Breaking

December 3, 2019

အတိုင်ပင်ခံ ဘာကြောင့် ICJ သွားသလဲ – ကန် ပါမောက္ခ တဦး သုံးသပ်ချက်


George Washington တကၠသိုလ္ ႏိုင္ငံတကာေရးရာ ပါေမာကၡ Christina Fink
George Washington တကၠသိုလ္ ႏိုင္ငံတကာေရးရာ ပါေမာကၡ Christina Fink
(Zawgyi/Unicode)
မြန်မာတပ်မတော်ရဲ့ လုပ်ရပ်ကို ICJ နိုင်ငံတကာတရားရုံးမှာ အကာအကွယ်ပေးခြင်းအားဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ အထောက်အကူဖြစ်စေမလားလို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က မျှော်လင့်ထားပုံရကြောင်း မြန်မာ့အရေးကျွမ်းကျင်သူ အမေရိကန်ပါမောက္ခတဦးက သုံးသပ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ICJ တရားရုံးမှာ ကိုယ်တိုင်ခုခံချေပဖို့ ဆုံးဖြတ်ခဲ့တဲ့ အဓိက အကြောင်းအရင်းတွေနဲ့ပတ်သက်လို့ George Washington တက္ကသိုလ် နိုင်ငံတကာရေးရာ ပါမောက္ခ Christina Fink ရဲ့အမြင်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းရာမှာ သူက အခုလိုစပြောပါတယ်။
“ICJ တရားရုံးမှာခုခံချေပမယ့်ကိစ္စကို သူသာလျှင် အကောင်းဆုံးလုပ်နိုင်မယ်၊ သူ့ရဲ့တာဝန်ဖြစ် တယ်ဆိုတဲ့ အချက်နှစ်ချက်လုံးကို ဒေါ်အောင်ဆန်းစုကြည်က ခံယူထားပုံရပါတယ်။ ဒါထက်ကျော်လွန်ပြီး ကြည့်မယ်ဆိုရင်- တိုင်းပြည်ကို ကာကွယ်ဖို့ကြိုးပမ်းအားထုတ်နေတဲ့သူ၊ စစ်မှန်တဲ့ မျိုးချစ်ပုဂ္ဂိုလ်တဦးဆိုတာကို ပြခြင်းအားဖြင့် ပြည်တွင်းမှာ သူ့အတွက် အကျိုးအမြတ်တွေ ရနိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မြင်ပုံရပါတယ်။ ၂၀၂၀ပြည့်ရွေးကောက်ပွဲမှာ သူ့ပါတီအတွက် ထောက်ခံမှုတွေ ပိုပြီးရဖို့ သူ့အနေနဲ့ လုပ်ဆောင်ပေးနိုင်တာမျိုးဖြစ်နိုင်ပါတယ်။ ဒါအပြင် တပ်မတော်ရဲ့ လုပ်ရပ်ကို ဒီအချိန်မှာ သူ့အနေနဲ့ အကာအကွယ်ပေးမယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ တပ်မတော်ဘက်က အလျော့ပေးမှုတချို့ ရနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က မျှော်လင့်ပုံရပါတယ်။”
အင်ကြင်းနိုင်။ ။ ICJ တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ဖြေရှင်းမယ်ဆိုတဲ့နေရာမှာ တဖက်က တင်ထားတဲ့ စွဲချက်တွေအတွက် အထောက်အထားတွေဟာ ငြင်းဆန်လို့ မရနိုင်အောင်ရှိနေတယ်လို့ ပြောထားတာဆိုတော့ သူ့အနေနဲ့ ဘယ်လိုပုံစံမျိုးနဲ့ ခုခံခြေပမယ်လို့ မြင်ပါသလဲရှင့်။
