေရေးရာကနေ ထောက်ပြခဲ့သူ တဦးရဲ့ ဆုံးဖြတ်ချက်ကို မယုံနိုင်အောင်ဖြစ်ရပါတယ်။”
Mohammed Rafique ကို စစ်တွေမှာ မွေးဖွားခဲ့သူဖြစ်ပြီး အသက် (၁၀)နှစ်အရွယ်မှာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ရပြီးနောက် ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ကြီးပြင်းလာခဲ့သူဖြစ်ပြီး အသက် ၂၀ ကျော်မှာ အိုင်ယာလန်နိုင်ငံကို ဒုက္ခသည်အဖြစ် ရောက်ရှိခဲ့သူဖြစ်ပါတယ်။ ၂၀၁၀ပြည့် မတိုင်ခင် ဒုက္ခသည်စခန်းမှာ နေခဲ့စဉ်ကတည်းက ပါမောက္ခ William Schabas ဦးစီးတဲ့အဖွဲ့ ရေးသားခဲ့တဲ့ ရိုဟင်ဂျာတွေအခြေအနေ စာအုပ်အတွက် အချက်အလက်တွေကို ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့သူဖြစ်ပါတယ်။
ICJ နိုင်ငံတကာတရားရုံးမှာ ဂမ်ဘီယာနိုင်ငံက မြန်မာအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတားဆီးရေး စာချုပ် ချိုးဖောက်မှု စွဲချက်တင်ထားတဲ့ အမှုကို ခုခံချေပဖို့ ဥပဒေအကျိုးဆောင်အဖြစ် လန်ဒန် Middlesex တက္ကသိုလ် နိုင်ငံတကာဥပဒေ ပါမောက္ခ William Schabas ကို မြန်မာအစိုးရက ငှားရမ်းလိုက်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းတွေထွက်လာခဲ့ပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ ရှေ့နေ Schabas ကို ဗွီအိုအေက တိုက်ရိုက် ဆက်သွယ်မေးမြန်း တဲ့အခါမှာ- ဟုတ်မဟုတ် ငြင်းဆိုခြင်းမရှိပဲ၊ သူ့အနေနဲ့ သတင်းထုတ်ပြန်ရေး အရာရှိတယောက်ကို ခန့်ထားဖို့ရှိနေပြီး လောလောဆယ်မှာ ဆက်သွယ်နိုင်တဲ့ အချက်အလက်အသေးစိတ်ကို မပေးနိုင် သေးကြောင်းနဲ့ သူတို့ဘက်က အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ ဗွီအိုအေကို ပြန်လည် ဆက်သွယ်မှာ ဖြစ်တယ်လို့ အီးမေးလ်ကနေ တုံ့ပြန်ဖြေဆိုခဲ့ပါတယ်။
နယ်သာလန်နိုင်ငံ the Hague အခြေစိုက် ကုလသမဂ္ဂ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ ICJ မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး သွားရောက်ရင်ဆိုင်ဖို့အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဦးဆောင်ပြီး စစ်ဥပဒေချုပ်ရုံးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပါဝင်တဲ့ နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့ကို နိုဝင်ဘာလ (၂၆)ရက်နေ့က ဖွဲ့စည်း ခဲ့ပါတယ်။ ICJ နိုင်ငံတကာတရားရုံးမှာ ဒီဇင်ဘာလ ၁၀ ရက် ကနေ ၁၂ ရက်နေ့ထိ ဂမ်ဘီယာနဲ့ မြန်မာ နှစ်ဖက်အပြန်အလှန် လျှောက်လဲှချက်တွေကို အများပြည်သူ ရှေ့မှောက် ကြားနာစစ်ဆေးမှာဖြစ်သလို ဂမ်ဘီယာနိုင်ငံဘက်က အမေရိကန်ဥပဒေအကျိုးဆောင်အဖွဲ့ဖြစ်တဲ့ Foley Hoag က လိုက်ပါဆောင်ရွက်မှာဖြစ်ပါတယ်
https://burmese.voanews.com/a/icj-myanmar-william-scahbas-/5192014.html?fbclid=IwAR3nDqnrrMQIAUhB8hYdofMLMXhOzmQOYGl1n1HdHy1RI7VMZYgW1h

No comments:

Post a Comment

Note: Only a member of this blog may post a comment.