Breaking

November 18, 2020

ျမန္မာေ႐ြးေကာက္ပြဲလြန္ ႐ိုဟင္ဂ်ာတို႔ေတာင္းဆိုခ်က္ OIC မွာတင္သြင္း


 

(Zawgyi/Unicode)

၂၀၂၀ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲ အႏိုင္ရ လက္ရွိအာဏာရပါတီ NLD ကို ICJ ႏိုင္ငံတကာခုံ႐ုံးရဲ႕ ၾကားျဖတ္ေဆာင္႐ြက္မႈေတြ အေကာင္အထည္ေဖာ္ႏိုင္ေရး OIC နဲ႔ႏိုင္ငံတကာက တိုက္တြန္းေတာင္းဆိုၾကဖို႔-ေနာက္ၿပီး ျမန္မာႏိုင္ငံ ရခိုင္ျပည္နယ္ရဲ႕ လက္ရွိေျမျပင္ စစ္ေရးအေျခအေနေတြနဲ႔ ႐ိုဟင္ဂ်ာတို႔အေရး- Arakan Rohingya Union အဖြဲ႕က OIC အစၥလာမ္ႏိုင္ငံမ်ား ပူးေပါင္း ေဆာင္႐ြက္ေရးအဖြဲ႕ ကို ဒီသီတင္းပတ္ထဲမွာပဲ အစီရင္ခံစာ တင္သြင္းလိုက္ပါတယ္။ OIC အစၥလာမ္ႏိုင္ငံမ်ား ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ကို ဒီအစီရင္ခံစာကေန အဓိက ဘာေတြ တိုက္တြန္းေတာင္းဆိုထားပါသလဲဆိုတာ အေမရိကန္ျပည္ေထာင္စု အေျခစိုက္Arakan Rohingya Union အဖြဲ႕ရဲ႕ ဥကၠ႒ ေဒါက္တာဝါကာအူဒင္ကို ဗြီအိုေအျမန္မာပိုင္းက မဆုမြန္ ဆက္သြယ္ေမးျမန္းထားပါတယ္။

မဆုမြန္။ ။ ေဒါက္တာဝါကာအူဒင္ရွင့္။ Arakan Rohingya Union အဖြဲ႕က OIC အစၥလာမ္ႏိုင္ငံမ်ား ပူးေပါင္း ေဆာင္႐ြက္ေရး အဖြဲ႕ OIC ကို ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ ၁၅ရက္ေန႔က အစီရင္ခံစာတင္သြင္းတယ္လို႔သိရပါတယ္။ ဆိုေတာ့အဲ့ဒီ့တင္သြင္းတဲ့အစီရင္ခံစာမွာ ဘယ္လို အေၾကာင္းအရာေတြ အဓိက ထည့္သြင္းၿပီးေဖာ္ျပထားပါသလဲရွင္။

