Breaking

September 16, 2020

ရိုဟင်ဂျာသတ်ဖြတ်မှု စစ်သားနှစ်ဦးထွက်ဆိုချက် ယုံကြည်ရလောက် (Fortify Rights)

 


ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕မွာ တပ္စဲြထားတဲ့ ျမန္မာ့စစ္တပ္ တပ္ဖဲြ႔၀င္မ်ား။ 
(ၾသဂုတ္ ၃၁၊ ၂၀၁၇)

[Zawgyi/Unicode]

ရခုိင္ျပည္နယ္ စစ္ဆင္ေရးေတြအတြင္း ႐ိုဟင္ဂ်ာေတြကို အစုအေဝးလိုက္ သတ္ျဖတ္မႈနဲ႔ တျခားရာဇဝတ္မႈေတြမွာ ပါဝင္ခဲ့တယ္ဆိုတဲ့ စစ္သားႏွစ္ဦးရဲ႕ ထြက္ဆိုခ်က္ေတြဟာ ယံုၾကည္ႏုိင္ေလာက္တဲ့ ထြက္ဆိုခ်က္ေတြျဖစ္တယ္လို႔ Fortify Rights လူ႔အခြင့္အေရးအဖြဲ႔ရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ Matthew Smith က ဗီြအုိေအကိုေျပာပါတယ္။

တပ္ကထြက္ေျပးၿပီးတဲ့ေနာက္ ရခုိင္လက္နက္ကိုင္ (AA) အဖြဲ႔ေရွ႕မွာ အဲဒီစစ္သားႏွစ္ဦး ထြက္ဆိုခဲ့တာျဖစ္ၿပီး AA က ႐ိုက္ကူးမွတ္တမ္းတင္ထားတဲ့ ဗီြဒီယိုကို သူတို႔ကိုယ္တိုင္ၾကည့္ၿပီးေတာ့ ဆန္းစစ္ခဲ့တာလို႔ Matthew Smith ကေျပာပါတယ္။ ဒီစစ္သားႏွစ္ဦး ထြက္ဆိုထားတဲ့ထဲမွာ အဓိကအေရးပါတဲ့ အခ်က္ေတြက ဘာေတြပါလဲ ... သူတို႔ရဲ႕ ထြက္ဆိုခ်က္ေတြကေရာ ဘယ္ေလာက္ ယံုၾကည္ရေလာက္ပါသလဲ ... ဒီေမးခြန္းေတြနဲ႔ပတ္သက္ၿပီး Fortify Rights အဖြဲ႔ရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ Matthew Smith ကို ဆက္သြယ္ေမးျမန္းထားတဲ့ ကိုေက်ာ္ေက်ာ္သိန္းက တင္ျပထားပါတယ္။

ေျခလ်င္တပ္ရင္း ၅၆၅ ကလို႔ေျပာတဲ့ အသက္ ၃၃ ႏွစ္အ႐ြယ္ ကိုမ်ိဳးဝင္းထြန္းဆိုသူနဲ႔ေျခလ်င္တပ္ရင္း ၃၅၃ ကလို႔ေျပာတဲ့ အသက္ ၃၀ အ႐ြယ္ ကိုေဇာ္ႏိုင္ထြန္းဆိုသူတို႔ႏွစ္ဦးဟာ ျမန္မာ့တပ္မေတာ္မွာ တပ္သားေတြအျဖစ္ တာဝန္ထမ္းေဆာင္ေနတာကေန ၂၀၂၀ ျပည့္ႏွစ္၊ ေမလနဲ႔ ဇြန္လေတြမွာ တပ္ကေန အသီးသီး ထြက္ေျပးခဲ့ၾကသူေတြျဖစ္တယ္လို႔ Fortify Rights ရဲ႕ ဒီကေန႔ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

