Breaking

November 3, 2020

ဦး၀ီရသူ ဘာေၾကာင့္ အဖမ္းခံသလဲ

3-11-2020

 

 

(Zawgyi/Unicode)

တနွစ္ေက်ာ္ၾကာ ထြက္ေျပးတိမ္းေရွာင္ေနတဲ့ အမ်ဳိးသားေရး ၀ါဒီ ဦး၀ီရသူ ဟာ ႏို၀င္ဘာလ (၈) ရက္ ေရြးေကာက္ပဲြမတိုင္ခင္ ရက္ပိုင္းအလို မေန႔ တနလၤာေန႔က အမ်ားအျမင္ေရွ႕ထြက္ၿပီး အဖမ္းခံလိုက္တာဘာေၾကာင့္လဲ။ ဘယ္လို သက္ေရာက္မႈေတြ ျဖစ္လာႏိုင္သလဲ။ ကို၀င္းမင္းက စုစည္းတင္ျပထားပါတယ္။

အခုလို ဦး၀ီရသူ တနလၤာေန႔က ဒဂံုၿမိဳ႕နယ္ ရဲစခန္းကို သြားေရာက္ အဖမ္းခံခ်ိန္မွာပဲေနာက္ထပ္ အမ်ိဳးသားေရး၀ါဒီ လႈပ္ရွားတက္ၾကြသူ ဟိန္းေဝယံလည္း ထိုင္းနယ္စပ္ (ျမဝတီၿမိဳ.) ရဲစခန္းကို သြားေရာက္အဖမ္းခံခဲ့ပါတယ္။ ဒီအေျခအေနေတြနဲ႔ ပတ္သက္လို႔ NLD ပါတီေျပာခြင့္ရ ေဒါက္တာမ်ိဳးညြန္႔က အခုလို သံုးသပ္ပါတယ္။

“နည္းနည္းေတာ့ ထူးဆန္းတဲ့သေဘာရွိတာေပါ့ေလ၊ ဟို ဟိန္းေဝယံဆိုတာကလည္း ဒီရက္ထဲမွာပဲ၊ တိုက္တိုက္ဆိုင္ဆိုင္ကို ျပန္ၿပီး အဖမ္းခံၾကတယ္ေလ။ကၽြန္ေတာ္တို႔သိတဲ့ အခ်က္အလက္ေတြက၊ အနည္းငယ္ပဲရွိပါတယ္။အဲ့ဒိေတာ့ ဒီအတြက္ေတာ့ ကၽြန္ေတာ္တို႔ အေထြအထူး မွတ္ခ်က္မေပးလိုေတာ့ပါဘူး။”

ဒါ့အျပင္ ၂၀၀၇ ခုႏွစ္ ေရႊဝါေရာင္သံဃာေတာ္လႈပ္ရွားမူမွာ တက္ၾကြစြာပါဝင္ခဲ့တဲ့ ဦးေသာဘိတ (အလၤကာၾကယ္) ကလည္း၊ အလားတူ အခုအခ်ိန္ႀကီး ထူးျခားပံုကို

“ဒီႏိုင္ငံေရးအခင္းအက်င္းကို ေစာင့္ၾကည့္ၿပီးေတာ့၊ ဒီ ဦးဝီရသူက တစ္ေနရာမွာ ေနခဲ့တာေပါ့။အခု အခင္းအက်င္းကလည္း လက္ရွိအစိုးရအာဏာဆက္ရမဲ့ အေျခအေနျဖစ္ေနတယ္ေပါ့။ဆိုေတာ့ ဒီအမ်ိဳးသားေရးေလာကထဲမွာ ႏွစ္ေပါင္းမ်ားစြာက်င္လည္လုပ္ေဆာင္ခဲ့တဲ့၊ ဒါကာေလး ဟိန္းေဝယံ သူ႔ရဲ့ေဖာ္ထုတ္မူေတြကလည္း အေရးပါမယ္။”

တကယ္ေတာ့ မႏွစ္ ၂၀၁၉ ခုႏွစ္ ႏွစ္ဆန္းပိုင္းမွာ၊ အစိုးရအေပၚ အၾကည္အညိဳပ်က္ေစတဲ့ ေျပာဆိုေဝဖန္မူေတြနဲ႔၊ ႏွစ္လယ္ပိုင္းမွာ၊ တရားစြဲ၊ ဝရမ္းထုတ္ခံထားခဲ့ရတဲ့ ဦးဝီရသူအေနနဲ႔၊ အခုလို ကိုယ္တိုင္အဖမ္းခံလာခဲ့ရတဲ့ အေၾကာင္းရင္းနဲ႔ သက္ေရာက္ႏိုင္မူကို၊ ျမန္မာႏိုင္ငံအေၾကာင္း နက္နက္ရိႈင္းရိႈင္းေလ့လာသံုးသပ္သူ၊ သင့္ဘဝမဂၢဇင္း အယ္ဒီတာေဟာင္း ေဒါက္တာတင္ေမာင္သန္းကို ေမးရာမွာ

