Breaking

October 30, 2020

ျမန္မာ့ကုိဗစ္ေနာက္ဆုံးအေျခအေနနဲ႔ ေရြးေကာက္ပြဲအတြက္ ႀကိဳတင္ျပင္ထားမႈ

 


ရန္ကုန္ ကြာရန္တင္းစင္တာမွ က်န္းမာေရး၀န္ထမ္းမ်ား မဲေပးၾကသည့္ျမင္ကြင္း။ (ေအာက္တိုဘာ ၂၉၊ ၂၀၂၀)
(Zawgyi/Unicode)

ကိုဗစ္ျဖစ္ေနဆဲ ျမန္မာႏိုင္ငံမွာ ေရြးေကာက္ပြဲလည္း က်င္းပေတာ့မွာျဖစ္တဲ့အတြက္ ကိုဗစ္ ေနာက္ဆုံးအေျခအေနနဲ႔ ကာကြယ္ေရးအတြက္ ျပင္ဆင္ထားတာေတြကို က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာန ေျပာခြင့္ရ ေဒါက္တာသန္းႏိုင္စိုးကို ကိုဝင္းမင္းက ေမးရာမွာ ေနာက္ဆုံး ကူးစက္မူအေျခအေနကို သူက အခုလို စတင္ သံုးသပ္ျပပါတယ္။

ေဒါက္တာသန္းႏိုင္စိုး။ ။ ကိန္းဂဏန္းအရ ၾကည့္မယ္ဆိုရင္ က်ေနာ္တို႔က နည္းနည္းျပန္တက္တယ္ေပါ့ေနာ္။ ဒါေပမယ့္ က်ေနာ္တို႔ အျမင့္ဆံုးတက္ခဲ့တဲ့အေနအထား ၂,၁၀၀ ေက်ာ္ တက္ခဲ့တဲ့အေနအထားေတာ့ ျပန္မေရာက္ဘူး။ ၿပီးတဲ့အခါက်ရင္ Test Positivity Rate (စစ္တာစုစုေပါင္းထဲကပိုးေတြ႔ႏႈန္း) နဲ႔ ျပန္ၾကည့္ရင္ေတာ့ ၉-၈- ၇ ရာခိုင္ႏႈန္းအထိ ဆင္းခဲ့ၿပီးမွ၊ အခုရက္ပိုင္း ၁၀-၁၁ ျပန္ျဖစ္တာေလးေတာ့ ရွိတယ္ေပါ့ေနာ္။ ဒါေလးကေတာ့ က်ေနာ္တို႔ နည္းနည္းစိုးရိမ္တယ္။ ဒါေပမယ့္ က်ေနာ္တို႔ အျမန္ဆံုး ျပန္လည္ထိန္းခ်ဳပ္ႏိုင္ေအာင္ ေဆာင္ရြက္ေနတယ္ေပါ့ေနာ္။ ဒါေတြကလည္း တနည္းအားျဖင့္ ျပန္တက္လာတာထက္စာရင္၊ တန္းေနတယ္ ၊ တည္ေနတယ္လို႔ ေျပာရမွာေပါ့ေနာ္။ အဲဒါေတြကလည္း ဘာျဖစ္လို႔ တည္ေနရသလဲ၊ ဘာျဖစ္လို႔ တန္းေနတာလဲ၊ ဒီအေၾကာင္းတရားကို ေန႔စဥ္ ေန႔တိုင္းေပါ့ေနာ္ ရန္ကုန္တိုင္းေဒသႀကီးက တကယ့္ကို ပညာရွင္ေတြေပါင္းစံု ေန႔စဥ္ေန႔တိုင္း အေျဖရွာေနတယ္ခင္ဗ်။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ ဆရာတို႔ အခု ဒီသံုးသပ္တဲ့အခါက်ေတာ့ ေနာက္ဆံုးအခုအခ်ိန္ထိေပါ့ေနာ္၊ ဒီကူးစက္မႈ တန္႔ေနရျခင္းအေၾကာင္းအရင္းက ဘာေၾကာင့္လို႔ သံုးသပ္ထားမိသလဲ။