Christina Fink ။ ။ တရားရုံးမှာ အမှုစွဲတင်ခံရတဲ့ အခြေအနေကို နိုင်ငံတကာအသိုင်းအဝိုင်းက မြင်ပုံနဲ့ မြန်မာနိုင်ငံထဲက လူတွေ မြင်ပုံ အလွန်ကို ကွဲပြားခြားနားနေပါတယ်။ ဂမ်ဘီယာနိုင်ငံနဲ့အနောက်နိုင်ငံတွေက ဒေါ်အောင်ဆန်းစုကြည်အပေါ် မျှော်လင့်နေတာက လူ့အခွင့်အရေးကို လေးစားဖို့ အပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ချိန်မှာ တရားမျှတမှုရှိရေး ဆောင်ရွက်ပေးဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက လူတွေကတော့ ဒီအခြေအနေကို တမျိုးမြင်နေတယ်လို့ ကျမထင်ပါတယ်။ အမှုကိုရင်ဆိုင်ရမှာ ဒေါ်အောင်ဆန်းစုကြည် နိုင်တာပဲဖြစ်ဖြစ်၊ ရှုံးတာပဲ ဖြစ်ဖြစ် သူ့ရဲ့ တိုင်းပြည်ကို ကာကွယ်ပေးတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာပြည်ကလူတွေကတော့ လေးစားကြမှာဖြစ်ပါတယ်။
အင်ကြင်းနိုင်။ ။ အဲတော့ ICJ ကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်မယ့်ကိစ္စ ပြည်တွင်းမှာ လူထုထောက်ခံပွဲတွေ ပြုလုပ်နေတဲ့အပေါ် ဘယ်လို မြင်ပါလဲရှင့်။
Christina Fink ။ ။ မြန်မာကို အောင်မြင်တဲ့ နိုင်ငံတနိုင်ငံအဖြစ် လူတိုင်းကမြင်ချင်ကြပြီး စစ်တပ်အုပ်ချုပ်မှုအောက် ဆယ်စုနှစ်ပေါင်းများစွာနေခဲ့ရတဲ့ မြန်မာပြည်သူတွေ ရင်ဆိုင်ခဲ့ရတဲ့ စိန်ခေါ်မှုအားလုံးကို တိုင်းပြည်အပြင်မှာရှိတဲ့ လူတွေဘက်ကလည်း အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် တိုင်းပြည်ပြင်ပ နှင်ထုတ်ခံရသူတွေဟာ လူသားတွေပဲဆိုတာကို အသိအမှတ်ပြုဖို့၊ အခြားလူသားတွေလိုပဲ ဂုဏ်သိက္ခာရှိရှိ လေးစားဆက်ဆံထိုက်တဲ့သူတွေဖြစ်တယ်ဆိုတာကို မြန်မာပြည်ထဲက လူတချို့ လက်ခံဖို့ ခဲယဉ်းနေတာကို နိုင်ငံတကာမှာရှိတဲ့ သူတွေက စိတ်ပျက်ကြတာပါ။
နယ်သာလန်နိုင်ငံ the Hague အခြေစိုက် ကုလသမဂ္ဂ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ ICJ မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး သွားရောက်ရင်ဆိုင်ဖို့အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဦးဆောင်ပြီး စစ်ဥပဒေချုပ်ရုံးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပါဝင်တဲ့ နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့ကို နိုဝင်ဘာလ (၂၆)ရက်နေ့က ဖွဲ့စည်းခဲ့ပါတယ်။
လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေးရေး စာချုပ်ကို မြန်မာအစိုးရက ချိုးဖောက်ကြောင်း စွဲချက်နဲ့ ICJ နိုင်ငံတကာတရားရုံးမှာ ဂမ်ဘီယာနိုင်ငံက အမှုဖွင့် လျောက်ထားချက်ကို ဒီဇင်ဘာလ ၁၀ ရက် ကနေ ၁၂ ရက်နေ့ထိ အများပြည်သူ ရှေ့ကြားနာစစ်ဆေးမှာ ဖြစ်ပါတယ်။
