Breaking

May 21, 2020

ICJ ဆုံးဖြတ်ချက်အကောင်အထည်ဖော်ရာမှာ မြန်မာဘက်က ပွင့်လင်းမြင်သာမှုမရှိတဲ့အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်




Global Justice Center အဖဲြ႔ကဦးေဆာင္ၿပီး ရိုဟင္ဂ်ာေတြအေပၚ လူမ်ဳိးတုန္းသတ္ျဖတ္မႈကို ျမန္မာအစိုးရက ဘယ္ေလာက္ထိ ကာကြယ္ေပးေနသလဲ ဆိုတဲ့ ေခါင္းစဥ္နဲ႔ ဗီြဒီယိုကြန္ဖရင့္
Global Justice Center အဖဲြ႔ကဦးေဆာင္ၿပီး ရိုဟင္ဂ်ာေတြအေပၚ လူမ်ဳိးတုန္းသတ္ျဖတ္မႈကို ျမန္မာအစိုးရက ဘယ္ေလာက္ထိ ကာကြယ္ေပးေနသလဲ ဆိုတဲ့ ေခါင္းစဥ္နဲ႔ ဗီြဒီယိုကြန္ဖရင့္
(Zawgyi/Unicode)
ICJ ႏိုင္ငံတကာတရားရံုးကို ျမန္မာအစိုးရက ေလးလျပည့္ အစီရင္ခံစာ တင္သြင္းမယ့္
ေမလ ၂၃ ရက္ေန႔ မတိုင္ခင္ ရက္ပိုင္းအလိုမွာရိုဟင္ဂ်ာေတြကို လူမ်ဳိးတုန္း သတ္ျဖတ္မႈကေနျမန္မာအစိုးရက အကာအကြယ္မေပးႏိုင္ေသးဘူးလို႔ ျမန္မာ့အေရး ကြ်မ္းက်င္သူေတြက ေ၀ဖန္ေျပာဆိုလိုက္ပါတယ္။
ICJ ကုလသမဂၢတရားရံုးရဲ႕ ဆံုးျဖတ္ခ်က္ေတြကို ျမန္မာအစိုးရက အေကာင္အထည္ေဖၚတဲ့ေနရာမွာ ထင္သာျမင္သာမႈမရွိဘူးလို႔ ဆိုပါတယ္။ ဆက္သြယ္ေမးျမန္းထားတဲ့ မအင္ၾကင္းႏိုင္က အေသးစိတ္ေျပာျပမွာပါ။
အေမရိကန္ျပည္ေထာင္စု နယူးေရာက္ အေျခစိုက္ Global Justice Center အဖဲြ႔က ႀကီးမွဴးၿပီးေတာ့ ရိုဟင္ဂ်ာေတြအေပၚ လူမ်ဳိးတုန္းသတ္ျဖတ္မႈကို ျမန္မာအစိုးရက ဘယ္ေလာက္ထိ ကာကြယ္ေပးေနသလဲ ဆိုတဲ့ ေခါင္းစဥ္နဲ႔ ဗီြဒီယိုကြန္ဖရင့္ ေဆြးေႏြးပဲြကို မေန႔ ဗုဒၶဟူးေန႔က ျပဳလုပ္ခဲ့တာပါ။ အဓိက ပါ၀င္ေဆြးေႏြးသူေတြကေတာ့ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ေဟာင္း ယန္ဟီလီ၊ ကိုဖီအာနန္ ရခိုင္အႀကံေပးေကာ္မရွင္ အဖဲြ႔၀င္ေဟာင္း သံအမတ္ႀကီး Laetitia Van Den Assum၊ Women Peace Network တည္ေထာင္သူလည္းျဖစ္ ဒါရိုက္တာလည္းျဖစ္တဲ့ မေ၀ေ၀ႏု တို႔ျဖစ္ပါတယ္။
