Breaking

November 17, 2020

NLD ဗဟိုျပန္ၾကားေရးအတြင္းေရးမွဴး မုံရြာေအာင္ရွင္ ကို ဗြီအိုေအ ဦးဝင္းမင္းေမးျမန္းခ်က္

  

NLD ပါတီေရြးေကာက္ပြဲအႏိုင္ရျမင္ကြင္း

 

{{Zawgyi/Unicode}}

ျမန္မာေ႐ြးေကာက္ပြဲအၿပီးတပတ္အၾကာမွာ ထုတ္ျပန္လိုက္တဲ့ အၿပီးသတ္ေ႐ြးေကာက္ပြဲရလာဒ္မွာ လက္ရွိအစိုးရပါတီ NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က အရင္တေခါက္ထက္ကို စံခ်ိန္တင္ၿပီး အႏိုင္ရခဲ့ပါတယ္။ ဒါေၾကာင့္ ေနာက္ထပ္ အစိုးရသက္တမ္းအတြင္း ျဖစ္လာႏိုင္ေျခေတြနဲ႔ပတ္သက္လို႔ ဗြီအိုေအ ျမန္မာဌာနက ကိုဝင္းမင္းက ပါတီျပန္ၾကားေရးဗဟိုအတြင္းေရးမႉး ဦးေအာင္ရွင္ (မုံ႐ြာေအာင္ရွင္) ကို ဆက္သြယ္ ေမးျမန္းထားပါတယ္။

မုံ႐ြာေအာင္ရွင္ ။ ။ ဒီတခါစံခ်ိန္သစ္ဆိုတာ တကယ္စံခ်ိန္သစ္ပါပဲ။ က်ေနာ္တို႔ေစာေစာက ေမွ်ာ္လင့္ထားတာထက္အမ်ားႀကီးေက်ာ္လြန္ပါတယ္။ ဒီေ႐ြးေကာက္ပြဲအႏိုင္ရၿပီးရင္ NLD အေနနဲ႔ တာဝန္ပိုၿပီးႀကီးလာပါမယ္။ အခုက်ေနာ္တို႔က အမ်ိဳးသားညီၫြတ္ေရးအစိုးရေဖာ္ေဆာင္ဖို႔ဆိုၿပီးေတာ့ အထူးသျဖင့္ေတာ့ တိုင္းရင္းသားပါတီေတြအမ်ားႀကီးနဲ႔ ကမ္းလွမ္းထားတာရွိပါတယ္။ တိုင္းရင္းသားပါတီေတြဖက္ကလည္း ဘယ္လိုတုံျပန္မလဲ ဘယ္လိုပူးေပါင္းေဆာင္႐ြက္မလဲဆိုတာ သူတို႔အခ်င္းခ်င္းညႇိႏႈိင္းေနတယ္လို႔ က်ေနာ္တို႔ၾကားသိရပါတယ္။

ဦးဝင္းမင္း ။ ။ အဲဒီေတာ့ကိုယ္ဖက္ကေရာ ဘယ္လိုပူးေပါင္းေဆာင္႐ြက္ဖို႔္ျပင္ဆင္ထားတာရွိပါသလဲ။

မုံ႐ြာေအာင္ရွင္ ။ ။ အဲဒါေတြကေတာ့ က်ေနာ္တို႔သူတို႔နဲ႔ေတြ႕တဲ့အခါမွာေတာ့ အေသးစိတ္ညႇိႏႈိင္းရမယ္လို႔ထင္ပါတယ္။ အထူးသျဖင့္ေတာ့ လႊတ္ေတာ္ထဲမွာ ဘယ္လို ပူးေပါင္းမလဲ။ အစိုးရနဲ႔ ဘယ္လိုပူးေပါင္းမလဲ။ ေဒသဆိုင္ရာလုပ္ငန္းေတြမွာ လႊတ္ေတာ္မွာဘယ္လိုပူးေပါင္းမလဲဆိုတာကေတာ့ အေသးစိတ္သူတို႔နဲ႔ ညႇိႏႈိင္းရလိမ့္မယ္။