ေဒါက္တာဝါကာအူဒင္။ ။အဲဒီ အစီရင္ခံစာမွာ ပထမဦးဆံုးကေတာ့ ျမန္မာႏိုင္ငံမွာ ေရြးေကာက္ပြဲက်င္းပတာ ေပါ့ေလ Particularly အထူးသျဖင့္ ရခိုင္ျပည္နယ္မွာ ျဖစ္ခဲ့တဲ့ေရြးေကာက္ပြဲမွာ ဘယ္သူႏိုင္သလဲဆိုတာေနာက္ ျပည္မမွာ NLD ႏိုင္ေၾကာင္း က်ေနာ္ေရးခဲ့ပါတယ္။ ေနာက္တခုကေတာ့ တူရကီ အစိုးရက ျမန္မာႏိုင္ငံကို ႀကိဳဆိုေၾကာင္းေပါ့ေလ။ ျမန္မာ မြတ္ဆလင္ေတြကို ေရြးေကာက္ပြဲမွာ ၀င္ခြင့္မေပးေၾကာင္း ၊ ၿပီးေတာ့ ျမန္မာမူဆလင္ေတြကို မဲဆႏၵေပးခြင့္မေပးေၾကာင္း အဲဒါေတြေရးပါတယ္ ၿပီးေတာ့ အေသးစိတ္က ရခိုင္ျပည္မွာ လက္နက္ကိုင္ေတြနဲ႔ တိုက္ပြဲျဖစ္တာေပါ့ေလ တိုက္ခိုက္တာေတြ ျဖစ္ေနတာ ေနာက္ၿပီးေတာ့ ရိုဟင္ဂ်ာလူမ်ိဳး ၃၇ ေယာက္ကို ဖမ္းဆီးထားတာ အဲဒါေတြေရးထားပါတယ္ ။ ေနာက္ၿပီးေတာ့ ျမန္မာအစိုးရကို OIC နဲ႔ International Community ေတြ အျပည္ျပည္ဆိုင္ရာႏိုင္ငံေတြက အခုအစိုးရ အခုအသစ္ကို ဘာေတြ ေတာင္းဆိုရမယ္ဆိုတာ က်ေနာ္ ေရးထားပါတယ္။

မဆုမြန္။ ။ အခု ေ႐ြးေကာက္ပြဲ မွာ NLD ပါတီေနရာေတာ္ေတာ္မ်ားမ်ား ၉၂၀ေနရာအထိ အႏိုင္ရၿပီးေတာ့ ျပည္ေထာင္စုအစိုးရ အျဖစ္ ဆက္ၿပီး တိုင္းျပည္ကို အုပ္ခ်ဳပ္မယ့္အခ်ိန္ အထူးသျဖင့္ ႐ိုဟင္ဂ်ာအေရး- ရခိုင္ျပည္နယ္အေရးနဲ႔ပတ္သက္ၿပီး သက္ဆိုင္တဲ့တာဝန္ရွိသူေတြဘက္က အဓိက ဘာလိုအပ္ခ်က္ေတြ ေဆာင္ရြက္ေပးသင့္တယ္ လို႔ေျပာခ်င္ပါလဲ။

ေဒါက္တာဝါကာအူဒင္။ ။အဓိကေတာ့ ႐ိုဟင္ဂ်ာေတြရဲ႕ Citizenship ပဲ ႏိုင္ငံသား၊ တိုင္းရင္းသား၊ ႐ိုဟင္ဂ်ာေတြကို( ၃ ေခါက္ခ်ိဳးေတြ) ျပန္ေပးေပးဖို႔ ၊ ႐ိုဟင္ဂ်ာေတြရဲ႕ White card ေတြျပန္ေပးဖို႔ ၊ ႐ိုဟင္ဂ်ာေတြရဲ႕ လူ႔အခြင့္အေရး အားလံုးျပန္ရေအာင္။ ေနာက္ထပ္ အေရးႀကီးဆံုးက Repatriation ၊ ဘဂၤလားေဒ့ရွ္မွာရွိတဲ့ ႐ိုဟင္ဂ်ာအားလံုး 1.2 millionsRepatriation လုပ္လာဖို႔ ျပန္ေခၚလာဖို႔ ၊ ျမန္ျမန္ ျပန္ေခၚလာဖို႔ ျပႆနာမႀကီးထြားေအာင္ ၊ ၿပီးေတာ့ စစ္ေတြမွာရွိတဲ့ IDP ဟိုမွာလည္း ဒုကၡသည္စခန္းေတြထဲက လူေတြကို ျပန္ေခၚသြားဖို႔ ။ အစိုးရ သစ္က ဒီ NVC ကို ရပ္တန္႔ရပါမယ္။

