Breaking

November 27, 2020

အေသးစားေခ်းေငြျပန္ဆပ္ရမယ့္ေန႔ ျမန္မာအစုိးရ ေရွ႕ႏွစ္အထိေရႊ႕ဆုိင္း


 

(Zawgyi/Unicode)

ျမန္မာႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါကူးစက္မႈေတြ အမ်ားဆုံးႀကံဳေနရတဲ့ တုိင္းနဲ႔ျပည္နယ္ တခ်ဳိ႕မွာ အခက္အခဲႀကံဳေနရသူေတြ ျပန္ဆပ္ရမယ့္ အေသးစားေခ်းေငြေတြကုိ ေရွ႕ႏွစ္ထဲအထိ ဆုိင္းထားဖုိ႔ အစုိးရက ညႊန္ၾကားလုိက္ပါတယ္။ ဒီသတင္းကို အဂၢႏြန္ ကေျပာျပမွာပါ။

ကပ္ေရာဂါကာလမွာ အေသးစားေခ်းေငြ လုပ္ငန္းေတြအေနနဲ႔ ႏိုဝင္ဘာနဲ႔ ဒီဇင္ဘာအထိ ေခ်းေငြေတြကို ျပန္လည္မေကာက္ခံပဲ ယာယီဆုိင္းငံ့ထားဖုိ႔ အစုိးရက အေစာပုိင္းမွာ ညႊန္ၾကားထားတာကုိ ေရွ႕ႏွစ္ထဲအထိ ေရႊ႕ဆုိင္းလုိက္တာပါ။ ကိုဗစ္ေရာဂါ ကူးစက္မႈႏႈန္းမ်ားတဲ့ ရန္ကုန္တိုင္း ၊ ပဲခူးတိုင္းနဲ႔ ရခိုင္ျပည္နယ္ေတြမွာ ေၾကြးက်န္ ျပန္ဆပ္ရမယ့္သူေတြ အခက္အခဲမရွိေအာင္ လာမယ့္ ၂၀၂၁ ဧၿပီလကုန္အထိ ေရႊ႔ဆိုင္းလိုက္တာျဖစ္ေၾကာင္း စီမံကိန္း၊ ဘ႑ားေရးနဲ႔ စက္မႈဝန္ႀကီးဌာန၊ ေငြေရးေၾကးေရး ႀကီးၾကပ္ေရးဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ႏိုင္က ေျပာပါတယ္။

“အဲ့ေဒသမွာရွိတဲ့ ဒီ Microfinance (အငယ္စားေငြေၾကးလုပ္ငန္း) အဖြဲ႔အစည္းေတြကေနၿပီးေတာ့ ေငြေခ်းထားတဲ့ လူေတြကို သူတို႔ျပန္ေပးဖို႔အတြက္ကို အခက္အခဲရွိေနတယ္ေပါ့ေနာ္၊ ရွိတဲ့အခါက်ေတာ့ က်ေနာ္တို႔က ဘာလုပ္လဲဆိုတဲ့အခါက်ေတာ့ ဒီ ၂၀၂၀ ႏိုဝင္ဘာလနဲ႔ ဒီဇင္ဘာလကို ေပးဖို႔ အခ်ိန္ေစ့တဲ့ အရင္းအတိုးေပါ့၊ ျပန္ဆပ္ဖို႔အခ်ိန္ေစ့တဲ့ အရင္းအတိုးကို သူက ဘယ္လအထိေရႊ႕ေပးလိုက္လဲဆိုေတာ့ ၂၀၂၁ ဧၿပီလကုန္အထိ ေရႊ႕ေပးလိုက္တယ္ေပါ့ေနာ္၊ ဧၿပီလကုန္အထိေရြႊ႕ေပးတယ္ ၆ လ ေရႊ႕ေပးတာေပါ့၊ အဲ့လိုေရႊ႕ေပးတဲ့အခါက်ေတာ့ သူတို႔က ဘယ္လိုျပန္ေပးရမလဲ၊ ဘယ္လိုျပန္လည္ ေကာက္ခံရမလဲဆိုတ့ဲအခါက်ေတာ့ ၂၀၂၁ ေမလကေန ေအာက္တိုဘာလအထိေပါ့ေနာ္၊ ၆ လကို အဲ့ဒီ ႏွစ္လစာ ေပးရေကာက္ရမယ့္ အရင္းအတိုးကို ၆ ႀကိမ္ခြဲၿပီး ျပန္ေကာက္ရမွာေပါ့၊ အရစ္က် ၆ႀကိမ္ခြဲၿပီး ျပန္ေကာက္ရမယ္။”

