Breaking

November 18, 2020

အေသးစားေခ်းေငြယူထားသူေတြ ေငြျပန္ဆပ္ရမယ့္အစီအစဥ္ အစုိးရ ယာယီရပ္ဆုိင္း

 

(Zawgyi/Unicode)

ကုိဗစ္ကပ္ေရာဂါကာလမွာ အခက္အခဲႀကံဳေနသူေတြ ျပန္ဆပ္ရမယ့္ အေသးစားေခ်းေငြေတြကုိ ယာယီဆုိင္းထားေပးဖုိ႔ အစုိးရက ေၾကညာလုိက္တဲ့အေပၚ တုံ႔ျပန္ခ်က္ေတြကုိ ေျပာျပပါမယ္။ ဗြီအိုေအသတင္းေထာက္ အဂၢႏြန္ သတင္းေပးပို႔ထားပါတယ္။

ကပ္ေရာဂါကာလမွာ အေသးစားေခ်းေငြ လုပ္ငန္းေတြအေနနဲ႔ ႏိုဝင္ဘာနဲ႔ ဒီဇင္ဘာအထိ ေခ်းေငြေတြကို ျပန္လည္မေကာက္ခံပဲ ယာယီဆုိင္းငံ့ထားဖုိ႔ အစုိးရက ညႊန္ၾကားလုိက္ပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကလည္း ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈမ်ားတဲ့ ရန္ကုန္တိုင္း ၊ ပဲခူးတိုင္းနဲ႔ ရခိုင္ျပည္နယ္ေတြမွာ ေၾကြးက်န္ေတြ ဆိုင္းငံ့ေပးဖို႔ ေဆာင္ရြက္ေနေၾကာင္း တနလၤာေန႔ည အြန္လိုင္းမိန္႔ခြန္းမွာ ထည့္သြင္းေျပာဆိုသြားပါတယ္။

“က်မတို႔ႏိုင္ငံရဲ႕ ေငြေရးေၾကးေရး အေျခအေနအရေပါ့ေနာ္ အရင္းအျမစ္အေျခအေနအရဆိုရင္ တစ္တိုင္းျပည္လံုးကိုေတာ့ က်မတို႔ ဒီကိစၥကို ကူညီလို႔မရေပမယ့္ ကိုဗစ္ေရာဂါ ျပန္႔ပြားမႈလည္း အမ်ားျဖစ္ၿပီးေတာ့ လူဦးေရလည္းမ်ားတဲ့ ျပည္တစ္ခုနဲ႔ တိုင္း ၂ခုကို က်မတို႔ေရြးၿပီးေတာ့ အဲ့ဒါကို ရခိုင္ရယ္ ပဲခူးရယ္ ရန္ကုန္ရယ္ေပါ့ေနာ္၊ ေရြးၿပီးေတာ့ အဲ့ဒီမွာဆိုလို႔ရွိရင္ အဲ့ဒီက အေသးစာေငြေခ်းအဖြဲ႕အစည္းေတြကို က်မတို႔ အစိုးရအဖြဲ႕နဲ႔ ညိွၿပီးေတာ့ ျပန္ၿပီးတာ ဆပ္ရမယ့္ ျပည္သူေတြအေနနဲ႔ ဆိုင္းငံ့ေပးဖို႔ ေၾကြးက်န္ေတြ ဆိုင္းငံ့ေပးဖို႔ အစီအစဥ္ကို က်မတို႔စၿပီးေတာ့ ေဆာင္ရြက္ေနပါတယ္၊ ဒီလို က်မတို႔ ေခ်းေငြလိုအပ္တဲ့ ျပည္သူမ်ားမိမိတို႔ရဲ႕ စီးပြားေရးလုပ္ငန္းေတြ ပံ့ပိုးဖို႔အတြက္ ေခ်းေငြလိုအပ္တဲ့ ျပည္သူမ်ားရႏိုင္ဖို႔အတြက္ အစီအစဥ္ေတြလည္း က်မတို႔စၿပီး ေဆြးေႏြးေနပါတယ္၊ ဒါ မၾကာမီ က်မတို႔ ႏွစ္ပတ္ သံုးပတ္ေလာက္အတြင္းမွာ ဘယ္လိုအစီအစဥ္ေတြရွိလဲဆိုတာ က်မတို႔ ျပည္သူေတြကို တင္ျပႏိုင္မယ္လို႔ ေမ်ွာ္လင့္ပါတယ္။”

