Breaking

October 23, 2020

ျမန္မာေရြးေကာက္ပြဲ ကန္႔သတ္မႈအေပၚ Carter Center ေ၀ဖန္



(Zawgyi/Unicode)

၂ ပတ္ေက်ာ္အတြင္း လာေတာ့မယ့္ ျမန္မာႏိုင္ငံေရြးေကာက္ပြဲမွာ ႏိုင္ငံတကာဘက္က ေလ့လာေစာင့္ၾကည့္ေပးေနတဲ့ အဖြဲ႔ႀကီးတစ္ခုက ကိုဗစ္ကာလေရြးေကာက္ပြဲျဖစ္တာမို႔ အသြားအလာကန္႔သတ္ခ်က္ေတြေၾကာင့္ အဓိကအခက္အခဲျဖစ္ေစတယ္လို႔ ဆိုပါတယ္။

အရင္ ၂၀၁၅ ေရြးေကာက္ပြဲတံုးကလည္း ေစာင့္ၾကည့္ခဲ့တဲ့ ဒီ Carter Center ေရြးေကာက္ပြဲေစာင့္ၾကည့္ေရးအဖြဲ႔ရဲ့ ျမန္မာႏိုင္ငံဆိုင္ရာကိုယ္စားလွယ္က အခုေရြးေကာက္ပြဲေကာ္မရွင္ရဲ့ ႀကိဳတင္ေဆြးေႏြးမူနဲ႔ ထင္သာျမင္သာရွိေအာင္ရွင္းျပမူကလည္း အားနည္းခဲ့တယ္လို႔ ေထာက္ျပလိုက္ပါတယ္။

ျမန္မာႏိုင္ငံကို ဒီႏွစ္မတ္လထဲကေရာက္ေနတဲ့ ဒီ Carter Center ရဲ့ IEOM လို႔ အတုိေခါက္ေခၚတဲ့ ႏိုင္ငံတကာေရြးေကာက္ပြဲေလ့လာေစာင့္ၾကည့္ေရးအဖြဲ႔ ဒါရိုက္တာ Sean Dunne ကို ေမးထားပါတယ္။

၂၀၁၃ ခုႏွစ္ထဲက ျမန္မာႏိုင္ငံကို စေရာက္ရွိခဲ့တဲ့ ဒီ Carter Center အဖြဲ႔က ျမန္မာႏိုင္ငံဆိုင္ရာ လက္ရွိကိုယ္စားလွယ္ Dunne က အရင္ စေရာက္တံုးက ကိုဗစ္အျဖစ္နည္းတာမို႔ လံုးဝမထင္ထားခဲ့တဲ့ အခု ကိုဗစ္ေရာဂါဆိုင္ရာသြားလာလႈပ္ရွားခြင့္ကန္႔သတ္ခ်က္ေတြေၾကာင့္၊ အမ်ားႀကီးေျပာင္းသြားၿပီ၊ ဒီကန္႔သတ္ခ်က္ေတြေၾကာင့္ ပါတီေတြနဲ႔ ကိုယ္စားလွယ္ေလာင္းေတြအျပင္၊ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္အရာရွိေတြနဲ႔ သတင္းမီဒီယာေတြ၊ ေလ့လာေစာင့္ၾကည့္အေရးအဖြဲ႔ေတြအတြက္ပါ အခက္အခဲေတြအမ်ားႀကီးျဖစ္ေစတယ္၊ ဒါေပမဲ့ အေရးႀကီးဆံုးထိခိုက္တာကေတာ့ ပါတီေတြအတြက္ တန္းတူခြင့္နဲ႔ ျပည္သူေတြအတြက္ မဲေပးခြင့္အေပၚ စိုးရိမ္ရတာပါပဲလို႔ ခုလိုစရွင္းျပပါတယ္။