အေသးစားေခ်းေငြေတြ ဆုိင္းငံ့တဲ့ အစီအစဥ္မွာ မပါ၀င္တဲ့ ေဒသေတြမွာလည္း အခက္အခဲေတြေၾကာင့္ ေခ်းေငြျပန္ဆပ္ရမယ့္အခ်ိန္ကုိ ဆုိင္းထားေပးဖုိ႔ လုိလားေနၾကပါတယ္။ ကပ္ေရာဂါကာလမွာ စီးပြားေရးလုပ္ငန္းေတြ မေကာင္းတာေၾကာင့္ ယူထားတဲ့ေၾကြးေတြ ျပန္ဆပ္ရာမွာ အခက္အခဲေတြ ႀကံဳေနရတယ္လုိ႔လည္း မြန္ျပည္နယ္ ေမာ္လၿမိဳင္ၿမိဳ႕က ေစ်းသည္ ေဒၚေအးမာက ေျပာပါတယ္။

“အန္တီက ေစ်းေရာင္တယ္္ဆိုေတာ့ အေရာင္အဝယ္ကေတာ့ မေကာင္းမဘူး၊ လက္ငင္းမေရာင္ရလို႔ အေႀကြးက်တာေပါ့၊ ဆန္ကို လာဝယ္တယ္ တစ္အိတ္ အေၾကြးနဲ႔ ျပန္သြားရတယ္၊ ၿပီးသြားလို႔ရွိရင္ အိတ္တစ္အိတ္ကုန္မွ ေနာက္တစ္အိတ္လာျပန္ဝယ္တယ္ ေခါက္ျပန္ေပးေပါ့ အဲ့လိုမ်ဳိးေလးေတြ ျဖစ္တယ္။ ပိုက္ဆံ ေငြေခါင္းခြဲတယ္ေပါ့ အလုပ္လုပ္ရတာ။ ၁၄ ရက္ တစ္ပတ္ ဆပ္ရတဲ့ဟာကို ၁၄ ရက္ တစ္ပတ္ကို မဆပ္ႏိုင္ဘူး၊ ႏွစ္ပတ္ တစ္ႀကိမ္မဆပ္ႏိုင္ေတာ့ တစ္ပတ္တစ္ခါ တစ္ပတ္တစ္ခါ ခြဲၿပီးေပးတာေပါ့။”

ေမာ္လၿမိဳင္ၿမိဳ႕က ဦးၿဖိဳးေဝေက်ာ္ကလည္း အေၾကြးေတြ ျပန္ဆပ္ဖုိ႔ ဆုိင္းငံ့ထားမယ့္ ေဒသမွာ မပါ၀င္ေပမဲ့လည္း ကပ္ေရာဂါေၾကာင့္ သြားလာလႈပ္ရွားမႈေတြနဲ႔ စီးပြားေရး အလုပ္အကိုင္ေတြ မေကာင္းတာေၾကာင့္ ေခ်းေငြေတြ ျပန္ဆပ္ရာမွာ အခက္အခဲေတြ ရွိေနတယ္လုိ႔ေျပာပါတယ္။
“ဆပ္ရတာေပါ့ ေပးရတာေပါ့၊ ျပန္ေကာက္ေတာ့ ျပန္ေပးရတယ္၊ ဒါေပမယ့္ ဒီမွာက က်ေနာ္လည္း မုန္႔လုပ္ေရာင္တာပဲ ကိုဗစ္ဆိုေတာ့ နည္းနည္းအခက္အခဲေတာ့ ရွိတယ္ေပ့ါ၊ ေရာင္တာေလ်ာ့တာေပါ့၊ အခုက်ေနာ္တို႔ ေမာ္လၿမိဳင္မွာလည္း stay home ျဖစ္ေတာ့ ေရာင္အားလည္း ေလ်ာ့တယ္။”

