Breaking

May 7, 2020

လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက အိမ်သုံးမီတာခ ၇၅ ယူနစ်အထိ ကင်းလွတ်ခွင့်ပေးမည်




(Unicode)
မြန်မာနိုင်ငံမှာ အိမ်ထောင်စုတွေ၊ ဘာသာရေး အဖွဲ့အစည်းတွေနဲ့ ပြည်တွင်းက လူမှုရေး အဖွဲ့အစည်းတွေအတွက် အိမ်သုံးအမျိုးအစား လျှပ်စစ်ဓါတ်အားသုံးစွဲမှု ၇၅ ယူနစ်အထိ မီတာကြေးကို မေလ ၁ ရက်နေ့ကနေ မေလ ၁၅ ရက်နေ့အထိ ထပ်မံ ကင်းလွတ်ခွင့် ပေးသွား မယ်လို့ လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာနက မေလ ၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
COVID-19 ရောဂါကာကွယ်တားဆီးရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ဧပြီလ ၃၀ ရက်နေ့အထိ ထုတ်ပြန်ထားတဲ့ အမိန့်၊ ညွှန်ကြား ချက်တွေကို မေလ ၁၅ ရက်နေ့အထိ သက်တမ်းတိုးတဲ့နည်းတူ မီတာခ ကင်းလွတ်ခွင့်ပြုထားတာတွေကုလည်း အခုလို ထပ်ပြီး သက်တမ်း တိုးပေးတာလို့ ဆိုပါတယ်။
လျှပ်စစ်ဓါတ်အားသုံးစွဲမှု ၇၅ ယူနစ်အထိ ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့် ပေးထားတဲ့အထဲ သံရုံးတွေ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ အကြုံးမဝင်ပါဘူး။
ကင်းလွတ်ခွင့်ရတဲ့သူတွေအနေနဲ့လည်း မိမိတို့သုံးစွဲထားတဲ့ အိမ်သုံးအမျိုးအစား လျှပ်စစ်ဓါတ်အား ယူနစ်တွေထဲက (၁) ယူနစ်ကနေ (၇၅) ယူနစ်အထိ အခမဲ့ သုံးစွဲခွင့် ရရှိမှာဖြစ်ပြီး (၇၆) ယူနစ်နဲ့ အထက်သုံးစွဲမှုတွေအတွက်ကိုတော့ အဆင့်လိုက်သတ်မှတ်ချက်နှုန်း ထားတွေ အတိုင်း ပေးဆောင်ရမှာလည်း ဖြစ်ပါတယ်။
အထူးကိစ္စရပ်အနေနဲ့ ကင်းလွတ်ခွင့်ပြုထားတဲ့ ပြည်တွင်းလူမှုရေးအဖွဲ့အစည်းတွေရဲ့ သုံးစွဲမှု တွေက လွဲလို့ ကျန်သုံးစွဲသူ တွေ အားလုံး အရင် သတ်မှတ်နှုန်းတွေအတိုင်း ပေးဆောင်ရမှာ ဖြစ်တယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။


 လွ်ပ္စစ္နဲ႔ စြမ္းအင္၀န္ႀကီးဌာနက အိမ္သုံးမီတာခ ၇၅ ယူနစ္အထိ ကင္းလြတ္ခြင့္ေပးမည္
(Zawgyi/Unicode)
ျမန္မာနိုင္ငံမွာ အိမ္ေထာင္စုေတြ၊ ဘာသာေရး အဖြဲ႕အစည္းေတြနဲ႔ ျပည္တြင္းက လူမႈေရး အဖြဲ႕အစည္းေတြအတြက္ အိမ္သုံးအမ်ိဳးအစား လၽွပ္စစ္ဓါတ္အားသုံးစြဲမႈ ၇၅ ယူနစ္အထိ မီတာေၾကးကို ေမလ ၁ ရက္ေန႔ကေန ေမလ ၁၅ ရက္ေန႔အထိ ထပ္မံ ကင္းလြတ္ခြင့္ ေပးသြား မယ္လို႔ လၽွပ္စစ္နဲ႔ စြမ္းအင္ ဝန္ႀကီးဌာနက ေမလ ၆ ရက္ေန႔ ရက္စြဲနဲ႔ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။
COVID-19 ေရာဂါကာကြယ္တားဆီးေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီက ဧၿပီလ ၃၀ ရက္ေန႔အထိ ထုတ္ျပန္ထားတဲ့ အမိန္႔၊ ညႊန္ၾကား ခ်က္ေတြကို ေမလ ၁၅ ရက္ေန႔အထိ သက္တမ္းတိုးတဲ့နည္းတူ မီတာခ ကင္းလြတ္ခြင့္ျပဳထားတာေတြကုလည္း အခုလို ထပ္ၿပီး သက္တမ္း တိုးေပးတာလို႔ ဆိုပါတယ္။
လၽွပ္စစ္ဓါတ္အားသုံးစြဲမႈ ၇၅ ယူနစ္အထိ ေငြေၾကးေကာက္ခံမႈ ကင္းလြတ္ခြင့္ ေပးထားတဲ့အထဲ သံ႐ုံးေတြ၊ ကုလသမဂၢနဲ႔ နိုင္ငံတကာ အဖြဲ႕အစည္းေတြ အၾကဳံးမဝင္ပါဘူး။
ကင္းလြတ္ခြင့္ရတဲ့သူေတြအေနနဲ႔လည္း မိမိတို႔သုံးစြဲထားတဲ့ အိမ္သုံးအမ်ိဳးအစား လၽွပ္စစ္ဓါတ္အား ယူနစ္ေတြထဲက (၁) ယူနစ္ကေန (၇၅) ယူနစ္အထိ အခမဲ့ သုံးစြဲခြင့္ ရရွိမွာျဖစ္ၿပီး (၇၆) ယူနစ္နဲ႔ အထက္သုံးစြဲမႈေတြအတြက္ကိုေတာ့ အဆင့္လိုက္သတ္မွတ္ခ်က္ႏႈန္း ထားေတြ အတိုင္း ေပးေဆာင္ရမွာလည္း ျဖစ္ပါတယ္။
အထူးကိစၥရပ္အေနနဲ႔ ကင္းလြတ္ခြင့္ျပဳထားတဲ့ ျပည္တြင္းလူမႈေရးအဖြဲ႕အစည္းေတြရဲ႕ သုံးစြဲမႈ ေတြက လြဲလို႔ က်န္သုံးစြဲသူ ေတြ အားလုံး အရင္ သတ္မွတ္ႏႈန္းေတြအတိုင္း ေပးေဆာင္ရမွာ ျဖစ္တယ္လို႔ ေၾကညာခ်က္မွာ ပါရွိပါတယ္။

 https://burmese.voanews.com/a/myanmar-electricity-covid-/5408849.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.