ျမန္မာႏိုင္ငံအေပၚ ICJ တရားရံုးက ဇန္န၀ါရီလက ခ်မွတ္ထားတဲ့(Provisional measures) ၾကားျဖတ္အေရးယူ ေဆာင္ရြက္ဖို႔ အစီအစဥ္ ဆံုးျဖတ္ခ်က္ ဟာ ေလးလၾကာခဲ့ေပမယ့္ ရိုဟင္ဂ်ာေတြနဲ႔ ပတ္သက္တဲ့ အကာအကြယ္ေပးလုပ္ေဆာင္မႈေတြ ဘာမွ တိုးတက္မႈမရွိေသးသလို၊ ျမန္မာအစိုးရ ဘက္က ရိုးရိုးသားသားလိုက္နာအေကာင္အထည္ေဖၚ ေဆာင္ရြက္တာလည္း မေတြ႔ရဘူးလို႔ ျမန္မာ့အေရး ကြ်မ္းက်င္သူေတြက တညီတညြတ္တည္း ေထာက္ျပခဲ့ေၾကာင္း ကိုယ္တိုင္ ပါ၀င္ေဆြးေႏြးခဲ့သူWomen Peace Network ဒါရိုက္တာ မေ၀ေ၀ႏုက ဗီြအိုေအကိုေျပာပါတယ္။
“ICJ မွာ ဒီအမႈ စျဖစ္ကတည္းက တရားရံုးကေန အမိန္႔ထုတ္ျပန္ခဲ့တာ ေလးလရွိသြားၿပီ။ အမွန္တကယ္ဆို ဒီကာလမွာ အမ်ားႀကီး အေကာင္အထည္ေဖၚၿပီးသား ျဖစ္ေနရမယ္။ ဒါေပမယ့္ ေအာက္ေျခမွာ အေျခအေနက ဘာမွ တိုးတက္မႈမရွိလာဘူး။ ရိုဟင္ဂ်ာေတြရဲ႕ အေျခအေနေတြ ေျပာင္းလဲသြားတာမရွိဘူး။ အဲေတာ့ ထိေရာက္တဲ့ လုပ္ေဆာင္ခ်က္ေတြ လုပ္ဖို႔လိုတယ္။ ဥပေဒေတြကို ျပဌာန္းဖို႔ လိုေနပါတယ္။”
ဒါအျပင္ ျမန္မာအစိုးရက ICJ တရားရံုးဆံုးျဖတ္ကို လိုက္နာ အေကာင္အထည္ ေဖၚေနတယ္ဆိုတဲ့ေနရာမွာလည္း ပြင့္လင္းျမင္သာမႈမရွိဘူးဆိုတဲ့အခ်က္ကိုလည္း ေဆြးေႏြးပဲြမွာ ေထာက္ျပခဲ့ၾကပါတယ္။
ျမန္မာအစိုးရဘက္က တပ္မေတာ္ရဲ႕ စစ္ဆင္ေရးေတြမွာ စစ္ရာဇ၀တ္က်ူးလြန္တာေတြ မလုပ္ဖို႔၊ ညြန္ၾကားခ်က္ေတြထုတ္ျပန္တာ၊ ICOE ရခိုင္အႀကံေပးေကာ္မရွင္ရဲ႕အစီရင္ခံစာအရ ျပစ္မႈက်ဴးလြန္တဲ့ လံုၿခံဳေရးတပ္ဖဲြ႕၀င္ေတြကို အေရးယူေရး ေဆာင္ရြက္ေနတာ၊ ICJ တရားရံုးဆံုးျဖတ္ခ်က္ကို လိုက္နာမယ့္အေၾကာင္း ေၾကညာခ်က္ေတြ ထုတ္ျပန္ထားတာရွိပါတယ္။
ဒါေတြကို အသိအမွတ္ျပဳေပမယ့္ လက္ေတြ႕မွာ ရခိုင္ျပည္နယ္အေျခအေနဟာ တိုးတက္မႈ မရွိတဲ့အျပင္ ရိုဟင္ဂ်ာေတြအတြက္ေရာ၊ ရခိုင္တိုင္းရင္းသားေတြအတြက္ပါ လံုၿခံဳမႈ မရွိတာေတြ႕ရတယ္လို႔ ကုလသမဂၢလူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ေဟာင္း ယန္ဟီလီ က ေဆြးေနြးပဲြမွာ ေထာက္ျပသြားခဲ့တယ္လို႔ မေ၀ေ၀ႏုက ေျပာပါတယ္။