အတိုင်ပင်ခံ ဘာကြောင့် ICJ သွားလဲ – ကန်ပါမောက္ခတဦးသုံးသပ်ချက်
ျမန္မာတပ္မေတာ္ရဲ႕ လုပ္ရပ္ကို ICJ ႏိုင္ငံတကာတရားရံုးမွာ အကာအကြယ္ေပးျခင္းအားျဖင့္ ဖဲြ႕စည္းပံုျပင္ဆင္ေရးမွာ အေထာက္အကူျဖစ္ေစမလားလို႔ ေဒၚေအာင္ဆန္းစုၾကည္ဘက္က ေမွ်ာ္လင့္ထားပံုရေၾကာင္း ျမန္မာ့အေရးကြ်မ္းက်င္သူ အေမရိကန္ပါေမာကၡတဦးက သံုးသပ္ပါတယ္။
ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ ICJ တရားရံုးမွာ ကိုယ္တိုင္ခုခံေခ်ပဖို႔ ဆံုးျဖတ္ခဲ့တဲ့ အဓိက အေၾကာင္းအရင္းေတြနဲ႔ပတ္သက္လို႔ George Washington တကၠသိုလ္ ႏိုင္ငံတကာေရးရာ ပါေမာကၡ Christina Fink ရဲ႕အျမင္ကို မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းရာမွာ သူက အခုလိုစေျပာပါတယ္။
“ICJ တရားရံုးမွာခုခံေခ်ပမယ့္ကိစၥကို သူသာလွ်င္ အေကာင္းဆံုးလုပ္ႏိုင္မယ္၊ သူ႔ရဲ႕တာ၀န္ျဖစ္ တယ္ဆိုတဲ့ အခ်က္ႏွစ္ခ်က္လံုးကို ေဒၚေအာင္ဆန္းစုၾကည္က ခံယူထားပံုရပါတယ္။ ဒါထက္ေက်ာ္လြန္ၿပီး ၾကည့္မယ္ဆိုရင္- တိုင္းျပည္ကို ကာကြယ္ဖို႔ႀကိဳးပမ္းအားထုတ္ေနတဲ့သူ၊ စစ္မွန္တဲ့ မ်ဳိးခ်စ္ပုဂၢိဳလ္တဦးဆိုတာကို ျပျခင္းအားျဖင့္ ျပည္တြင္းမွာ သူ႔အတြက္ အက်ဳိးအျမတ္ေတြ ရႏိုင္တယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္က ျမင္ပံုရပါတယ္။ ၂၀၂၀ျပည့္ေရြးေကာက္ပဲြမွာ သူ႔ပါတီအတြက္ ေထာက္ခံမႈေတြ ပိုၿပီးရဖို႔ သူ႔အေနနဲ႔ လုပ္ေဆာင္ေပးနိုင္တာမ်ဳိးျဖစ္ႏိုင္ပါတယ္။ ဒါအျပင္ တပ္မေတာ္ရဲ႕ လုပ္ရပ္ကို ဒီအခ်ိန္မွာ သူ႔အေနနဲ႔ အကာအကြယ္ေပးမယ္ဆိုရင္ ဖဲြ႔စည္းပံုအေျခခံဥပေဒ ျပင္ဆင္ေရးနဲ႔ ပတ္သက္လို႔ တပ္မေတာ္ဘက္က အေလ်ာ့ေပးမႈတခ်ဳိ႕ ရႏိုင္ဖို႔ ေဒၚေအာင္ဆန္းစုၾကည္က ေမွ်ာ္လင့္ပံုရပါတယ္။”
အင္ၾကင္းႏိုင္။ ။ ICJ တရားရံုးမွာ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္ေျဖရွင္းမယ္ဆိုတဲ့ေနရာမွာ တဖက္က တင္ထားတဲ့ စဲြခ်က္ေတြအတြက္ အေထာက္အထားေတြဟာ ျငင္းဆန္လို႔ မရႏိုင္ေအာင္ရွိေနတယ္လို႔ ေျပာထားတာဆိုေတာ့ သူ႔အေနနဲ႔ ဘယ္လိုပံုစံမ်ဳိးနဲ႔ ခုခံေျခပမယ္လို႔ ျမင္ပါသလဲရွင့္။
