Breaking

October 30, 2020

ျမန္မာ COVID စမ္းသပ္ ကာကြယ္ေရး ပစၥည္းေတြ ကုလကူညီ


မွတ္တမ္းဓါတ္ပံု- ေမလ ၁၀ ရက္ေန႔တုန္းက WFP ႏွငင့္ UNICEF မွလွဴေသာ COVID စမ္းသပ္ ကာကြယ္ေရး ပစၥည္းမ်ား
(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈႏႈန္းျမင့္တက္လာေနခ်ိန္မွာ ကုလသမဂၢအဖြဲ႕ က ဌာေန ညႇိႏွိုင္းေဆာင္ရြက္ေရးမွဴး Ola Almgren ဦးေဆာင္တဲ့အဖြဲ႕က တဆင့္ ကပ္ေရာဂါအတြက္ လိုအပ္တာေတြကို ေထာက္ပံ့ကူညီေပးခဲ့တယ္လို႔ ကုလသမဂၢ ေျပာခြင့္ရ Stephane Dujarric ကေျပာပါတယ္။

ျမန္မာနိုင္ငံအတြက္ ေရာဂါထိန္းခ်ဳပ္ေရး အကူအညီအျဖစ္ ေရာဂါစစ္ေဆးေရး ကရိယာ test kits ၃၀၀,၀၀၀နီးပါး နဲ႔တစ္ကိုယ္ေရး ကာကြယ္ေရး ပစၥည္း ၂၆၀,၀၀၀ ေက်ာ္ကိုေပးအပ္ခဲ့ေၾကာင္းနဲ႔ လတ္တေလာ ကုလသမဂၢ ကေလးမ်ားရန္ပုံေငြအဖြဲ႕ UNICEF နဲ႔ ကမၻာ့ စားနပ္ရိကၡာ အစီအစဥ္အဖြဲ႕ WFP က လူ ၁ သန္းေလာက္အတြက္ ေငြေၾကးအကူအညီေပးေနေၾကာင္း ေျပာပါတယ္။

ဒါ့အျပင္ အခုလို ကပ္ေရာဂါျဖစ္ပြါးရတဲ့ အေပၚမွာ ပုဂၢလိက က႑နဲ႔ ေက်းလက္ေဒသေတြကို ႀကီးႀကီးမားမားရိုက္ခတ္မႈရွိတာကို ေတြ႕ရွိေနေၾကာင္းကိုကုလသမဂၢ ဖြံ႔ၿဖိဳးတိုးတက္ေရး အစီအစဥ္ (UNDP)နဲ႔ ကမၻာ့ စားနပ္ရိကၡာနဲ႔ စိုက္ပ်ိဳးေရး အဖြဲ႕ (FAO)က ေျပာတယ္လို႔Dujarric က ေျပာပါတယ္။

ေက်ာင္းေတြပိတ္ထားရတဲ့ အတြက္လည္း WFP က မိသားစု ၁၄၅,၀၀၀ ေလာက္အတြက္ အစားအေသာက္ေတြကို ေထာက္ပံ့ေပး ေန တယ္လို႔ ေျပာပါတယ္။ ကုလသမဂၢ ပညာေရး၊ သိပၸံနဲ႔ ယဥ္ေက်းမႈအဖြဲ႕ UNESCO နဲ႔ ကုလသမဂၢ ကေလးမ်ားရံပုံေငြ အဖြဲ႕ UNICEF တို႔ပူးေပါင္းၿပီး ဆရာ၊ ဆရာမ ၉၀,၀၀၀ ေက်ာ္၊ ေက်ာင္းသားေတြနဲ႔ မိသားစုေတြအတြက္ လမ္းညႊန္ခ်က္ေတြ ခ်မွတ္ေပးခဲ့ၿပီး အိမ္ကေန စာသင္နိုင္ဖို႔ သင္ၾကားေရး ပစၥည္းေတြကိုလည္း ေထာက္ပံ့ေပးခဲ့တယ္လို႔ ေျပာပါတယ္။

ဒါ့အျပင္ နိုင္ငံတကာေရႊ႕ေျပာင္းအလုပ္သမားမ်ား အကူအညီေပးေရး အဖြဲ႕IOM ကလည္း ကပ္ေရာဂါကာလ အလုပ္အကိုင္မရွိ တာေၾကာင့္ ျမန္မာနိုင္ငံကို ျပန္ေရာက္လာတဲ့ ေရႊ႕ေျပာင္းလုပ္သား ၁၃၀,၀၀၀ နီးပါးကို ေသာက္ေရနဲ႔ တျခားလိုအပ္တဲ့ ပစၥည္းေတြ ေထာက္ပံ့ ေပးအပ္ခဲ့တယ္လို႔ ေျပာခြင့္ရ Dujarric ကေျပာပါတယ္ ။

ေလာေလာဆယ္ ျမန္မာနိုင္ငံက တကမၻာလုံးအတိုင္းအတာနဲ႔COVID-19 ကူးစက္မႈႏႈန္း အမ်ားဆုံး နိုင္ငံေပါင္း (၉၀)စာရင္းထဲမွာ အဆင့္ (၇၅)မွာရွိတယ္လို႔ WHO ကမၻာ့က်န္းမာေရးအဖြဲ႕က ျပဳစုတဲ့ စာရင္းကို ကိုးကားၿပီး ျမန္မာနိုင္ငံ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီး ဌာနက ေအာက္တိုဘာ(၂၈) ရက္ ကသတင္းထုတ္ျပန္ပါတယ္။ ၿပီးခဲ့တဲ့ သီတင္းပတ္တုန္းက အဆင့္ ၇၆ မွာရွိေနခဲ့တာပါ။