မဆုမြန္။ ။ ရခိုင္ျပည္နယ္တြင္း တရားမွ်တတဲ့ေ႐ြးေကာက္ပြဲ ျဖစ္ႏိုင္ေျခမရွိဆိုတဲ့အေၾကာင္းျပခ်က္နဲ႔ေ႐ြးေကာက္ပြဲ မက်င္းပျဖစ္ခဲ့တဲ့ ၿမိဳ႕နယ္ေတြရွိပါတယ္။ အခုေတာ့ ရခိုင္လက္နက္ကိုင္တပ္ဖြဲ႕နဲ႔ တပ္မေတာ္ဘက္ကေန ျပန္က်င္းပႏိုင္ေျခ ရွိတယ္လို႔ ေျပာဆိုထားတဲ့ အေနအထားမွာတကယ္လို႔မ်ား ရခိုင္ျပည္နယ္တြင္း တရားမွ်တ တဲ့ေနာက္ဆက္တြဲေ႐ြးေကာက္ပြဲျဖစ္ႏိုင္ေျခ ရွိႏိုင္မလား ေဒါက္တာဘယ္လိုျမင္ပါသလဲ။

ေဒါက္တာဝါကာအူဒင္။ ။ တရားမွ်တမႈ ရွိတာက လူအားလံုးအတြက္ တရားမွ်တမွ တရား မွ်တမႈ ရွိမယ္။ ရခိုင္ျပည္မွာ လူမ်ိဳး အမ်ားႀကီးရွိတယ္ ရိုဟင္ဂ်ာက ဆႏၵမဲ မေပးႏိုင္ရင္ ရိုဟင္ဂ်ာ အမတ္ေလာင္းေတြက သူတို႔ ၿပိဳင္လို႔မရရင္ အဲဒါဆို ဘယ္လိုလို႔ တရားမွ်တ မလဲ ။ လုပ္မယ္ဆိုရင္ ရိုဟင္ဂ်ာ ပါကို ပါရမယ္။

မဆုမြန္။ ။ အခုေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္တဲ့ ျမန္မာအစိုးရ လက္ရွိသက္တမ္းကတည္းက ႐ိုဟင္ဂ်ာေတြအေပၚ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြနဲ ႔ပတ္သက္လို႔ ရင္ဆိုင္ေျဖရွင္းေနရတဲ့ ႏိုင္ငံတကာတရားခုံ႐ုံး ICJ မွာ တရားရင္ဆိုင္ေနရတဲ့ ေနာက္ဆုံးအေျခအေန အေပၚေရာ ေဒါက္တာ ဘယ္လိုသုံးသပ္ေျပာျပႏုိင္ပါသလဲရွင္။

ေဒါက္တာဝါကာအူဒင္။ ။အခုအေျခအေနကေတာ့ ဒီလိုပါေလ အခု က်ေနာ္တို႔ ဘက္က Memorial တင္လိုက္ပါၿပီ ေအာက္တိုဘာမွာ ။ အဲဒါကို ျမန္မာအစိုးရက Counter Memorial တင္ရပါမယ္။ အဲဒါ ျမန္မာအစိုးရကို ICJ က ၉ လ အခ်ိန္ေပးထားပါတယ္။ အခုအစိုးရအသစ္ ေအာင္ဆန္းစုၾကည္ရဲ႕ အစိုးရအသစ္က အမ်ားႀကီးလုပ္ႏိုင္ပါတယ္ ၉လအတြင္းမွာ။ ရခိုင္ျပည္မွာ အေျခအေနေကာင္းေအာင္။ ဆိုေတာ့ ျမန္မာအစိုးရက လုပ္ခ်င္တယ္ဆိုရင္ ဆႏၵရွိတယ္ဆိုရင္ ဒီရိုဟင္ဂ်ာ ျပႆနာကို ေျဖရွင္းဖုိ႔ ဆႏၵရွိတယ္ဆိုရင္ အမ်ားႀကီးလုပ္ႏိုင္ပါတယ္ ျမန္မာအစိုးရက။