အေၾကြးေတြ ျပန္ဆပ္ရမယ့္ရက္ ၆ လဆုိင္းငံ့ထားမယ့္ အထဲမွာ မပါ၀င္တဲ့ ေဒသေတြမွာလည္း ကပ္ေရာဂါကာလမွာ အေၾကြးမဆပ္ႏုိင္တဲ့သူ မ်ားလာေနတယ္လုိ႔ အေသးစားေခ်းေငြလုပ္ငန္းရွင္ေတြက ေျပာပါတယ္။ မႏၱေလးတုိင္းမွာဆုိရင္လည္း အတိုးေရာ အရင္းပါ ျပန္မဆပ္ႏိုင္တဲ့ သူေတြေတာ္ေတာ္မ်ားမ်ား ရွိေနတယ္လုိ႔ အေသးစားေခ်းေငြလုပ္ငန္းရွင္ ေဒၚခင္သက္ေမာ္က ေျပာပါတယ္။

“အတိုးေရာ အရင္းေရာ မေပးႏိုင္တာ ၁၀ ရာခိုင္ႏႈန္း ေလာက္ရွိတယ္၊ တစ္ခ်ဳ႕ိကက်ေတာ့ အတိုးပဲေပးႏိုင္တယ္ေပါ့ေနာ္၊ အတိုးပဲေပးႏိုင္တာေတာ့ ေတာ္ေတာ္မ်ားတယ္၊ အတိုုးေရာ အရင္းေရာ ႏွစ္ခုလံုးႏိုင္တယ္ဆိုရင္ ၆၀ ရာခိုင္ႏႈန္းေလာက္ပဲရွိတယ္၊ လံုးလံုးမေပးႏိုင္တာ ၁၀ ရာခိုင္ႏႈန္းေလာက္ရွိတယ္။ ”

ကပ္ေရာဂါကူးစက္မႈေတြ အဓိက ႀကံဳေနရတဲ့ ရန္ကုန္တုိင္း၊ ပဲခူးတုိင္းနဲ႔ ရခုိင္ျပည္နယ္ေတြမွာ ေခ်းေငြယူထားသူေတြ ျပန္ဆပ္ရမယ့္ အေၾကြးေတြကုိ ဆုိင္းထားမယ့္ အစီအစဥ္ကုိေတာ့ ကိုဗစ္ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီ ဥကၠ႒ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေအာင္ဆန္းစုၾကည္ကလည္း တနလၤာေန႔ညကပဲ အြန္လုိင္းမိန္႔ခြန္းမွာ ထည့္သြင္းေျပာဆုိခဲ့တာပါ။ လုိအပ္ခ်က္ေတြ ရွိေနေပမဲ့ တႏုိင္ငံလုံးကုိ မကူညီႏုိင္ေပမဲ့ ေရာဂါျပန္႔ပြားမႈ အမ်ားဆုံးနဲ႔ လူဦးေရလည္းမ်ားတဲ့ ေဒသေတြကုိ ေရြးခ်ယ္ခဲ့တာ ျဖစ္ေၾကာင္းလည္းေျပာပါတယ္။ တခ်ိန္တည္းမွာပဲ ေခ်းေငြလုိအပ္ေနသူေတြ အကူအညီရႏုိင္ေအာင္ စီစဥ္ေနတယ္လုိ႔လည္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာဆုိထားပါတယ္။

ေခ်းေငြမျပန္ေကာက္ခံဖို႔ ၆ လအထိ ေရႊ႔ဆိုင္းလုိက္တဲ့ ရန္ကုန္တိုင္းထဲက လုပ္ငန္းရွင္တဦးျဖစ္တဲ့ ေဒၚျဖဴယမင္းျမတ္ကေတာ့ ေၾကြးျပန္ဆပ္ဖုိ႔ ဆုိင္းငံ့တဲ့ အစီအစဥ္ေၾကာင့္ ေခ်းေငြလုပ္ငန္းရွင္ေတြဘက္မွာလည္း အခက္အခဲေတြ ႀကံဳေနရတယ္လုိ႔ ေျပာပါတယ္။