ကပ္ေရာဂါကာလ ေခ်းေငြေတြ ျပန္ဆပ္ဖုိ႔ အခက္အခဲရွိသူေတြအတြက္ ရည္ရြယ္ေပမဲ့ အေသးစားေခ်းေငြ လုပ္ငန္းရွင္ေတြ ၾကားမွာေတာ့ အစုိးရရဲ႕ အစီအစဥ္အေပၚ စုိးရိမ္တဲ့ သေဘာထားေတြလည္း ရွိေနပါတယ္။ မႏၱေလးတိုင္းက အေသးစားေခ်းေငြလုပ္ငန္းရွင္ ေဒၚခင္သက္ေမာ္ ကေတာ့ အစုိးရရဲ႕ အစီအစဥ္ေၾကာင့္ လုပ္ငန္းရွင္ေတြဘက္မွာ အခက္အခဲေတြ ႀကံဳရႏုိင္တယ္လုိ႔ ေျပာပါတယ္။

“တစ္ခ်ဳိ႕က တကယ္အဆင္မေျပတာ ၊ တခ်ဳိ႕ကက်ေတာ့ ဒါကို အခြင့္အေရးတစ္ခုအေနနဲ႔ ယူၿပီးေတာ့ မေပးျဖစ္တာ၊ အဲ့ဟာမ်ဳိးေတြရွိတဲ့အခါက်ေတာ့ သူတို႔ တကယ္အဆင္မေျပတဲ့ လူေတြက က်မတို႔က ညိွဳႏႈိင္းၿပီးေတာ့ က်မတို႔ ရက္ေရြႊ႕ ေပးတာတို႔ ဘာတို႔ လုပ္ေပးတဲ့အခါမွာ အဆင္ေျပတယ္၊ ဒါေပမယ့္ ေပးကိုမေပးခ်င္တဲ့ လူေတြကက်ေတာ့ သူတုိ႔ကိုယ္တိုင္မေပးတာမဟုတ္ဘဲနဲ႔ ပတ္ဝန္းက်င္ကိုပါ မေပးေအာင္လို႔ လႈံ႕ေဆာ္တဲ့အခါက်ေတာ့ က်မတို႔ လုပ္ငန္းေတြအေနနဲ႔က အရမ္းအခက္အခဲ ရွိပါတယ္။”

ေခ်းေငြေတြ ျပန္ရမွာသာ ေနာက္လူေတြ ျပန္ေခ်းႏိုင္မွာျဖစ္တာေၾကာင့္ ဆုိင္းင့ံထားရမယ္ဆုိရင္ လုပ္ငန္းေတြ ျပန္လည္ပတ္ဖုိ႔ အခက္အခဲရွိတယ္လုိ႔လည္း ေျပာပါတယ္။ ကပ္ေရာဂါေၾကာင့္ အိမ္ျပင္မထြက္ရ ညႊန္ၾကားခ်က္ ထုတ္ျပန္ထားတဲ့ ရန္ကုန္တုိင္းက အေသးစားေခ်းေငြ လုပ္ငန္းရွင္ ဦးဝင္းထက္ေမာင္ေမာင္ကေတာ့ လုပ္ငန္းရွင္ေတြအတြက္ စိန္ေခၚမႈေတြ ႀကံဳရမွာ စုိးရိမ္တယ္လုိ႔ ေျပာပါတယ္။