ဦးဝင္းမင္း။ ။ ဟုတ္ကဲ့။ ဒီေနရာမွာဘယ္တိုင္းရင္းသားပါတီမ်ိဳးနဲ႔ အဓိက ညႇိႏႈိင္းထားတာရွိပါသလဲ။

မုံ႐ြာေအာင္ရွင္ ။။ ေနာ္ျမင္တာကေတာ့ ဒီေ႐ြးေကာက္ပြဲမွာ အႏိုင္ရတဲ့တိုင္းရင္းသားပါတီေတြက အဓိကလို႔ ထင္ပါတယ္။ရခိုင္ရွိတယ္။ မြန္ရွိတယ္။ ရွမ္းရွိတယ္ဗ်ာ။ ဒါေပမဲ့တျခားေ႐ြးေကာက္ပြဲမွာ အႏိုင္မရေသာ္လည္းပဲ ေဒသမွာၾသဇာအရွိန္ႀကီးမားတယ္၊ လူထု႔ေထာက္ခံမႈရွိတယ္ဆိုတဲ့ပါတီေတြတခ်ိဳ႕လည္းရွိပါတယ္။ တိုင္းရင္းသားပါတီေတြ။ အဲဒီပါတီေတြကိုလည္း ညႇိႏႈိင္းရလိမ့္မယ္လို႔ထင္ပါတယ္။

ဦးဝင္းမင္း ။။ ဟုတ္ကဲ့။ အဲဒီေတာ့အခုလို ကမ္းလွမ္းရာမွာ အရင္ တဦးခ်င္း အလိုက္ကမ္းလွမ္းမဲ့အစား ပါတီအလိုက္ ကမ္းလွမ္းမဲ့သေဘာေပါ့ေနာ္။

မုံ႐ြာေအာင္ရွင္။ ။ က်ေနာ္ျမင္တာေတာ့ပါတီအလိုက္ပဲေခၚေတြ႕လိမ့္မယ္ထင္ပါတယ္။ အဓိကက်ေနာ္တို႔ကပါတီကိုဖိတ္ထားတာဆိုေတာ့ပါတီအလိုက္ပဲျဖစ္လိမ့္မယ္ထင္ပါတယ္။

ဦးဝင္းမင္း။ ။ ဟုတ္ကဲ့။ ဒီေနရာမွာတခ်ိဳ႕ပါတီေတြကေတာ့ တရားဝင္စာမရေသးဘူးလို႔ေျပာေနၾကတာရွိပါတယ္။

မုံ႐ြာေအာင္ရွင္။ ။ မွန္ပါတယ္။ က်ေနာ္တို႔ကေပးတုံးကလည္း အားလုံးအမည္တပ္ၿပီးေပးတာေပါ့ခင္ဗ်ာ။ အဲဒါေၾကာင့္မရေသးဘူးလို႔ထင္ပုံရပါ တယ္။ အဲေတာ့က်ေနာ္တို႔က စာေတြတပါတီခ်င္းထပ္ၿပီးေတာ့ေသေသခ်ာခ်ာ ေပးရမယ္ထင္ပါတယ္။

ဦးဝင္းမင္း။ ။ ဟုတ္ အခုတိုင္းရင္းသားပါတီအျပင္ တပ္မေတာ္နဲ႔ေကာ ကမ္းလွမ္းမႈအေနအထားက ဘယ္လိုရွိပါလဲ။

မုံ႐ြာေအာင္ရွင္။ ။ တပ္မေတာ္နဲ႔ကေတာ့ က်ေနာ္တို႔က ပူးေပါင္းေဆာင္႐ြက္ၾကရမွာပါပဲ။ အရင္ကေတာ့ က်ေနာ္တို႔ၿငိမ္းခ်မ္းေရးေျပာလိုရွိရင္ တပ္မေတာ္ရယ္၊ အစိုးရရယ္၊ တိုင္းရင္းသားေတြရယ္၊ ျပည္သူလူထုရယ္ေပါ့ အဲဒါေတြအားလုံး ပူးေပါင္းေဆာင္႐ြက္ရမွာပါပဲ။ တပ္မေတာ္မပါဘဲ ဘာမွလုပ္လို႔မရပါဘူး။