“ဒီအခ်က္ေၾကာင့္ အေရးႀကီးတာတစ္ခုက ေရြးေကာက္ပြဲမွာ တန္းတူလုပ္ေဆာင္ႏိုင္ခြင့္ရေရး၊ ဘယ္ေလာက္အတိုင္းအတာထိ ထိခိုက္သြားလဲဆိုတာပါ။ တစ္နည္းအားျဖင့္ ပါတီေတြနဲ႔ ကိုယ္စားလွယ္ေလာင္ေတြအေနနဲ႔၊ သူတို႔ေျပာခ်င္တာတဲ့သတင္းစကားေတြ မဲဆႏၵရွင္ေတြဆီေရာက္ဖို႔နဲ႔၊ ေနာက္ မဲဆႏၵရွင္ေတြအတြက္လည္း ဒီသတင္းစကားအေပၚ သိရွိႏိုင္ခြင့္ေတြအတြက္၊ ဘယ္ေလာက္ထိခိုက္သြားလဲေပါ့ဗ်ာ။ ေနာက္အေရးႀကီးတာတစ္ခုကေတာ့ အမ်ားျပည္သူေတြစိတ္ထဲမွာ အၿမဲစိုးရိမ္မူေတြရွိေနႏိုင္တာပါ။ ဒါကေတာ့ ဒီကိုဗစ္ကာလမွာ မဲထြက္ေပးျခင္းအားျဖင့္ က်န္းမာေရးဘက္မွာ ဘယ္ေလာက္ထိ သူတို႔အတြက္ အႏၱရာယ္ရွိႏိုင္သလဲေပါ့ေနာ္။”

မၾကာခင္မွာ ေရြးေကာက္ပြဲေကာ္မရွင္နဲ႔ ထပ္ေတြ႔ဖို႔ရွိတဲ့ Sean Dunne က ဆက္ၿပီး၊ အခု ကိုဗစ္ကန္႔သတ္ခ်က္ေၾကာင့္ ပါတီေတြအားလံုး အရင္လို လြတ္လြတ္လပ္လပ္ သြားလာလႈပ္ရွားခြင့္မရတာတူေပမဲ့ အတုိင္းအတာအနည္းအမ်ားကေတာ့ ကြာတယ္၊ အင္တာနက္ တြင္တြင္က်ယ္က်ယ္ အသံုးျပဳႏိုင္မူေပၚလည္းမူတည္တယ္၊ ဒီစိန္ေခၚမူအသစ္က ပါတီသစ္ေတြ၊ အငယ္ေတြအတြက္ သူတို႔ရဲ့ မူဝါဒေတြ၊ လူသစ္ေတြကို အမ်ားသိႏိုင္ဖို႔ ပိုခက္ခဲေစတယ္လို႔ ခုလိုဆက္ရွင္းျပပါတယ္။

“ဒီေရြးေကာက္ပြဲလုပ္ငန္းစဥ္မွာ အခုမွ အသစ္စဝင္လာတဲ့ ပါတီသစ္ေတြ၊ ကိုယ္စားလွယ္သစ္ေတြအေနနဲ႔ ပိုနစ္နာႏိုင္တာကေတာ့၊ သူတို႔ကို ျပည္သူေတြ စသိေအာင္မိတ္ဆက္ဖို႔၊ ဒီ သမရိုးက် မဲဆြယ္ပြဲေတြအတိုင္း၊ ျပည္သူေတြကိုစုစည္းေပးႏိုင္မဲ့ လူထုေဆြးေႏြးပြဲေတြလိုမ်ိဳး စုေဝးႏိုင္ဖို႔က ခက္ခဲသြားေတာ့၊ နဂိုအသားက်ၿပီးသားပါတီေတြ၊ သိၿပီးသား ကိုယ္စားလွယ္ေတြထက္၊ ဒီပါတီသစ္၊ လူသစ္ေတြက၊ ပို လုပ္ရကိုင္ရခက္သြားတာေပါ့ဗ်ာ။”