ေဒါက္တာသန္းႏိုင္စိုး။ ။ အဓိက အစု အစု အစု ေလးေတြေပါ့ေနာ္။ Cluster of Cases (လူနာအစုလိုက္) ေလးေတြ၊ က်ေနာ္တုိ႔ သြားေတြ႔တယ္။ ဘယ္ေနရာမွာ သြားေတြ႔သလဲဆိုေတာ့ ေစ်းမွာ သြားေတြ႔တယ္။ လိုက္နာမႈေတြ အားနည္းသြားတာေတြ ရွိတာေပါ့ေနာ္။ ဒီေစ်းေတြကို အထူးအေလးအနက္ ထားၿပီးေတာ ့ပညာေပးတဲ့ လုပ္ငန္းေတြ၊ ပံ႔ပိုးကူညီတဲ့အပိုင္းေတြ၊ တိုးခ်ဳဲ. ၿပီးေတာ့ ေဆာင္ရြက္ဖို႔ ရွိပါတယ္ခင္ဗ်။ ဒီရက္ပိုင္းလည္း စၿပီးေတာ့ ေဆာင္ရြက္ေနပါၿပီ။ ေနာက္တခုက ဘုန္းေတာ္ႀကီးေက်ာင္းတို႔၊ ဘိုးဘြားရိပ္သာတို႔၊ အဲလိုေနရာမ်ိဳးေတြမွာလည္း Cluster of Cases (လူနာအစုလိုက္) ေလးေတြ ေပါ့ေနာ္၊ ခုနေျပာသလို အုပ္စုလိုက္ အုပ္စုလိုက္ ထြက္လာတာေပါ့ေနာ္ ။ တေယာက္ေတြ႔တယ္၊ သူနဲ႔ Contact Tracing (ထိေတြ႔သူေတြကိုေျခရာခံ) လိုက္လိုက္တယ္၊ ၇၀ ေလာက္ ထြက္လာတယ္။ တခ်ိဳ႕ေနရာေတြဆိုရင္ ၂၀၀၊ ၃၀၀ ေလာက္ေတာင္ ထြက္လာတယ္။ အဲဒီအခါက်ေတာ့ Institution-based (အဖြဲ႔အစည္းအေျချပဳ) ေပါ့ေနာ္။ ဒါေလးေတြမွာ က်ေနာ္တို႔ အားထည့္ၿပီး လိုက္နာရမယ္။ တခ်ိဳ႕က်ေတာ့လည္း စက္ရံုအလုပ္ရံုေတြမွာ Cases (လူနာ) ေတြ၊ Cluster (အစုလိုက္) ျဖစ္တာ ရွိတယ္ေပါ့ေနာ္။ ေနာက္ Community (ရပ္ရြာ) ထဲကလည္း ႀကိဳၾကားႀကိဳၾကား ထြက္တဲ့ဟာေပါေ့နာ္။ ဒါေလးေတြကိုလည္း ျပည္သူအားလံုးက အတူတကြ ဒီအခ်ိန္ေလးမွာ ဖိၿပီးေတာ့ လိုက္နာလိုက္ရင္ က်ေနာ္တို႔ ဒါကို ေက်ာ္ျဖတ္ႏိုင္မွာ ျဖစ္တယ္ေပါ့ေနာ္။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ ေနာက္တခုက အစုလိုက္ေနရတဲ့ ေနရာေတြေပါ့ေနာ္ ဆရာခုနေျပာတဲ့ ဘုန္းေတာ္ႀကီးေက်ာင္းတို႔၊ ဘိုးဘြားရိပ္သာတို႔ အဲဒီေတြမွာေရာ ဆရာတို႔ ဘယ္လို အစီအစဥ္နဲ႔ လုပ္ဖို႔ ျပင္ဆင္ထားတာရွိသလဲ။