တပ္ကထြက္ေျပးၿပီးတဲ့ေနာက္ AA အဖြဲ႔ဆီေရာက္သြားၿပီး ရခိုင္ျပည္နယ္မွာ ၂၀၁၆ နဲ႔ ၂၀၁၇ ခုႏွစ္ေတြကလုပ္ခဲ့တဲ့ တပ္မေတာ္စစ္ဆင္ေရးေတြအတြင္း သူတို႔ ပါဝင္ခဲ့တာေတြ၊ ႐ိုဟင္ဂ်ာမြတ္ဆလင္ေတြကို အစုအေဝးလိုက္ သတ္ျဖတ္တာအပါအဝင္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ က်ဴးလြန္ခဲ့ၾကတယ္ဆိုတာေတြကို ဝန္ခံေျပာဆိုခဲ့တာပါ။ သူတို႔ထြက္ဆိုခဲ့တဲ့ထဲက အဓိကအေရးပါတဲ့အခ်က္ေတြကို Matthew Smith က အႏွစ္ခ်ဳပ္ေျပာျပပါတယ္။

"ဒီစစ္သားႏွစ္ဦးစလံုးဟာ မတူတဲ့ ၿမိဳ႕ႏွစ္ၿမိဳ႕မွာ တာဝန္က်ခဲ့တယ္ဆိုတဲ့အခ်က္က အေရးပါတဲ့အခ်က္လို႔ က်ေနာ္ထင္ပါတယ္။ တူညီတဲ့အခ်ိန္ကာလ ပတ္ဝန္းက်င္ေလာက္မွာ တေယာက္က ေမာင္းေတာမွာရွိခဲ့ၿပီး ေနာက္တေယာက္က ဘူးသီးေတာင္မွာ ရွိေနခ့ဲပါတယ္။ ဒါ့အျပင္ ႐ိုဟင္ဂ်ာေတြအားလံုးကုိ ရွင္းပစ္ဖို႔ ဒါမွမဟုတ္ သတ္ျဖတ္ပစ္ဖို႔ သူတို႔ရဲ႕ အထက္အရာရွိေတြက အမိန္႔ေပးခဲ့တယ္ဆိုတာ ႏွစ္ေယာက္စလံုးက ထြက္ဆိုထားပါတယ္။ ဒီအခ်က္က လူမ်ဳိးတံုးသတ္ျဖတ္မႈနဲ႔ ဆိုးရြားရက္စက္လွတဲ့ ျပစ္မႈေတြကို က်ဴးလြန္ဖို႔ ေနရာေဒသအသီးသီးမွာ ေရာက္ေနခဲ့တဲ့ တပ္ရင္းတပ္ဖြဲ႔ေတြအတြက္ စစ္တပ္တြင္းမွာ တူညီတဲ့အမိန္႔ေပးခဲ့တယ္ဆိုတာကို ရည္ၫႊန္းေနပါတယ္။ ဒါက သိပ္ကို အေရးပါတဲ့အခ်က္ပါ။ ေနာက္ထပ္ သိပ္အေရးပါတဲ့အခ်က္ကေတာ့ အမ်ဳိးသား၊ အမ်ဳိးသမီးနဲ႔ ကေလးငယ္ အေယာက္ ၁၈၀ ထိကို သတ္ျဖတ္တာမွာ သူတို႔ပါဝင္ခဲ့တယ္ဆိုတာ ဒီလူႏွစ္ေယာက္က ဝန္ခံထြက္ဆိုထားတဲ့အခ်က္ပါ။ ေျပာထားတဲ့ထဲမွာ မုဒိန္းက်င့္တာ၊ လိင္ပိုင္းအဓမၼျပဳက်င့္တာေတြနဲ႔ဆိုင္တဲ့ အခ်က္ေတြလည္း ပါပါတယ္။ ဒါကလည္း လူ႔အခြင့္အေရးဆိုင္ရာ အရင္က မွတ္တမ္းတင္ထားတာေတြနဲ႔ ကိုက္ညီၿပီး သိပ္ကိုအေရးပါတဲ့ ထြက္ဆိုခ်က္ျဖစ္ပါတယ္။"