တကယ္ေတာ့ ၾသဂုတ္လလည္ထိ ျမန္မာႏိုင္ငံမွာ ကိုဗစ္ကူးစက္မူက ရာဂဏန္းအနည္းငယ္သာရွိခဲ့တာမို႔၊ ခုလို အမ်ားႀကီး ခက္ခက္ခဲခဲျဖစ္လာဖို႔ ျပည္သူအမ်ားလဲမေမွ်ာ္မွန္းထားဖူးလို႔ ဆက္ေျပာလာတဲ့ Dunne ကပဲ အခု အင္တာနက္လူမူမီဒီယာအားထားၿပီး မဲဆြယ္ရမွာ တန္းတူရဖို႔ခက္ပံုကို အေသးစိတ္ခုလိုဆက္ရွင္းျပပါတယ္။

“ဥပမာ NLD လိုအဖြဲ႔မ်ိဳးဆိုရင္ Facebook ေပၚမွာ ေကာင္ေကာင္း အသားက်ၿပီးသား ပရိသတ္ေတြ၊ ေထာက္ခံသူေတြက အမ်ားႀကီးရွိေနတယ္ေလ။ အရင္ထဲက ေထာက္ခံလာမူေတြ ၂၀၁၅ ထဲကေထာက္ခံလာမူေတြေရာ ဒါေတြနဲ႔အတူ အခု လူမူကြန္ယက္မွာ ပိုပိုပါဝင္ေထာက္ခံလာသူေတြ ျဖစ္လာတာေၾကာင့္၊ သူတို႔ေတြအားလံုးအတြက္၊ NLD အေၾကာင္းေတြကိုေတာ့ ဒီ လူမူကြန္ယက္ကေန အမ်ားႀကီး ပိုထပ္သိခြင့္ရေစတာေပါ့ေနာ္။ ဒါေပမယ့္ တဖက္မွာေတာ့၊ ပါတီတစ္ခုခ်င္းအေနနဲ႔ ျမန္မာအစိုးရရဲ့ TV ရုပ္ျမင္သံၾကားနဲ႔ သတင္းမီဒီယာေတြကေန၊ ၁၅ မီးနစ္စီေပါ့ဗ်ာ၊ ေျပာခြင့္ေတာ့ ရထားတဲ့အေျခအေနမွာ၊ ဒီ တန္းတူမူညီမွ်ရွိိမူအတြက္လည္း၊ တစ္ခ်က္ထည့္စဥ္းစားစရာ ရွိေနပါတယ္။”

ဒါေပမဲ့ ဒီတစ္ေခါက္ ေရြးေကာက္ပြဲေကာ္မရွင္အေနနဲ႔၊ သက္ဆိုင္အေရးပါသူ အထူးသျဖင့္ ႏုိင္ငံေရးပါတီေတြနဲ႔ ေတြ႔ဆံုေဆြးေႏြးတာေတြ အရင္တစ္ေခါက္ထက္ အားနည္းခဲ့တာကို အမ်ားက ေထာက္ျပၿပီးျဖစ္တယ္၊ ကိုဗစ္ကာလမို႔ ေတြ႔ဆံုဖို႔ခက္တာတေၾကာင္းျဖစ္ၿပီး၊ ေရြးေကာက္ပြဲဆိုင္ရာ ပါတီက်င့္ဝင္ေတြကို လက္မွတ္ထိုးထားတဲ့ ပါတီ ၆၀ ေက်ာ္နဲ႔ေတာ့၊ အင္တာနက္ကေန ေဆြးေႏြးတာမ်ိဳးရွိေနတယ္လို႔ Dunne က ဆက္ေျပာပါတယ္။