“ႀကီးမားတဲ့ စိန္ေခၚမႈေတြ အမ်ားႀကီး အခက္အခဲေတြ ႀကံဳလိုက္ရပါတယ္။ အထူးသျဖင့္ ရန္ကုန္နဲ႔ ရခိုင္ရယ္ ၊ ပဲခူးရယ္ေပါ့ေနာ္ အဲ့ဒီမွာ ရွိတဲ့ အေသးစားေခ်းေငြလုပ္ငန္းေတြ အကုန္လံုးက ေကာက္ခံဖို႔အတြက္ကို ရပ္နားပါဆိုၿပီးေတာ့ ဒီတိုင္းသံုးတိုင္းကေနၿပီးေတာ့မွ က်ေနာ္တို႔ အဓိကအားျဖင့္ အခက္အခဲေတြ အမ်ားႀကီး ရတယ္ေပါ့၊ ဆိုေတာ့ အဓိက အခက္အခဲကဘာရွိလဲဆိုတဲ့အခါမွာ က်ေနာ္တို႔ ဒီႏွစ္လအတြက္ေပါ့ေနာ္ ပံုမွန္အားျဖင့္ဆိုရင္ က်ေနာ္တို႔ရဲ႕ ထုတ္ေခ်းတဲ့ customers ေတြ ဆီကေနၿပီးရတဲ့ဝင္ေငြရယ္ ေနာက္ၿပီးလို႔ရွိရင္ က်ေနာ္တို႔ ထုတ္ေခ်းတဲ့ ေငြအေပၚမွာ ျပန္ေကာက္ယူရတဲ့ ေငြကမွ တဆင့္ က်ေနာ္တို႔ျပန္ၿပီး ထုတ္ေခ်းတယ္ဆိုေတာ့ အဲ့ဒီ mechanism တစ္ခုလံုးက ဒီ ၂ လ လံုးဝရပ္သြားပါတယ္။”

အစုိးရကေတာ့ ကပ္ေဘးကာလ အခက္အခဲ ႀကံဳေနရသူေတြကုိ အေၾကြးေတြ ျပန္ဆပ္ဖုိ႔ အတင္းအၾကပ္ ဖိအားေပးတာေတြ မလုပ္ဖုိ႔နဲ႔ မလုိက္နာရင္ အေရးယူမွာျဖစ္ေၾကာင္းလည္း သတိေပးထားပါတယ္။ ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္ရဲ႕ အြန္လုိင္းမိန္႔ခြန္းမွာေတာ့ အေျခခံလူတန္းစားေတြ အပါအ၀င္ ျမန္မာျပည္သူေတြၾကား ေခ်းေငြလုိအပ္ခ်က္ေတြ ရွိေနတာကုိ နားလည္ သေဘာေပါက္ေၾကာင္းနဲ႔ လုိအပ္ခ်က္ေတြကို ျဖည့္ဆည္းႏုိင္ဖုိ႔လည္း စီစဥ္ေနေၾကာင္း ထည့္သြင္းေျပာဆုိထားပါတယ္။


............

အသေးစားချေးငွေယူထားသူတွေ ငွေပြန်ဆပ်ရမယ့်အစီအစဉ် အစိုးရ ယာယီရပ်ဆိုင်း

(Unicode)
ကိုဗစ်ကပ်ရောဂါကာလမှာ အခက်အခဲကြုံနေသူတွေ ပြန်ဆပ်ရမယ့် အသေးစားချေးငွေတွေကို ယာယီဆိုင်းထားပေးဖို့ အစိုးရက ကြေညာလိုက်တဲ့အပေါ် တုံ့ပြန်ချက်တွေကို ပြောပြပါမယ်။ ဗွီအိုအေသတင်းထောက် အဂ္ဂနွန် သတင်းပေးပို့ထားပါတယ်။

ကပ်ရောဂါကာလမှာ အသေးစားချေးငွေ လုပ်ငန်းတွေအနေနဲ့ နိုဝင်ဘာနဲ့ ဒီဇင်ဘာအထိ ချေးငွေတွေကို ပြန်လည်မကောက်ခံပဲ ယာယီဆိုင်းငံ့ထားဖို့ အစိုးရက ညွှန်ကြားလိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ကိုဗစ်ကပ်ရောဂါ ကူးစက်မှုများတဲ့ ရန်ကုန်တိုင်း ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ ကြွေးကျန်တွေ ဆိုင်းငံ့ပေးဖို့ ဆောင်ရွက်နေကြောင်း တနင်္လာနေ့ည အွန်လိုင်းမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားပါတယ်။