စစ္သားႏွစ္ဦးရဲ႕ ထြက္ဆိုခ်က္ေတြဟာ သူတို႔ဆီမွာေရာ၊ ကုလသမဂၢမွာပါ ရွိထားတဲ့ အေထာက္အထားမွတ္တမ္းေတြနဲ႔ ကိုက္ညီတယ္လို႔လည္း Matthew Smith ကေျပာပါတယ္။

"ဒီျမန္မာစစ္သားႏွစ္ဦး ျပစ္မႈက်ဴးလြန္ခဲ့တယ္လို႔ ထြက္ဆိုထားတဲ့ ဗီြဒီယိုႏွစ္ခုကို က်ေနာ္တို႔ ေသေသခ်ာခ်ာ ဆန္းစစ္ သံုးသပ္ခဲ့ပါတယ္။ က်ေနာ္တို႔အျမင္အရ ဗီြဒီယိုထဲမွာ သူတို႔ေျပာထားတာေတြဟာ ၂၀၁၆ ခုႏွစ္နဲ႔ ၂၀၁၇ ခုႏွစ္အတြင္း ရခိုင္ျပည္နယ္မွာ ျဖစ္ပ်က္ခဲ့တာေတြကို က်ေနာ္တို႔ မွတ္တမ္းတင္ထားေတြနဲ႔ ကိုက္ညီ႐ံုသာမက ကုလသမဂၢ အခ်က္အလက္ရွာေဖြေရးအဖြဲ႔က မွတ္တမ္းတင္ထားတာေတြနဲ႔ပါ ကိုက္ညီပါတယ္။ ထြက္ဆိုထားတဲ့ထဲက အေသးစိတ္အေတာ္မ်ားမ်ားဟာ အရင္က မွတ္တမ္းတင္ထားတာေတြနဲ႔ ကိုက္ညီပါတယ္။ ဒီအခ်က္ေတြနဲ႔ တျခားအခ်က္ေတြအရ ေျပာထားတဲ့ ထြက္ဆိုခ်က္ေတြဟာ ယံုၾကည္ေလာက္ပါတယ္။"

လက္ရွိမွာ သူတို႔ႏွစ္ဦးဟာ ႏုိင္ငံတကာ ရာဇဝတ္တရားခံု႐ံုး (ICC) ရွိတဲ့ နယ္သာလန္ႏုိင္ငံ၊ The Hague ၿမိဳ႕မွာေရာက္ေနၿပီလို႔ Fortify Rights အဖြဲ႔ကေရာ၊ ကေနဒါ CBC ႐ုပ္သံလႊင့္သတင္းဌာနနဲ႔ အေမရိကန္ The New York Times သတင္းဌာနတို႔ကပါ ေျပာထားပါတယ္။ ICC ဘက္ကေတာ့ ဒီအေျခအေနေပၚမွာ အတည္ျပဳတာမ်ဳိး ဒါမွမဟုတ္ ျငင္းဆိုတာမ်ဳိးမလုပ္ဘဲ စစ္သားႏွစ္ဦးကို ထိန္းသိမ္းထားတယ္ဆိုတာကိုပဲ ျငင္းထားတာလို႔ Matthew Smith ကေျပာပါတယ္။

"အေၾကာင္းအရာတစ္ခုလံုးနဲ႔ပတ္သက္ၿပီး သူတို႔မျငင္းပါဘူး၊ "ထိန္းသိ္္မ္းထားတယ္" ဆိုတဲ့ ေျပာဆိုခ်က္ကိုပဲ ျငင္းတာပါ။ ဒီအေျခအေနနဲ႔ပတ္သက္ၿပီး တကယ့္အေၾကာင္းအရာက ဘာလဲဆိုေတာ့ အရပ္သားေတြကို အစုအေဝးလိုက္ သတ္ျဖတ္ခဲ့တဲ့ ျမန္မာစစ္တပ္က စစ္သားႏွစ္ဦး The Hague မွာေရာက္ေနတယ္ဆိုတာပါ။ ဒါက မၾကံဳစဖူးကိစၥပါ။ ဒါဟာ ႐ိုဟင္ဂ်ာလူထုအတြက္သာမက ျမန္မာစစ္တပ္က က်ဴးလြန္ခဲ့တဲ့ ဆိုးရြားရက္စက္လွတဲ့ လုပ္ရပ္ေတြကေန လြတ္ေျမာက္ခဲ့သူေတြ အားလံုးအတြက္ပါ အေရးႀကီးတယ္လုိ႔ က်ေနာ္ထင္ပါတယ္။"