မဆုမြန္။ ။ အဓိကက ႏိုင္ငံတကာေရာ OIC အဖြဲ႕ဝင္ႏိုင္ငံေတြကို ျမန္မာအစိုးရအေပၚဖိအားေပးဖို႔ တိုက္တြန္းေတာင္းဆိုခ်က္ေတြ အစီရင္ခံပါစာထဲကပါတဲ့အတိုင္းရိုဟင္ဂ်ာေတြရဲ႕အေရး တရားမွ်တမႈရဖို႔ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ျမန္မာအစိုးရနဲ႔ တပ္မေတာ္ကို ဘာမ်ားတိုက္တြန္းခ်င္တာရွိပါသလဲ။

ေဒါက္တာဝါကာအူဒင္။ ။ ႏိုင္ငံတကာ အသိုင္းအ၀ိုင္းနဲ႔ OIC တိုက္တြန္းတာက နည္းလမ္းအမ်ားႀကီးရွိပါတယ္ေလ။ ပထမတခုက ႏိုင္ငံတိုင္းက ဂမ္ဘီယာႏုိင္ငံရဲ႕ အေနာက္မွာရွိပါတယ္။ အဲဒါျမန္မာအစိုးရကို Pressure ေပးတာက ျပႆနာ ရွင္းဖို႔အတြက္ က်ေနာ္က အဲဒါကို တိတိက်က် ေျပာခ်င္ပါတယ္။" ႏိုင္ငံတကာ အသိုင္းအ၀ိုင္းက OIC က ျမန္မာအစိုးရကို Pressure ေပးတာက ျပႆနာ ရွင္းဖို႔အတြက္ ျမန္မာအတြက္ကို တိုက္ခိုက္တာမဟုတ္ဘူး ၊ ျမန္မာအစိုးရကို ရန္သူအေနနဲ႔ ေျပာတာမဟုတ္ဘူး"၊ ရိုဟင္ဂ်ာအေရး Genocide ျဖစ္ေနေတာ့ အဲဒီ ျပႆနာကို ရွင္းၿပီးေတာ့ ဒီမိုကရက္တစ္ Transition ဒီမိုကေရစီ အစစ္ ျမန္မာႏိုင္ငံမွာ ျဖစ္လာေအာင္ ၊ ေအးေအးခ်မ္းခ်မ္းလူေတြအားလံုး အတူေနႏိုင္ေအာင္ Violence ေတြ ဘာေတြ သတ္တာေတြ မျဖစ္ေအာင္ ေအးေအးခ်မ္းခ်မ္း သူတို႔က ျပႆနာရွင္းသြားေအာင္ အဲဒါက သူတို႔ရဲ႕ အဓိက ရည္ရြယ္ခ်က္။

အခုလိုဗီြအိုေအျမန္မာပိုင္းကို အခ်ိန္ေပးေျဖၾကားေပးတဲ့အတြက္ ေက်းဇူးအထူးတင္ပါတယ္ရွင္ ဒါကေတာ့ အေမရိကန္ျပည္ေထာင္စု အေျခစိုက္Arakan Rohingya Union အဖြဲ႕ရဲ႕ ဥကၠ႒ ေဒါက္တာဝါကာအူဒင္ကို ဆက္သြယ္ေမးျမန္းခဲ့တာျဖစ္ပါတယ္။ အခုအခ်ိန္အထိကေတာ့ ရိုဟင္ဂ်ာဆိုတဲ့အေခၚအေဝၚကို ျမန္မာအစိုးရဘက္က လက္ခံသံုးႏႈန္းျခင္း မရွိေသးပါဘူး။


..............