ေဒါက္တာသန္းႏိုင္စိုး။ ။ တခ်ိဳ႕ ဘိုးဘားရိပ္သာေတြမွာဆိုရင္ Geriatric Care (သက္ႀကီးက်န္းမာေရးစာင့္ေရွာက္မူ) လိုမ်ိဳးသြားၿပီးေတာ့၊ တကယ့္ကို ဒီဘက္ကလည္း PPE (အကာအကြယ္ဝတ္စံု) ေတြ ၀တ္ၿပီးေတာ့ ဆရာ၀န္ေတြ သြားၾကည့္ေပးတယ္။ တခ်ိဳ႕ ဘိုးဘားရိပ္သာေတြမွာဆိုရင္ ၀န္ထမ္းေတြကို စစ္ေပးတာတို႔ေပါ့ေနာ္။ အဖိုးအဖြားေတြကို စစ္ေပးတာတို႔ ဒါမ်ိဳးက်ေတာ့ ေစ်းထက္စာရင္ တႏိုင္တပိုင္ေပါ့ေနာ္ ဒါေတြ ေဆာင္ရြက္ေပးတယ္။ တခ်ိဳ႕ ဘုန္းေတာ္ႀကီးေက်ာင္းေတြ High Risk (အႏၱရာယ္ျမင့္ျမင့္မားမား)ျဖစ္တဲ့ဟာေတြေပါ့ေနာ္။ Contact Case (လူနာနဲ႔ထိေတြတာ) ေတြရွိခဲ့တဲ့ ဘုန္းေတာ္ႀကီးေက်ာင္းေတြ၊ ဒါမ်ိဴးေတြကုိလည္း က်ေနာ္တို႔ စစ္ေပးတာတို႔ ရွိတယ္ေပါ့ေနာ္။ ေနာက္ စက္ရံုက်ေတာ့လည္း၊ ထိေတြ႔မႈ ရွိတဲ့ေနရာေတြ ဒါေတြလည္း က်ေနာ္တို႔ စစ္တဲ့အပိုင္းေတြေတာ့ ရွိပါတယ္။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ အဲဒီေတာ့ ေရြးေကာက္ပြဲမွာေတာ့ အထူးသျဖင့္ေတာ့ ကိုဗစ္ကူးစက္မႈ မ်ားေနတဲ့ ေဒသေတြမွာေတာ့၊ ပိုၿပီးေတာ့ ကာကြယ္ေရးအတြက္ေပ့ါေနာ္ အဓိက ဘာအၾကံေပးခ်င္ပါသလဲ။