” က်ဴးလြန္တယ္ဆိုတာက ညြန္ၾကားခ်က္ေတြ ထုတ္ရံုနဲ႔ကာကြယ္လို႔မရဘူး။ ေအာက္ေျခမွာ ထိထိေရာက္ေရာက္ ျပဳျပင္ေျပာင္းလဲမႈေတြရွိိဖို႔ လိုတယ္ဆိုတာကိုေျပာတယ္။ ဥပေဒေတြ ထုတ္ျပန္ၿပီး ကာကြယ္ရမယ္။ လူမ်ဳိးတုန္း သတ္ျဖတ္မႈဆိုင္ရာ စာခ်ဳပ္ကိုလည္း ျပည္တြင္းဥပေဒေတြထဲမွာ ထည့္သြင္းၿပီး သက္ေရာက္မႈရွိေအာင္ လုပ္ဖို႔ ဆိုတဲ့အခ်က္ေတြကို ေျပာသြားပါတယ္။”
ဒါအျပင္ ေဆြးေႏြးပဲြမွာလည္း ICOE အစီရင္ခံစာ အျပည့္အစံုကို ျမန္မာအစိုးရက ဘာေၾကာင့္ မထုတ္ျပန္ေသးတာလဲဆိုတာကိုလည္း ယန္ဟီလီက ေမးခြန္းထုတ္သြားပါတယ္။ မၾကာေသးခင္သတင္းပတ္ေတြတုန္းကလည္း ယန္ဟီလီဟာ ရခိုင္ျပည္နယ္မွာ ျမန္မာတပ္မေတာ္ကေအေအ ရခိုင္လက္နက္ကိုင္အဖဲြ႕ ကို ႏွိမ္နင္းရာမွာစစ္ရာဇ၀တ္ က်ူးလြန္မႈေတြ ျဖစ္ႏိုင္တဲ့ အေျခအေနေရာက္ ေနေၾကာင္း ႏိုင္ငံတကာကို သတိေပးေျပာၾကားခဲ့ပါတယ္။


ျမန္မာႏုိင္ငံမွာ ခ်က္ခ်င္း အပစ္အခတ္ရပ္စဲေရး လုံၿခံဳေရးေကာင္စီ၀င္ အီးယူႏုိင္ငံေတြေတာင္းဆုိ

အလားတူ ကိုဖီအာနန္ ရခိုင္အႀကံေပးေကာ္မရွင္ အဖဲြ႔၀င္ေဟာင္း သံအမတ္ႀကီး Laetitia လက္တီရွာကလည္း ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္တဲ့ အရပ္သားအစိုးရအေနနဲ႔စနစ္တက် ျပစ္မႈက်ဴးလြန္မႈေတြကို ကာကြယ္တားဆီးႏိုင္မႈ မရွိရင္ လည္း အျပစ္က်ဴးလြန္ရာေရာက္ေနတယ္လို႔ သတိေပးေျပာဆိုခဲ့ေၾကာင္း မေ၀ေ၀ႏုက ေျပာပါတယ္။
“အစိုးရအေနနဲ႔ ဒီလိုမ်ဳိး စနစ္တက် ႏွစ္ေပါင္းမ်ားစြာ ျဖစ္ေပၚခဲ့တဲ့ ခဲြျခားဆက္ဆံမႈေတြ၊ ဖိႏွိပ္မႈေတြကို မသိက်ဳိးကြ်န္ျပဳၿပီး အေရးယူေဆာင္ရြက္မႈ မရွိဘူး။ ျပဳျပင္ေျပာင္းလဲမႈ မရွိဘူးဆိုရင္ ဒါဟာ act of omission ျဖစ္တယ္ဆိုၿပီး သူေျပာသြားပါတယ္။”
ျမန္မာအစိုးရအေနနဲ႔ ကိုဖီအာနန္ ေကာ္မရွင္ရဲ႕အႀကံျပဳခ်က္ေတြကို လိုက္နာပါမယ္လို႔ လက္ခံထားၿပီျဖစ္တဲ့အတြက္ ဒါေတြကို ထိထိေရာက္ေရာက္ ရိုးရိုးသားသား အေကာင္အထည္ေဖၚဖို႔ လည္း သံအမတ္ႀကီးက တိုက္တြန္းသြားတယ္။
မေ၀ေ၀ႏုကလည္း လက္ရွိရခိုင္ျပည္နယ္မွာ ရိုဟင္ဂ်ာေတြဟာ အရင္ ဆယ္စုႏွစ္ေပါင္းမ်ားစြာကတည္းက ခဲြျခားဖိႏွိပ္ထားတဲ့ အေျခအေနတိုင္း သိသာတဲ့ ေျပာင္းလဲမႈေတြ မရွိေသးဘူးဆိုတာကို အခ်က္အလက္ေတြတင္ျပေဆြးေႏြးခဲ့တယ္လို႔ ေျပာပါတယ္။