ဒါေပမယ့္ အေရးႀကီးတဲ့ ထင္သာျမင္သာပိုရွိေအာင္ေဆာင္ရြက္ေပးမူ အားနည္းခဲ့တာေၾကာင့္၊ လက္ရွိ မဲဆႏၵနယ္ေျမတခ်ိဳ.ပယ္ဖ်က္တဲ့ကိစၥမွာ တပ္မေတာ္ကေတာင္ သူတို႔သေဘာထားေပးတာနဲ႔ တခ်ိဳ႕ေနရာေတြ ကြဲလြဲတယ္လို႔ ထြက္ေျပာတဲ့အထိ ျဖစ္ခဲ့တယ္လို႔ Dunne ကဆိုၿပီး၊ အခုလို ဆက္ရွင္းျပပါတယ္။

“အခု မဲဆႏၵနယ္ေျမ ေရြ.ဆိုင္းမူေတြအတြက္ေတာ့၊ ဘယ္လိုေနာက္ခံအေၾကာင္းရင္းေၾကာင့္ ခုလို ဆံုးျဖတ္လိုက္တာလဲဆိုတာ၊ မွန္းဆႏိုင္ဖို႔က၊ ဘယ္သူ႔အတြက္ပဲျဖစ္ျဖစ္၊ အရမ္းကို ခက္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီဆံုးျဖတ္တဲ့ လုပ္ငန္းစဥ္မွာ ဘယ္အခ်က္ေတြအေပၚ ထည့္သြင္းစဥ္းစားၿပီး လုပ္မယ္ဆိုတာ ရွင္းရွင္းလင္းလင္း ႀကိဳမရွင္းျပထားလို႔ပါ။ အဲ့ဒီေတာ့ ဒီအေပၚမွာ ေဝဖန္သံုးသပ္မူ အမ်ိဳးမ်ိဳးထြက္လာေစတာေပါ့ဗ်ာ။ တကယ္ေတာ့ ခုလို ေရႊ႕ဆိုင္းမူေတြအတြက္၊ ဘယ္လို သတ္မွတ္ခ်က္ေတြထားကာ ထည့္သြင္းစဥ္းစားမယ္လို႔ ႀကိဳတင္ၿပီး၊ ထင္သာျမင္သာရွိေအာင္ လုပ္ႏိုင္ခဲ့မယ္ဆိုရင္ေတာ့၊ ဒီလိုျပႆနာမ်ိဳးကို နဂိုထဲက ေရွာင္လႊဲႏိုင္မွာ ေသခ်ာပါတယ္။”

တကယ္ေတာ့၊ ခုလို မဲဆႏၵနယ္ေျမအထိဖ်က္သိမ္းရတာအျပင္၊ ဒီတစ္ေခါက္ေရြးေကာက္ပြဲမွာ မြတ္ဆလင္ကိုယ္စားလွယ္ေလာင္းအမ်ားစုကိုပါ၊ ေနာက္က်မွ ျပန္ပယ္ဖ်က္ပစ္ကာ၊ အစားထိုးခြင့္မေပးတာကလည္း၊ ဒီ အသိုင္းအဝိုင္းအတြက္ အမ်ားႀကီးထိခိုက္နစ္နာေစတယ္ လို႔ Dunne က ဆိုပါတယ္။

.............

မြန်မာရွေးကောက်ပွဲ ကန့်သတ်မှုအပေါ် Carter Center ဝေဖန်

(Unicode)

၂ ပတ်ကျော်အတွင်း လာတော့မယ့် မြန်မာနိုင်ငံရွေးကောက်ပွဲမှာ နိုင်ငံတကာဘက်က လေ့လာစောင့်ကြည့်ပေးနေတဲ့ အဖွဲ့ကြီးတစ်ခုက ကိုဗစ်ကာလရွေးကောက်ပွဲဖြစ်တာမို့ အသွားအလာကန့်သတ်ချက်တွေကြောင့် အဓိကအခက်အခဲဖြစ်စေတယ်လို့ ဆိုပါတယ်။

အရင် ၂၀၁၅ ရွေးကောက်ပွဲတုံးကလည်း စောင့်ကြည့်ခဲ့တဲ့ ဒီ Carter Center ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်က အခုရွေးကောက်ပွဲကော်မရှင်ရဲ့ ကြိုတင်ဆွေးနွေးမူနဲ့ ထင်သာမြင်သာရှိအောင်ရှင်းပြမူကလည်း အားနည်းခဲ့တယ်လို့ ထောက်ပြလိုက်ပါတယ်။

