ဒေါက်တာရှီဂျန်လိ ဆိုတာ ဘယ်သူလဲလို့ သုတေသနသမားတွေကို မေးရင် လင်းနို့မှာတွေ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-like Coronavirus) ကို လူသားတွေဆီ ကူးအောင်လုပ်နိုင်တဲ့ နည်းကို ရှာဖွေတွေ့ရှိခဲ့သူ အဖြစ်သိကြတယ်။ ဝူဟန်မြို့က ဆိုရှယ် မီဒီယာတွေမှာတော့ Mother of Evil လို့ ခေါ်ကြတယ်။ လင်းနို့တွေနဲ့ နှစ်ပေါင်းများစွာ အလုပ် လုပ်ခဲ့အတွက် Bat Woman လို့လည်း ခေါ်ကြတယ်။
ပုံမှန်အားဖြင့် လင်းနို့မှာတွေ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ လူတွေဆီ ကူးလေ့မရှိဘူး။ ဒါပေမဲ့ သူ့ရဲ့ မျိုးရိုးဗီဇကို ပြောင်းလိုက်ရင်တော့ လူတင်မက တစ်ခြားသတ္ထဝါဆီ ကူးနိုင်တယ် ဆိုတာ ရှာတွေ့ခဲ့ပါတယ်။ အဓိကတော့ လူတွေကို ကူးတဲ့နည်းကို ရှာတွေ့တယ်လို့ ပြောလိုက်တာ ပညာရှင်တွေ အားလုံး အထိတ်တလန့် ဖြစ်ခဲ့ကြရတယ်။ အဲဒါ နဲနဲတော့ ကြာခဲ့ပြီ။ ၂၀၁၃ နှစ်ကုန်ပိုင်းလောက်ကပေါ့။
ကိုယ်ကလည်း အဲ့အချိန်က စင်္ကာပူ သုတေသနလောကမှာ ရှိနေဆဲမို့ SARS Virus နဲ့ ပတ်သက်ပြီး အားလုံးက လန့်နေရတဲ့ အချိန် သူ့ Paper က ဆေးသုတေသနရဲ့ ထိပ်တန်းက Journal ဖြစ်တဲ့ Nature မှာပါလာခဲ့တော့ လူပြောအများဆုံး အကြောင်းတစ်ခု ဖြစ်ခဲ့တဲ့ အချိန်ပေါ့။ အဲဒီ Paper မှာ သူတို့ပြောခဲ့တာ လင်းနို့မှာတွေ့ရတဲ့ ကိုရိုနာ ဗိုင်းရပ်အသစ် တစ်မျိုးမှာ တွေ့ရတဲ့ S Protein ဟာ လူတွေမှာရှိတဲ့ ACE2 Receptor ကို ပေါင်းပြီးရင် လူရဲ့ ဆဲလ်တွေထဲ ထဲ့လို့ရပြီ တနည်းအားဖြင့် လူတွေဗိုင်းရပ်ပိုး ကူးအောင်လုပ်နိုင်ပြီလို့ ပြောလိုက်လို့ အားလုံး လန့်သွားကြတာ။
ဒေါက်တာရှီ နောက်ကြောင်းကို ပြန်ကြည့်ရင် တရုတ်နိုင်ငံ ဟီနန်ပြည်နယ်မှာ ၁၉၆၄ ခုနှစ် မေလ ၂၆ ရက်မှာ မွေးဖွားခဲ့တယ်။ ဝူဟန်တက္ကသိုလ်မှာ ပညာသင်ခဲ့ပြီး Wuhan Institute of Virology ကနေ ၁၉၉၀ ခုနှစ်မှာ ဗိုင်းရပ်ပညာနဲ့ မာစတာဘွဲ့ကို ယူတယ်။ အဲဒီနောက် ပြင်သစ်နိုင်ငံ Universite Montpellier 2 မှာ PhD ယူပြီး ၂၀၀၀ ခုနှစ်မှာ ဝူဟန်ကို ပြန်လာပြီး ဗိုင်းရပ် သုတေသနကို စတင်ခဲ့တယ်။ သူဟာ ကိုရိုနာဗိုင်းရပ်နဲ့ ပက်သက်ရင် တကယ့် ပညာရှင်ဖြစ်သည်။