ေဒါက္တာသန္းႏိုင္စိုး။ ။ အဓိက ကေတာ့ လက္ရွိ ပါးစပ္၊ ႏွာေခါင္းက ထြက္တဲ့အမွႈန္ေပါ့ေနာ္။ ကူးစက္ပံုက အခုထိလည္း၊ မ်က္စိ၊ ပါးစပ္၊ ႏွာေခါင္းက ဝင္တယ္၊ အဲဒါ နံပတ္ (၁)။ နံပတ္ (၂) က ထြက္လာတဲ့ အမႈန္ေတြက ကပ္က်န္ေနတဲ့အခါ လက္နဲ႔ကိုင္မိရင္ ျပန္ကူးစက္ႏိုင္တယ္။ ဥပမာ လက္မေဆးပဲနဲ႔ ခုနေျပာတဲ့ မ်က္စိ၊ ပါးစပ္၊ ႏွာေခါင္းကို ကိုင္မိရင္ေပါ့ေနာ္။ အဲ့ဒိေတာ့ နံပတ္ (၁) က၊ အဲဒီ ကူးစက္ပံု (၂) ခုကို၊ Mask (ပါးစပ္နဲ႔ႏွာေခါင္းစည္း) ေပါ့ေနာ္။ Mask ဆိုတာက Surgical Masks (ရိုးရိုးခြဲခန္းသံုး ပါးစပ္နဲ႔ႏွာေခါင္းစည္း) ရဲ့ Grade (အဆင့္အတန္း) က အမ်ိဳးမ်ိဳး ရွိႏိုင္တယ္။ ဒါေၾကာင့္မို႔ KN95 Mask ေတြေပါ့ေနာ္၊ အဲ့ေန႔မွာ အျဖစ္မ်ားတဲ့ေနရာေတြကို ဦးစားေပးၿပီး ေထာက္ပံ့ဖို႔ စီစဥ္ထားတယ္။ ေနာက္တခုက ၀င္တာနဲ႔ လက္ကို လက္ျဖန္းေဆးေရေပါ့ေနာ္။ ကၽြန္ေတာ္တို႔ဒီ လက္နဲ႔ ညွစ္ေနရမွာစိုးလို႔၊ တေယာက္ၿပီးတစ္ေယာက္ေလ။ အဲ့ဒါ လက္ကို ေသခ်ာ ျဖန္းေပးမယ္။ ျဖန္းတဲ့အခါမွာ လက္ေခ်ာင္းေလးေတြ ကားေပးထားဖို႔လိုတယ္။ ဒါမွ လက္ေခ်ာင္းေလးေတြၾကားထဲကို ေရာက္မယ္။ လက္ဖ၀ါး လက္ခံုေပါ့ေနာ္ ၂ ႀကိမ္ျဖန္းေပးမယ္။ စိုသြားၿပီဆိုရင္ အေသအခ်ာေပါ့ေနာ္ လက္ဖ၀ါး လက္ဖမိုး လက္ေခါက္ခ်ိဳး လက္ေဆးနည္း ၇ ဆင့္ေပ့ါေနာ၊္ ဒါေလးေတြနဲ႔ ေသခ်ာေဆးလိုက္မယ္။ ေျခာက္တဲ့အထိေပါ့ေနာ္၊ ေစာင့္လိုက္ၿပီးေတာ့၊ စကၠန္႔ ၂၀-၃၀ ေလာက္ဆိုရင္ ၿပီးၿပီေပါ့ေနာ္။ အဲေလာက္အတြင္းမွာဆိုရင္ သူ႔လက္က သန္႔သြားၿပီေပါ့ေနာ္။ ဒါနဲ႔ ပတ္သက္ၿပီးရင္ မဲေပးတဲ့လုပ္ငန္းစဥ္အကုန္ ေဆာင္ရြက္လို႔ရတယ္။ ၿပီးရင္ ထြက္ခါနီးမွာ တေခါက္ထပ္ၿပီးရင္ လက္ျဖန္းေဆးရည္နဲ႔ တခါ ျဖန္းၿပီးေဆးေပးမယ္။ ၿပီးရင္ လက္သန္းမွင္တို႔မယ္၊ ျပန္ထြက္မယ္။ အဲ့ဒိေတာ့ မဲေပးတဲ့ လုပ္ငန္းစဥ္တခုလံုးကလည္း မိနစ္ပိုင္းပဲ ၾကာမွာျဖစ္တယ္။ WHO ရဲ႕ သတ္မွတ္ခ်က္အရဆိုရင္ေတာ့ ေရာဂါပိုးရွိသူနဲ႔ ၁၅ မိနစ္ ထိေတြ႔မွသာလွ်င္ Primary contact (တိုက္ရိုက္အနီးကပ္ထိေတြ႔သူ) လို႔ ေခၚတာေပါ့ေနာ္။ က်ေနာ္တို႔ ဒါေတြအကုန္ စမ္းသပ္ၿပီးၿပီ၊ တခ်ိဳ.ဆို ၆ မိနစ္၊ ၇ မိနစ္ဆိုရင္ အကုန္ၿပီးသြားၿပီ။ နည္းနည္း ကိုယ္စားလွယ္မ်ားတဲ့ ေနရာေတြေပါ့ေနာ္၊ မဲပံုး ၄ ပံုး ၅ ပံုးေလာက္ ရွိမယ္ဆိုရင္ေတာ့ ၁၀ မိနစ္ေလာက္ ၾကာမယ္၊ အလြန္ဆံုးေပါ့ေနာ္။ အထဲမွာ ၀န္ထမ္းေတြကလည္း လိုအပ္ရင္ Face shield တပ္ထားမယ္ေပါ့ေနာ္။ Level 2 PPE ၀တ္တာတို႔ ေနာက္ အဖ်ား တိုင္းတာေတြလည္း ပါမယ္။ တကယ္လို႔ ဖ်ားတဲ့နာတဲ့လူေတြ မဲေပးခ်င္ရင္ သပ္သပ္လမ္းေၾကာင္း စီစဥ္ထားမယ္။ အတိုဆံုးလမ္းေၾကာင္းနဲ႔ အျမန္ဆံုးေပးၿပီး ျပန္ထြက္ႏိုင္မယ့္ဟာေပါ့ေနာ္။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ လက္အိတ္ေတြေရာ သံုးဖို႔ ရွိိေသးလား ဆရာ။