ေရွ႕ဆက္ဘာျဖစ္မယ္ဆုိတာ ရွင္းရွင္းလင္းလင္း မရွိေသးဘူးလို႔ Matthew Smith ကေျပာၿပီး သူတို႔အေနနဲ႔ေတာ့ ICC ကို တိုက္တြန္းထားတယ္လုိ႔ ေျပာပါတယ္။

"ဒီလူႏွစ္ေယာက္ကို စစ္ေဆးစီရင္ၿပီး အတြင္းလူ မ်က္ျမင္သက္ေသေတြအျဖစ္ သူတို႔နဲ႔ လက္တြဲလုပ္ေဆာင္ဖို႔ ICC ကို က်ေနာ္တို႔ အားေပးတိုက္တြန္းေနပါတယ္။ ဒါေတြအားလံုးျဖစ္လာဖို႔က တရား႐ံုးအေနနဲ႔ သတ္မွတ္ လုပ္ထုံုးလုပ္နည္းေတြအတိုင္း လုပ္ရပါလိမ့္မယ္။ အဲဒီရည္ရြယ္ခ်က္တခုခု အလြယ္တကူ ရလာလိမ့္မယ္ဆိုတာမ်ဳိးေတာ့ က်ေနာ္မေျပာခ်င္ပါဘူး။ ဒါေပမယ့္ က်ေနာ္တို႔ ေမ ွ်ာ္လင့္ပါတယ္။ တရား႐ံုးေပၚမွာလည္း က်ေနာ္တို႔ အျပည့္အဝယံုၾကည္ပါတယ္။ ICC ဟာ ဒီကေန႔ က်ေနာ္တို႔ကမာၻမွာ သိပ္ကိုအေရးပါတဲ့ အဖြဲ႔အစည္းတခုပါ။ သူတို႔ လုပ္ေဆာင္ေနတာေတြအေပၚ က်ေနာ္တို႔ယံုၾကည္ပါတယ္။ သူတို႔ကို အေထာက္အကူျပဳဖို႔ က်ေနာ္တို႔ တတ္ႏုိင္တာမွန္သမ ွ် လုပ္ေဆာင္ေပးခ်င္ပါတယ္။"

ဒီစစ္သားႏွစ္ဦးနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ ျမန္မာအစိုးရနဲ႔ စစ္ဘက္ ေျပာခြင့္ရပုဂၢိဳလ္ေတြကို ႐ိုက္တာကဆက္သြယ္ခဲ့ေပမယ့္ ဖုန္းလက္ခံေျဖဆိုျခင္းမရွိခဲ့ဘူးလို႔ ႐ိုက္တာသတင္းတပုဒ္မွာ ေဖာ္ျပထားပါတယ္။

႐ိုဟင္ဂ်ာလို႔ေခၚဆိုတာကို ျမန္မာအစိုးရက လက္မခံသလို ႐ိုဟင္ဂ်ာေတြအေပၚ ရည္႐ြယ္ခ်က္ရွိရွိ က်ဴးလြန္လုပ္ေဆာင္ခဲ့တာေတြ မရွိဘူးလို႔ အစိုးရကေရာ တပ္မေတာ္ကပါ အႀကိမ္ႀကိမ္ ျငင္းဆိုထားပါတယ္။

..........

