Breaking

October 19, 2020

ပုသိမ်မှာ လူစုလူဝေးနဲ့ NLD ပါတီ ဝန်းရံသူတွေကို အရေးယူမည်

 2020-10-18

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ၂၀၂၀၊ အောက်တိုဘာ ၁၇ ရက်နေ့က NLD ဝန်းရံသူတွေ အင်အားပြ မဲဆွယ်စည်းရုံးခဲ့စဉ်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ၂၀၂၀၊ အောက်တိုဘာ ၁၇ ရက်နေ့က NLD ဝန်းရံသူတွေ အင်အားပြ မဲဆွယ်စည်းရုံးခဲ့စဉ်
.

ကိုရိုနာဗိုင်းရပ်စ်ကူးစက်နှုန်း ထိန်းချုပ်နိုင်ဖို့ Stay at Home အဖြစ် သတ်မှတ်ထားတဲ့ ပုသိမ်မြို့မှာ အောက်တိုဘာလ ၁၇ ရက် မနေ့က NLD ပါတီကို လူစုလူဝေးနဲ့ အင်အားပြထောက်ခံ လှည့်လှည်ရာမှာပါဝင်တဲ့ NLD ပါတီဝန်းရံသူ ၁၀ ဦးကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က အရေးယူမယ်လို့ သိရပါတယ်။

ဦးဆောင်တဲ့သူ ၁၀ ဦးခန့်ကို ရဲစခန်းမှာ စစ်ချက်တွေယူထားပြီးဖြစ်တယ်လို့ ပုသိမ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရာဇာအေး က RFA ကို ပြောပါတယ်။

“မနေ့က ကျနော်တို့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က လိုက်ကြည့်တဲ့အခါမှာ ဦးဆောင်တဲ့သူတွေပေါ့နော်။ ဒီအပေါ်မှာ ခေါင်းဆောင်ပြီးတော့ စုပြီးတော့ ဆောင်ရွက်တဲ့သူတွေကို ကျနော်တို့က ရသလောက်ပေါ့နော်။ ကျနော်တို့ နောက်ကနေလိုက်ပြီးတော့ သွားတယ်။ ရသလောက် ခေါင်းဆောင်တွေပေါ့။ အဖွဲ့ မှာရှိတဲ့ ခေါင်းဆောင်တွေကို မနေ့ကခေါ်ပြီးတော့ စခန်းမှာလည်း ထွက်ဆိုချက်တွေ ယူထားပြီးပါပြီ။ ကျနော်တို့ လုပ်ရမှာ တရားစွဲဖို့ပဲ ကျန်ပါတော့တယ်။"

မနေ့က NLD ပါတီကို အင်အားပြလှည့်လှည်ခဲ့တဲ့အဖွဲ့တွေနောက်ကို ပုသိမ်မြို့နယ် Stay at Home စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က လိုက်လံကာ ခေါင်းဆောင်တွေကို စာရင်းကောက်ယူခဲ့တယ်လို့ ဦးရာဇာအေးက ပြောပါတယ်။

Stay at Home အမိန့်ကို ဖောက်ဖျက်တဲ့ NLD ပါတီ ဝန်းရံသူတွေကို ဘယ်လိုပုဒ်မတွေနဲ့ အရေးယူရမယ်ဆိုတာ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြထားတယ်လို့ ဦးရာဇာအေးက ပြောပါတယ်။

Stay at Home အမိန့်ထုတ်ပြန်ထားတဲ့ ပုသိမ်မြို့မှာ အောက်တိုဘာလ ၁၇ ရက်နေ့က ဆိုက်ကား၊ ဆိုင်ကယ်၊ ကားတွေနဲ့ ပုသိမ်မြို့အနှံ့ ကို ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီကို ထောက်ခံကြောင်း လူစုလူဝေးနဲ့ လှည့်လှည် အင်အားပြသခဲ့ကြတာပါ။

https://www.rfa.org/burmese/news/action-will-take-nld-supporters-in-pathein-10182020025450.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.