Breaking

October 19, 2020

အာဏာရ NLD နဲ႔ အဓိကၿပိဳင္ဘက္ USDP တို႔ ေနျပည္ေတာ္မွာ အၿပိဳင္အဆိုင္ မဲဆြယ္


 


၂၀၂၀ ေရြးေကာက္ပဲြ ေအာင္ႏုိင္ေရး အၿပိဳင္အဆုိင္ စည္း႐ုံးေရးဆင္းေနၾကတဲ့ NLD နဲ႔ USDP ပါတီ ေထာက္ခံသူမ်ား။

(Zawgyi / Unicode)

ေရြးေကာက္ပြဲက်င္းပဖို႔ နီးလာခ်ိန္ အဓိကၿပိဳင္ဘက္ အင္အားႀကီးပါတီႀကီး ၂ ခုျဖစ္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (NLD) နဲ႔ ျပည္ေထာင္စုႀကံံ့ခိုင္ေရးနဲ႔ ဖြံ႔ၿဖိဳးေရးပါတီတို႔ အစိုးရ႐ုံးစိုက္ရာ ေနျပည္ေတာ္တဝုိက္ အင္အားျပ စည္း႐ုံးပြဲေတြ အသီးသီး လုပ္ေနၾကပါတယ္။ ပါတီႀကီး ၂ ခုရဲ႕ ေထာက္ခံသူေတြၾကား ေမွ်ာ္လင့္ခ်က္ေတြကို AFP သတင္းေဆာင္းပါးေတြ အေျခခံၿပီး မသိဂႌထုိက္ တင္ျပေပးထားပါတယ္။

COVID-19 ကပ္ေဘးေၾကာင့္ ႏုိဝင္ဘာလ ၈ ရက္ေန႔ က်င္းပမယ့္ ေရြးေကာက္ပြဲအတြက္ ႏုိင္ငံတဝန္း မဲဆြယ္စည္းရံုးပြဲေတြ က်ယ္က်ယ္ျပန္႔ျပန္႔ မလုပ္ႏုိင္ေပမယ့္လည္း ႏုိင္ငံတဝန္းမွာ စုေဝး အင္အားျပပြဲေတြေတာ့ လုပ္ေနၾကပါတယ္။ အစိုးရ႐ုံးစိုက္ရာ ေနျပည္ေတာ္တဝုိက္မွာေတာ့ ေအာက္တိုဘာလ ၁၀ ရက္ေန႔က လက္ရွိအာဏာရ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (NLD) ပါတီ ေထာက္ခံသူေတြ ကားေတြ၊ ဆိုင္ကယ္ေတြနဲ႔ စည္း႐ုံး လႈပ္ရွားခဲ့ပါတယ္။

အသက္ ၆၀ အရြယ္ NLD ေထာက္ခံသူ ဦးဝင္းႏုိင္ကေတာ့ “ကုိဗစ္ကာလ ျဖစ္ေပမယ့္လည္း ျပည္သူေတြက ေရာဂါရွိေပမယ့္လည္း ေရာဂါမေၾကာက္ဘဲနဲ႔ အေမႏိုင္ေရးအတြက္ပဲ အဓိက စိတ္ထဲမွာ ထားခဲ့တာေပါ့။ လူတိုင္းမွာ အဲလိုစိတ္မ်ိဳး ရွိပါတယ္ခင္ဗ်။” လုိ႔ ေျပာပါတယ္။

NLD ေထာက္ခံသူ ေနာက္တဦးျဖစ္တဲ့ အသက္ ၄၀ အရြယ္ ကိုျပည့္ၿဖိဳးေအာင္ကေတာ့...

