စစ်သားနှစ်ယောက် မြန်မာစစ်တပ်ထဲကနေ ထွက်ပြေးပြီးတဲ့နောက် AA ဆီရောက်တယ်။ AA က စစ်သုံ့ပန်းတွေအနေနဲ့ ဖမ်းမထားဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ကိုသွားခွင့်ပေးလိုက်တယ်။ ဒီစစ်သားတွေက နယ်စပ်မှာ ခိုလှုံခွင့်တောင်းတော့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက သေချာစစ်ဆေးတယ်။ သူတို့ရဲ့ ထွက်ဆိုချက်တွေကို တရားဝင်မှတ်တမ်းတင်တယ်။ ICC က လူတစ်ဦးချင်းစီကို စစ်ဆေးတဲ့အမှုဖြစ်တဲ့အတွက် ICC ကို ပို့တယ်။ ထွက်ဆိုချက်တွေကို ICJ အတွက် ဥပဒေအကျိုးဆောင်အဖွဲ့ဖြစ်တဲ့ Foley Hoag ကိုလည်း ပို့တယ်။
ဒီစစ်သားတွေရဲ့ ထွက်ဆိုချက်တွေက ICC တစ်ခုတည်းတင်မဟုတ်ဘူး။ ICJ မှာပါ သုံးမယ်လို့ Foley Hoag က ဥပဒေပညာရှင်က WSJ ကို ပြောတယ်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.