“ ဦးဝီရသူက သူ႔ရဲ့ပရိသတ္ေတြကို လႈပ္လႈပ္ရွားရွားျပန္ျဖစ္ေစခ်င္လားမသိဘူး။အခုကေတာ့၊ မဲေပးတဲ့အခါမွာ NLD နဲ႔ ၿပိဳင္ဘက္ ပါတီအဖြဲ႔အစည္းကို မဲေပးဖို႔ ရည္ရြယ္တာလည္း ပါႏိုင္တယ္။ေနာက္တစ္ခုက အဲ့ဒီလို လာၿပီးအဖမ္းခံတယ္၊ဒီလိုဝင္သြားရတယ္ဆိုတာကို ျပျခင္းအားျဖင့္၊ ဒီလႈပ္ရွားမူတစ္ခုကိုမ်ား သူ ေမွ်ာ္လင့္သလားေပါ့။ဒီဟာေၾကာင့္၊ မဲ့ေပးပံုေပၚမွာေတာ့ သက္ေရာက္မူ မရွိႏိုင္ဘူး။အဓိကရုဏ္းေတြကို ဖန္တီးတဲ့ ေရြးေကာက္ပြဲကို ဖ်က္ဖို႔ႀကိဳးစားတဲ့ဟာေတြကေတာ့ နည္းအမ်ိဳးမ်ိဳးနဲ႔ လုပ္လာဖို႔ ရွိေကာင္းရွိႏိုင္တယ္လို႔ ကၽြန္ေတာ္ထင္တယ္။”

အဲ့ဒီေတာ့ အခုလို ဘာသာေရးလႈပ္ရွားမူအထိ ျဖစ္လာဖို႔ စိုးရမ္ရတာရွိလားလို႔ ေမးရာမွာ ဦးေသာဘိတက -

“သူတို႔ေျပာေနက် အမ်ိဳး၊ဘာသာ၊ သာသနာဆိုတာက၊ တစ္ဦးတစ္ဖြဲ႔ေကာင္းစားေရးအတြက္ ဝါဒမိႈင္းတိုက္ခံရတာျဖစ္တယ္ဆိုတာကို၊ လူေတြက သိခဲ့ၿပီးသြားၿပီေပါ့။အဲ့ဒါေၾကာင့္မို႔ အဲ့ဒီအေပၚမွာ ဘာမွျဖစ္စရာအေၾကာင္းမရွိဘူး။ဒီ လူေတြ အဲ့ဒိကိစၥထက္၊ ေရြးေကာက္ပြဲကိစၥကိုအာရံုစိုက္ၾကပါလို႔ပဲ ေျပာခ်င္တယ္ေပါ့ေနာ္။သူတို႔ ျပည္ထဲေရးက သူ႔အလုပ္သူလုပ္သြားလိမ့္မယ္။”

ဒါေပမဲ့ လက္ေတြ႔အရ အခုလိုတားဆီး၊ အေရးယူမူေတြလုပ္ဖို႔၊ တပ္ကိုေျပာေရး၊ အစိုးရမွာ အခက္အခဲရွိႏိုင္တယ္လို႔ ေဒါက္တာတင္ေမာင္သန္းက ေထာက္ျပပါတယ္။

“တားဆီးတဲ့အခါမွာလည္း၊ အထူးသျဖင့္ေတာ့ အဲ့ဒီလို လႈပ္ရွားမူေတြကို လုပ္မလားလို႔၊ စံုစမ္း ေဖာ္ထုတ္ အေရးယူတာေတြလုပ္ဖို႔လည္းလိုတယ္။ဒါေပမဲ့ အဲ့ဒီေနရာမွာ၊ အားနည္းခ်က္ေတြ ရွိေကာင္းရွိႏိုင္တယ္။ဘာေၾကာင့္လဲဆိုေတာ့ ျပည္ထဲေရးဝန္ႀကီးဌာနက လက္နက္ကိုင္တပ္ဖြဲ႔ေတြ၊ အထူးသျဖင့္ ရဲေပါ့ေနာ္၊ ေနာက္ေထာက္လွမ္းေရး၊ SB လုိ စံုစမ္းေထာက္လွမ္းတဲ့ဌာနေတြ ကိုင္ထားရၿပီး၊ အဲ့ဒါက စစ္တပ္နဲ႔ တိုက္ရိုက္ပတ္သက္ေနတယ္။အဲ့ဒီေတာ့ ေယ်ဘူယ်အားျဖင့္ တပ္မေတာ္ကလည္း၊ ဒီ အမ်ိဳး၊ ဘာသာ၊ သာသနာ၊ လူမ်ိဳးေရးကိစၥကို၊ လက္ယာအစြန္းဆန္ဆန္၊ တင္ၿပီးေတာ့ ေျပာေနတဲ့ ပုဂၢိဳလ္ေတြလည္း တပ္မေတာ္ထဲမွာ ရွိေနတဲ့အခါက်ေတာ့၊ တခ်ိဳ.ကိစၥေတြ၊ အမူေတြဆို မေဖာ္ထုတ္ႏိုင္ဘူး။”

