Breaking

May 3, 2020

အနောက်ဘက်ကမ်းကျူးကျော်သိမ်းယူမှုအစီအစဉ်တွေနဲ့ပတ်သက်ပြီး အစ္စရေးကိုပိတ်ဆို့ အရေးယူဖို့ ဗြိတိန်နိုင်ငံရေးသမားများတောင်းဆို


Unicode
မေ ၃၊ ၂၀၂၀ Myanmar Muslim Media
အသိမ်းပိုက်ခံအနောက်ဘက်ကမ်းနယ်မြေတွေကို ကျူးကျော်သိမ်းပိုက်မှုလုပ်ဖို့ အစီအစဉ် အတိုင်းဆက်လက် လုပ်ဆောင်မယ်ဆိုရင် အစ္စရေးကို အရေးယူပိတ်ဆို့မှုတွေလုပ်ဖို့ နိုင်ငံရေးနယ်ပယ်တစ်ဝန်းက ဗြိတိန်နိုင်ငံရေးသမားဒါဇင်နဲ့ချီ ဝန်ကြီးချုပ်ဘိုရစ်ဂျွန်ဆင်ကို တိုက်တွန်းခဲ့ပါတယ်။
ဒီကျူးကျော်သိမ်းယူမှုဟာ နိုင်ငံတကာဥပဒေအောက်မှာ တရားဝင်မှုမရှိပဲ အရေးယူ ပိတ်ဆို့မှုတွေအပါအဝင် နောက်ဆက်တွဲအကျိုးဆက်အများအပြားကို ခံစားရလိမ့်မယ် ဆိုတာ သေချာရှင်းလင်းစေဖို့ သောကြာနေ့ကထုတ်ပြန်ခဲ့တဲ့စာထဲမှာ ကွန်ဆာဗေးတစ် ပါတီဝင်တွေအပါအဝင် လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိတဲ့လွှတ်တော်အမတ်တွေနဲ့ အငြိမ်းစားအမတ်တွေက ဂျွန်ဆင်ကိုတောင်းဆိုခဲ့ကြပါတယ်။
“နိုင်ငံတကာဥပဒေကလုံးဝကိုရှင်းပါတယ်။ စစ်ကနေ နယ်မြေကျူးကျော် သိမ်းယူမှုတွေ ကိုတားမြစ်ထားပါတယ်” လို့စာထဲမှာရေးသားထားပါတယ်။ အစိုးရအဖွဲ့ဝင်ဟောင်းတွေ ဝန်ကြီးဟောင်းတွေနဲ့ စီနီယာသံတမန်တွေအပါအဝင် နိုင်ငံရေးသမားတွေက အစ္စရေးရဲ့ကျူးကျော်သိမ်းယူမှုမှန်သမျှကို စကားလုံးတွေနဲ့မဟုတ်ပဲ လက်တွေ့ အရေးယူသွားဖို့ တောင်းဆိုခဲ့ကြတယ်လို့ ထုတ်ပြန်ချက်ထဲမှာပြောကြားထားပါတယ်။ လက်နက်နဲ့ကျူးကျော်သိမ်းယူမှုဟာ နှစ်နိုင်ငံဖြေရှင်းချက်နဲ့ ငြိမ်းချမ်းရေး ကြိုးပမ်း အားထုတ်မှုတွေကို နာလန်မထူအောင်ဖြစ်သွားစေလိမ့်မယ်လို့ စာထဲမှာသတိပေး ထားပါတယ်။ ပါလက်စတိုင်းမြေပေါ်မှာ အစ္စရေးရဲ့အချုပ်အခြာအာဏာပိုင်ကြေငြာချက်ကို ၂၀၁၄ခုနှစ်တုန်းက ယူကရိန်းရဲ့ခရိုင်မီယာဒေသမှာ ရုရှားရဲ့ကျူးကျော်သိမ်းယူမှုနဲ့ နှိုင်းယှဉ်ပြီးစာထဲမှာရေးသားထားပါတယ်။