ေဒါက္တာသန္းႏိုင္စိုး။ ။ လက္အိတ္ကေတာ့ ဆရာရယ္ လိုအပ္ရင္ေတာ့ သံုးမယ္လို႔ Agree (သေဘာတူတာ) လုပ္ထားတာေတာ့ရွိတယ္။ ဒါေပမယ့္ ေနရာတိုင္းမွာေတာ့ မသံုးဘူးေပါ့ေနာ္။ အရင္တုန္းကေတာ့ စစခ်င္းတုန္းကေတာ့ သံုးဖို႔လုပ္ခဲ့တယ္။ ဒါေပမယ့္ က်ေနာ္တို႔က လက္အိတ္၀တ္ေနက်မဟုတ္ဘူး၊ က်ေနာ္တို႔လူမ်ိဳးေတြက။ အဲဒီအခါက်ေတာ့ လက္အိတ္၀တ္တာနဲ႔တင္ပဲ မလိုအပ္တဲ့ ထိေတြ႔မႈေတြမ်ားမွာလည္း စိုးရိမ္ရတယ္ေပါ့ေနာ္။ က်ေနာ္ ခုနေျပာတဲ့ Level 2 PPE (အဆင့္ ၂ အကအကြယ္ဝတ္စံု) ၀တ္တဲ့လူေတြကေတာ့ လက္အိပ္ ပါမွာေပါ့ေနာ္။ သာမန္ မဲလာေပးမယ့္သူေတြအတြက္ေတာ့ မပါဘူးေပါေနာ္ ေနရာေတာ္ေတာ္မ်ားမ်ားမွာ။

ကိုဝင္းမင္း။ ။ ဟုတ္က့ဲ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ဆရာ။


...........

မြန်မာ့ကိုဗစ်နောက်ဆုံးအခြေအနေနဲ့ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ထားမှု

(Unicode)

ကိုဗစ်ဖြစ်နေဆဲ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲလည်း ကျင်းပတော့မှာဖြစ်တဲ့အတွက် ကိုဗစ် နောက်ဆုံးအခြေအနေနဲ့ ကာကွယ်ရေးအတွက် ပြင်ဆင်ထားတာတွေကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာသန်းနိုင်စိုးကို ကိုဝင်းမင်းက မေးရာမှာ နောက်ဆုံး ကူးစက်မူအခြေအနေကို သူက အခုလို စတင် သုံးသပ်ပြပါတယ်။

ဒေါက်တာသန်းနိုင်စိုး။ ။ ကိန်းဂဏန်းအရ ကြည့်မယ်ဆိုရင် ကျနော်တို့က နည်းနည်းပြန်တက်တယ်ပေါ့နော်။ ဒါပေမယ့် ကျနော်တို့ အမြင့်ဆုံးတက်ခဲ့တဲ့အနေအထား ၂,၁၀၀ ကျော် တက်ခဲ့တဲ့အနေအထားတော့ ပြန်မရောက်ဘူး။ ပြီးတဲ့အခါကျရင် Test Positivity Rate (စစ်တာစုစုပေါင်းထဲကပိုးတွေ့နှုန်း) နဲ့ ပြန်ကြည့်ရင်တော့ ၉-၈- ၇ ရာခိုင်နှုန်းအထိ ဆင်းခဲ့ပြီးမှ၊ အခုရက်ပိုင်း ၁၀-၁၁ ပြန်ဖြစ်တာလေးတော့ ရှိတယ်ပေါ့နော်။ ဒါလေးကတော့ ကျနော်တို့ နည်းနည်းစိုးရိမ်တယ်။ ဒါပေမယ့် ကျနော်တို့ အမြန်ဆုံး ပြန်လည်ထိန်းချုပ်နိုင်အောင် ဆောင်ရွက်နေတယ်ပေါ့နော်။ ဒါတွေကလည်း တနည်းအားဖြင့် ပြန်တက်လာတာထက်စာရင်၊ တန်းနေတယ် ၊ တည်နေတယ်လို့ ပြောရမှာပေါ့နော်။ အဲဒါတွေကလည်း ဘာဖြစ်လို့ တည်နေရသလဲ၊ ဘာဖြစ်လို့ တန်းနေတာလဲ၊ ဒီအကြောင်းတရားကို နေ့စဉ် နေ့တိုင်းပေါ့နော် ရန်ကုန်တိုင်းဒေသကြီးက တကယ့်ကို ပညာရှင်တွေပေါင်းစုံ နေ့စဉ်နေ့တိုင်း အဖြေရှာနေတယ်ခင်ဗျ။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ဆရာတို့ အခု ဒီသုံးသပ်တဲ့အခါကျတော့ နောက်ဆုံးအခုအချိန်ထိပေါ့နော်၊ ဒီကူးစက်မှု တန့်နေရခြင်းအကြောင်းအရင်းက ဘာကြောင့်လို့ သုံးသပ်ထားမိသလဲ။