“ေငြကို အျပည့္လွည့္ၿပီးေတာ့ လက္ထဲမွာ ေငြသိပ္မခ်န္အဖြဲ႕ေတြ client(ေဖာက္သည္) မ်ားကို ထုတ္ေခ်းထားတဲ့ အဖြဲ႕ေတြက်ေတာ့ client(ေဖာက္သည္) ေတြ ဆီက ျပန္မဝင္လာလို႔ရွိရင္ သူတို႔မွာ ဒုကၡေရာက္တယ္ေလး၊ ဘာလဲဆုိေတာ့ ဒီလအတြက္ ျပန္ဝင္မလာဘူးဆိုလုိ႔ရွိရင္ သူတို႔မွာက လုပ္ငန္းေဆာင္ရြက္စရိတ္ေတြ ေနာက္တစ္ခါ ဝန္ထမ္းေတြကို လစာေပးဖို႔ေတြ ဒါမ်ဳိးေတြရွိတာေပါ့ေနာ္၊ အဲ့ဒါမ်ဳိးေတြအတြက္က ဒုကၡေရာက္တယ္။ အဲ့ေတာ့ ႏိုဝင္ဘာနဲ႔ ဒီဇင္ဘာ ႏွစ္လနားလုိက္တာ၊ နားေတာ့နားလိုက္ၾကၿပီ၊ လက္ထဲမွာ ေငြသိပ္ခ်န္ထားေလ့မရွိတဲ့ အဖြဲ႕ေတြ ရင္ပူေနေလာက္ၿပီ၊ ဒါေတြအတြက္ကို ဒီၾကားထဲမွာ ဒီႏွစ္လစာကို ဆိုင္းငံ့ထားလိုက္ရတဲ့အတြက္ ေငြမဝင္မွာဆိုလို႔ ႏွစ္လအတြင္းရစရာရွိတဲ့ ေငြကို အစိုးရက ထုတ္ေခ်းေပးထားမယ္ဆိုတဲ့ ဟာရွိတယ္၊ အမွန္ေတာ့ ထုတ္ေခ်းမယ္ဆိုရင္ ဒီလ ထုတ္ေခ်းမွရမယ္၊ ဒီလ လလည္းကုန္ေတာ့မယ္ေပါ့ေနာ္၊ ထုတ္ေခ်းမယ္လို႔ ပါတယ္၊ ဒါမယ့္ အခုန္ခ်ိန္ထိ အဲ့ေငြေတြက မေရာက္ေသးဘူးေပါ့၊ အဲ့ဒါမ်ဳိးက အခက္အခဲေပါ့။”

ေခ်းေငြျပန္ဆပ္မယ့္ ကာလ ေရႊ႕ဆိုင္းလိုက္တာေၾကာင့္ အေသးစားေငြေခ်းလုပ္ငန္းေတြ မထိခုိက္ေအာင္ ျမန္မာ့စီးပြားေရးဘဏ္ကေန အတိုးမဲ့ တစ္ႏွစ္ေငြထုတ္ေခ်းေပးသြားမယ့္လို႔လည္း ေငြေရးေၾကးေရး ႀကီးၾကပ္ေရးဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ႏိုင္က ေျပာပါတယ္။ အစုိးရက တရား၀င္ထုတ္ျပန္ထားတဲ့ အခ်က္အလက္ေတြအရ ျမန္မာႏုိင္ငံအ၀န္း အေသးစားေငြေရးေၾကးေရး အဖြဲ႔အစည္းေပါင္း ၁၈၉ ဖြဲ႔ ရွိပါတယ္။


...............

အသေးစားချေးငွေပြန်ဆပ်ရမယ့်နေ့ မြန်မာအစိုးရ ရှေ့နှစ်အထိရွှေ့ဆိုင်း

(Unicode)

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေ အများဆုံးကြုံနေရတဲ့ တိုင်းနဲ့ပြည်နယ် တချို့မှာ အခက်အခဲကြုံနေရသူတွေ ပြန်ဆပ်ရမယ့် အသေးစားချေးငွေတွေကို ရှေ့နှစ်ထဲအထိ ဆိုင်းထားဖို့ အစိုးရက ညွှန်ကြားလိုက်ပါတယ်။ ဒီသတင်းကို အဂ္ဂနွန် ကပြောပြမှာပါ။