[Unicode]

ရခိုင်ပြည်နယ် စစ်ဆင်ရေးတွေအတွင်း ရိုဟင်ဂျာတွေကို အစုအဝေးလိုက် သတ်ဖြတ်မှုနဲ့ တခြားရာဇဝတ်မှုတွေမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ စစ်သားနှစ်ဦးရဲ့ ထွက်ဆိုချက်တွေဟာ ယုံကြည်နိုင်လောက်တဲ့ ထွက်ဆိုချက်တွေဖြစ်တယ်လို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် Matthew Smith က ဗွီအိုအေကိုပြောပါတယ်။

တပ်ကထွက်ပြေးပြီးတဲ့နောက် ရခိုင်လက်နက်ကိုင် (AA) အဖွဲ့ရှေ့မှာ အဲဒီစစ်သားနှစ်ဦး ထွက်ဆိုခဲ့တာဖြစ်ပြီး AA က ရိုက်ကူးမှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုကို သူတို့ကိုယ်တိုင်ကြည့်ပြီးတော့ ဆန်းစစ်ခဲ့တာလို့ Matthew Smith ကပြောပါတယ်။ ဒီစစ်သားနှစ်ဦး ထွက်ဆိုထားတဲ့ထဲမှာ အဓိကအရေးပါတဲ့ အချက်တွေက ဘာတွေပါလဲ ... သူတို့ရဲ့ ထွက်ဆိုချက်တွေကရော ဘယ်လောက် ယုံကြည်ရလောက်ပါသလဲ ... ဒီမေးခွန်းတွေနဲ့ပတ်သက်ပြီး Fortify Rights အဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် Matthew Smith ကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

ခြေလျင်တပ်ရင်း ၅၆၅ ကလို့ပြောတဲ့ အသက် ၃၃ နှစ်အရွယ် ကိုမျိုးဝင်းထွန်းဆိုသူနဲ့ခြေလျင်တပ်ရင်း ၃၅၃ ကလို့ပြောတဲ့ အသက် ၃၀ အရွယ် ကိုဇော်နိုင်ထွန်းဆိုသူတို့နှစ်ဦးဟာ မြန်မာ့တပ်မတော်မှာ တပ်သားတွေအဖြစ် တာဝန်ထမ်းဆောင်နေတာကနေ ၂၀၂၀ ပြည့်နှစ်၊ မေလနဲ့ ဇွန်လတွေမှာ တပ်ကနေ အသီးသီး ထွက်ပြေးခဲ့ကြသူတွေဖြစ်တယ်လို့ Fortify Rights ရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

တပ်ကထွက်ပြေးပြီးတဲ့နောက် AA အဖွဲ့ဆီရောက်သွားပြီး ရခိုင်ပြည်နယ်မှာ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေကလုပ်ခဲ့တဲ့ တပ်မတော်စစ်ဆင်ရေးတွေအတွင်း သူတို့ ပါဝင်ခဲ့တာတွေ၊ ရိုဟင်ဂျာမွတ်ဆလင်တွေကို အစုအဝေးလိုက် သတ်ဖြတ်တာအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်ခဲ့ကြတယ်ဆိုတာတွေကို ဝန်ခံပြောဆိုခဲ့တာပါ။ သူတို့ထွက်ဆိုခဲ့တဲ့ထဲက အဓိကအရေးပါတဲ့အချက်တွေကို Matthew Smith က အနှစ်ချုပ်ပြောပြပါတယ်။