ဦးဝင္းမင္း။ ။ ဟုတ္ကဲ့ တခ်ိန္တည္းမွာပဲ တပ္မေတာ္အေနနဲ႔ ဒီ AA ရခိုင္လက္နက္ကိုင္အဖြဲ႕က ေတာင္းဆိုလာတဲ့ေ႐ြးေကာက္ပြဲျပန္က်င္းပေရးအေပၚေပါ့ခ်က္ခ်င္းႀကိဳဆိုလိုက္တဲ့အေပၚမွာေကာ

မုံ႐ြာေအာင္ရွင္။ ။ အဲဒါကေတာ့တပ္မေတာ္ရဲ႕သေဘာထားပဲျဖစ္ပါလိမ့္မယ္။ က်ေနာ္တို႔ကေတာ့ အဖြဲ႕စည္းအားလုံးနဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔ေတြ႕ဆုံေဆြးေႏြးဖို႔ပဲအားသြန္ႀကိဳးစားမွာျဖစ္ပါတယ္။ ေအေအ လိုအဖြဲ႕မ်ိဳးကေတာ့ က်ေနာ္တို႔က ေစာေစာကတည္းက အၾကမ္းဖက္အဖြဲ႔စည္းေၾကညာထားတဲ့အတြက္ အဲဒါကိုေျဖေလ်ာ့ႏိုင္ေအာင္ အမ်ားႀကီးႀကိဳးစားရမယ္ထင္ပါတယ္။

ဦးဝင္းမင္း ။ ။ အဲဒီေတာ့ ဒီေနရာမွာ AA အဖြဲ႕က ဖမ္းဆီးထားတဲ့ NLD ကိုယ္အစားလွယ္တခ်ိဳ႕ လြတ္ေျမာက္ေရးနဲ႔ပတ္သက္လို႔ေကာ...

မုံ႐ြာေအာင္ရွင္။ ။ အဲဒါကေတာ့ သူတို႔ေတာင္းထားတဲ့အေပးအယူညႇိႏႈိင္းမႈကေတာ့ က်ေနာ္တို႔လုပ္ႏိုင္မယ္မဟုတ္ပါဘူး။ အစိုးရအေနနဲ႔ကေလ။ က်ေနာ္တို႔ကေတာ့ ႏိုင္ငံေရးအၾကပ္အတည္းကို ႏိုင္ငံေရးနည္းလမ္းနဲ႔ပဲ ႀကိဳးစားၾကရမွာျဖစ္ပါတယ္။ သူတို႔ေတာင္းထားတဲ့ ဘယ္သူကိုလႊတ္ေပးရင္ ဘယ္သူကိုျပန္လႊတ္ေပးမယ္ဆိုတာမ်ိဳးကေတာ့ အစိုးရအေနနဲ႔ လိုက္ေလ်ာမယ္မထင္ပါဘူး။

ဦးဝင္းမင္း။ ။ NLD အေနနဲ႔အခုမွဘာေၾကာင့္ တိုင္းရင္းသားပါတီေတြကို ကမ္းလွမ္းတဲ့အဆင့္ေရာက္လာပါလဲ။

မုံ႐ြာေအာင္ရွင္။ ။ အဲဒါကေတာ့ က်ေနာ္တို႔က ၿပီးခဲ့တဲ့ငါးႏွစ္တာကာလတုံးက အေျခခိုင္ေအာင္လုပ္ေနၾကရတာဆိုေတာ့ တိုင္းရင္းသားေတြနဲ႔ဆက္ဆံေရးမွာတစုံတရာ ေႏြးေထြးမႈမရွိဘူးလို႔ေျပာၾကတာေတြလာရတယ္။ အခုဟာကေတာ့ ဒုတိယငါးႏွစ္သက္တမ္းၾကေတာ့ က်ေနာ္တို႔မွာလည္း အေျခခိုင္တဲ့အေနအထားေတြ႕လာရတယ္။ ေနာက္ၿပီးေတာ့မဲကလည္း အမ်ားစုရထားတဲ့အခါၾကေတာ့ ဒါေတြဟာ တိုင္းရင္းသားေတြမပါပဲနဲ႔မျဖစ္ဘူး။ ထို႔အတူပဲ တပ္မေတာ္ကေနၿပီး အမ်ိဳးသားအင္အားစုတရပ္အေနနဲ႔ က်ေနာ္တို႔ နားလည္ၿပီးသားပါပဲ။ အားလုံးပူးေပါင္းေဆာင္႐ြက္မွာရမယ္လို႔က်ေနာ္တို႔ကျမင္ပါတယ္။

