Breaking

October 20, 2020

ရခိုင္ NLD ကိုယ္စားလွယ္ေလာင္း ၃ ဦးဖမ္းဆီးထားေၾကာင္း AA အတည္ျပဳ




AA တို႔ ဖမ္းဆီးထားတဲ့ ရခိုင္ NLD ကိုယ္စားလွယ္ေလာင္း ၃ ဦး ( ဓါတ္ပံု- AA လက္နက္ကိုင္အဖြဲ႔က ထုတ္ျပန္တဲ့ဓါတ္ပံု)

(Zawgyi/Unicode)

နိုဝင်ဘာလ ရွေးကောက်ပွဲဝင်မယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ကိုယ်စားလှယ်လောင်း ၃ဦးကို ဖမ်းဆီးခေါ်ဆောင် ထိန်းသိမ်းထားကြောင်း ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ (AA) က အတည်ပြု ကြေညာခဲ့ပါတယ်။ အမျိုးသား ကိုယ်စားလှယ်လောင်း တစ်ဦးနဲ့ အမျိုးသမီး ကိုယ်စားလှယ်လောင်း ၂ ဦးကို ၅ ရက်ကြာ ဖမ်းဆီးအထားအပြီးမှာ AA အဖွဲ့က တနင်္လာနေ့က အွန်လိုင်းက တဆင့် သူတို့ တွေရဲ့ ပုံကို NLD ပုံ၊ တံဆိပ်တွေနဲ့ အတူ ထုတ်ပြန် ပြသပြီး အတည် ပြုလိုက်တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကျင်းပဖို့ ၃ ပတ်သာ လိုတော့တဲ့အချိန်မှာ AA အဖွဲ့ ရဲ့ လက်နက်ကိုင်တွေက တိုက်ပွဲတွေနဲ့ ကင်းလွတ်လေ့ရှိတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းက တောင်ကုတ်မြို့မှာ ပြုလုပ်နေတဲ့ NLD ပါတီရဲ့ မဲဆွယ်ပွဲတစ်ခုကို ဗုဒ္ဓဟူးနေ့က သွားရောက်ပြီး ကိုယ်စားလှယ်လောင်းတွေကို ဖမ်းဆီးလိုက်တာပါ။

ဖမ်းဆီးချိန်အတွင်း မျက်မြင်သက်သေတစ်ဦးလည်းဖြစ်၊ NLD ပါတီကို ထောက်ခံသူလည်း ဖြစ်တဲ့ သန့်ဇင်ဖြိုးက သူနဲ့အတူ အမျိုးသား အမျိုးသမီး ၁၀ ယောက်လောက်ကို AA က ရိုက်နှက်ပြီး သစ္စာဖောက်တွေ အဖြစ် ခေါ်ဝေါ်ပြီးတဲ့နောက် ဦးမင်းအောင်၊ ဒေါ်နီနီမေမြင့်နဲ့ ဒေါ်ချစ်ချစ်ချောတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း AFP သတင်းကို ပြောပါတယ်။

AA လက်နက်ကိုင်တပ်ဖွဲ့က အောက်တိုဘာလ ၁၉ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ငြိမ်းချမ်းရေး တောင်းဆိုတာကြောင့် ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို အစိုးရက ပြန်လွှတ်ပေးမယ်ဆိုရင် သူတို့ ဖမ်းဆီးထားတဲ့ကိုယ်စားလှယ်လောင်း တွေကို ပြန်လွှတ်ပေးမယ် လို့လည်း ဖော်ပြထားပါတယ်။ မြန်မာစစ်တပ်က ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ထားတယ်လို့လည်း အန်အယ်ဒီ ပါတီကို စွပ်စွဲလိုက်ပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးမျိုးညွန့်ကတော့ ပျောက်ဆုံးနေတဲ့ ကိုယ်စားလှယ်လောင်းတွေအတွက် အလွန် စိုးရိမ်မိတယ်လို့ AFP သတင်းကို ပြောပါတယ်။