“ဒီပါတီကိုပဲ က်ေနာ္က ခ်စ္တယ္။ NLD ဆိုရင္ က်ေနာ္က အၿမဲတမ္း ေလးစားၿပီးသား။ ငယ္ငယ္ကတည္းက က်ေနာ္တို႔ မိဘေတြကလည္း နဂိုကတည္းက ဒီစိတ္ပဲ ေမြးေပးခဲ့တာ ဆိုေတာ့။ က်ေနာ့္အေဖကအစ။ အဲဒီအတြက္ က်ေနာ္ကလည္း ဒီစိတ္နဲ႔ပဲ။ ဒီ NLD ဒီ အေမစု ဗိုလ္ခ်ဳပ္ကလြဲရင္ က်ေနာ္ ဘယ္သူ႔ကိုမွ အယံုအၾကည္မရွိဘူး။” လို႔ ဆုိပါတယ္။

ေနျပည္ေတာ္ စည္း႐ုံးေရးယာဥ္တန္းမွာ လိုက္ပါလာသူ ဦးေမာင္လြင္ကလည္း သူ႔ရဲ႕အျမင္ကုိ အခုလိုေျပာပါတယ္။

“က်ေနာ္တို႔ ဒီ NLD ေအာင္ႏုိင္ေရးက တေၾကာင္းဆိုေတာ့ ကုိဗစ္ထက္ အေရးႀကီးတဲ့ က်ေနာ္တို႔ရဲ႕ ျပည္သူလူထုရဲ႕ ဘယ္လိုေျပာရမလဲဆိုေတာ့ အာဏာရွင္ရဲ႕ စနစ္ လက္ေအာက္ကို ေရာက္သြားမွာ ေၾကာက္လို႔ ကုိဗစ္ထက္ပိုၿပီး အေရးႀကီးလို႔ ဒီဥစၥာကို က်ေနာ္တို႔ တစည္းတလံုး စုစည္းေပးတာ။ က်ေနာ္တို႔က ဒီလိုျမင္ပါတယ္။”

NLD ပါတီရဲ႕ အဓိက အတိုက္အခံျဖစ္တဲ့ ျပည္ေထာင္စုႀကံ့ခုိင္ေရးနဲ႔ ဖြံ႔ၿဖိဳးေရးပါတီ (USDP) ေထာက္ခံသူေတြကလည္း ေအာက္တိုဘာလ ၁၇ ရက္ေန႔က ေနျပည္ေတာ္တဝုိက္ ယာဥ္တန္းနဲ႔ လွည့္လည္ၿပီး စည္း႐ုံးေရး ဆင္းခဲ့ပါတယ္။ USDP ပါတီ ေထာက္ခံသူ ေဒၚခင္ျမကေတာ့ USDP ပါတီဥကၠ႒ ဦးသန္းေဌး အႏုိင္ရမယ္လို႔ အခိုင္အမာ ယံုၾကည္ထားသူပါ။

“ဒါက ႏုိင္မွာ။ ဘာျဖစ္လို႔လဲဆိုေတာ့ အေမႀကီးတို႔က အသိဆံုးေလ၊ ရြာထဲမွာေနေတာ့။ ကားလည္း အမ်ားဆံုး၊ လူလည္း အမ်ားဆံုး၊ အေမႀကီးတို႔ ရြာထဲလည္း အမ်ားဆံုး။”

USDP ပါတီ ေထာက္ခံသူ ကိုမင္းမင္းကေတာ့ စည္း႐ုံးေရးမွာ လူထုေထာက္ခံမႈက ထင္မွတ္မထားေလာက္ေအာင္ ရခဲ့ပါတယ္လို႔ ဆုိပါတယ္။

“အရမ္းအားတက္တယ္၊ အရမ္းလည္း ေပ်ာ္တယ္ဗ်။ က်ေနာ္တို႔ မထင္မွတ္ထားတဲ့ ပံုစံႀကီးကို က်ေနာ္တို႔ ေတြ႔ရတယ္။ တခ်ိဳ႕ဆို ၾကက္သီးေတာင္ထတယ္။ အမွန္အတိုင္း ေျပာရရင္ က်ေနာ္တို႔လူငယ္ေတြ တကယ္ကို ၾကက္သီးထတယ္။ က်ေနာ္တို႔ အဲေလာက္ထိ ေမွ်ာ္လင့္ေတာ့ မထားဘူးေပါ့။ ဒါေပမယ့္ ျဖစ္သြားတယ္။ က်ေနာ္တို႔ အဲဒါေလးကိုေတာ့ က်ေနာ္တို႔ ၁၀၀ ရာခိုင္ႏႈန္း က်ေနာ္တို႔ ေမွ်ာ္လင့္ပါတယ္။”