ဦးဝင္းမင္း။ ။ ဟုတ္ကဲ့ေက်းဇူးတင္ပါတယ္မုံ႐ြာဦးေအာင္ရွင္ခင္ဗ်ာ။

......................................

{{Unicode}}

မြန်မာရွေးကောက်ပွဲအပြီးတပတ်အကြာမှာ ထုတ်ပြန်လိုက်တဲ့ အပြီးသတ်ရွေးကောက်ပွဲရလာဒ်မှာ လက်ရှိအစိုးရပါတီ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အရင်တခေါက်ထက်ကို စံချိန်တင်ပြီး အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် နောက်ထပ် အစိုးရသက်တမ်းအတွင်း ဖြစ်လာနိုင်ခြေတွေနဲ့ပတ်သက်လို့ ဗွီအိုအေ မြန်မာဌာနက ကိုဝင်းမင်းက ပါတီပြန်ကြားရေးဗဟိုအတွင်းရေးမှူး ဦးအောင်ရှင် (မုံရွာအောင်ရှင်) ကို ဆက်သွယ် မေးမြန်းထားပါတယ်။

မုံရွာအောင်ရှင် ။ ။ ဒီတခါစံချိန်သစ်ဆိုတာ တကယ်စံချိန်သစ်ပါပဲ။ ကျနော်တို့စောစောက မျှော်လင့်ထားတာထက်အများကြီးကျော်လွန်ပါတယ်။ ဒီရွေးကောက်ပွဲအနိုင်ရပြီးရင် NLD အနေနဲ့ တာဝန်ပိုပြီးကြီးလာပါမယ်။ အခုကျနော်တို့က အမျိုးသားညီညွတ်ရေးအစိုးရဖော်ဆောင်ဖို့ဆိုပြီးတော့ အထူးသဖြင့်တော့ တိုင်းရင်းသားပါတီတွေအများကြီးနဲ့ ကမ်းလှမ်းထားတာရှိပါတယ်။ တိုင်းရင်းသားပါတီတွေဖက်ကလည်း ဘယ်လိုတုံပြန်မလဲ ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲဆိုတာ သူတို့အချင်းချင်းညှိနှိုင်းနေတယ်လို့ ကျနော်တို့ကြားသိရပါတယ်။

ဦးဝင်းမင်း ။ ။ အဲဒီတော့ကိုယ်ဖက်ကရော ဘယ်လိုပူးပေါင်းဆောင်ရွက်ဖို့်ပြင်ဆင်ထားတာရှိပါသလဲ။

မုံရွာအောင်ရှင် ။ ။ အဲဒါတွေကတော့ ကျနော်တို့သူတို့နဲ့တွေ့တဲ့အခါမှာတော့ အသေးစိတ်ညှိနှိုင်းရမယ်လို့ထင်ပါတယ်။ အထူးသဖြင့်တော့ လွှတ်တော်ထဲမှာ ဘယ်လို ပူးပေါင်းမလဲ။ အစိုးရနဲ့ ဘယ်လိုပူးပေါင်းမလဲ။ ဒေသဆိုင်ရာလုပ်ငန်းတွေမှာ လွှတ်တော်မှာဘယ်လိုပူးပေါင်းမလဲဆိုတာကတော့ အသေးစိတ်သူတို့နဲ့ ညှိနှိုင်းရလိမ့်မယ်။