မြန်မာနိုင်ငံကို ဒီနှစ်မတ်လထဲကရောက်နေတဲ့ ဒီ Carter Center ရဲ့ IEOM လို့ အတိုခေါက်ခေါ်တဲ့ နိုင်ငံတကာရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့ ဒါရိုက်တာ Sean Dunne ကို မေးထားပါတယ်။

၂၀၁၃ ခုနှစ်ထဲက မြန်မာနိုင်ငံကို စရောက်ရှိခဲ့တဲ့ ဒီ Carter Center အဖွဲ့က မြန်မာနိုင်ငံဆိုင်ရာ လက်ရှိကိုယ်စားလှယ် Dunne က အရင် စရောက်တုံးက ကိုဗစ်အဖြစ်နည်းတာမို့ လုံးဝမထင်ထားခဲ့တဲ့ အခု ကိုဗစ်ရောဂါဆိုင်ရာသွားလာလှုပ်ရှားခွင့်ကန့်သတ်ချက်တွေကြောင့်၊ အများကြီးပြောင်းသွားပြီ၊ ဒီကန့်သတ်ချက်တွေကြောင့် ပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေအပြင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အရာရှိတွေနဲ့ သတင်းမီဒီယာတွေ၊ လေ့လာစောင့်ကြည့်အရေးအဖွဲ့တွေအတွက်ပါ အခက်အခဲတွေအများကြီးဖြစ်စေတယ်၊ ဒါပေမဲ့ အရေးကြီးဆုံးထိခိုက်တာကတော့ ပါတီတွေအတွက် တန်းတူခွင့်နဲ့ ပြည်သူတွေအတွက် မဲပေးခွင့်အပေါ် စိုးရိမ်ရတာပါပဲလို့ ခုလိုစရှင်းပြပါတယ်။

“ဒီအချက်ကြောင့် အရေးကြီးတာတစ်ခုက ရွေးကောက်ပွဲမှာ တန်းတူလုပ်ဆောင်နိုင်ခွင့်ရရေး၊ ဘယ်လောက်အတိုင်းအတာထိ ထိခိုက်သွားလဲဆိုတာပါ။ တစ်နည်းအားဖြင့် ပါတီတွေနဲ့ ကိုယ်စားလှယ်လောင်တွေအနေနဲ့၊ သူတို့ပြောချင်တာတဲ့သတင်းစကားတွေ မဲဆန္ဒရှင်တွေဆီရောက်ဖို့နဲ့၊ နောက် မဲဆန္ဒရှင်တွေအတွက်လည်း ဒီသတင်းစကားအပေါ် သိရှိနိုင်ခွင့်တွေအတွက်၊ ဘယ်လောက်ထိခိုက်သွားလဲပေါ့ဗျာ။ နောက်အရေးကြီးတာတစ်ခုကတော့ အများပြည်သူတွေစိတ်ထဲမှာ အမြဲစိုးရိမ်မူတွေရှိနေနိုင်တာပါ။ ဒါကတော့ ဒီကိုဗစ်ကာလမှာ မဲထွက်ပေးခြင်းအားဖြင့် ကျန်းမာရေးဘက်မှာ ဘယ်လောက်ထိ သူတို့အတွက် အန္တရာယ်ရှိနိုင်သလဲပေါ့နော်။”