“ဗြိတိန်အနေနဲ့ ပိတ်ဆို့အရေးယူမှုတွေအပါအဝင် သင့်လျော်တဲ့အရေးယူမှုတွေနဲ့ ဒီလုပ်ရပ်တွေကိုထိထိရောက်ဆန့်ကျင်သွားရမှာပါ” လို့စာထဲမှာရေးသားထားပါတယ်။ ခရိုင်မီယာအရေးနဲ့ပတ်သက်ပြီး ရုရှားရဲ့လုပ်ရပ်တွေကို ဂျွန်ဆင်က လူသိရှင်ကြား ဝေဖန်မှုတွေ လုပ်ဆောင်ထားပါတယ်။ အစ္စရေးဟာ ၁၉၆၇ခုနှစ် အိမ်နီးချင်း အာရပ်နိုင်ငံတွေနဲ့ စစ်ပွဲအတွင်း အနောက်ဘက်ကမ်း အရှေ့ဂျေရုဆလင်နဲ့ ဆီးရီးယား ဂိုလန်ကုန်းမြင့်တွေကို သိမ်းယူခဲ့ပါတယ်။
သောကြာနေ့ကထုတ်ပြန်ခဲ့တဲ့ စာထဲမှာ နိုင်ငံတကာအဖွဲ့အစည်းအနေနဲ့ သိမ်းပိုက်ခံထားရမှု အောက်မှာရှိနေတဲ့ ပါလက်စတိုင်းတွေကို ကာကွယ်ပေးဖို့တာဝန်ရှိတယ်လို့ ပြောကြားထားပါတယ်။ “အစ္စရေးရဲ့တရားမဝင်လုပ်ရပ်တွေကို စံထားကော်ပီယူပြီး တစ်ခြားနိုင်ငံတွေက ကျူးကျော်သိမ်းယူမှုတွေလုပ်ဆောင်လာနိုင်တာကို ကြိုတင်ကာကွယ် တားဆီးမယ်ဆိုရင် ဗြိတိန်အနေနဲ့ ရှေ့ထွက်ပြီးဦးဆောင်ရပါမယ်” လို့စာထဲမှာရေးသား ထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို အခွင့်ကောင်းယူပြီး အစ္စရေးက ဒီဆိုးရွားတဲ့အစီအစဉ်ကိုအကောင်အထည်ဖော်နေတယ်လို့ နိုင်ငံရေးသမားတွေက စွပ်စွဲထားပါတယ်။
အစ္စရေးရဲ့ကျူးကျော်ရေးအစီအစဉ်တွေကို ဆန့်ကျင်သတိပေးထားတဲ့ ပြင်သစ် ဂျာမနီ နဲ့ အီတလီနဲ့ စပိန်တို့နဲ့အတူ ပြီးခဲ့တဲ့နှစ်က ဗြိတိန်ကပူးပေါင်းပါဝင်ခဲ့ပါတယ်။ “ဒါကိုအကောင် အထည် ဖော်လုပ်ဆောင်မယ်ဆိုရင် နိုင်ငံတကာဥပဒေကိုအကြီးအကျယ် ချိုးဖောက်မှုဖြစ် သွားလိမ့်မယ်”လို့ ဥပရောပနိုင်ငံတွေရဲ့ထုတ်ပြန်ချက်ထဲမှာသတိပေးထားပါတယ်။
Middle East Eye သတင်းဌာနပါ “UK politicians call for sanctions against Israel over West Bank annexation plans” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။
Zawgyi
