2020-04-25
ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိသူ များနေတဲ့ ရန်ကုန်တိုင်းအတွင်းက
မြို့နယ်တော်တော် များများမှာ ရပ်ကွက် ဆေးခန်းတွေနဲ့ အထူးကုဆေးခန်းတွေ
ပိတ်ထားကြတဲ့အတွက် ပုံမှန်ဆေးကုသမှု ခံယူနေရတဲ့ လူနာတွေ အခက်တွေ့နေရပါတယ်။
ရန်ကုန်တိုင်းအတွင်း ပိုးတွေ့ရှိမှု အများဆုံးဖြစ်တဲ့ အင်းစိန်မြို့နယ်မှာ ရပ်ကွက်တွင်းဆေးခန်းနဲ့ အထူးကု ဆေးခန်းတွေ၊ ဆေးဆိုင်တွေ သင်္ကြန်ကာလ မတိုင်ခင်ထဲက ပိတ်ထားတာ အခုထိ ပြန်မဖွင့်သေးပါဘူး။
သင်္ကြန်ပြီးရင် ပြန်ပြဖို့ ဆရာဝန်က ချိန်းထားပေမယ့် ဆေးခန်းက ပြန်မဖွင့်တော့လို့ အခက်တွေ့နေ ရတယ်လို့ အင်းစိန်မြို့နယ်မှာနေထိုင်တဲ့ ဦးလှမြင့်က ပြောပါတယ်။
"သူတို့က ဘယ်နေ့ပြန်ဖွင့်မယ်ဆိုတာ ပြောတော့မပြောဘူး ဆေးခန်းကို တစ်လတစ်ခါ ပြရတဲ့အခါ ပြီးခဲ့တဲ့ မတ်လအကုန်က သွားပြတော့ သင်္ကြန်လွန်မှပြပါပြောတယ် ဆေးခန်းကပိတ်ထားတော့ သောက်ရတဲ့ဆေးကုန်တော့ အခက်ခဲကြုံနေရတယ်။"
တိုင်းဒေသကြီးအစိုးရက ပုဂ္ဂလိက ဆေးရုံဆေးခန်းတွေကို မပိတ်ဖို့ ညွှန်ကြားထားပေမယ့် လက်တွေ့မှာ စိုးရိမ်စိတ်ကြောင့် ပိတ်ထားကြပါတယ်။
လုံလောက်တဲ့ ကာကွယ်မှုတွေလုပ်ဆောင်ပြီးတဲ့ ဆေးခန်းတွေကို ပုံမှန်အတိုင်း ပြန်ဖွင့်ဖို့ တိုက်တွန်းထားတယ်လို့ မြန်မာနိုင်ငံ ဆရာဝန်များအသင်း အထွေထွေရောဂါကု ဆရာဝန်များအဖွဲ့ ဒုဥက္ကဋ္ဌ ဒေါက်တာ ဝင်းလွင်သိန်းက ပြောပါတယ်။
"ဆေးခန်းတွေက ပိတ်တယ်ဆိုပေမယ့် တစ်ခြားရောဂါတွေက ရှိသေးတာကိုး ပြင်ဆင်မှုမရှိသေးရင်တော့ ဖွင့်လို့မရသေးဘူး ပြင်ဆင်မှုရှိပြီးရင်တော့ ဖွင့်ဖို့တိုက်တွန်းထားပါတယ်။ ဆေးခန်းတွေမှာ လုံလောက်တဲ့ အကာအကွယ်တွေ ပြုလုပ်ပြီးဖွင့်လို့ရပါတယ်။"
မြို့နယ်တွေအလိုက် ရိုးရိုးဖျားနာသူတွေကို ကုသခန်းတွေ ဖွင့်လှစ်ဖို့ အကြံပေးထားတယ်လို့လည်း ဆိုပါတယ်။
အင်းစိန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက အင်းစိန်မြို့နယ်ခန်းမမှာ ရိုးရိုးဖျားနာ သူတွေကို ကုသဖို့ ဆောင်ရွက်ထားတယ်လို့ ပြောပါတယ်။
"ကျွန်တော်တို့ မြို့နယ်မှာ ရိုးရိုးဖျားနာကုသခန်း ဖွင့်ထားတယ်။ ၉နာရီကနေ ၁၁ နာရီ ရိုးရိုးသာမန်ဖျား နာတွေကတော့ အဲမှာ ပြလို့ရပါတယ်။ အင်းစိန်မြို့နယ်ခန်းမမှာ ရန်ကုန်တိုင်းမှာ အစောဆုံးဖွင့်တာပဲ ဧပြီ ၁ ရက်နေ့လား ၂ ရက်နေ့လားမသိဘူး။ ရပ်ကွက်ထဲက ဆေးခန်းတွေကတော့ ဖွင့်သံမကြားဘူး။ ဒါပေမဲ့ ကုသခန်းဖွင့်ထားတော့ တစ်နေ့ကို လူနာ ၅၀ ၆၀ လောက် နေ့တိုင်းလာပါတယ်။"
အခြားမြို့နယ်တွေမှာလည်း ရိုးရိုးဖျားနာသူတွေကို ကုသပေးတဲ့ ယာယီဆေးခန်း တွေ ဖွင့်လှစ်ထားတယ်လို့ ဦးမောင်မောင်ဦးက ဆိုပါတယ်။
ရောဂါအခံ ရှိသူတွေအနေနဲ့ ဒီကာလမှာ ဆေးရုံ၊ ဆေးခန်းတွေ ပိတ်ထား လို့ အခက်အခဲဖြစ်နေသလို ဖွင့်တဲ့ နေရာတချို့မှာလည်း အထူးကုဆရာဝန်တွေ မလာကြတော့လို့ အခက်ကြုံနေရတာတွေလည်း ရှိနေပါတယ်။

No comments:
Post a Comment
Note: Only a member of this blog may post a comment.