က်န္းမာေရးဝန္ႀကီးဌာနရဲ့ သတင္းထုတ္ျပန္ခ်က္အရ ျမန္မာနိုင္ငံမွာ အခုအခ်ိန္ထိ COVID-19ကူးစက္သူေပါင္း ၅၀၀,၄၀၃ ေယာက္နဲ႔ နဲ႔ ေသဆုံးသူ ၁၁,၉၉ ေယာက္ရွိေနၿပီ ျဖစ္ပါတယ္။ မေန႔က လူနာသစ္ ၁,၃၃၁ ဦးရွိၿပီး ေသဆုံးသူက ၂၇ ဦး ရွိပါတယ္။


...............

မြန်မာ COVID စမ်းသပ် ကာကွယ်ရေး ပစ္စည်းတွေ ကုလကူညီ

(Unicode)

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်းမြင့်တက်လာနေချိန်မှာ ကုလသမဂ္ဂအဖွဲ့ က ဌာနေ ညှိနှိုင်းဆောင်ရွက်ရေးမှူး Ola Almgren ဦးဆောင်တဲ့အဖွဲ့က တဆင့် ကပ်ရောဂါအတွက် လိုအပ်တာတွေကို ထောက်ပံ့ကူညီပေးခဲ့တယ်လို့ ကုလသမဂ္ဂ ပြောခွင့်ရ Stephane Dujarric ကပြောပါတယ်။

မြန်မာနိုင်ငံအတွက် ရောဂါထိန်းချုပ်ရေး အကူအညီအဖြစ် ရောဂါစစ်ဆေးရေး ကရိယာ test kits ၃၀၀,၀၀၀နီးပါး နဲ့တစ်ကိုယ်ရေး ကာကွယ်ရေး ပစ္စည်း ၂၆၀,၀၀၀ ကျော်ကိုပေးအပ်ခဲ့ကြောင်းနဲ့ လတ်တလော ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF နဲ့ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်အဖွဲ့ WFP က လူ ၁ သန်းလောက်အတွက် ငွေကြေးအကူအညီပေးနေကြောင်း ပြောပါတယ်။

ဒါ့အပြင် အခုလို ကပ်ရောဂါဖြစ်ပွါးရတဲ့ အပေါ်မှာ ပုဂ္ဂလိက ကဏ္ဍနဲ့ ကျေးလက်ဒေသတွေကို ကြီးကြီးမားမားရိုက်ခတ်မှုရှိတာကို တွေ့ရှိနေကြောင်းကိုကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (UNDP)နဲ့ ကမ္ဘာ့ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေး အဖွဲ့ (FAO)က ပြောတယ်လို့Dujarric က ပြောပါတယ်။

ကျောင်းတွေပိတ်ထားရတဲ့ အတွက်လည်း WFP က မိသားစု ၁၄၅,၀၀၀ လောက်အတွက် အစားအသောက်တွေကို ထောက်ပံ့ပေး နေ တယ်လို့ ပြောပါတယ်။ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ UNESCO နဲ့ ကုလသမဂ္ဂ ကလေးများရံပုံငွေ အဖွဲ့ UNICEF တို့ပူးပေါင်းပြီး ဆရာ၊ ဆရာမ ၉၀,၀၀၀ ကျော်၊ ကျောင်းသားတွေနဲ့ မိသားစုတွေအတွက် လမ်းညွှန်ချက်တွေ ချမှတ်ပေးခဲ့ပြီး အိမ်ကနေ စာသင်နိုင်ဖို့ သင်ကြားရေး ပစ္စည်းတွေကိုလည်း ထောက်ပံ့ပေးခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတကာရွှေ့ပြောင်းအလုပ်သမားများ အကူအညီပေးရေး အဖွဲ့IOM ကလည်း ကပ်ရောဂါကာလ အလုပ်အကိုင်မရှိ တာကြောင့် မြန်မာနိုင်ငံကို ပြန်ရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သား ၁၃၀,၀၀၀ နီးပါးကို သောက်ရေနဲ့ တခြားလိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့ ပေးအပ်ခဲ့တယ်လို့ ပြောခွင့်ရ Dujarric ကပြောပါတယ် ။

လောလောဆယ် မြန်မာနိုင်ငံက တကမ္ဘာလုံးအတိုင်းအတာနဲ့COVID-19 ကူးစက်မှုနှုန်း အများဆုံး နိုင်ငံပေါင်း (၉၀)စာရင်းထဲမှာ အဆင့် (၇၅)မှာရှိတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြုစုတဲ့ စာရင်းကို ကိုးကားပြီး မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီး ဌာနက အောက်တိုဘာ(၂၈) ရက် ကသတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အဆင့် ၇၆ မှာရှိနေခဲ့တာပါ။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ အခုအချိန်ထိ COVID-19ကူးစက်သူပေါင်း ၅၀၀,၄၀၃ ယောက်နဲ့ နဲ့ သေဆုံးသူ ၁၁,၉၉ ယောက်ရှိနေပြီ ဖြစ်ပါတယ်။ မနေ့က လူနာသစ် ၁,၃၃၁ ဦးရှိပြီး သေဆုံးသူက ၂၇ ဦး ရှိပါတယ်။

 https://burmese.voanews.com/a/myanmar-covid-un-test-kit-/5640722.html

 

No comments:

Post a Comment

Note: Only a member of this blog may post a comment.