မြန်မာရွေးကောက်ပွဲလွန် ရိုဟင်ဂျာတို့တောင်းဆိုချက် OIC မှာတင်သွင်း

(Unicode)

၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ လက်ရှိအာဏာရပါတီ NLD ကို ICJ နိုင်ငံတကာခုံရုံးရဲ့ ကြားဖြတ်ဆောင်ရွက်မှုတွေ အကောင်အထည်ဖော်နိုင်ရေး OIC နဲ့နိုင်ငံတကာက တိုက်တွန်းတောင်းဆိုကြဖို့-နောက်ပြီး မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရဲ့ လက်ရှိမြေပြင် စစ်ရေးအခြေအနေတွေနဲ့ ရိုဟင်ဂျာတို့အရေး- Arakan Rohingya Union အဖွဲ့က OIC အစ္စလာမ်နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ OIC ကို ဒီသီတင်းပတ်ထဲမှာပဲ အစီရင်ခံစာ တင်သွင်းလိုက်ပါတယ်။ OIC အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို ဒီအစီရင်ခံစာကနေ အဓိက ဘာတွေ တိုက်တွန်းတောင်းဆိုထားပါသလဲဆိုတာ အမေရိကန်ပြည်ထောင်စု အခြေစိုက်Arakan Rohingya Union အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဒေါက်တာဝါကာအူဒင်ကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။

မဆုမွန်။ ။ ဒေါက်တာဝါကာအူဒင်ရှင့်။ Arakan Rohingya Union အဖွဲ့က OIC အစ္စလာမ်နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ OIC ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ရက်နေ့က အစီရင်ခံစာတင်သွင်းတယ်လို့သိရပါတယ်။ ဆိုတော့အဲ့ဒီ့တင်သွင်းတဲ့အစီရင်ခံစာမှာ ဘယ်လို အကြောင်းအရာတွေ အဓိက ထည့်သွင်းပြီးဖော်ပြထားပါသလဲရှင်။

ဒေါက်တာဝါကာအူဒင်။ ။အဲဒီ အစီရင်ခံစာမှာ ပထမဦးဆုံးကတော့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပတာ ပေါ့လေ Particularly အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ရွေးကောက်ပွဲမှာ ဘယ်သူနိုင်သလဲဆိုတာနောက် ပြည်မမှာ NLD နိုင်ကြောင်း ကျနော်ရေးခဲ့ပါတယ်။ နောက်တခုကတော့ တူရကီ အစိုးရက မြန်မာနိုင်ငံကို ကြိုဆိုကြောင်းပေါ့လေ။ မြန်မာ မွတ်ဆလင်တွေကို ရွေးကောက်ပွဲမှာ ဝင်ခွင့်မပေးကြောင်း ၊ ပြီးတော့ မြန်မာမူဆလင်တွေကို မဲဆန္ဒပေးခွင့်မပေးကြောင်း အဲဒါတွေရေးပါတယ် ပြီးတော့ အသေးစိတ်က ရခိုင်ပြည်မှာ လက်နက်ကိုင်တွေနဲ့ တိုက်ပွဲဖြစ်တာပေါ့လေ တိုက်ခိုက်တာတွေ ဖြစ်နေတာ နောက်ပြီးတော့ ရိုဟင်ဂျာလူမျိုး ၃၇ ယောက်ကို ဖမ်းဆီးထားတာ အဲဒါတွေရေးထားပါတယ် ။ နောက်ပြီးတော့ မြန်မာအစိုးရကို OIC နဲ့ International Community တွေ အပြည်ပြည်ဆိုင်ရာနိုင်ငံတွေက အခုအစိုးရ အခုအသစ်ကို ဘာတွေ တောင်းဆိုရမယ်ဆိုတာ ကျနော် ရေးထားပါတယ်။

မဆုမွန်။ ။ အခု ရွေးကောက်ပွဲ မှာ NLD ပါတီနေရာတော်တော်များများ ၉၂၀နေရာအထိ အနိုင်ရပြီးတော့ ပြည်ထောင်စုအစိုးရ အဖြစ် ဆက်ပြီး တိုင်းပြည်ကို အုပ်ချုပ်မယ့်အချိန် အထူးသဖြင့် ရိုဟင်ဂျာအရေး- ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး သက်ဆိုင်တဲ့တာဝန်ရှိသူတွေဘက်က အဓိက ဘာလိုအပ်ချက်တွေ ဆောင်ရွက်ပေးသင့်တယ် လို့ပြောချင်ပါလဲ။

