Breaking

May 15, 2020

Covid-19 အတွက် ဖြေရှင်းချက် မပေးနိုင်ပါက တရုတ်ကို စီးပွားရေး ပိတ်ဆို့ဖို့ အမေရိကန် ပြင်ဆင်ပြီ

ထိပ်တန်း Republican လွှတ်တော်အမတ်တစ်ဦးက Covid-19 အတွက် တရုတ်အနေနဲ့ဖြေရှင်းချက်မပေးနိုင်ပါက အမေရိကန်ဘက်ကချမှတ်သွားမယ့် စီးပွားရေးပိတ်ဆို့မှုဆိုင်ရာ လုပ်ဆောင်ချက်တချို့ကို လွှတ်တော်မှာတင်သွင်းအတည်ပြုခဲ့ပါတယ်။ ဒါဟာ ယခင်ကတည်းက တရုတ်ကိုစီးပွားရေးဖိအားပေးဖို့တာစူနေတဲ့ သမ္မတထရန့်အတွက် ရေငတ်တုန်းရေတွင်းထဲကျသလိုပါပဲ။
ဒါ့အပြင် လွှတ်တော်အမတ် Lindsey Graham က ” တရုတ်နိုင်ငံသာ ရောဂါပိုးကိုဖုံးကွယ်မထားပဲ ထိထိရောက်ရောက် ကုသနိုင်ခဲ့မယ်ဆို အမေရိကန်မှာ လူ ၈သောင်းသေစရာ အကြောင်းမရှိပါဘူး” လို့ပြောခဲ့ပါသေးတယ်။ ” တရုတ်ဟာ သူတို့ဇာတ် သူတို့မနိုင်တာကြောင့် ကမ္ဘာနဲ့ပူးပေါင်းပြီး Covid-19 အရင်းမြစ်ရှာဖွေခြင်းကိုဘယ်တော့မှ လုပ်ဆောင်သွားမယ့်ပုံမပေါ်ပါဘူး” လို့လည်း ဆိုပါတယ်။
Senator Lindsey Graham
ယခုတင်သွင်းတဲ့ COVID-19 Accountability Act မှာ တရုတ်အနေနဲ့ အမေရိကန်ဒါမှမဟုတ် WHO အပါအဝင် အမေရိကန်မိတ်ဖက်နိုင်ငံတစ်နိုင်ငံရဲ့ Covid-19 စုံစမ်းဖော်ထုတ်ရေးကိုပူးပေါင်းပါဝင်ရမှာဖြစ်ပြီး ရက် ၆၀ အတွင်း မပါဝင်ပါက စီးပွားရေးပိတ်ဆို့မှုစတင်တော့မှာဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်အနေနဲ့ ရောဂါပြန်လည်ဖြစ်ပွားနိုင်တဲ့ တရုတ်သားငါးစျေးတွေကို ပိတ်ပေးရမှာဖြစ်ပြီး ရောဂါကြီးမဖြစ်ခင် ဖမ်းဆီးထားတဲ့ ဟောင်ကောင် ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကိုလည်း ပြန်လွှတ်ပေးဖို့ပါဝင်တာလည်းဖြစ်ပါတယ်။
တရုတ်အနေနဲ့ ငြင်းဆန်ပါက COVID-19 Accountability Act ဟာ တရုတ်နိုင်ငံအပေါ် သမ္မတထရန့်အနေနဲ့ ခရီးသွားလာမှုကန့်သတ်ခြင်း၊ဗီဇာရပ်ဆိုင်းခြင်း၊ အမေရိကန်ထံမှ ချေးငွေရယူနေတဲ့ တရုတ်စီးပွားရေးလုပ်ငန်းများရပ်ဆိုင်းခြင်းနဲ့ US stock exchange မှတရုတ်ကို ဖယ်ထုတ်ခြင်း စသည့်လုပ်ငန်းတွေကို လုပ်ဆောင်ဖို့ အာဏာအပြည့်ရရှိသွားမှာလည်းဖြစ်ပါတယ်။
ယခုအဆိုကို လွှတ်တော်ထဲက အခြား Republican အမတ် ၈ ယောက်ကလည်း သဘောတူခဲ့ပါတယ်။ ထိုအဆိုကို ဝါရှင်တန်အခြေစိုက် တရုတ်သံရုံးထံမှ တုံ့ပြန်မှုမရှိသေးပေမဲ့ တရုတ်အစိုးရကတော့ သူတို့ဟာ ရောဂါပိုးနဲ့ပတ်သတ်ပြီး ပွင့်လင်းမြင်သာမှုရှိတယ်လို့ပဲ ပြောနေတာပါ။ သမ္မတထရန့်ကတော့ တရုတ်ဟာ ရောဂါကိုသေချာမထိန်းချုပ်နိုင်ခဲ့တဲ့အပြင် နိုဝင်ဘာရွေးကောက်ပွဲမှာ သူရရှိမယ့် မဲအရေအတွက်လျော့အောင် လုပ်ဆောင်နေတယ် လို့စွပ်စွဲထားပါတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.