” ရခိုင္မွာ ေလာေလာဆယ္ ရိုဟင္ဂ်ာေတြအေပၚ က်ဴးလြန္ေနတဲ့ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြနဲ႔ ႏွိပ္စက္မႈေတြဟာ အခုခ်ိန္ထိ ရွိေနေသးတယ္။ လံုး၀ တိုးတက္ေျပာင္းလဲမႈ မရွိေသးဘူး။ NVC ကဒ္ေတြကို အတင္းထုတ္ေပးတာ၊ IDP စခန္းေတြက ဒုကၡသည္ေတြကိုလည္း အခုခ်ိန္ထိ သူတို႔ေနရပ္ေတြကို ေပးမျပန္တာ စတာေတြကို က်မ ေဆြးေႏြးတင္ျပခဲ့ပါတယ္။”
ျမန္မာအစိုးရက မၾကာခင္ရက္ပိုင္းအတြင္း ICJ ကို တင္သြင္းမယ့္ အစီရင္ခံစာမွာလည္း သူတို႔ ဟန္ျပေဆာင္ရြက္ခ်က္ေတြကိုပဲ ထည့္သြင္းထားၿပီး လက္ေတြ႕အေျခအေနနဲ႔ ကြာျခားမႈေတြရွိမယ္ဆိုတာကို ေမွ်ာ္လင့္ထားေၾကာင္း မေ၀ေ၀ႏုက ဆိုပါတယ္။
ရိုဟင္ဂ်ာ အသံုးအႏႈန္းကို လက္မခံတဲ့ျမန္မာအစိုးရကေတာ့ICJ ႏိုင္ငံတကာတရံုးက ခ်မွတ္ထားတဲ့ ၾကားျဖတ္အေရးယူေဆာင္ရြက္ဖို႔အစီအစဥ္ေတြကို လိုက္နာအေကာင္အထည္ေဖၚသြားမယ့္အေၾကာင္း ဧၿပီလေႏွာင္းပိုင္းက ေၾကညာခ်က္ ထုတ္ျပန္ ထားပါတယ္။
………………
ICJ ဆုံးဖြတ်ချက်အကောင်အထည်ဖော်ရာမှာ မြန်မာဘက်က ပွင့်လင်းမြင်သာမှုမရှိတဲ့အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်
(Unicode)
ICJ နိုင်ငံတကာတရားရုံးကို မြန်မာအစိုးရက လေးလပြည့် အစီရင်ခံစာ တင်သွင်းမယ့်
မေလ ၂၃ ရက်နေ့ မတိုင်ခင် ရက်ပိုင်းအလိုမှာရိုဟင်ဂျာတွေကို လူမျိုးတုန်း သတ်ဖြတ်မှုကနေမြန်မာအစိုးရက အကာအကွယ်မပေးနိုင်သေးဘူးလို့ မြန်မာ့အရေး ကျွမ်းကျင်သူတွေက ဝေဖန်ပြောဆိုလိုက်ပါတယ်။
ICJ ကုလသမဂ္ဂတရားရုံးရဲ့ ဆုံးဖြတ်ချက်တွေကို မြန်မာအစိုးရက အကောင်အထည်ဖေါ်တဲ့နေရာမှာ ထင်သာမြင်သာမှုမရှိဘူးလို့ ဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အသေးစိတ်ပြောပြမှာပါ။