ဦးဝင်းမင်း။ ။ ဟုတ်ကဲ့။ ဒီနေရာမှာဘယ်တိုင်းရင်းသားပါတီမျိုးနဲ့ အဓိက ညှိနှိုင်းထားတာရှိပါသလဲ။

မုံရွာအောင်ရှင် ။။ နော်မြင်တာကတော့ ဒီရွေးကောက်ပွဲမှာ အနိုင်ရတဲ့တိုင်းရင်းသားပါတီတွေက အဓိကလို့ ထင်ပါတယ်။ရခိုင်ရှိတယ်။ မွန်ရှိတယ်။ ရှမ်းရှိတယ်ဗျာ။ ဒါပေမဲ့တခြားရွေးကောက်ပွဲမှာ အနိုင်မရသော်လည်းပဲ ဒေသမှာသြဇာအရှိန်ကြီးမားတယ်၊ လူထု့ထောက်ခံမှုရှိတယ်ဆိုတဲ့ပါတီတွေတချို့လည်းရှိပါတယ်။ တိုင်းရင်းသားပါတီတွေ။ အဲဒီပါတီတွေကိုလည်း ညှိနှိုင်းရလိမ့်မယ်လို့ထင်ပါတယ်။

ဦးဝင်းမင်း ။။ ဟုတ်ကဲ့။ အဲဒီတော့အခုလို ကမ်းလှမ်းရာမှာ အရင် တဦးချင်း အလိုက်ကမ်းလှမ်းမဲ့အစား ပါတီအလိုက် ကမ်းလှမ်းမဲ့သဘောပေါ့နော်။

မုံရွာအောင်ရှင်။ ။ ကျနော်မြင်တာတော့ပါတီအလိုက်ပဲခေါ်တွေ့လိမ့်မယ်ထင်ပါတယ်။ အဓိကကျနော်တို့ကပါတီကိုဖိတ်ထားတာဆိုတော့ပါတီအလိုက်ပဲဖြစ်လိမ့်မယ်ထင်ပါတယ်။

ဦးဝင်းမင်း။ ။ ဟုတ်ကဲ့။ ဒီနေရာမှာတချို့ပါတီတွေကတော့ တရားဝင်စာမရသေးဘူးလို့ပြောနေကြတာရှိပါတယ်။

မုံရွာအောင်ရှင်။ ။ မှန်ပါတယ်။ ကျနော်တို့ကပေးတုံးကလည်း အားလုံးအမည်တပ်ပြီးပေးတာပေါ့ခင်ဗျာ။ အဲဒါကြောင့်မရသေးဘူးလို့ထင်ပုံရပါ တယ်။ အဲတော့ကျနော်တို့က စာတွေတပါတီချင်းထပ်ပြီးတော့သေသေချာချာ ပေးရမယ်ထင်ပါတယ်။

ဦးဝင်းမင်း။ ။ ဟုတ် အခုတိုင်းရင်းသားပါတီအပြင် တပ်မတော်နဲ့ကော ကမ်းလှမ်းမှုအနေအထားက ဘယ်လိုရှိပါလဲ။

မုံရွာအောင်ရှင်။ ။ တပ်မတော်နဲ့ကတော့ ကျနော်တို့က ပူးပေါင်းဆောင်ရွက်ကြရမှာပါပဲ။ အရင်ကတော့ ကျနော်တို့ငြိမ်းချမ်းရေးပြောလိုရှိရင် တပ်မတော်ရယ်၊ အစိုးရရယ်၊ တိုင်းရင်းသားတွေရယ်၊ ပြည်သူလူထုရယ်ပေါ့ အဲဒါတွေအားလုံး ပူးပေါင်းဆောင်ရွက်ရမှာပါပဲ။ တပ်မတော်မပါဘဲ ဘာမှလုပ်လို့မရပါဘူး။