ဒေါက်တာဝါကာအူဒင်။ ။အဓိကတော့ ရိုဟင်ဂျာတွေရဲ့ Citizenship ပဲ နိုင်ငံသား၊ တိုင်းရင်းသား၊ ရိုဟင်ဂျာတွေကို( ၃ ခေါက်ချိုးတွေ) ပြန်ပေးပေးဖို့ ၊ ရိုဟင်ဂျာတွေရဲ့ White card တွေပြန်ပေးဖို့ ၊ ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေး အားလုံးပြန်ရအောင်။ နောက်ထပ် အရေးကြီးဆုံးက Repatriation ၊ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရိုဟင်ဂျာအားလုံး 1.2 millionsRepatriation လုပ်လာဖို့ ပြန်ခေါ်လာဖို့ ၊ မြန်မြန် ပြန်ခေါ်လာဖို့ ပြဿနာမကြီးထွားအောင် ၊ ပြီးတော့ စစ်တွေမှာရှိတဲ့ IDP ဟိုမှာလည်း ဒုက္ခသည်စခန်းတွေထဲက လူတွေကို ပြန်ခေါ်သွားဖို့ ။ အစိုးရ သစ်က ဒီ NVC ကို ရပ်တန့်ရပါမယ်။

မဆုမွန်။ ။ ရခိုင်ပြည်နယ်တွင်း တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်နိုင်ခြေမရှိဆိုတဲ့အကြောင်းပြချက်နဲ့ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့ မြို့နယ်တွေရှိပါတယ်။ အခုတော့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့နဲ့ တပ်မတော်ဘက်ကနေ ပြန်ကျင်းပနိုင်ခြေ ရှိတယ်လို့ ပြောဆိုထားတဲ့ အနေအထားမှာတကယ်လို့များ ရခိုင်ပြည်နယ်တွင်း တရားမျှတ တဲ့နောက်ဆက်တွဲရွေးကောက်ပွဲဖြစ်နိုင်ခြေ ရှိနိုင်မလား ဒေါက်တာဘယ်လိုမြင်ပါသလဲ။

ဒေါက်တာဝါကာအူဒင်။ ။ တရားမျှတမှု ရှိတာက လူအားလုံးအတွက် တရားမျှတမှ တရား မျှတမှု ရှိမယ်။ ရခိုင်ပြည်မှာ လူမျိုး အများကြီးရှိတယ် ရိုဟင်ဂျာက ဆန္ဒမဲ မပေးနိုင်ရင် ရိုဟင်ဂျာ အမတ်လောင်းတွေက သူတို့ ပြိုင်လို့မရရင် အဲဒါဆို ဘယ်လိုလို့ တရားမျှတ မလဲ ။ လုပ်မယ်ဆိုရင် ရိုဟင်ဂျာ ပါကို ပါရမယ်။

မဆုမွန်။ ။ အခုဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ မြန်မာအစိုးရ လက်ရှိသက်တမ်းကတည်းက ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ ရင်ဆိုင်ဖြေရှင်းနေရတဲ့ နိုင်ငံတကာတရားခုံရုံး ICJ မှာ တရားရင်ဆိုင်နေရတဲ့ နောက်ဆုံးအခြေအနေ အပေါ်ရော ဒေါက်တာ ဘယ်လိုသုံးသပ်ပြောပြနိုင်ပါသလဲရှင်။