COVID-19 ကပ္ေဘးကာလေၾကာင့္ ႏုိင္ငံတဝန္း ကူးသန္းသြားလာေရး အခက္အခဲအျပင္ ဗိုင္းရပ္စ္ကပ္ေဘး ထိန္းခ်ဳပ္ႏုိင္ေရးအတြက္ လူထု ေဟာေျပာပြဲေတြ မလုပ္ႏုိင္သလို စည္း႐ုံးေရးလည္း မဆင္းႏုိင္ၾကပါဘူး။ တခ်ိန္တည္းမွာပဲ လက္နက္ကိုင္ ပဋိပကၡေတြ ရွိေနတဲ့ ရခိုင္ျပည္နယ္ထဲမွာ မူလက ေရြးေကာက္ပြဲက်င္းပဖို႔ ျပင္ဆင္ထားခဲ့တဲ့ ၿမိဳ႕နယ္ ၉ ခုနဲ႔ တျခားၿမိဳ႕နယ္ ၄ ခုတြင္းက မဲဆႏၵနယ္ တခ်ိဳ႕မွာလည္း ေရြးေကာက္ပြဲ မက်င္းပေတာ့ဘူးလို႔ ေရြးေကာက္ပြဲေကာ္မရွင္က ထုတ္ျပန္ထားပါတယ္။


 

(Unicode)

အာဏာရ NLD နဲ့ အဓိကပြိုင်ဘက် USDP တို့ နေပြည်တော်မှာ အပြိုင်အဆိုင် မဲဆွယ်

ရွေးကောက်ပွဲကျင်းပဖို့ နီးလာချိန် အဓိကပြိုင်ဘက် အင်အားကြီးပါတီကြီး ၂ ခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ ပြည်ထောင်စုကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတို့ အစိုးရရုံးစိုက်ရာ နေပြည်တော်တဝိုက် အင်အားပြ စည်းရုံးပွဲတွေ အသီးသီး လုပ်နေကြပါတယ်။ ပါတီကြီး ၂ ခုရဲ့ ထောက်ခံသူတွေကြား မျှော်လင့်ချက်တွေကို AFP သတင်းဆောင်းပါးတွေ အခြေခံပြီး မသိင်္ဂီထိုက် တင်ပြပေးထားပါတယ်။

COVID-19 ကပ်ဘေးကြောင့် နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် နိုင်ငံတဝန်း မဲဆွယ်စည်းရုံးပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်ပေမယ့်လည်း နိုင်ငံတဝန်းမှာ စုဝေး အင်အားပြပွဲတွေတော့ လုပ်နေကြပါတယ်။ အစိုးရရုံးစိုက်ရာ နေပြည်တော်တဝိုက်မှာတော့ အောက်တိုဘာလ ၁၀ ရက်နေ့က လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ထောက်ခံသူတွေ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ စည်းရုံး လှုပ်ရှားခဲ့ပါတယ်။

အသက် ၆၀ အရွယ် NLD ထောက်ခံသူ ဦးဝင်းနိုင်ကတော့ “ကိုဗစ်ကာလ ဖြစ်ပေမယ့်လည်း ပြည်သူတွေက ရောဂါရှိပေမယ့်လည်း ရောဂါမကြောက်ဘဲနဲ့ အမေနိုင်ရေးအတွက်ပဲ အဓိက စိတ်ထဲမှာ ထားခဲ့တာပေါ့။ လူတိုင်းမှာ အဲလိုစိတ်မျိုး ရှိပါတယ်ခင်ဗျ။” လို့ ပြောပါတယ်။

NLD ထောက်ခံသူ နောက်တဦးဖြစ်တဲ့ အသက် ၄၀ အရွယ် ကိုပြည့်ဖြိုးအောင်ကတော့...