"ဒီစစ်သားနှစ်ဦးစလုံးဟာ မတူတဲ့ မြို့နှစ်မြို့မှာ တာဝန်ကျခဲ့တယ်ဆိုတဲ့အချက်က အရေးပါတဲ့အချက်လို့ ကျနော်ထင်ပါတယ်။ တူညီတဲ့အချိန်ကာလ ပတ်ဝန်းကျင်လောက်မှာ တယောက်က မောင်းတောမှာရှိခဲ့ပြီး နောက်တယောက်က ဘူးသီးတောင်မှာ ရှိနေခဲ့ပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာတွေအားလုံးကို ရှင်းပစ်ဖို့ ဒါမှမဟုတ် သတ်ဖြတ်ပစ်ဖို့ သူတို့ရဲ့ အထက်အရာရှိတွေက အမိန့်ပေးခဲ့တယ်ဆိုတာ နှစ်ယောက်စလုံးက ထွက်ဆိုထားပါတယ်။ ဒီအချက်က လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဆိုးရွားရက်စက်လှတဲ့ ပြစ်မှုတွေကို ကျူးလွန်ဖို့ နေရာဒေသအသီးသီးမှာ ရောက်နေခဲ့တဲ့ တပ်ရင်းတပ်ဖွဲ့တွေအတွက် စစ်တပ်တွင်းမှာ တူညီတဲ့အမိန့်ပေးခဲ့တယ်ဆိုတာကို ရည်ညွှန်းနေပါတယ်။ ဒါက သိပ်ကို အရေးပါတဲ့အချက်ပါ။ နောက်ထပ် သိပ်အရေးပါတဲ့အချက်ကတော့ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ် အယောက် ၁၈၀ ထိကို သတ်ဖြတ်တာမှာ သူတို့ပါဝင်ခဲ့တယ်ဆိုတာ ဒီလူနှစ်ယောက်က ဝန်ခံထွက်ဆိုထားတဲ့အချက်ပါ။ ပြောထားတဲ့ထဲမှာ မုဒိန်းကျင့်တာ၊ လိင်ပိုင်းအဓမ္မပြုကျင့်တာတွေနဲ့ဆိုင်တဲ့ အချက်တွေလည်း ပါပါတယ်။ ဒါကလည်း လူ့အခွင့်အရေးဆိုင်ရာ အရင်က မှတ်တမ်းတင်ထားတာတွေနဲ့ ကိုက်ညီပြီး သိပ်ကိုအရေးပါတဲ့ ထွက်ဆိုချက်ဖြစ်ပါတယ်။"

စစ်သားနှစ်ဦးရဲ့ ထွက်ဆိုချက်တွေဟာ သူတို့ဆီမှာရော၊ ကုလသမဂ္ဂမှာပါ ရှိထားတဲ့ အထောက်အထားမှတ်တမ်းတွေနဲ့ ကိုက်ညီတယ်လို့လည်း Matthew Smith ကပြောပါတယ်။

"ဒီမြန်မာစစ်သားနှစ်ဦး ပြစ်မှုကျူးလွန်ခဲ့တယ်လို့ ထွက်ဆိုထားတဲ့ ဗွီဒီယိုနှစ်ခုကို ကျနော်တို့ သေသေချာချာ ဆန်းစစ် သုံးသပ်ခဲ့ပါတယ်။ ကျနော်တို့အမြင်အရ ဗွီဒီယိုထဲမှာ သူတို့ပြောထားတာတွေဟာ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တာတွေကို ကျနော်တို့ မှတ်တမ်းတင်ထားတွေနဲ့ ကိုက်ညီရုံသာမက ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့က မှတ်တမ်းတင်ထားတာတွေနဲ့ပါ ကိုက်ညီပါတယ်။ ထွက်ဆိုထားတဲ့ထဲက အသေးစိတ်အတော်များများဟာ အရင်က မှတ်တမ်းတင်ထားတာတွေနဲ့ ကိုက်ညီပါတယ်။ ဒီအချက်တွေနဲ့ တခြားအချက်တွေအရ ပြောထားတဲ့ ထွက်ဆိုချက်တွေဟာ ယုံကြည်လောက်ပါတယ်။"

လက်ရှိမှာ သူတို့နှစ်ဦးဟာ နိုင်ငံတကာ ရာဇဝတ်တရားခုံရုံး (ICC) ရှိတဲ့ နယ်သာလန်နိုင်ငံ၊ The Hague မြို့မှာရောက်နေပြီလို့ Fortify Rights အဖွဲ့ကရော၊ ကနေဒါ CBC ရုပ်သံလွှင့်သတင်းဌာနနဲ့ အမေရိကန် The New York Times သတင်းဌာနတို့ကပါ ပြောထားပါတယ်။ ICC ဘက်ကတော့ ဒီအခြေအနေပေါ်မှာ အတည်ပြုတာမျိုး ဒါမှမဟုတ် ငြင်းဆိုတာမျိုးမလုပ်ဘဲ စစ်သားနှစ်ဦးကို ထိန်းသိမ်းထားတယ်ဆိုတာကိုပဲ ငြင်းထားတာလို့ Matthew Smith ကပြောပါတယ်။