ဒေါက်တာဝါကာအူဒင်။ ။အခုအခြေအနေကတော့ ဒီလိုပါလေ အခု ကျနော်တို့ ဘက်က Memorial တင်လိုက်ပါပြီ အောက်တိုဘာမှာ ။ အဲဒါကို မြန်မာအစိုးရက Counter Memorial တင်ရပါမယ်။ အဲဒါ မြန်မာအစိုးရကို ICJ က ၉ လ အချိန်ပေးထားပါတယ်။ အခုအစိုးရအသစ် အောင်ဆန်းစုကြည်ရဲ့ အစိုးရအသစ်က အများကြီးလုပ်နိုင်ပါတယ် ၉လအတွင်းမှာ။ ရခိုင်ပြည်မှာ အခြေအနေကောင်းအောင်။ ဆိုတော့ မြန်မာအစိုးရက လုပ်ချင်တယ်ဆိုရင် ဆန္ဒရှိတယ်ဆိုရင် ဒီရိုဟင်ဂျာ ပြဿနာကို ဖြေရှင်းဖို့ ဆန္ဒရှိတယ်ဆိုရင် အများကြီးလုပ်နိုင်ပါတယ် မြန်မာအစိုးရက။

မဆုမွန်။ ။ အဓိကက နိုင်ငံတကာရော OIC အဖွဲ့ဝင်နိုင်ငံတွေကို မြန်မာအစိုးရအပေါ်ဖိအားပေးဖို့ တိုက်တွန်းတောင်းဆိုချက်တွေ အစီရင်ခံပါစာထဲကပါတဲ့အတိုင်းရိုဟင်ဂျာတွေရဲ့အရေး တရားမျှတမှုရဖို့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာအစိုးရနဲ့ တပ်မတော်ကို ဘာများတိုက်တွန်းချင်တာရှိပါသလဲ။

ဒေါက်တာဝါကာအူဒင်။ ။ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ OIC တိုက်တွန်းတာက နည်းလမ်းအများကြီးရှိပါတယ်လေ။ ပထမတခုက နိုင်ငံတိုင်းက ဂမ်ဘီယာနိုင်ငံရဲ့ အနောက်မှာရှိပါတယ်။ အဲဒါမြန်မာအစိုးရကို Pressure ပေးတာက ပြဿနာ ရှင်းဖို့အတွက် ကျနော်က အဲဒါကို တိတိကျကျ ပြောချင်ပါတယ်။" နိုင်ငံတကာ အသိုင်းအဝိုင်းက OIC က မြန်မာအစိုးရကို Pressure ပေးတာက ပြဿနာ ရှင်းဖို့အတွက် မြန်မာအတွက်ကို တိုက်ခိုက်တာမဟုတ်ဘူး ၊ မြန်မာအစိုးရကို ရန်သူအနေနဲ့ ပြောတာမဟုတ်ဘူး"၊ ရိုဟင်ဂျာအရေး Genocide ဖြစ်နေတော့ အဲဒီ ပြဿနာကို ရှင်းပြီးတော့ ဒီမိုကရက်တစ် Transition ဒီမိုကရေစီ အစစ် မြန်မာနိုင်ငံမှာ ဖြစ်လာအောင် ၊ အေးအေးချမ်းချမ်းလူတွေအားလုံး အတူနေနိုင်အောင် Violence တွေ ဘာတွေ သတ်တာတွေ မဖြစ်အောင် အေးအေးချမ်းချမ်း သူတို့က ပြဿနာရှင်းသွားအောင် အဲဒါက သူတို့ရဲ့ အဓိက ရည်ရွယ်ချက်။

အခုလိုဗွီအိုအေမြန်မာပိုင်းကို အချိန်ပေးဖြေကြားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်ရှင် ဒါကတော့ အမေရိကန်ပြည်ထောင်စု အခြေစိုက်Arakan Rohingya Union အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဒေါက်တာဝါကာအူဒင်ကို ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။ အခုအချိန်အထိကတော့ ရိုဟင်ဂျာဆိုတဲ့အခေါ်အဝေါ်ကို မြန်မာအစိုးရဘက်က လက်ခံသုံးနှုန်းခြင်း မရှိသေးပါဘူး။

 https://burmese.voanews.com/a/rohingya-oic-post-election-/5666508.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.