အမေရိကန်ပြည်ထောင်စု နယူးရောက် အခြေစိုက် Global Justice Center အဖွဲ့က ကြီးမှူးပြီးတော့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုကို မြန်မာအစိုးရက ဘယ်လောက်ထိ ကာကွယ်ပေးနေသလဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဗွီဒီယိုကွန်ဖရင့် ဆွေးနွေးပွဲကို မနေ့ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တာပါ။ အဓိက ပါဝင်ဆွေးနွေးသူတွေကတော့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း ယန်ဟီလီ၊ ကိုဖီအာနန် ရခိုင်အကြံပေးကော်မရှင် အဖွဲ့ဝင်ဟောင်း သံအမတ်ကြီး Laetitia Van Den Assum၊ Women Peace Network တည်ထောင်သူလည်းဖြစ် ဒါရိုက်တာလည်းဖြစ်တဲ့ မဝေေ၀နု တို့ဖြစ်ပါတယ်။
မြန်မာနိုင်ငံအပေါ် ICJ တရားရုံးက ဇန်နဝါရီလက ချမှတ်ထားတဲ့(Provisional measures) ကြားဖြတ်အရေးယူ ဆောင်ရွက်ဖို့ အစီအစဉ် ဆုံးဖြတ်ချက် ဟာ လေးလကြာခဲ့ပေမယ့် ရိုဟင်ဂျာတွေနဲ့ ပတ်သက်တဲ့ အကာအကွယ်ပေးလုပ်ဆောင်မှုတွေ ဘာမှ တိုးတက်မှုမရှိသေးသလို၊ မြန်မာအစိုးရ ဘက်က ရိုးရိုးသားသားလိုက်နာအကောင်အထည်ဖေါ် ဆောင်ရွက်တာလည်း မတွေ့ရဘူးလို့ မြန်မာ့အရေး ကျွမ်းကျင်သူတွေက တညီတညွတ်တည်း ထောက်ပြခဲ့ကြောင်း ကိုယ်တိုင် ပါဝင်ဆွေးနွေးခဲ့သူWomen Peace Network ဒါရိုက်တာ မဝေေ၀နုက ဗွီအိုအေကိုပြောပါတယ်။
“ICJ မှာ ဒီအမှု စဖြစ်ကတည်းက တရားရုံးကနေ အမိန့်ထုတ်ပြန်ခဲ့တာ လေးလရှိသွားပြီ။ အမှန်တကယ်ဆို ဒီကာလမှာ အများကြီး အကောင်အထည်ဖေါ်ပြီးသား ဖြစ်နေရမယ်။ ဒါပေမယ့် အောက်ခြေမှာ အခြေအနေက ဘာမှ တိုးတက်မှုမရှိလာဘူး။ ရိုဟင်ဂျာတွေရဲ့ အခြေအနေတွေ ပြောင်းလဲသွားတာမရှိဘူး။ အဲတော့ ထိရောက်တဲ့ လုပ်ဆောင်ချက်တွေ လုပ်ဖို့လိုတယ်။ ဥပဒေတွေကို ပြဌာန်းဖို့ လိုနေပါတယ်။”

Genocide Convention ပါ ျပဌာန္းခ်က္ေတြအတို္င္း လုိက္နာေဆာင္ရြက္ဖို႔ ၫႊန္ၾကားခ်က္ထုတ္ျပန္

ဒါအပြင် မြန်မာအစိုးရက ICJ တရားရုံးဆုံးဖြတ်ကို လိုက်နာ အကောင်အထည် ဖေါ်နေတယ်ဆိုတဲ့နေရာမှာလည်း ပွင့်လင်းမြင်သာမှုမရှိဘူးဆိုတဲ့အချက်ကိုလည်း ဆွေးနွေးပွဲမှာ ထောက်ပြခဲ့ကြပါတယ်။