ကပ်ရောဂါကာလမှာ အသေးစားချေးငွေ လုပ်ငန်းတွေအနေနဲ့ နိုဝင်ဘာနဲ့ ဒီဇင်ဘာအထိ ချေးငွေတွေကို ပြန်လည်မကောက်ခံပဲ ယာယီဆိုင်းငံ့ထားဖို့ အစိုးရက အစောပိုင်းမှာ ညွှန်ကြားထားတာကို ရှေ့နှစ်ထဲအထိ ရွှေ့ဆိုင်းလိုက်တာပါ။ ကိုဗစ်ရောဂါ ကူးစက်မှုနှုန်းများတဲ့ ရန်ကုန်တိုင်း ၊ ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ ကြွေးကျန် ပြန်ဆပ်ရမယ့်သူတွေ အခက်အခဲမရှိအောင် လာမယ့် ၂၀၂၁ ဧပြီလကုန်အထိ ရွှေ့ဆိုင်းလိုက်တာဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍားရေးနဲ့ စက်မှုဝန်ကြီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်က ပြောပါတယ်။

“အဲ့ဒေသမှာရှိတဲ့ ဒီ Microfinance (အငယ်စားငွေကြေးလုပ်ငန်း) အဖွဲ့အစည်းတွေကနေပြီးတော့ ငွေချေးထားတဲ့ လူတွေကို သူတို့ပြန်ပေးဖို့အတွက်ကို အခက်အခဲရှိနေတယ်ပေါ့နော်၊ ရှိတဲ့အခါကျတော့ ကျနော်တို့က ဘာလုပ်လဲဆိုတဲ့အခါကျတော့ ဒီ ၂၀၂၀ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလကို ပေးဖို့ အချိန်စေ့တဲ့ အရင်းအတိုးပေါ့၊ ပြန်ဆပ်ဖို့အချိန်စေ့တဲ့ အရင်းအတိုးကို သူက ဘယ်လအထိရွှေ့ပေးလိုက်လဲဆိုတော့ ၂၀၂၁ ဧပြီလကုန်အထိ ရွှေ့ပေးလိုက်တယ်ပေါ့နော်၊ ဧပြီလကုန်အထိရွှေ့ပေးတယ် ၆ လ ရွှေ့ပေးတာပေါ့၊ အဲ့လိုရွှေ့ပေးတဲ့အခါကျတော့ သူတို့က ဘယ်လိုပြန်ပေးရမလဲ၊ ဘယ်လိုပြန်လည် ကောက်ခံရမလဲဆိုတဲ့အခါကျတော့ ၂၀၂၁ မေလကနေ အောက်တိုဘာလအထိပေါ့နော်၊ ၆ လကို အဲ့ဒီ နှစ်လစာ ပေးရကောက်ရမယ့် အရင်းအတိုးကို ၆ ကြိမ်ခွဲပြီး ပြန်ကောက်ရမှာပေါ့၊ အရစ်ကျ ၆ကြိမ်ခွဲပြီး ပြန်ကောက်ရမယ်။”

အသေးစားချေးငွေတွေ ဆိုင်းငံ့တဲ့ အစီအစဉ်မှာ မပါဝင်တဲ့ ဒေသတွေမှာလည်း အခက်အခဲတွေကြောင့် ချေးငွေပြန်ဆပ်ရမယ့်အချိန်ကို ဆိုင်းထားပေးဖို့ လိုလားနေကြပါတယ်။ ကပ်ရောဂါကာလမှာ စီးပွားရေးလုပ်ငန်းတွေ မကောင်းတာကြောင့် ယူထားတဲ့ကြွေးတွေ ပြန်ဆပ်ရာမှာ အခက်အခဲတွေ ကြုံနေရတယ်လို့လည်း မွန်ပြည်နယ် မော်လမြိုင်မြို့က ဈေးသည် ဒေါ်အေးမာက ပြောပါတယ်။