ရန်ကုန်မြို့က အမေရိကန် သံရုံးကလည်း ကိုယ်စားလှယ်လောင်းတွေကို ဖမ်းဆီးတဲ့အတွက် စိုးရိမ်မိကြောင်းနဲ့ ရွေးကောက်ပွဲကာလမှာ ကိုယ်စားလှယ်အားလုံး ဘေးကင်းစွာနဲ့ မဲဆွယ်နိုင်သင့်တယ်လို့ ပြောပါတယ်။ ပြင်သစ် သံရုံးကတော့ အခုလို ဖမ်းဆီးထိမ်းသိမ်းတာကို ပြစ်တင် ရှုတ်ချလိုက်ပြီး ကိုယ်စားလှယ် ၃ ဦးကို ဘေးကင်း လုံခြုံစွာ ပြန်လွှတ်ပေးဖို့ကိုလည်း တောင်းဆိုလိုက်ပါတယ်။

AA အဖွဲ့က ရခိုင်ပြည်နယ်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမို ရရှိရေး တောင်းဆိုပြီး မြန်မာ စစ်တပ်နဲ့ တိုက်ပွဲ ဖြစ်ပွားနေတာ ၂ နှစ်ကျော် ကြာလာခဲ့ပြီ ဖြစ်ပါတယ်။ နှစ်ဖက်တိုက်ပွဲတွေ ကြောင့် လူတွေ ရာနဲ့ချီ သေဆုံး ဒဏ်ရာရရှိနေသလို လူပေါင်း ၂၀၀,၀၀၀ ကျော်လည်း အိုးအိမ် စွန့်ခွာ ထွက်ပြေး ကြရပြီ ဖြစ်ပါတယ်

 

(Zawgyi/Unicode)

နိုဝင္ဘာလ ေရြးေကာက္ပြဲဝင္မယ့္ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ NLD ကိုယ္စားလွယ္ေလာင္း ၃ဦးကို ဖမ္းဆီးေခၚေဆာင္ ထိန္းသိမ္းထားေၾကာင္း ရခိုင္လက္နက္ကိုင္ တပ္ဖြဲ႕ (AA) က အတည္ျပဳ ေၾကညာခဲ့ပါတယ္။ အမ်ိဳးသား ကိုယ္စားလွယ္ေလာင္း တစ္ဦးနဲ႔ အမ်ိဳးသမီး ကိုယ္စားလွယ္ေလာင္း ၂ ဦးကို ၅ ရက္ၾကာ ဖမ္းဆီးအထားအၿပီးမွာ AA အဖြဲ႕က တနလၤာေန႔က အြန္လိုင္းက တဆင့္ သူတို႔ ေတြရဲ့ ပုံကို NLD ပုံ၊ တံဆိပ္ေတြနဲ႔ အတူ ထုတ္ျပန္ ျပသၿပီး အတည္ ျပဳလိုက္တာ ျဖစ္ပါတယ္။

ေရြးေကာက္ပြဲ က်င္းပဖို႔ ၃ ပတ္သာ လိုေတာ့တဲ့အခ်ိန္မွာ AA အဖြဲ႕ ရဲ့ လက္နက္ကိုင္ေတြက တိုက္ပြဲေတြနဲ႔ ကင္းလြတ္ေလ့ရွိတဲ့ ရခိုင္ျပည္နယ္ေတာင္ပိုင္းက ေတာင္ကုတ္ၿမိဳ႕မွာ ျပဳလုပ္ေနတဲ့ NLD ပါတီရဲ့ မဲဆြယ္ပြဲတစ္ခုကို ဗုဒၶဟူးေန႔က သြားေရာက္ၿပီး ကိုယ္စားလွယ္ေလာင္းေတြကို ဖမ္းဆီးလိုက္တာပါ။