အဲဒီ လူပြောအများဆုံး ၂၀၁၃ Nature journal က Paper မတိုင်ခင်ကလည်း သူ့ပြောခဲ့ဘူးတာ တစ်ခုရှိတယ်၊ လင်းနို့မှာရှိတဲ့ ACE2 Receptor ရဲ့ မျိုးရိုးဗီဇကို ပြောင်းလိုက်ရင် ကိုရိုနာဗိုင်းရပ်ကို အမျိုးအစားမတူတဲ့ လင်နို့တွေထဲမှာ ထဲ့ပြီး SARS Virus ပိုးကို ထဲ့နိုင်တယ်လို့ ပြောခဲ့တယ်။ အဲ့တုန်ကတော့ သူ့ကို သိပ် သတိမထားမိကြသေးဘူး။
အဲဒီ ၂၀၁၃ မှာ သူပြောခဲ့တဲ့နောက် သူ့ကို အားလုံးက ရင်မပြီး စောင့်ကြည့်နေရပြီ။ သူလုပ်နေတဲ့ လမ်းကြောင်းကို အတော်များများက သဘောပေါက်လာတယ်။ ကိုရိုနာဗိုင်းရပ်ကို လင်းနို့ကယူ မျိုးရိုးဗီဇပြောင်းပြီး လူထဲ ထည့်ဖို့ ကြိုးစားနေတာကို သိပ္ပံပညာရှင်တွေက အန္ထရယ်များလွန်းလို့ ကန့်ကွက်ချင်ကြတယ်။ ဒါပေမဲ့ ထုံးစံအတိုင်းပါဘဲ တရုတ်ပြည်မှာ လုပ်နေတဲ့ သုတေသန တရုတ်အစိုးရ သဘောတူရင် လုပ်ခွင့်ရှိတာဘဲလေ။

အဲ့နောက်ပိုင်း ၂၀၁၅ လောက်မှာ နောက်ထပ် သုတေသနတွေ့ရှိချက် ထပ်ထွက်လာတယ်။ Synthetic Virus လူလုပ်ဗိုင်းရပ် တစ်မျိုးကို ဒေါက်တာရှီတို့ အဖွဲ့က လုပ်နိုင်ပြီလို့ Nature Medicine Journal မှာ ပါလာတယ်။ အဲဒီအဖွဲ့က လုပ်တဲ့ လူလုပ်ဗိုင်းရပ်ဟာ ဓါတ်ခွဲခန်းက ကြွက်လေးတွေရဲ့ အဆုတ်ကို အကြီးအကျယ် ပျက်စီးနိုင်ကြောင်း ပြခဲ့တယ်။ ဒါတင်မက အဲဒီ လူလုပ်ဗိုင်းရပ်ဟာ Cross-Species Transmission လို့ ခေါ်တဲ့ လူတင်မက ကြွက်တွေ မျောက်တွေထိ ကူးနိုင်စွမ်းရှိကြောင်း ပြခဲ့တယ်။
အဲဒီ တွေ့ရှိမှုနောက်မှာတော့ သုတေသနလောကမှာ ပွက်ပွက်ဆူအောင် ဒေါက်တာရှီနဲ့ အဖွဲ့ကို ဝေဘန်ခဲ့တယ်။ အထူးသဖြင့် အမေရိကန်နဲ့ ပြင်သစ်က ဗိုင်းရပ်ပညာရှင်တွေက အကြီးအကျယ် ပြစ်တင်ခဲ့တယ်။ အဲ့နောက်ပိုင်း အသံတွေ ပျောက်သွားပြီး အခုတစ်ခါ ကိုဗစ်ကိစ္စမှာ ဒေါက်တာရှီရဲ့ ဓါတ်ခွဲခန်းက ထွက်လာတဲ့ ဗိုင်းရပ်လို့ စွတ်စွဲကြရင်း အသံတွေ ပြန်ဆူ လာပြန်ပြီပေါ့။

အမေရိကန်ဦးဆောင်တဲ့ အဖွဲ့တွေက တရုတ်က ဓါတ်ခွဲခန်းတွေ ဆေးရုံတွေကို ဝင်စစ်ဆေးချင်တယ်။ တရုတ်ကလည်း အစစ်ဆေးခံဖို့ ငြင်းတယ်။
မပြေးသော် ကန်ရာရှိ ဆိုတဲ့ စကားလိုဘဲ၊ ကိုရိုနာဗိုင်းရပ်နဲ့ ပတ်သက်ရင် တရုတ်ပြည်ရဲ့ အကြီးဆုံး ဓါတ်ခွဲခန်းက ဝူဟန်မှာရှိတယ်၊ ရောဂါစဖြစ်တာလည်း ဝူဟန်က စ တယ်။ ဒေါက်တာရှီရဲ့ သုတေသနတွေကလည်း အများက အထင်မှားချင်စရာတွေက ရှိနေတယ်။ စောင့်ကြည့်ရမှာပေါ့။

No comments:
Post a Comment
Note: Only a member of this blog may post a comment.