“အန်တီက ဈေးရောင်တယ်ဆိုတော့ အရောင်အဝယ်ကတော့ မကောင်းမဘူး၊ လက်ငင်းမရောင်ရလို့ အကြွေးကျတာပေါ့၊ ဆန်ကို လာဝယ်တယ် တစ်အိတ် အကြွေးနဲ့ ပြန်သွားရတယ်၊ ပြီးသွားလို့ရှိရင် အိတ်တစ်အိတ်ကုန်မှ နောက်တစ်အိတ်လာပြန်ဝယ်တယ် ခေါက်ပြန်ပေးပေါ့ အဲ့လိုမျိုးလေးတွေ ဖြစ်တယ်။ ပိုက်ဆံ ငွေခေါင်းခွဲတယ်ပေါ့ အလုပ်လုပ်ရတာ။ ၁၄ ရက် တစ်ပတ် ဆပ်ရတဲ့ဟာကို ၁၄ ရက် တစ်ပတ်ကို မဆပ်နိုင်ဘူး၊ နှစ်ပတ် တစ်ကြိမ်မဆပ်နိုင်တော့ တစ်ပတ်တစ်ခါ တစ်ပတ်တစ်ခါ ခွဲပြီးပေးတာပေါ့။”

မော်လမြိုင်မြို့က ဦးဖြိုးဝေကျော်ကလည်း အကြွေးတွေ ပြန်ဆပ်ဖို့ ဆိုင်းငံ့ထားမယ့် ဒေသမှာ မပါဝင်ပေမဲ့လည်း ကပ်ရောဂါကြောင့် သွားလာလှုပ်ရှားမှုတွေနဲ့ စီးပွားရေး အလုပ်အကိုင်တွေ မကောင်းတာကြောင့် ချေးငွေတွေ ပြန်ဆပ်ရာမှာ အခက်အခဲတွေ ရှိနေတယ်လို့ပြောပါတယ်။
“ဆပ်ရတာပေါ့ ပေးရတာပေါ့၊ ပြန်ကောက်တော့ ပြန်ပေးရတယ်၊ ဒါပေမယ့် ဒီမှာက ကျနော်လည်း မုန့်လုပ်ရောင်တာပဲ ကိုဗစ်ဆိုတော့ နည်းနည်းအခက်အခဲတော့ ရှိတယ်ပေ့ါ၊ ရောင်တာလျော့တာပေါ့၊ အခုကျနော်တို့ မော်လမြိုင်မှာလည်း stay home ဖြစ်တော့ ရောင်အားလည်း လျော့တယ်။”

အကြွေးတွေ ပြန်ဆပ်ရမယ့်ရက် ၆ လဆိုင်းငံ့ထားမယ့် အထဲမှာ မပါဝင်တဲ့ ဒေသတွေမှာလည်း ကပ်ရောဂါကာလမှာ အကြွေးမဆပ်နိုင်တဲ့သူ များလာနေတယ်လို့ အသေးစားချေးငွေလုပ်ငန်းရှင်တွေက ပြောပါတယ်။ မန္တလေးတိုင်းမှာဆိုရင်လည်း အတိုးရော အရင်းပါ ပြန်မဆပ်နိုင်တဲ့ သူတွေတော်တော်များများ ရှိနေတယ်လို့ အသေးစားချေးငွေလုပ်ငန်းရှင် ဒေါ်ခင်သက်မော်က ပြောပါတယ်။

“အတိုးရော အရင်းရော မပေးနိုင်တာ ၁၀ ရာခိုင်နှုန်း လောက်ရှိတယ်၊ တစ်ချု့ိကကျတော့ အတိုးပဲပေးနိုင်တယ်ပေါ့နော်၊ အတိုးပဲပေးနိုင်တာတော့ တော်တော်များတယ်၊ အတိုးရော အရင်းရော နှစ်ခုလုံးနိုင်တယ်ဆိုရင် ၆၀ ရာခိုင်နှုန်းလောက်ပဲရှိတယ်၊ လုံးလုံးမပေးနိုင်တာ ၁၀ ရာခိုင်နှုန်းလောက်ရှိတယ်။ ”

ကပ်ရောဂါကူးစက်မှုတွေ အဓိက ကြုံနေရတဲ့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ ချေးငွေယူထားသူတွေ ပြန်ဆပ်ရမယ့် အကြွေးတွေကို ဆိုင်းထားမယ့် အစီအစဉ်ကိုတော့ ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အောင်ဆန်းစုကြည်ကလည်း တနင်္လာနေ့ညကပဲ အွန်လိုင်းမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။ လိုအပ်ချက်တွေ ရှိနေပေမဲ့ တနိုင်ငံလုံးကို မကူညီနိုင်ပေမဲ့ ရောဂါပြန့်ပွားမှု အများဆုံးနဲ့ လူဦးရေလည်းများတဲ့ ဒေသတွေကို ရွေးချယ်ခဲ့တာ ဖြစ်ကြောင်းလည်းပြောပါတယ်။ တချိန်တည်းမှာပဲ ချေးငွေလိုအပ်နေသူတွေ အကူအညီရနိုင်အောင် စီစဉ်နေတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားပါတယ်။