“ကျမတို့နိုင်ငံရဲ့ ငွေရေးကြေးရေး အခြေအနေအရပေါ့နော် အရင်းအမြစ်အခြေအနေအရဆိုရင် တစ်တိုင်းပြည်လုံးကိုတော့ ကျမတို့ ဒီကိစ္စကို ကူညီလို့မရပေမယ့် ကိုဗစ်ရောဂါ ပြန့်ပွားမှုလည်း အများဖြစ်ပြီးတော့ လူဦးရေလည်းများတဲ့ ပြည်တစ်ခုနဲ့ တိုင်း ၂ခုကို ကျမတို့ရွေးပြီးတော့ အဲ့ဒါကို ရခိုင်ရယ် ပဲခူးရယ် ရန်ကုန်ရယ်ပေါ့နော်၊ ရွေးပြီးတော့ အဲ့ဒီမှာဆိုလို့ရှိရင် အဲ့ဒီက အသေးစာငွေချေးအဖွဲ့အစည်းတွေကို ကျမတို့ အစိုးရအဖွဲ့နဲ့ ညှိပြီးတော့ ပြန်ပြီးတာ ဆပ်ရမယ့် ပြည်သူတွေအနေနဲ့ ဆိုင်းငံ့ပေးဖို့ ကြွေးကျန်တွေ ဆိုင်းငံ့ပေးဖို့ အစီအစဉ်ကို ကျမတို့စပြီးတော့ ဆောင်ရွက်နေပါတယ်၊ ဒီလို ကျမတို့ ချေးငွေလိုအပ်တဲ့ ပြည်သူများမိမိတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ ပံ့ပိုးဖို့အတွက် ချေးငွေလိုအပ်တဲ့ ပြည်သူများရနိုင်ဖို့အတွက် အစီအစဉ်တွေလည်း ကျမတို့စပြီး ဆွေးနွေးနေပါတယ်၊ ဒါ မကြာမီ ကျမတို့ နှစ်ပတ် သုံးပတ်လောက်အတွင်းမှာ ဘယ်လိုအစီအစဉ်တွေရှိလဲဆိုတာ ကျမတို့ ပြည်သူတွေကို တင်ပြနိုင်မယ်လို့ မျှော်လင့်ပါတယ်။”

ကပ်ရောဂါကာလ ချေးငွေတွေ ပြန်ဆပ်ဖို့ အခက်အခဲရှိသူတွေအတွက် ရည်ရွယ်ပေမဲ့ အသေးစားချေးငွေ လုပ်ငန်းရှင်တွေ ကြားမှာတော့ အစိုးရရဲ့ အစီအစဉ်အပေါ် စိုးရိမ်တဲ့ သဘောထားတွေလည်း ရှိနေပါတယ်။ မန္တလေးတိုင်းက အသေးစားချေးငွေလုပ်ငန်းရှင် ဒေါ်ခင်သက်မော် ကတော့ အစိုးရရဲ့ အစီအစဉ်ကြောင့် လုပ်ငန်းရှင်တွေဘက်မှာ အခက်အခဲတွေ ကြုံရနိုင်တယ်လို့ ပြောပါတယ်။

“တစ်ချို့က တကယ်အဆင်မပြေတာ ၊ တချို့ကကျတော့ ဒါကို အခွင့်အရေးတစ်ခုအနေနဲ့ ယူပြီးတော့ မပေးဖြစ်တာ၊ အဲ့ဟာမျိုးတွေရှိတဲ့အခါကျတော့ သူတို့ တကယ်အဆင်မပြေတဲ့ လူတွေက ကျမတို့က ညှိုနှိုင်းပြီးတော့ ကျမတို့ ရက်ရွှေ့ ပေးတာတို့ ဘာတို့ လုပ်ပေးတဲ့အခါမှာ အဆင်ပြေတယ်၊ ဒါပေမယ့် ပေးကိုမပေးချင်တဲ့ လူတွေကကျတော့ သူတို့ကိုယ်တိုင်မပေးတာမဟုတ်ဘဲနဲ့ ပတ်ဝန်းကျင်ကိုပါ မပေးအောင်လို့ လှုံ့ဆော်တဲ့အခါကျတော့ ကျမတို့ လုပ်ငန်းတွေအနေနဲ့က အရမ်းအခက်အခဲ ရှိပါတယ်။”