ဖမ္းဆီးခ်ိန္အတြင္း မ်က္ျမင္သက္ေသတစ္ဦးလည္းျဖစ္၊ NLD ပါတီကို ေထာက္ခံသူလည္း ျဖစ္တဲ့ သန္႔ဇင္ၿဖိဳးက သူနဲ႔အတူ အမ်ိဳးသား အမ်ိဳးသမီး ၁၀ ေယာက္ေလာက္ကို AA က ရိုက္ႏွက္ၿပီး သစၥာေဖာက္ေတြ အျဖစ္ ေခၚေဝၚၿပီးတဲ့ေနာက္ ဦးမင္းေအာင္၊ ေဒၚနီနီေမျမင့္နဲ႔ ေဒၚခ်စ္ခ်စ္ေခ်ာတို႔ကို ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း AFP သတင္းကို ေျပာပါတယ္။

AA လက္နက္ကိုင္တပ္ဖြဲ႕က ေအာက္တိုဘာလ ၁၉ ရက္ေန႔က ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာေတာ့ ၿငိမ္းခ်မ္းေရး ေတာင္းဆိုတာေၾကာင့္ ဖမ္းဆီးခံထားရတဲ့ ေက်ာင္းသားေတြကို အစိုးရက ျပန္လႊတ္ေပးမယ္ဆိုရင္ သူတို႔ ဖမ္းဆီးထားတဲ့ကိုယ္စားလွယ္ေလာင္း ေတြကို ျပန္လႊတ္ေပးမယ္ လို႔လည္း ေဖာ္ျပထားပါတယ္။ ျမန္မာစစ္တပ္က က်ဴးလြန္တဲ့ စစ္ရာဇဝတ္မႈေတြကို ဖုံးကြယ္ထားတယ္လို႔လည္း အန္အယ္ဒီ ပါတီကို စြပ္စြဲလိုက္ပါတယ္။

အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ေျပာခြင့္ရ ဦးမ်ိဳးညြန္႔ကေတာ့ ေပ်ာက္ဆုံးေနတဲ့ ကိုယ္စားလွယ္ေလာင္းေတြအတြက္ အလြန္ စိုးရိမ္မိတယ္လို႔ AFP သတင္းကို ေျပာပါတယ္။

ရန္ကုန္ၿမိဳ႕က အေမရိကန္ သံ႐ုံးကလည္း ကိုယ္စားလွယ္ေလာင္းေတြကို ဖမ္းဆီးတဲ့အတြက္ စိုးရိမ္မိေၾကာင္းနဲ႔ ေရြးေကာက္ပြဲကာလမွာ ကိုယ္စားလွယ္အားလုံး ေဘးကင္းစြာနဲ႔ မဲဆြယ္နိုင္သင့္တယ္လို႔ ေျပာပါတယ္။ ျပင္သစ္ သံ႐ုံးကေတာ့ အခုလို ဖမ္းဆီးထိမ္းသိမ္းတာကို ျပစ္တင္ ရႈတ္ခ်လိုက္ၿပီး ကိုယ္စားလွယ္ ၃ ဦးကို ေဘးကင္း လုံျခဳံစြာ ျပန္လႊတ္ေပးဖို႔ကိုလည္း ေတာင္းဆိုလိုက္ပါတယ္​။

AA အဖြဲ႕က ရခိုင္ျပည္နယ္မွာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ ပိုမို ရရွိေရး ေတာင္းဆိုၿပီး ျမန္မာ စစ္တပ္နဲ႔ တိုက္ပြဲ ျဖစ္ပြားေနတာ ၂ ႏွစ္ေက်ာ္ ၾကာလာခဲ့ၿပီ ျဖစ္ပါတယ္။ ႏွစ္ဖက္တိုက္ပြဲေတြ ေၾကာင့္ လူေတြ ရာနဲ႔ခ်ီ ေသဆုံး ဒဏ္ရာရရွိေနသလို လူေပါင္း ၂၀၀,၀၀၀ ေက်ာ္လည္း အိုးအိမ္ စြန္႔ခြာ ထြက္ေျပး ၾကရၿပီ ျဖစ္ပါတယ္။

ရခိုင် NLD ကိုယ်စားလှယ်လောင်း ၃ ဦးဖမ်းဆီးထားကြောင်း AA အတည်ပြု


No comments:

Post a Comment

Note: Only a member of this blog may post a comment.