Breaking

May 11, 2020

ျမန္မာ့ COVID-19 တိုက္ဖ်က္ေရးအတြက္ ကုလနဲ႔ EU အကူအညီေတြ ထပ္မံေရာက္ရွိ


EU ႏွင့္ ဆြစ္ဇာလန္တုိ႔က လွဴဒါန္းၿပီး ရန္ကုန္ေလဆိပ္သုိ႔ ေရာက္ရွိလာသည့္ ကုိ႐ိုနာဗုိင္းရပ္စ္ စမ္းသပ္စစ္ေဆးသည့္ Test Kits မ်ား။ (ေမ ၁၀၊ ၂၀၂၀)
(Zawgyi / Unicode)
ျမန္မာ့ COVID-19 တိုက္ဖ်က္ေရးမွာ ဥေရာပသမဂၢ (EU) နဲ႔ အဖြဲ႔၀င္ႏုိင္ငံေတြရဲ႕ အကူအညီေတြ ဆက္လက္ရရွိေနေပမယ့္ ျမန္မာႏုိင္ငံကို ေငြေၾကးခ၀ါခ်တဲ့ ႏုိင္ငံမ်ားစာရင္းမွာ ထည့္သြင္းလိုက္တဲ့ အခ်က္ေၾကာင့္ အကူအညီေတြ ေလ်ာ့သြားႏုိင္တဲ့အေၾကာင္း မသိဂႌထုိက္ စုစည္းတင္ျပထားပါတယ္။
ျမန္မာႏုိင္ငံမွာ ကို႐ုိနာဗိုင္းရပ္စ္ စမ္းသပ္စစ္ေဆးမႈေတြ တိုးျမႇင့္ေဆာင္ရြက္ႏုိင္ဖို႔အတြက္ ကုလသမဂၢ ကေလးသူငယ္မ်ား ရန္ပံုေငြအဖြဲ႔ (UNICEF) က ေပးပို႔တဲ့ ကို႐ုိနာဗိုင္းရပ္စ္ စမ္းသပ္စစ္ေဆးတဲ့ Test Kits ေတြထဲက ပထမအသုတ္အေနနဲ႔ Test Kit စမ္းသပ္ပစၥည္း အစံုေပါင္း ၁၀,၀၀၀ တနဂၤေႏြေန႔မွာ ျမန္မာႏုိင္ငံကို ဆိုက္ေရာက္လာပါတယ္။ ဒုတိယအေက်ာ့အျဖစ္ Test Kit စမ္းသပ္ပစၥည္း အစံု ၁၀,၀၀၀ ကေတာ့ ဇြန္လမတိုင္ခင္ ထပ္ေရာက္မယ္လုိ႔လည္း ခန္႔မွန္းရပါတယ္။
ကုလသမဂၢအဖြဲ႔ကိုယ္စား ကမၻာ့စားနပ္ရိကၡာအဖြဲ႔ (WFP) က မေလးရွားႏုိင္ငံ ကြာလာလမ္ပူနဲ႔ ျမန္မာႏုိင္ငံ ရန္ကုန္ၿမိဳ႕ၾကား ေလေၾကာင္းခရီးစဥ္ ပ်ံသန္းေပးေနၿပီး လူသားခ်င္း စာနာေထာက္ကူမႈဆိုင္ရာ ကုန္စည္ေတြနဲ႔ လူပုဂၢိဳလ္ေတြကို ပို႔ေဆာင္ေပးေနတာ ျဖစ္ပါတယ္။ WFP ရဲ႕ ေလေၾကာင္းခရီးစဥ္ အတြက္ကိုေတာ့ ဥေရာပသမဂၢ (EU) နဲ႔ ဆြစ္ဇာလန္တို႔က ရန္ပံုေငြ ေထာက္ပံ့တာ ျဖစ္ပါတယ္။