Christina Fink ။ ။ တရားရံုးမွာ အမႈစဲြတင္ခံရတဲ့ အေျခအေနကို ႏိုင္ငံတကာအသိုင္းအ၀ိုင္းက ျမင္ပံုနဲ႔ ျမန္မာႏိုင္ငံထဲက လူေတြ ျမင္ပံု အလြန္ကို ကဲြျပားျခားနားေနပါတယ္။ ဂမ္ဘီယာႏိုင္ငံနဲ႔အေနာက္ႏိုင္ငံေတြက ေဒၚေအာင္ဆန္းစုၾကည္အေပၚ ေမွ်ာ္လင့္ေနတာက လူ႔အခြင့္အေရးကို ေလးစားဖို႔ အျပင္ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြ က်ဴးလြန္ခ်ိန္မွာ တရားမွ်တမႈရွိေရး ေဆာင္ရြက္ေပးဖို႔ ျဖစ္ပါတယ္။ ဒါေပမယ့္ ျမန္မာႏိုင္ငံက လူေတြကေတာ့ ဒီအေျခအေနကို တမ်ဳိးျမင္ေနတယ္လို႔ က်မထင္ပါတယ္။ အမႈကိုရင္ဆိုင္ရမွာ ေဒၚေအာင္ဆန္းစုၾကည္ ႏိုင္တာပဲျဖစ္ျဖစ္၊ ရွဳံးတာပဲ ျဖစ္ျဖစ္ သူ႔ရဲ႕ တိုင္းျပည္ကို ကာကြယ္ေပးတဲ့အတြက္ ေဒၚေအာင္ဆန္းစုၾကည္ကို ျမန္မာျပည္က လူေတြကေတာ့ ေလးစားၾကမွာျဖစ္ပါတယ္။
အင္ၾကင္းႏိုင္။ ။ အဲေတာ့ ICJ ကို ေဒၚေအာင္ဆန္းစုၾကည္ သြားေရာက္မယ့္ကိစၥ ျပည္တြင္းမွာ လူထုေထာက္ခံပဲြေတြ ျပဳလုပ္ေနတဲ့အေပၚ ဘယ္လို ျမင္ပါလဲရွင့္။
Christina Fink ။ ။ ျမန္မာကို ေအာင္ျမင္တဲ့ ႏိုင္ငံတႏိုင္ငံအျဖစ္ လူတိုင္းကျမင္ခ်င္ၾကၿပီး စစ္တပ္အုပ္ခ်ဳပ္မႈေအာက္ ဆယ္စုႏွစ္ေပါင္းမ်ားစြာေနခဲ့ရတဲ့ ျမန္မာျပည္သူေတြ ရင္ဆိုင္ခဲ့ရတဲ့ စိန္ေခၚမႈအားလံုးကို တိုင္းျပည္အျပင္မွာရွိတဲ့ လူေတြဘက္ကလည္း အသိအမွတ္ျပဳပါတယ္။ ဒါေပမယ့္ တိုင္းျပည္ျပင္ပ ႏွင္ထုတ္ခံရသူေတြဟာ လူသားေတြပဲဆိုတာကို အသိအမွတ္ျပဳဖို႔၊ အျခားလူသားေတြလိုပဲ ဂုဏ္သိကၡာရွိရွိ ေလးစားဆက္ဆံထိုက္တဲ့သူေတြျဖစ္တယ္ဆိုတာကို ျမန္မာျပည္ထဲက လူတခ်ဳိ႕ လက္ခံဖို႔ ခဲယဥ္းေနတာကို ႏိုင္ငံတကာမွာရွိတဲ့ သူေတြက စိတ္ပ်က္ၾကတာပါ။
နယ္သာလန္ႏိုင္ငံ the Hague အေျခစိုက္ ကုလသမဂၢ အျမင့္ဆံုးတရားရံုးျဖစ္တဲ့ ICJ မွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္ၿပီး သြားေရာက္ရင္ဆိုင္ဖို႔အတြက္ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ရံုးက ဦးေဆာင္ၿပီး စစ္ဥပေဒခ်ဳပ္ရံုးနဲ႔ ႏိုင္ငံျခားေရး၀န္ႀကီးဌာနတို႔ ပါ၀င္တဲ့ ႏိုင္ငံတကာရာဇ၀တ္မႈ တရားစီရင္ေရးဆိုင္ရာ အထူးအဖဲြ႔ကို ႏို၀င္ဘာလ (၂၆)ရက္ေန႔က ဖဲြ႔စည္းခဲ့ပါတယ္။
လူမ်ဳိးတုန္းသတ္ျဖတ္မႈ တားဆီးေရးနဲ႔ အျပစ္ေပးေရး စာခ်ဳပ္ကို ျမန္မာအစိုးရက ခ်ဳိးေဖာက္ေၾကာင္း စဲြခ်က္နဲ႔ ICJ ႏိုင္ငံတကာတရားရံုးမွာ ဂမ္ဘီယာႏိုင္ငံက အမႈဖြင့္ ေလ်ာက္ထားခ်က္ကို ဒီဇင္ဘာလ ၁၀ ရက္ ကေန ၁၂ ရက္ေန႔ထိ အမ်ားျပည္သူ ေရွ႕ၾကားနာစစ္ေဆးမွာ ျဖစ္ပါတယ္။
………………
https://burmese.voanews.com/a/why-will-aung-san-suu-kyi-personally-defend-myanmar-against-genocide-claims/5188971.html?fbclid=IwAR2YPsquRlfEwHcEIbAYQ5Mo_OCPFE88C9rEOKMBXE3F86UgnRNtW

No comments:

Post a Comment

Note: Only a member of this blog may post a comment.