မြန်မာအစိုးရဘက်က တပ်မတော်ရဲ့ စစ်ဆင်ရေးတွေမှာ စစ်ရာဇဝတ်ကျူးလွန်တာတွေ မလုပ်ဖို့၊ ညွန်ကြားချက်တွေထုတ်ပြန်တာ၊ ICOE ရခိုင်အကြံပေးကော်မရှင်ရဲ့အစီရင်ခံစာအရ ပြစ်မှုကျူးလွန်တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အရေးယူရေး ဆောင်ရွက်နေတာ၊ ICJ တရားရုံးဆုံးဖြတ်ချက်ကို လိုက်နာမယ့်အကြောင်း ကြေညာချက်တွေ ထုတ်ပြန်ထားတာရှိပါတယ်။
ဒါတွေကို အသိအမှတ်ပြုပေမယ့် လက်တွေ့မှာ ရခိုင်ပြည်နယ်အခြေအနေဟာ တိုးတက်မှု မရှိတဲ့အပြင် ရိုဟင်ဂျာတွေအတွက်ရော၊ ရခိုင်တိုင်းရင်းသားတွေအတွက်ပါ လုံခြုံမှု မရှိတာတွေ့ရတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း ယန်ဟီလီ က ဆွေးနွေးပွဲမှာ ထောက်ပြသွားခဲ့တယ်လို့ မဝေေ၀နုက ပြောပါတယ်။
” ကျူးလွန်တယ်ဆိုတာက ညွန်ကြားချက်တွေ ထုတ်ရုံနဲ့ကာကွယ်လို့မရဘူး။ အောက်ခြေမှာ ထိထိရောက်ရောက် ပြုပြင်ပြောင်းလဲမှုတွေရှိဖို့ လိုတယ်ဆိုတာကိုပြောတယ်။ ဥပဒေတွေ ထုတ်ပြန်ပြီး ကာကွယ်ရမယ်။ လူမျိုးတုန်း သတ်ဖြတ်မှုဆိုင်ရာ စာချုပ်ကိုလည်း ပြည်တွင်းဥပဒေတွေထဲမှာ ထည့်သွင်းပြီး သက်ရောက်မှုရှိအောင် လုပ်ဖို့ ဆိုတဲ့အချက်တွေကို ပြောသွားပါတယ်။”
ဒါအပြင် ဆွေးနွေးပွဲမှာလည်း ICOE အစီရင်ခံစာ အပြည့်အစုံကို မြန်မာအစိုးရက ဘာကြောင့် မထုတ်ပြန်သေးတာလဲဆိုတာကိုလည်း ယန်ဟီလီက မေးခွန်းထုတ်သွားပါတယ်။ မကြာသေးခင်သတင်းပတ်တွေတုန်းကလည်း ယန်ဟီလီဟာ ရခိုင်ပြည်နယ်မှာ မြန်မာတပ်မတော်ကအေအေ ရခိုင်လက်နက်ကိုင်အဖွဲ့ ကို နှိမ်နင်းရာမှာစစ်ရာဇဝတ် ကျူးလွန်မှုတွေ ဖြစ်နိုင်တဲ့ အခြေအနေရောက် နေကြောင်း နိုင်ငံတကာကို သတိပေးပြောကြားခဲ့ပါတယ်။
အလားတူ ကိုဖီအာနန် ရခိုင်အကြံပေးကော်မရှင် အဖွဲ့ဝင်ဟောင်း သံအမတ်ကြီး Laetitia လက်တီရှာကလည်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရအနေနဲ့စနစ်တကျ ပြစ်မှုကျူးလွန်မှုတွေကို ကာကွယ်တားဆီးနိုင်မှု မရှိရင် လည်း အပြစ်ကျူးလွန်ရာရောက်နေတယ်လို့ သတိပေးပြောဆိုခဲ့ကြောင်း မဝေေ၀နုက ပြောပါတယ်။
“အစိုးရအနေနဲ့ ဒီလိုမျိုး စနစ်တကျ နှစ်ပေါင်းများစွာ ဖြစ်ပေါ်ခဲ့တဲ့ ခွဲခြားဆက်ဆံမှုတွေ၊ ဖိနှိပ်မှုတွေကို မသိကျိုးကျွန်ပြုပြီး အရေးယူဆောင်ရွက်မှု မရှိဘူး။ ပြုပြင်ပြောင်းလဲမှု မရှိဘူးဆိုရင် ဒါဟာ act of omission ဖြစ်တယ်ဆိုပြီး သူပြောသွားပါတယ်။”