အေနာက္ဘက္ကမ္းက်ဴးေက်ာ္သိမ္းယူမႈအစီအစဥ္ေတြနဲ႔ပတ္သက္ၿပီး အစၥေရးကိုပိတ္ဆို႔အေရးယူဖို႔ ၿဗိတိန္ႏိုင္ငံေရးသမားမ်ားေတာင္းဆို
ေမ ၃၊ ၂၀၂၀ Myanmar Muslim Media
အသိမ္းပိုက္ခံအေနာက္ဘက္ကမ္းနယ္ေျမေတြကို က်ဴးေက်ာ္သိမ္းပိုက္မႈလုပ္ဖို႔အစီအစဥ္အတိုင္းဆက္လက္ လုပ္ေဆာင္မယ္ဆိုရင္ အစၥေရးကို အေရးယူပိတ္ဆို႔မႈေတြလုပ္ဖို႔ ႏိုင္ငံေရးနယ္ပယ္တစ္၀န္းက ၿဗိတိန္ႏိုင္ငံေရးသမားဒါဇင္နဲ႔ခ်ီ ၀န္ႀကီးခ်ဳပ္ဘိုရစ္ဂၽြန္ဆင္ကို တိုက္တြန္းခဲ့ပါတယ္။
ဒီက်ဴးေက်ာ္သိမ္းယူမႈဟာ ႏိုင္ငံတကာဥပေဒေအာက္မွာ တရား၀င္မႈမရွိပဲ အေရးယူပိတ္ဆို႔မႈေတြအပါအ၀င္ ေနာက္ဆက္တြဲအက်ဳိးဆက္အမ်ားအျပားကို ခံစားရလိမ့္မယ္ဆိုတာ ေသခ်ာရွင္းလင္းေစဖို႔ ေသာၾကာေန႔ကထုတ္ျပန္ခဲ့တဲ့စာထဲမွာ ကြန္ဆာေဗးတစ္ပါတီ၀င္ေတြအပါအ၀င္ လက္ရွိတာ၀န္ထမ္းေဆာင္လ်က္ရွိတဲ့လႊတ္ေတာ္အမတ္ေတြနဲ႔ အၿငိမ္းစားအမတ္ေတြက ဂၽြန္ဆင္ကိုေတာင္းဆိုခဲ့ၾကပါတယ္။
“ႏိုင္ငံတကာဥပေဒကလံုး၀ကိုရွင္းပါတယ္။ စစ္ကေန နယ္ေျမက်ဴးေက်ာ္သိမ္းယူမႈေတြကိုတားျမစ္ထားပါတယ္” လို႔စာထဲမွာေရးသားထားပါတယ္။ အစိုးရအဖြဲ႔၀င္ေဟာင္းေတြ ၀န္ႀကီးေဟာင္းေတြနဲ႔ စီနီယာသံတမန္ေတြအပါအ၀င္ ႏိုင္ငံေရးသမားေတြက အစၥေရးရဲ႕က်ဴးေက်ာ္သိမ္းယူမႈမွန္သမွ်ကို စကားလံုးေတြနဲ႔မဟုတ္ပဲ လက္ေတြ႔အေရးယူသြားဖို႔ ေတာင္းဆိုခဲ့ၾကတယ္လို႔ ထုတ္ျပန္ခ်က္ထဲမွာေျပာၾကားထားပါတယ္။ လက္နက္နဲ႔က်ဴးေက်ာ္သိမ္းယူမႈဟာ ႏွစ္ႏိုင္ငံေျဖရွင္းခ်က္နဲ႔ ၿငိမ္းခ်မ္းေရးႀကိဳးပမ္းအားထုတ္မႈေတြကို နာလန္မထူေအာင္ျဖစ္သြားေစလိမ့္မယ္လို႔ စာထဲမွာသတိေပးထားပါတယ္။ ပါလက္စတိုင္းေျမေပၚမွာ အစၥေရးရဲ႕အခ်ဳပ္အျခာအာဏာပိုင္ေၾကျငာခ်က္ကို ၂၀၁၄ခုႏွစ္တုန္းက ယူကရိန္းရဲ႕ခရိုင္မီယာေဒသမွာ ရုရွားရဲ႕က်ဴးေက်ာ္သိမ္းယူမႈနဲ႔ ႏိႈင္းယွဥ္ၿပီးစာထဲမွာေရးသားထားပါတယ္။