မကြာခင်မှာ ရွေးကောက်ပွဲကော်မရှင်နဲ့ ထပ်တွေ့ဖို့ရှိတဲ့ Sean Dunne က ဆက်ပြီး၊ အခု ကိုဗစ်ကန့်သတ်ချက်ကြောင့် ပါတီတွေအားလုံး အရင်လို လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားခွင့်မရတာတူပေမဲ့ အတိုင်းအတာအနည်းအများကတော့ ကွာတယ်၊ အင်တာနက် တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်မူပေါ်လည်းမူတည်တယ်၊ ဒီစိန်ခေါ်မူအသစ်က ပါတီသစ်တွေ၊ အငယ်တွေအတွက် သူတို့ရဲ့ မူဝါဒတွေ၊ လူသစ်တွေကို အများသိနိုင်ဖို့ ပိုခက်ခဲစေတယ်လို့ ခုလိုဆက်ရှင်းပြပါတယ်။

“ဒီရွေးကောက်ပွဲလုပ်ငန်းစဉ်မှာ အခုမှ အသစ်စဝင်လာတဲ့ ပါတီသစ်တွေ၊ ကိုယ်စားလှယ်သစ်တွေအနေနဲ့ ပိုနစ်နာနိုင်တာကတော့၊ သူတို့ကို ပြည်သူတွေ စသိအောင်မိတ်ဆက်ဖို့၊ ဒီ သမရိုးကျ မဲဆွယ်ပွဲတွေအတိုင်း၊ ပြည်သူတွေကိုစုစည်းပေးနိုင်မဲ့ လူထုဆွေးနွေးပွဲတွေလိုမျိုး စုဝေးနိုင်ဖို့က ခက်ခဲသွားတော့၊ နဂိုအသားကျပြီးသားပါတီတွေ၊ သိပြီးသား ကိုယ်စားလှယ်တွေထက်၊ ဒီပါတီသစ်၊ လူသစ်တွေက၊ ပို လုပ်ရကိုင်ရခက်သွားတာပေါ့ဗျာ။”

တကယ်တော့ သြဂုတ်လလည်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မူက ရာဂဏန်းအနည်းငယ်သာရှိခဲ့တာမို့၊ ခုလို အများကြီး ခက်ခက်ခဲခဲဖြစ်လာဖို့ ပြည်သူအများလဲမမျှော်မှန်းထားဖူးလို့ ဆက်ပြောလာတဲ့ Dunne ကပဲ အခု အင်တာနက်လူမူမီဒီယာအားထားပြီး မဲဆွယ်ရမှာ တန်းတူရဖို့ခက်ပုံကို အသေးစိတ်ခုလိုဆက်ရှင်းပြပါတယ်။

“ဥပမာ NLD လိုအဖွဲ့မျိုးဆိုရင် Facebook ပေါ်မှာ ကောင်ကောင်း အသားကျပြီးသား ပရိသတ်တွေ၊ ထောက်ခံသူတွေက အများကြီးရှိနေတယ်လေ။ အရင်ထဲက ထောက်ခံလာမူတွေ ၂၀၁၅ ထဲကထောက်ခံလာမူတွေရော ဒါတွေနဲ့အတူ အခု လူမူကွန်ယက်မှာ ပိုပိုပါဝင်ထောက်ခံလာသူတွေ ဖြစ်လာတာကြောင့်၊ သူတို့တွေအားလုံးအတွက်၊ NLD အကြောင်းတွေကိုတော့ ဒီ လူမူကွန်ယက်ကနေ အများကြီး ပိုထပ်သိခွင့်ရစေတာပေါ့နော်။ ဒါပေမယ့် တဖက်မှာတော့၊ ပါတီတစ်ခုချင်းအနေနဲ့ မြန်မာအစိုးရရဲ့ TV ရုပ်မြင်သံကြားနဲ့ သတင်းမီဒီယာတွေကနေ၊ ၁၅ မီးနစ်စီပေါ့ဗျာ၊ ပြောခွင့်တော့ ရထားတဲ့အခြေအနေမှာ၊ ဒီ တန်းတူမူညီမျှရှိမူအတွက်လည်း၊ တစ်ချက်ထည့်စဉ်းစားစရာ ရှိနေပါတယ်။”