တခ်ိန္တည္းမွာပဲ ေရာဂါတိုက္ဖ်က္ေရး အသံုးျပဳေနရတဲ့ ေဆး႐ုံေဆးခန္းသံုး PPE ေတြျဖစ္တဲ့ ႏွာေခါင္းစည္းေတြ၊ ေရာဂါကာကြယ္ေရး ၀တ္စံုေတြ ျပည္တြင္းမွာ ထုတ္လုပ္မႈကို အားေပးတဲ့အေနနဲ႔ ျပည္တြင္း အထည္ခ်ဳပ္စက္႐ုံ ၂ ခုကေန က်ပ္သိန္း ၂,၀၀၀ ဖိုး PPE ပစၥည္းေတြ မွာယူခဲ့ေၾကာင္း ျမန္မာႏုိင္ငံဆိုင္ရာ ဒိန္းမတ္သံ႐ုံးကလည္း သတင္းထုတ္ျပန္ထားပါတယ္။
ျပည္တြင္း အထည္ခ်ဳပ္လုပ္ငန္းတခုျဖစ္တဲ့ ေရႊဆည္းဆာ အထည္ခ်ဳပ္လုပ္ငန္းပိုင္ရွင္ ေဒၚႏွင္းသက္မြန္ကေတာ့ အခုဆိုရင္ တရက္ကို PPE ၀တ္စံု ၂,၀၀၀ နီးပါး ထုတ္လုပ္ႏုိင္လာၿပီျဖစ္ေၾကာင္း AFP သတင္းေအဂ်င္စီကို ေျပာပါတယ္။
“ေဆး႐ုံအုပ္ႀကီးေတြကိုယ္တိုင္ ဆက္လာတယ္၊ တကယ္လိုအပ္ေနတယ္ေပါ့ေနာ္။ မလိုအပ္ဘဲနဲ႔ေတာ့ သူတို႔ ဆက္လာမွာမဟုတ္ဘူး။ တခ်ိဳ႕ဆိုရင္ လာယူဖို႔ကို သူတို႔ဘက္ကလည္း ႀကိဳးစားရတယ္။ လမ္းေတြက ပိတ္ထားတာ ဆိုေတာ့ေလ။ က်မတို႔က COVID ေတာင္မွ တခါတေလ ေမ့ၿပီးေတာ့ စိတ္ညစ္စရာဆိုတာကို ေမ့ၿပီးေတာ့ တိုက္ပြဲတခု လုပ္ေနသလိုမ်ိဳးပဲ၊ စီစဥ္ေနသလိုပဲ။”
ျပည္တြင္းမွာ PPE ၀တ္စံုေတြ ေစ်းႀကီးေနခ်ိန္မွာ သူတို႔ကေတာ့ အစံု ၁၀,၀၀၀ ေလာက္ လွဴဒါန္းႏုိင္ၿပီလို႔လည္း ေျပာပါတယ္။ စက္႐ုံထဲမွာလည္း ႏွာေခါင္းစည္းေတြ ၀တ္ထားတဲ့ အထည္ခ်ဳပ္၀န္ထမ္းေတြ ပ်ားပန္းခပ္ ခ်ဳပ္လုပ္ေနၾကတာပါ။