ချေးငွေမပြန်ကောက်ခံဖို့ ၆ လအထိ ရွှေ့ဆိုင်းလိုက်တဲ့ ရန်ကုန်တိုင်းထဲက လုပ်ငန်းရှင်တဦးဖြစ်တဲ့ ဒေါ်ဖြူယမင်းမြတ်ကတော့ ကြွေးပြန်ဆပ်ဖို့ ဆိုင်းငံ့တဲ့ အစီအစဉ်ကြောင့် ချေးငွေလုပ်ငန်းရှင်တွေဘက်မှာလည်း အခက်အခဲတွေ ကြုံနေရတယ်လို့ ပြောပါတယ်။

“ငွေကို အပြည့်လှည့်ပြီးတော့ လက်ထဲမှာ ငွေသိပ်မချန်အဖွဲ့တွေ client(ဖောက်သည်) များကို ထုတ်ချေးထားတဲ့ အဖွဲ့တွေကျတော့ client(ဖောက်သည်) တွေ ဆီက ပြန်မဝင်လာလို့ရှိရင် သူတို့မှာ ဒုက္ခရောက်တယ်လေး၊ ဘာလဲဆိုတော့ ဒီလအတွက် ပြန်ဝင်မလာဘူးဆိုလို့ရှိရင် သူတို့မှာက လုပ်ငန်းဆောင်ရွက်စရိတ်တွေ နောက်တစ်ခါ ဝန်ထမ်းတွေကို လစာပေးဖို့တွေ ဒါမျိုးတွေရှိတာပေါ့နော်၊ အဲ့ဒါမျိုးတွေအတွက်က ဒုက္ခရောက်တယ်။ အဲ့တော့ နိုဝင်ဘာနဲ့ ဒီဇင်ဘာ နှစ်လနားလိုက်တာ၊ နားတော့နားလိုက်ကြပြီ၊ လက်ထဲမှာ ငွေသိပ်ချန်ထားလေ့မရှိတဲ့ အဖွဲ့တွေ ရင်ပူနေလောက်ပြီ၊ ဒါတွေအတွက်ကို ဒီကြားထဲမှာ ဒီနှစ်လစာကို ဆိုင်းငံ့ထားလိုက်ရတဲ့အတွက် ငွေမဝင်မှာဆိုလို့ နှစ်လအတွင်းရစရာရှိတဲ့ ငွေကို အစိုးရက ထုတ်ချေးပေးထားမယ်ဆိုတဲ့ ဟာရှိတယ်၊ အမှန်တော့ ထုတ်ချေးမယ်ဆိုရင် ဒီလ ထုတ်ချေးမှရမယ်၊ ဒီလ လလည်းကုန်တော့မယ်ပေါ့နော်၊ ထုတ်ချေးမယ်လို့ ပါတယ်၊ ဒါမယ့် အခုန်ချိန်ထိ အဲ့ငွေတွေက မရောက်သေးဘူးပေါ့၊ အဲ့ဒါမျိုးက အခက်အခဲပေါ့။”

ချေးငွေပြန်ဆပ်မယ့် ကာလ ရွှေ့ဆိုင်းလိုက်တာကြောင့် အသေးစားငွေချေးလုပ်ငန်းတွေ မထိခိုက်အောင် မြန်မာ့စီးပွားရေးဘဏ်ကနေ အတိုးမဲ့ တစ်နှစ်ငွေထုတ်ချေးပေးသွားမယ့်လို့လည်း ငွေရေးကြေးရေး ကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်က ပြောပါတယ်။ အစိုးရက တရားဝင်ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံအဝန်း အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းပေါင်း ၁၈၉ ဖွဲ့ ရှိပါတယ်

https://burmese.voanews.com/a/myanmar-micrfinance-covid-/5678477.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.