ချေးငွေတွေ ပြန်ရမှာသာ နောက်လူတွေ ပြန်ချေးနိုင်မှာဖြစ်တာကြောင့် ဆိုင်းငံ့ထားရမယ်ဆိုရင် လုပ်ငန်းတွေ ပြန်လည်ပတ်ဖို့ အခက်အခဲရှိတယ်လို့လည်း ပြောပါတယ်။ ကပ်ရောဂါကြောင့် အိမ်ပြင်မထွက်ရ ညွှန်ကြားချက် ထုတ်ပြန်ထားတဲ့ ရန်ကုန်တိုင်းက အသေးစားချေးငွေ လုပ်ငန်းရှင် ဦးဝင်းထက်မောင်မောင်ကတော့ လုပ်ငန်းရှင်တွေအတွက် စိန်ခေါ်မှုတွေ ကြုံရမှာ စိုးရိမ်တယ်လို့ ပြောပါတယ်။

“ကြီးမားတဲ့ စိန်ခေါ်မှုတွေ အများကြီး အခက်အခဲတွေ ကြုံလိုက်ရပါတယ်။ အထူးသဖြင့် ရန်ကုန်နဲ့ ရခိုင်ရယ် ၊ ပဲခူးရယ်ပေါ့နော် အဲ့ဒီမှာ ရှိတဲ့ အသေးစားချေးငွေလုပ်ငန်းတွေ အကုန်လုံးက ကောက်ခံဖို့အတွက်ကို ရပ်နားပါဆိုပြီးတော့ ဒီတိုင်းသုံးတိုင်းကနေပြီးတော့မှ ကျနော်တို့ အဓိကအားဖြင့် အခက်အခဲတွေ အများကြီး ရတယ်ပေါ့၊ ဆိုတော့ အဓိက အခက်အခဲကဘာရှိလဲဆိုတဲ့အခါမှာ ကျနော်တို့ ဒီနှစ်လအတွက်ပေါ့နော် ပုံမှန်အားဖြင့်ဆိုရင် ကျနော်တို့ရဲ့ ထုတ်ချေးတဲ့ customers တွေ ဆီကနေပြီးရတဲ့ဝင်ငွေရယ် နောက်ပြီးလို့ရှိရင် ကျနော်တို့ ထုတ်ချေးတဲ့ ငွေအပေါ်မှာ ပြန်ကောက်ယူရတဲ့ ငွေကမှ တဆင့် ကျနော်တို့ပြန်ပြီး ထုတ်ချေးတယ်ဆိုတော့ အဲ့ဒီ mechanism တစ်ခုလုံးက ဒီ ၂ လ လုံးဝရပ်သွားပါတယ်။”

အစိုးရကတော့ ကပ်ဘေးကာလ အခက်အခဲ ကြုံနေရသူတွေကို အကြွေးတွေ ပြန်ဆပ်ဖို့ အတင်းအကြပ် ဖိအားပေးတာတွေ မလုပ်ဖို့နဲ့ မလိုက်နာရင် အရေးယူမှာဖြစ်ကြောင်းလည်း သတိပေးထားပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ အွန်လိုင်းမိန့်ခွန်းမှာတော့ အခြေခံလူတန်းစားတွေ အပါအဝင် မြန်မာပြည်သူတွေကြား ချေးငွေလိုအပ်ချက်တွေ ရှိနေတာကို နားလည် သဘောပေါက်ကြောင်းနဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့လည်း စီစဉ်နေကြောင်း ထည့်သွင်းပြောဆိုထားပါတယ်။

ႏိုင္ငံေတာ္အတိုင္ပင္ခံ တနလၤာေန႔ည အြန္လိုင္းမိန္႔ခြန္း ေျပာၾကား။ (Myanmar State Counsellor Office

 https://burmese.voanews.com/a/myanmar-government-postpone-the-loan/5666923.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.