ဒေါက်တာသန်းနိုင်စိုး။ ။ အဓိက အစု အစု အစု လေးတွေပေါ့နော်။ Cluster of Cases (လူနာအစုလိုက်) လေးတွေ၊ ကျနော်တို့ သွားတွေ့တယ်။ ဘယ်နေရာမှာ သွားတွေ့သလဲဆိုတော့ ဈေးမှာ သွားတွေ့တယ်။ လိုက်နာမှုတွေ အားနည်းသွားတာတွေ ရှိတာပေါ့နော်။ ဒီဈေးတွေကို အထူးအလေးအနက် ထားပြီးတော့ပညာပေးတဲ့ လုပ်ငန်းတွေ၊ ပံ့ပိုးကူညီတဲ့အပိုင်းတွေ၊ တိုးချုဲ. ပြီးတော့ ဆောင်ရွက်ဖို့ ရှိပါတယ်ခင်ဗျ။ ဒီရက်ပိုင်းလည်း စပြီးတော့ ဆောင်ရွက်နေပါပြီ။ နောက်တခုက ဘုန်းတော်ကြီးကျောင်းတို့၊ ဘိုးဘွားရိပ်သာတို့၊ အဲလိုနေရာမျိုးတွေမှာလည်း Cluster of Cases (လူနာအစုလိုက်) လေးတွေ ပေါ့နော်၊ ခုနပြောသလို အုပ်စုလိုက် အုပ်စုလိုက် ထွက်လာတာပေါ့နော် ။ တယောက်တွေ့တယ်၊ သူနဲ့ Contact Tracing (ထိတွေ့သူတွေကိုခြေရာခံ) လိုက်လိုက်တယ်၊ ၇၀ လောက် ထွက်လာတယ်။ တချို့နေရာတွေဆိုရင် ၂၀၀၊ ၃၀၀ လောက်တောင် ထွက်လာတယ်။ အဲဒီအခါကျတော့ Institution-based (အဖွဲ့အစည်းအခြေပြု) ပေါ့နော်။ ဒါလေးတွေမှာ ကျနော်တို့ အားထည့်ပြီး လိုက်နာရမယ်။ တချို့ကျတော့လည်း စက်ရုံအလုပ်ရုံတွေမှာ Cases (လူနာ) တွေ၊ Cluster (အစုလိုက်) ဖြစ်တာ ရှိတယ်ပေါ့နော်။ နောက် Community (ရပ်ရွာ) ထဲကလည်း ကြိုကြားကြိုကြား ထွက်တဲ့ဟာပေါေ့နာ်။ ဒါလေးတွေကိုလည်း ပြည်သူအားလုံးက အတူတကွ ဒီအချိန်လေးမှာ ဖိပြီးတော့ လိုက်နာလိုက်ရင် ကျနော်တို့ ဒါကို ကျော်ဖြတ်နိုင်မှာ ဖြစ်တယ်ပေါ့နော်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ နောက်တခုက အစုလိုက်နေရတဲ့ နေရာတွေပေါ့နော် ဆရာခုနပြောတဲ့ ဘုန်းတော်ကြီးကျောင်းတို့၊ ဘိုးဘွားရိပ်သာတို့ အဲဒီတွေမှာရော ဆရာတို့ ဘယ်လို အစီအစဉ်နဲ့ လုပ်ဖို့ ပြင်ဆင်ထားတာရှိသလဲ။