(Unicode)
မြန်မာ့ COVID-19 တိုက်ဖျက်ရေးအတွက် ကုလနဲ့ EU အကူအညီတွေ ထပ်မံရောက်ရှိ
မြန်မာ့ COVID-19 တိုက်ဖျက်ရေးမှာ ဥရောပသမဂ္ဂ (EU) နဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ အကူအညီတွေ ဆက်လက်ရရှိနေပေမယ့် မြန်မာနိုင်ငံကို ငွေကြေးခဝါချတဲ့ နိုင်ငံများစာရင်းမှာ ထည့်သွင်းလိုက်တဲ့ အချက်ကြောင့် အကူအညီတွေ လျော့သွားနိုင်တဲ့အကြောင်း မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးမှုတွေ တိုးမြှင့်ဆောင်ရွက်နိုင်ဖို့အတွက် ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ (UNICEF) က ပေးပို့တဲ့ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးတဲ့ Test Kits တွေထဲက ပထမအသုတ်အနေနဲ့ Test Kit စမ်းသပ်ပစ္စည်း အစုံပေါင်း ၁၀,၀၀၀ တနင်္ဂနွေနေ့မှာ မြန်မာနိုင်ငံကို ဆိုက်ရောက်လာပါတယ်။ ဒုတိယအကျော့အဖြစ် Test Kit စမ်းသပ်ပစ္စည်း အစုံ ၁၀,၀၀၀ ကတော့ ဇွန်လမတိုင်ခင် ထပ်ရောက်မယ်လို့လည်း ခန့်မှန်းရပါတယ်။
ကုလသမဂ္ဂအဖွဲ့ကိုယ်စား ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က မလေးရှားနိုင်ငံ ကွာလာလမ်ပူနဲ့ မြန်မာနိုင်ငံ ရန်ကုန်မြို့ကြား လေကြောင်းခရီးစဉ် ပျံသန်းပေးနေပြီး လူသားချင်း စာနာထောက်ကူမှုဆိုင်ရာ ကုန်စည်တွေနဲ့ လူပုဂ္ဂိုလ်တွေကို ပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်။ WFP ရဲ့ လေကြောင်းခရီးစဉ် အတွက်ကိုတော့ ဥရောပသမဂ္ဂ (EU) နဲ့ ဆွစ်ဇာလန်တို့က ရန်ပုံငွေ ထောက်ပံ့တာ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ ရောဂါတိုက်ဖျက်ရေး အသုံးပြုနေရတဲ့ ဆေးရုံဆေးခန်းသုံး PPE တွေဖြစ်တဲ့ နှာခေါင်းစည်းတွေ၊ ရောဂါကာကွယ်ရေး ဝတ်စုံတွေ ပြည်တွင်းမှာ ထုတ်လုပ်မှုကို အားပေးတဲ့အနေနဲ့ ပြည်တွင်း အထည်ချုပ်စက်ရုံ ၂ ခုကနေ ကျပ်သိန်း ၂,၀၀၀ ဖိုး PPE ပစ္စည်းတွေ မှာယူခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးကလည်း သတင်းထုတ်ပြန်ထားပါတယ်။
ပြည်တွင်း အထည်ချုပ်လုပ်ငန်းတခုဖြစ်တဲ့ ရွှေဆည်းဆာ အထည်ချုပ်လုပ်ငန်းပိုင်ရှင် ဒေါ်နှင်းသက်မွန်ကတော့ အခုဆိုရင် တရက်ကို PPE ဝတ်စုံ ၂,၀၀၀ နီးပါး ထုတ်လုပ်နိုင်လာပြီဖြစ်ကြောင်း AFP သတင်းအေဂျင်စီကို ပြောပါတယ်။
“ဆေးရုံအုပ်ကြီးတွေကိုယ်တိုင် ဆက်လာတယ်၊ တကယ်လိုအပ်နေတယ်ပေါ့နော်။ မလိုအပ်ဘဲနဲ့တော့ သူတို့ ဆက်လာမှာမဟုတ်ဘူး။ တချို့ဆိုရင် လာယူဖို့ကို သူတို့ဘက်ကလည်း ကြိုးစားရတယ်။ လမ်းတွေက ပိတ်ထားတာ ဆိုတော့လေ။ ကျမတို့က COVID တောင်မှ တခါတလေ မေ့ပြီးတော့ စိတ်ညစ်စရာဆိုတာကို မေ့ပြီးတော့ တိုက်ပွဲတခု လုပ်နေသလိုမျိုးပဲ၊ စီစဉ်နေသလိုပဲ။”
ပြည်တွင်းမှာ PPE ဝတ်စုံတွေ ဈေးကြီးနေချိန်မှာ သူတို့ကတော့ အစုံ ၁၀,၀၀၀ လောက် လှူဒါန်းနိုင်ပြီလို့လည်း ပြောပါတယ်။ စက်ရုံထဲမှာလည်း နှာခေါင်းစည်းတွေ ဝတ်ထားတဲ့ အထည်ချုပ်ဝန်ထမ်းတွေ ပျားပန်းခပ် ချုပ်လုပ်နေကြတာပါ။

No comments:

Post a Comment

Note: Only a member of this blog may post a comment.