"အကြောင်းအရာတစ်ခုလုံးနဲ့ပတ်သက်ပြီး သူတို့မငြင်းပါဘူး၊ "ထိန်းသိ်မ်းထားတယ်" ဆိုတဲ့ ပြောဆိုချက်ကိုပဲ ငြင်းတာပါ။ ဒီအခြေအနေနဲ့ပတ်သက်ပြီး တကယ့်အကြောင်းအရာက ဘာလဲဆိုတော့ အရပ်သားတွေကို အစုအဝေးလိုက် သတ်ဖြတ်ခဲ့တဲ့ မြန်မာစစ်တပ်က စစ်သားနှစ်ဦး The Hague မှာရောက်နေတယ်ဆိုတာပါ။ ဒါက မကြုံစဖူးကိစ္စပါ။ ဒါဟာ ရိုဟင်ဂျာလူထုအတွက်သာမက မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ ဆိုးရွားရက်စက်လှတဲ့ လုပ်ရပ်တွေကနေ လွတ်မြောက်ခဲ့သူတွေ အားလုံးအတွက်ပါ အရေးကြီးတယ်လို့ ကျနော်ထင်ပါတယ်။"

ရှေ့ဆက်ဘာဖြစ်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း မရှိသေးဘူးလို့ Matthew Smith ကပြောပြီး သူတို့အနေနဲ့တော့ ICC ကို တိုက်တွန်းထားတယ်လို့ ပြောပါတယ်။

"ဒီလူနှစ်ယောက်ကို စစ်ဆေးစီရင်ပြီး အတွင်းလူ မျက်မြင်သက်သေတွေအဖြစ် သူတို့နဲ့ လက်တွဲလုပ်ဆောင်ဖို့ ICC ကို ကျနော်တို့ အားပေးတိုက်တွန်းနေပါတယ်။ ဒါတွေအားလုံးဖြစ်လာဖို့က တရားရုံးအနေနဲ့ သတ်မှတ် လုပ်ထုံးလုပ်နည်းတွေအတိုင်း လုပ်ရပါလိမ့်မယ်။ အဲဒီရည်ရွယ်ချက်တခုခု အလွယ်တကူ ရလာလိမ့်မယ်ဆိုတာမျိုးတော့ ကျနော်မပြောချင်ပါဘူး။ ဒါပေမယ့် ကျနော်တို့ မေ ျှာ်လင့်ပါတယ်။ တရားရုံးပေါ်မှာလည်း ကျနော်တို့ အပြည့်အဝယုံကြည်ပါတယ်။ ICC ဟာ ဒီကနေ့ ကျနော်တို့ကမ္ဘာမှာ သိပ်ကိုအရေးပါတဲ့ အဖွဲ့အစည်းတခုပါ။ သူတို့ လုပ်ဆောင်နေတာတွေအပေါ် ကျနော်တို့ယုံကြည်ပါတယ်။ သူတို့ကို အထောက်အကူပြုဖို့ ကျနော်တို့ တတ်နိုင်တာမှန်သမ ျှ လုပ်ဆောင်ပေးချင်ပါတယ်။"

ဒီစစ်သားနှစ်ဦးနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ မြန်မာအစိုးရနဲ့ စစ်ဘက် ပြောခွင့်ရပုဂ္ဂိုလ်တွေကို ရိုက်တာကဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ဘူးလို့ ရိုက်တာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာလို့ခေါ်ဆိုတာကို မြန်မာအစိုးရက လက်မခံသလို ရိုဟင်ဂျာတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်လုပ်ဆောင်ခဲ့တာတွေ မရှိဘူးလို့ အစိုးရကရော တပ်မတော်ကပါ အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။

 https://burmese.voanews.com/a/rohingya-myanmar-two-soldiers-fortify-rights-news-/5575708.html

 

 

No comments:

Post a Comment

Note: Only a member of this blog may post a comment.