Breaking

May 21, 2020

အရှေ့တောင်အာရှတွင် အကြီးမားဆုံး မူးယစ်ဆေး စီးနင်းမှုအဖြစ် မက်သာအဖက်တမင်း ဆေးပြား သန်း ၂၀၀ သိမ်းဆည်းရမိ

Wednesday, May 20, 2020 - 08:12
မူးယစ်ဆေးဝါး ထုတ်လုပ်သော စက်ပစ္စည်းအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ - ရိုက်တာ)

ကွတ်ခိုင်ဒေသတွင် မကြုံစဖူးများပြားလှသော မူးယစ်ဆေးထုတ်လုပ်မှုကို စီးနင်းမှုများအတွင်း အရှေ့တောင်အာရှတွင် အကြီးမားဆုံးသော ဓာတုမူးယစ်ဆေးများ ဖမ်းဆီးရမိခဲ့ကြောင်း ကုလသမဂ္ဂကပြောကြားသည်။

ဖေဖော်ဝါရီမှ ဧပြီလအတွင်းရှမ်းပြည်နယ်မှ  ဥပဒေမဲ့နေ သော ကွတ်ခိုင်ဒေသရှိဓာတ်ခွဲခန်း များကို အရာရှိများက စီးနင်းရှာ ဖွေခဲ့ပြီး မက်သာအဖက်တမင်း ဆေးပြားသန်း ၂၀၀ နီးပါး၊ မက် သာအဖက်တမင်းအခဲ ကီလိုဂရမ် ၅၀၀ (ပေါင်၁,၁၀၀)၊ ဘိန်းဖြူ ကီလိုဂရမ် ၃၀၀ နှင့် မီသိုင်းဖက် တနိုင်းလီတာ ၃,၇၅၀ သိမ်းဆည်း ရမိခဲ့သည်။ ယင်းဖမ်းဆီးရမိမှုမှာ အဆိုပါဒေသတွင်း၌ ရာဇဝင်တွင် အကြီးမားဆုံးနှင့် အအောင်မြင် ဆုံး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ဆင်ရေးများအနက် တစ်ခုဖြစ် သည်ဟု ကုလသမဂ္ဂမူးယစ်ဆေး ဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ကပြောကြားသည်။
ယင်းမူးယစ်ဆေးဝါး ထုတ် လုပ်သည့်ကွန်ရက်သည် နိုင်ငံ ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများ၏ ကူညီထောက်ပံ့မှုဖြင့်သာ တည်ရှိ နိုင်ကြောင်း UNODC မှ အရှေ့ တောင်အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာ ကိုယ်စားလှယ်ဂျရမီ ဒေါက်ကလပ်စ်က ပြောသည်။
ဘိန်းဖြူထက် ငါးဆပိုပြင်း ပြီး မော်ဖိန်းထက်အဆ ၁၀၀ ပို ပြင်းသော ဖက်တနိုင်းကို ၂ မီလီ ဂရမ်မျှသုံးရုံဖြင့် အသက် အန္တရာယ်ရှိနိုင်သည်။
 ယင်းမူးယစ်ဆေးကြောင့် ၂၀၁၈ က အမေရိကန်တွင် လူ ၃၂,၀၀၀ သေဆုံးခဲ့သည့်ပြဿနာ တစ်ရပ် ဖြစ်ပေါ်ခဲ့သည်။
မြန်မာအစိုးရသည် ၎င်းတို့ နယ်စပ်များမှ မူးယစ်ဆေးဝါးများ ထွက်ပေါ်မလာစေရေး တားဆီး ရန်ဖိအားပေးခံခဲ့ရသည်။ သို့ သော်ရွှေတြိဂံဒေသတွင် ဒေါ်လာ ဘီလီယံနှင့်ချီ၍ မူးယစ်ဆေးဝါး များ ရောင်းဝယ်နေသော်လည်း အာဏာပိုင်များကြောင့် စင်စစ် အားဖြင့် အနှောင့်အယှက်တစ်စုံ တစ်ရာမရှိဘဲ ရောင်းဝယ်နေကြ သည်။
အာဖဂန်နစ္စတန်ပြီးနောက် ကမ္ဘာပေါ်တွင် ဘိန်းဖြူဒုတိယအ များဆုံးထုတ်လုပ်နေသော မြန်မာ နိုင်ငံသည် ယခုအခါတရုတ်နိုင်ငံ မှ ဝင်ရောက်လာသောဓာတု ပစ္စည်းများကြောင့် ကမ္ဘာပေါ်၌ မက်သာအဖက်တမင်း အများဆုံး ထွက်ရှိရာ ရင်းမြစ်ဖြစ်လာပြီဟု အများက ထင်မှတ်ထားသည်။ ဈေးပေါပြီး အရှေ့တောင်အာရှ တွင် လူကြိုက်များသော ‘ယာဘ’  ဆေးပြားများသည် ဒေသတစ်ဝန်း တရားမဝင် ရောင်းဝယ်နေပြီး ထိုင်းနှင့်မလေးရှားသို့ ရောက် သွားပါက ဈေးသုံးဆမြင့်တက် သွားသည်။ အိုက်စ်ဟုခေါ်သော မက်သာအဖက်တမင်းအခဲများ ကို တိုကျို၊ ဆိုးလ်နှင့် ဆစ်ဒနီမြို့ များသို့ မှောင်ခိုတင်ပို့နေပြီး ယင်း မြို့များတွင်လမ်းဘေးဈေး တစ် ကီလိုလျှင် ဒေါ်လာ ၁၅၀,၀၀၀ ဖြင့်ရောင်းချနေကြသည်။
မြန်မာနိုင်ငံတွင်ထုတ်သော မူးယစ်ဆေးများကို တောင်ပိုင်းမှ တစ်ဆင့်ထိုင်းနိုင်ငံ၊ မြောက်ပိုင်းမှ တစ်ဆင့် တရုတ်နိုင်ငံ၊ အနောက် ပိုင်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုုင်ငံ တို့သို့ မှောင်ခိုတင်ပို့နေပြီး ဒေသဆိုင်ရာ ရဲတပ်ဖွဲ့များ ထိန်း ချုပ်ရန် မနိုင်မနင်းဖြစ်နေကာ မူး ယစ်ဆေးစွဲသည့်ပြဿနာ၊ အ ကျင့်ပျက်ခြစားမှုနှင့် ငွေကြေးခဝါ ချမှုတို့ကို အမြစ်တွယ်စေသည်။
ယခုစီးနင်းမှုများအတွင်း လူ ၃၃ ဦးဖမ်းမိပြီး အာဏာပိုင်များက ရာဇဝတ်ဂိုဏ်းများ၊ မှောင်ခိုသ မားများနှင့်ကြံရာပါများကို ဥပဒေ အတိုင်း အရေးယူမည်ဟု ကြွေး ကြော်ထားသည်။
မြန်မာနိုင်ငံမူးယစ်ဆေးဝါး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲမှူးဇော် လင်းက ရှေ့တွင်ကြုံရမည့် စိန် ခေါ်မှုများကို အသိအမှတ်ပြုသော် လည်း မှောင်ခိုကူးသူများ များစွာ ကြာအောင် လှုပ်ရှားနိုင်မည်မ ဟုတ်ဟု ပြောကြားသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.