ဒေါက်တာသန်းနိုင်စိုး။ ။ တချို့ ဘိုးဘားရိပ်သာတွေမှာဆိုရင် Geriatric Care (သက်ကြီးကျန်းမာရေးစာင့်ရှောက်မူ) လိုမျိုးသွားပြီးတော့၊ တကယ့်ကို ဒီဘက်ကလည်း PPE (အကာအကွယ်ဝတ်စုံ) တွေ ဝတ်ပြီးတော့ ဆရာဝန်တွေ သွားကြည့်ပေးတယ်။ တချို့ ဘိုးဘားရိပ်သာတွေမှာဆိုရင် ဝန်ထမ်းတွေကို စစ်ပေးတာတို့ပေါ့နော်။ အဖိုးအဖွားတွေကို စစ်ပေးတာတို့ ဒါမျိုးကျတော့ ဈေးထက်စာရင် တနိုင်တပိုင်ပေါ့နော် ဒါတွေ ဆောင်ရွက်ပေးတယ်။ တချို့ ဘုန်းတော်ကြီးကျောင်းတွေ High Risk (အန္တရာယ်မြင့်မြင့်မားမား)ဖြစ်တဲ့ဟာတွေပေါ့နော်။ Contact Case (လူနာနဲ့ထိတွေတာ) တွေရှိခဲ့တဲ့ ဘုန်းတော်ကြီးကျောင်းတွေ၊ ဒါမျိူးတွေကိုလည်း ကျနော်တို့ စစ်ပေးတာတို့ ရှိတယ်ပေါ့နော်။ နောက် စက်ရုံကျတော့လည်း၊ ထိတွေ့မှု ရှိတဲ့နေရာတွေ ဒါတွေလည်း ကျနော်တို့ စစ်တဲ့အပိုင်းတွေတော့ ရှိပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ အဲဒီတော့ ရွေးကောက်ပွဲမှာတော့ အထူးသဖြင့်တော့ ကိုဗစ်ကူးစက်မှု များနေတဲ့ ဒေသတွေမှာတော့၊ ပိုပြီးတော့ ကာကွယ်ရေးအတွက်ပေ့ါနော် အဓိက ဘာအကြံပေးချင်ပါသလဲ။

ဒေါက်တာသန်းနိုင်စိုး။ ။ အဓိက ကတော့ လက်ရှိ ပါးစပ်၊ နှာခေါင်းက ထွက်တဲ့အမှှုန်ပေါ့နော်။ ကူးစက်ပုံက အခုထိလည်း၊ မျက်စိ၊ ပါးစပ်၊ နှာခေါင်းက ဝင်တယ်၊ အဲဒါ နံပတ် (၁)။ နံပတ် (၂) က ထွက်လာတဲ့ အမှုန်တွေက ကပ်ကျန်နေတဲ့အခါ လက်နဲ့ကိုင်မိရင် ပြန်ကူးစက်နိုင်တယ်။ ဥပမာ လက်မဆေးပဲနဲ့ ခုနပြောတဲ့ မျက်စိ၊ ပါးစပ်၊ နှာခေါင်းကို ကိုင်မိရင်ပေါ့နော်။ အဲ့ဒိတော့ နံပတ် (၁) က၊ အဲဒီ ကူးစက်ပုံ (၂) ခုကို၊ Mask (ပါးစပ်နဲ့နှာခေါင်းစည်း) ပေါ့နော်။ Mask ဆိုတာက Surgical Masks (ရိုးရိုးခွဲခန်းသုံး ပါးစပ်နဲ့နှာခေါင်းစည်း) ရဲ့ Grade (အဆင့်အတန်း) က အမျိုးမျိုး ရှိနိုင်တယ်။ ဒါကြောင့်မို့ KN95 Mask တွေပေါ့နော်၊ အဲ့နေ့မှာ အဖြစ်များတဲ့နေရာတွေကို ဦးစားပေးပြီး ထောက်ပံ့ဖို့ စီစဉ်ထားတယ်။ နောက်တခုက ဝင်တာနဲ့ လက်ကို လက်ဖြန်းဆေးရေပေါ့နော်။ ကျွန်တော်တို့ဒီ လက်နဲ့ ညှစ်နေရမှာစိုးလို့၊ တယောက်ပြီးတစ်ယောက်လေ။ အဲ့ဒါ လက်ကို သေချာ ဖြန်းပေးမယ်။ ဖြန်းတဲ့အခါမှာ လက်ချောင်းလေးတွေ ကားပေးထားဖို့လိုတယ်။ ဒါမှ လက်ချောင်းလေးတွေကြားထဲကို ရောက်မယ်။ လက်ဖဝါး လက်ခုံပေါ့နော် ၂ ကြိမ်ဖြန်းပေးမယ်။ စိုသွားပြီဆိုရင် အသေအချာပေါ့နော် လက်ဖဝါး လက်ဖမိုး လက်ခေါက်ချိုး လက်ဆေးနည်း ၇ ဆင့်ပေ့ါနော၊် ဒါလေးတွေနဲ့ သေချာဆေးလိုက်မယ်။ ခြောက်တဲ့အထိပေါ့နော်၊ စောင့်လိုက်ပြီးတော့၊ စက္ကန့် ၂၀-၃၀ လောက်ဆိုရင် ပြီးပြီပေါ့နော်။ အဲလောက်အတွင်းမှာဆိုရင် သူ့လက်က သန့်သွားပြီပေါ့နော်။ ဒါနဲ့ ပတ်သက်ပြီးရင် မဲပေးတဲ့လုပ်ငန်းစဉ်အကုန် ဆောင်ရွက်လို့ရတယ်။ ပြီးရင် ထွက်ခါနီးမှာ တခေါက်ထပ်ပြီးရင် လက်ဖြန်းဆေးရည်နဲ့ တခါ ဖြန်းပြီးဆေးပေးမယ်။ ပြီးရင် လက်သန်းမှင်တို့မယ်၊ ပြန်ထွက်မယ်။ အဲ့ဒိတော့ မဲပေးတဲ့ လုပ်ငန်းစဉ်တခုလုံးကလည်း မိနစ်ပိုင်းပဲ ကြာမှာဖြစ်တယ်။ WHO ရဲ့ သတ်မှတ်ချက်အရဆိုရင်တော့ ရောဂါပိုးရှိသူနဲ့ ၁၅ မိနစ် ထိတွေ့မှသာလျှင် Primary contact (တိုက်ရိုက်အနီးကပ်ထိတွေ့သူ) လို့ ခေါ်တာပေါ့နော်။ ကျနော်တို့ ဒါတွေအကုန် စမ်းသပ်ပြီးပြီ၊ တချို.ဆို ၆ မိနစ်၊ ၇ မိနစ်ဆိုရင် အကုန်ပြီးသွားပြီ။ နည်းနည်း ကိုယ်စားလှယ်များတဲ့ နေရာတွေပေါ့နော်၊ မဲပုံး ၄ ပုံး ၅ ပုံးလောက် ရှိမယ်ဆိုရင်တော့ ၁၀ မိနစ်လောက် ကြာမယ်၊ အလွန်ဆုံးပေါ့နော်။ အထဲမှာ ဝန်ထမ်းတွေကလည်း လိုအပ်ရင် Face shield တပ်ထားမယ်ပေါ့နော်။ Level 2 PPE ဝတ်တာတို့ နောက် အဖျား တိုင်းတာတွေလည်း ပါမယ်။ တကယ်လို့ ဖျားတဲ့နာတဲ့လူတွေ မဲပေးချင်ရင် သပ်သပ်လမ်းကြောင်း စီစဉ်ထားမယ်။ အတိုဆုံးလမ်းကြောင်းနဲ့ အမြန်ဆုံးပေးပြီး ပြန်ထွက်နိုင်မယ့်ဟာပေါ့နော်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ လက်အိတ်တွေရော သုံးဖို့ ရှိသေးလား ဆရာ။