မြန်မာအစိုးရအနေနဲ့ ကိုဖီအာနန် ကော်မရှင်ရဲ့အကြံပြုချက်တွေကို လိုက်နာပါမယ်လို့ လက်ခံထားပြီဖြစ်တဲ့အတွက် ဒါတွေကို ထိထိရောက်ရောက် ရိုးရိုးသားသား အကောင်အထည်ဖေါ်ဖို့ လည်း သံအမတ်ကြီးက တိုက်တွန်းသွားတယ်။
မဝေေ၀နုကလည်း လက်ရှိရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေဟာ အရင် ဆယ်စုနှစ်ပေါင်းများစွာကတည်းက ခွဲခြားဖိနှိပ်ထားတဲ့ အခြေအနေတိုင်း သိသာတဲ့ ပြောင်းလဲမှုတွေ မရှိသေးဘူးဆိုတာကို အချက်အလက်တွေတင်ပြဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။
” ရခိုင်မှာ လောလောဆယ် ရိုဟင်ဂျာတွေအပေါ် ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ နှိပ်စက်မှုတွေဟာ အခုချိန်ထိ ရှိနေသေးတယ်။ လုံး၀ တိုးတက်ပြောင်းလဲမှု မရှိသေးဘူး။ NVC ကဒ်တွေကို အတင်းထုတ်ပေးတာ၊ IDP စခန်းတွေက ဒုက္ခသည်တွေကိုလည်း အခုချိန်ထိ သူတို့နေရပ်တွေကို ပေးမပြန်တာ စတာတွေကို ကျမ ဆွေးနွေးတင်ပြခဲ့ပါတယ်။”
မြန်မာအစိုးရက မကြာခင်ရက်ပိုင်းအတွင်း ICJ ကို တင်သွင်းမယ့် အစီရင်ခံစာမှာလည်း သူတို့ ဟန်ပြဆောင်ရွက်ချက်တွေကိုပဲ ထည့်သွင်းထားပြီး လက်တွေ့အခြေအနေနဲ့ ကွာခြားမှုတွေရှိမယ်ဆိုတာကို မျှော်လင့်ထားကြောင်း မဝေေ၀နုက ဆိုပါတယ်။
ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံတဲ့မြန်မာအစိုးရကတော့ICJ နိုင်ငံတကာတရုံးက ချမှတ်ထားတဲ့ ကြားဖြတ်အရေးယူဆောင်ရွက်ဖို့အစီအစဉ်တွေကို လိုက်နာအကောင်အထည်ဖေါ်သွားမယ့်အကြောင်း ဧပြီလနှောင်းပိုင်းက ကြေညာချက် ထုတ်ပြန် ထားပါတယ်။
https://burmese.voanews.com/a/icj-myanmar-how-far-they-follow-video-conference-/5429601.html?nocache=1&fbclid=IwAR1f6fCsxiHainzvEdwg4IrVgL3mMJwEnxaLiWTGHFx6ZDilFJNITufarhY

No comments:

Post a Comment

Note: Only a member of this blog may post a comment.