“ၿဗိတိန္အေနနဲ႔ ပိတ္ဆို႔အေရးယူမႈေတြအပါအ၀င္ သင့္ေလ်ာ္တဲ့အေရးယူမႈေတြနဲ႔ ဒီလုပ္ရပ္ေတြကိုထိထိေရာက္ဆန္႔က်င္သြားရမွာပါ” လို႔စာထဲမွာေရးသားထားပါတယ္။ ခရိုင္မီယာအေရးနဲ႔ပတ္သက္ၿပီး ရုရွားရဲ႕လုပ္ရပ္ေတြကို ဂၽြန္ဆင္က လူသိရွင္ၾကားေ၀ဖန္မႈေတြလုပ္ေဆာင္ထားပါတယ္။ အစၥေရးဟာ ၁၉၆၇ခုႏွစ္ အိမ္နီးခ်င္းအာရပ္ႏိုင္ငံေတြနဲ႔ စစ္ပြဲအတြင္း အေနာက္ဘက္ကမ္း အေရွ႕ေဂ်ရုဆလင္နဲ႔ ဆီးရီးယားဂိုလန္ကုန္းျမင့္ေတြကို သိမ္းယူခဲ့ပါတယ္။
ေသာၾကာေန႔ကထုတ္ျပန္ခဲ့တဲ့ စာထဲမွာ ႏိုင္ငံတကာအဖြဲ႔အစည္းအေနနဲ႔ သိမ္းပိုက္ခံထားရမႈေအာက္မွာရွိေနတဲ့ ပါလက္စတိုင္းေတြကို ကာကြယ္ေပးဖို႔တာ၀န္ရွိတယ္လို႔ ေျပာၾကားထားပါတယ္။ “အစၥေရးရဲ႕တရားမ၀င္လုပ္ရပ္ေတြကို စံထားေကာ္ပီယူၿပီး တစ္ျခားႏိုင္ငံေတြက က်ဴးေက်ာ္သိမ္းယူမႈေတြလုပ္ေဆာင္လာႏိုင္တာကို ႀကိဳတင္ကာကြယ္တားဆီးမယ္ဆိုရင္ ၿဗိတိန္အေနနဲ႔ ေရွ႕ထြက္ၿပီးဦးေဆာင္ရပါမယ္” လို႔စာထဲမွာေရးသားထားပါတယ္။ ကိုရိုနာဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈကို အခြင့္ေကာင္းယူၿပီး အစၥေရးက ဒီဆိုးရြားတဲ့အစီအစဥ္ကိုအေကာင္အထည္ေဖာ္ေနတယ္လို႔ ႏိုင္ငံေရးသမားေတြက စြပ္စြဲထားပါတယ္။
အစၥေရးရဲ႕က်ဴးေက်ာ္ေရးအစီအစဥ္ေတြကို ဆန္႔က်င္သတိေပးထားတဲ့ ျပင္သစ္ ဂ်ာမနီ နဲ႔ အီတလီနဲ႔ စပိန္တို႔နဲ႔အတူ ၿပီးခဲ့တဲ့ႏွစ္က ၿဗိတိန္ကပူးေပါင္းပါ၀င္ခဲ့ပါတယ္။ “ဒါကိုအေကာင္အထည္ေဖာ္လုပ္ေဆာင္မယ္ဆိုရင္ ႏိုင္ငံတကာဥပေဒကိုအႀကီးအက်ယ္ ခ်ဳိးေဖာက္မႈျဖစ္သြားလိမ့္မယ္”လို႔ ဥပေရာပႏိုင္ငံေတြရဲ႕ထုတ္ျပန္ခ်က္ထဲမွာသတိေပးထားပါတယ္။
Middle East Eye သတင္းဌာနပါ “UK politicians call for sanctions against Israel over West Bank annexation plans” အမည္ျဖင့္ေဖာ္ျပထားသည့္ သတင္းကိုေညာင္နီရြက္(Myanmar Muslim Media)က ျမန္မာဘာသာသုိ႔ဆီေလ်ာ္ေအာင္ျပန္ဆိုသည္။

No comments:

Post a Comment

Note: Only a member of this blog may post a comment.