ဒါပေမဲ့ ဒီတစ်ခေါက် ရွေးကောက်ပွဲကော်မရှင်အနေနဲ့၊ သက်ဆိုင်အရေးပါသူ အထူးသဖြင့် နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးတာတွေ အရင်တစ်ခေါက်ထက် အားနည်းခဲ့တာကို အများက ထောက်ပြပြီးဖြစ်တယ်၊ ကိုဗစ်ကာလမို့ တွေ့ဆုံဖို့ခက်တာတကြောင်းဖြစ်ပြီး၊ ရွေးကောက်ပွဲဆိုင်ရာ ပါတီကျင့်ဝင်တွေကို လက်မှတ်ထိုးထားတဲ့ ပါတီ ၆၀ ကျော်နဲ့တော့၊ အင်တာနက်ကနေ ဆွေးနွေးတာမျိုးရှိနေတယ်လို့ Dunne က ဆက်ပြောပါတယ်။

ဒါပေမယ့် အရေးကြီးတဲ့ ထင်သာမြင်သာပိုရှိအောင်ဆောင်ရွက်ပေးမူ အားနည်းခဲ့တာကြောင့်၊ လက်ရှိ မဲဆန္ဒနယ်မြေတချို.ပယ်ဖျက်တဲ့ကိစ္စမှာ တပ်မတော်ကတောင် သူတို့သဘောထားပေးတာနဲ့ တချို့နေရာတွေ ကွဲလွဲတယ်လို့ ထွက်ပြောတဲ့အထိ ဖြစ်ခဲ့တယ်လို့ Dunne ကဆိုပြီး၊ အခုလို ဆက်ရှင်းပြပါတယ်။

“အခု မဲဆန္ဒနယ်မြေ ရွေ.ဆိုင်းမူတွေအတွက်တော့၊ ဘယ်လိုနောက်ခံအကြောင်းရင်းကြောင့် ခုလို ဆုံးဖြတ်လိုက်တာလဲဆိုတာ၊ မှန်းဆနိုင်ဖို့က၊ ဘယ်သူ့အတွက်ပဲဖြစ်ဖြစ်၊ အရမ်းကို ခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဆုံးဖြတ်တဲ့ လုပ်ငန်းစဉ်မှာ ဘယ်အချက်တွေအပေါ် ထည့်သွင်းစဉ်းစားပြီး လုပ်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း ကြိုမရှင်းပြထားလို့ပါ။ အဲ့ဒီတော့ ဒီအပေါ်မှာ ဝေဖန်သုံးသပ်မူ အမျိုးမျိုးထွက်လာစေတာပေါ့ဗျာ။ တကယ်တော့ ခုလို ရွှေ့ဆိုင်းမူတွေအတွက်၊ ဘယ်လို သတ်မှတ်ချက်တွေထားကာ ထည့်သွင်းစဉ်းစားမယ်လို့ ကြိုတင်ပြီး၊ ထင်သာမြင်သာရှိအောင် လုပ်နိုင်ခဲ့မယ်ဆိုရင်တော့၊ ဒီလိုပြဿနာမျိုးကို နဂိုထဲက ရှောင်လွှဲနိုင်မှာ သေချာပါတယ်။”

တကယ်တော့၊ ခုလို မဲဆန္ဒနယ်မြေအထိဖျက်သိမ်းရတာအပြင်၊ ဒီတစ်ခေါက်ရွေးကောက်ပွဲမှာ မွတ်ဆလင်ကိုယ်စားလှယ်လောင်းအများစုကိုပါ၊ နောက်ကျမှ ပြန်ပယ်ဖျက်ပစ်ကာ၊ အစားထိုးခွင့်မပေးတာကလည်း၊ ဒီ အသိုင်းအဝိုင်းအတွက် အများကြီးထိခိုက်နစ်နာစေတယ် လို့ Dunne က ဆိုပါတယ်။ 

 https://burmese.voanews.com/a/myanmar-election-carter-center-comment/5632578.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.