ဦးဝင်းမင်း။ ။ ဟုတ်ကဲ့ တချိန်တည်းမှာပဲ တပ်မတော်အနေနဲ့ ဒီ AA ရခိုင်လက်နက်ကိုင်အဖွဲ့က တောင်းဆိုလာတဲ့ရွေးကောက်ပွဲပြန်ကျင်းပရေးအပေါ်ပေါ့ချက်ချင်းကြိုဆိုလိုက်တဲ့အပေါ်မှာကော

မုံရွာအောင်ရှင်။ ။ အဲဒါကတော့တပ်မတော်ရဲ့သဘောထားပဲဖြစ်ပါလိမ့်မယ်။ ကျနော်တို့ကတော့ အဖွဲ့စည်းအားလုံးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့တွေ့ဆုံဆွေးနွေးဖို့ပဲအားသွန်ကြိုးစားမှာဖြစ်ပါတယ်။ အေအေ လိုအဖွဲ့မျိုးကတော့ ကျနော်တို့က စောစောကတည်းက အကြမ်းဖက်အဖွဲ့စည်းကြေညာထားတဲ့အတွက် အဲဒါကိုဖြေလျော့နိုင်အောင် အများကြီးကြိုးစားရမယ်ထင်ပါတယ်။

ဦးဝင်းမင်း ။ ။ အဲဒီတော့ ဒီနေရာမှာ AA အဖွဲ့က ဖမ်းဆီးထားတဲ့ NLD ကိုယ်အစားလှယ်တချို့ လွတ်မြောက်ရေးနဲ့ပတ်သက်လို့ကော...

မုံရွာအောင်ရှင်။ ။ အဲဒါကတော့ သူတို့တောင်းထားတဲ့အပေးအယူညှိနှိုင်းမှုကတော့ ကျနော်တို့လုပ်နိုင်မယ်မဟုတ်ပါဘူး။ အစိုးရအနေနဲ့ကလေ။ ကျနော်တို့ကတော့ နိုင်ငံရေးအကြပ်အတည်းကို နိုင်ငံရေးနည်းလမ်းနဲ့ပဲ ကြိုးစားကြရမှာဖြစ်ပါတယ်။ သူတို့တောင်းထားတဲ့ ဘယ်သူကိုလွှတ်ပေးရင် ဘယ်သူကိုပြန်လွှတ်ပေးမယ်ဆိုတာမျိုးကတော့ အစိုးရအနေနဲ့ လိုက်လျောမယ်မထင်ပါဘူး။

ဦးဝင်းမင်း။ ။ NLD အနေနဲ့အခုမှဘာကြောင့် တိုင်းရင်းသားပါတီတွေကို ကမ်းလှမ်းတဲ့အဆင့်ရောက်လာပါလဲ။

မုံရွာအောင်ရှင်။ ။ အဲဒါကတော့ ကျနော်တို့က ပြီးခဲ့တဲ့ငါးနှစ်တာကာလတုံးက အခြေခိုင်အောင် လုပ်နေကြရတာဆိုတော့ တိုင်းရင်းသားတွေနဲ့ဆက်ဆံရေးမှာတစုံတရာ နွေးထွေးမှုမရှိဘူးလို့ပြောကြတာတွေလာရတယ်။ အခုဟာကတော့ ဒုတိယငါးနှစ်သက်တမ်းကြတော့ ကျနော်တို့မှာလည်း အခြေခိုင်တဲ့အနေအထားတွေ့လာရတယ်။ နောက်ပြီးတော့မဲကလည်း အများစုရထားတဲ့အခါကြတော့ ဒါတွေဟာ တိုင်းရင်းသားတွေမပါပဲနဲ့မဖြစ်ဘူး။ ထို့အတူပဲ တပ်မတော်ကနေပြီး အမျိုးသားအင်အားစုတရပ်အနေနဲ့ ကျနော်တို့ နားလည်ပြီးသားပါပဲ။ အားလုံးပူးပေါင်းဆောင်ရွက်မှာရမယ်လို့ကျနော်တို့ကမြင်ပါတယ်။

ဦးဝင်းမင်း။ ။ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်မုံရွာဦးအောင်ရှင်ခင်ဗျာ။

No comments:

Post a Comment

Note: Only a member of this blog may post a comment.