“ဒီပါတီကိုပဲ ကျနော်က ချစ်တယ်။ NLD ဆိုရင် ကျနော်က အမြဲတမ်း လေးစားပြီးသား။ ငယ်ငယ်ကတည်းက ကျနော်တို့ မိဘတွေကလည်း နဂိုကတည်းက ဒီစိတ်ပဲ မွေးပေးခဲ့တာ ဆိုတော့။ ကျနော့်အဖေကအစ။ အဲဒီအတွက် ကျနော်ကလည်း ဒီစိတ်နဲ့ပဲ။ ဒီ NLD ဒီ အမေစု ဗိုလ်ချုပ်ကလွဲရင် ကျနော် ဘယ်သူ့ကိုမှ အယုံအကြည်မရှိဘူး။” လို့ ဆိုပါတယ်။

နေပြည်တော် စည်းရုံးရေးယာဉ်တန်းမှာ လိုက်ပါလာသူ ဦးမောင်လွင်ကလည်း သူ့ရဲ့အမြင်ကို အခုလိုပြောပါတယ်။

“ကျနော်တို့ ဒီ NLD အောင်နိုင်ရေးက တကြောင်းဆိုတော့ ကိုဗစ်ထက် အရေးကြီးတဲ့ ကျနော်တို့ရဲ့ ပြည်သူလူထုရဲ့ ဘယ်လိုပြောရမလဲဆိုတော့ အာဏာရှင်ရဲ့ စနစ် လက်အောက်ကို ရောက်သွားမှာ ကြောက်လို့ ကိုဗစ်ထက်ပိုပြီး အရေးကြီးလို့ ဒီဥစ္စာကို ကျနော်တို့ တစည်းတလုံး စုစည်းပေးတာ။ ကျနော်တို့က ဒီလိုမြင်ပါတယ်။”

NLD ပါတီရဲ့ အဓိက အတိုက်အခံဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ထောက်ခံသူတွေကလည်း အောက်တိုဘာလ ၁၇ ရက်နေ့က နေပြည်တော်တဝိုက် ယာဉ်တန်းနဲ့ လှည့်လည်ပြီး စည်းရုံးရေး ဆင်းခဲ့ပါတယ်။ USDP ပါတီ ထောက်ခံသူ ဒေါ်ခင်မြကတော့ USDP ပါတီဥက္ကဋ္ဌ ဦးသန်းဌေး အနိုင်ရမယ်လို့ အခိုင်အမာ ယုံကြည်ထားသူပါ။

“ဒါက နိုင်မှာ။ ဘာဖြစ်လို့လဲဆိုတော့ အမေကြီးတို့က အသိဆုံးလေ၊ ရွာထဲမှာနေတော့။ ကားလည်း အများဆုံး၊ လူလည်း အများဆုံး၊ အမေကြီးတို့ ရွာထဲလည်း အများဆုံး။”

USDP ပါတီ ထောက်ခံသူ ကိုမင်းမင်းကတော့ စည်းရုံးရေးမှာ လူထုထောက်ခံမှုက ထင်မှတ်မထားလောက်အောင် ရခဲ့ပါတယ်လို့ ဆိုပါတယ်။

“အရမ်းအားတက်တယ်၊ အရမ်းလည်း ပျော်တယ်ဗျ။ ကျနော်တို့ မထင်မှတ်ထားတဲ့ ပုံစံကြီးကို ကျနော်တို့ တွေ့ရတယ်။ တချို့ဆို ကြက်သီးတောင်ထတယ်။ အမှန်အတိုင်း ပြောရရင် ကျနော်တို့လူငယ်တွေ တကယ်ကို ကြက်သီးထတယ်။ ကျနော်တို့ အဲလောက်ထိ မျှော်လင့်တော့ မထားဘူးပေါ့။ ဒါပေမယ့် ဖြစ်သွားတယ်။ ကျနော်တို့ အဲဒါလေးကိုတော့ ကျနော်တို့ ၁၀၀ ရာခိုင်နှုန်း ကျနော်တို့ မျှော်လင့်ပါတယ်။”

 https://burmese.voanews.com/a/nld-usdp-party-naypyidaw/5626298.html

 

No comments:

Post a Comment

Note: Only a member of this blog may post a comment.