ဒေါက်တာသန်းနိုင်စိုး။ ။ လက်အိတ်ကတော့ ဆရာရယ် လိုအပ်ရင်တော့ သုံးမယ်လို့ Agree (သဘောတူတာ) လုပ်ထားတာတော့ရှိတယ်။ ဒါပေမယ့် နေရာတိုင်းမှာတော့ မသုံးဘူးပေါ့နော်။ အရင်တုန်းကတော့ စစချင်းတုန်းကတော့ သုံးဖို့လုပ်ခဲ့တယ်။ ဒါပေမယ့် ကျနော်တို့က လက်အိတ်ဝတ်နေကျမဟုတ်ဘူး၊ ကျနော်တို့လူမျိုးတွေက။ အဲဒီအခါကျတော့ လက်အိတ်ဝတ်တာနဲ့တင်ပဲ မလိုအပ်တဲ့ ထိတွေ့မှုတွေများမှာလည်း စိုးရိမ်ရတယ်ပေါ့နော်။ ကျနော် ခုနပြောတဲ့ Level 2 PPE (အဆင့် ၂ အကအကွယ်ဝတ်စုံ) ဝတ်တဲ့လူတွေကတော့ လက်အိပ် ပါမှာပေါ့နော်။ သာမန် မဲလာပေးမယ့်သူတွေအတွက်တော့ မပါဘူးပေါနော် နေရာတော်တော်များများမှာ။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ်ဆရာ။ 

 https://burmese.voanews.com/a/covid-myanmar-election-preparation-/5640907.html

 

No comments:

Post a Comment

Note: Only a member of this blog may post a comment.