ဒါေၾကာင့္ ႏိုင္ငံေရးအရ အစိုးရက ဘယ္လိုျပင္ဆင္သင့္တာကို ေဒါက္တာတင္ေမာင္သန္းကပဲ -

“ႏိုင္ငံေရးအရ မိမိ သာသနာေရး ေဆာင္ရြက္ခဲ့တာေတြ ေျပာျပဖို႔လိုမယ္လို႔ ထင္တယ္။အထူးသျဖင့္ေတာ့ ဦးဝီရသူရဲ့ လႈပ္ရွားမူကို မတူေၾကာင္းျပဖို႔အတြက္၊ ဘာသာေပါင္းစံုအဖြဲ႔ႀကီးက ဘာသာေရးကို ခုတံုးမလုပ္ဖို႔ ေျပာလာၾကရင္၊ ဒါပိုၿပီးေကာင္းမယ္ထင္တယ္။”

အဲ့ဒီေတာ့ ျပည္သူေတြကေရာ၊ အခုလိုအေရးႀကီးခ်ိန္မွာ ဘယ္လိုျပင္ဆင္ထားသင့္ပါလဲလို႔ ေမးရာမွာ ေဒါက္တာတင္ေမာင္သန္းက -

“လူထုကိုယ္ႏိႈက္က အဲ့ဒိလံုၿခံဳေရးဆိုင္ရာ သတိ၊ အသိ ေကာင္းေကာင္း ျမင့္ျမင့္မားမားရွိၿပီးေတာ့၊ အထူးသျဖင့္ အခုလို လူမူမီဒီယာအေျခအေနမွာ၊ ဘယ္လိုကာကြယ္တားဆီးႏိုင္မလဲဆိုတာကို၊ ဖန္တီးတာလုပ္ဖို႔လိုမယ္လို႔ထင္တယ္။ အထူးသျဖင့္ အထူး အခုလို ေရြးေကာက္ပြဲကာလမွာ၊ မႏၱေလးမွာအရင္ဖြဲ႔စည္းခဲ့ၾကတဲ့၊ ဘာသာေရးအဓိကရုဏ္းျဖစ္ဖို႔လံႈေဆာ္ခ်က္ေတြကို ကာကြယ္တားဆီးတဲ့အဖြဲ႔ေတြကို၊ ေကာင္းေကာင္းမြန္မြန္ဖြဲ႔ၿပီးေတာ့ လႈပ္ရွားခဲ့ၾကတဲ့ အေတြ႔အႀကံဳေတြရွိတယ္။သံဃာေတာ္ေတြ ကိုယ္ႏိႈက္ကိုက၊ သတင္းကို စၿပီးေတာ့ Alert လုပ္တဲ့ဟာ၊ တံုးေခါက္တယ္ေပ့ါဗ်ာ။ဒီ မီးကိုမျမင္ရေသးဘူး၊ မီးခိုးကိုေတြ႔တာနဲ႔ကို၊ တံုးေခါက္ၾကဖို႔ သံဃာေတာ္ေတြကလည္း လိုပါတယ္။”

တကယ္ေတာ့ ဒီမိုကေရစီအသြင္ကူးေျပာင္းေရးမွာ အေရးပါတဲ့ ဒုတိယအႀကိမ္ ေရြးေကာက္ပြဲမွာ ဒီမိုကေရစီလႈပ္ရွားမူကထြက္ေပၚလာတဲ့ လက္ရွိအစိုးရပါတီနဲ႔ အရင္ တပ္မေတာ္ အုပ္ခ်ဳပ္မႈကလာခဲ့တဲ့ အရပ္သားတပိုင္း အစိုးရပါတီအၾကား အႏိုင္အရႈံးၿပိဳင္ဆိုင္မူ ျပင္းထန္လာခ်ိန္မွာ အခုလို အမ်ုိးသားေရး၀ါဒီေတြဘက္ အမ်ားျပည္သူေရွ႕ ထြက္ၿပီး အဖမ္းခံခဲ့တာျဖစ္ပါတယ္။


..............

ဦးဝီရသူ ဘာကြောင့် အဖမ်းခံသလဲ

(Unicode)

တနှစ်ကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေတဲ့ အမျိုးသားရေး ဝါဒီ ဦးဝီရသူ ဟာ နိုဝင်ဘာလ (၈) ရက် ရွေးကောက်ပွဲမတိုင်ခင် ရက်ပိုင်းအလို မနေ့ တနင်္လာနေ့က အများအမြင်ရှေ့ထွက်ပြီး အဖမ်းခံလိုက်တာဘာကြောင့်လဲ။ ဘယ်လို သက်ရောက်မှုတွေ ဖြစ်လာနိုင်သလဲ။ ကိုဝင်းမင်းက စုစည်းတင်ပြထားပါတယ်။

အခုလို ဦးဝီရသူ တနင်္လာနေ့က ဒဂုံမြို့နယ် ရဲစခန်းကို သွားရောက် အဖမ်းခံချိန်မှာပဲနောက်ထပ် အမျိုးသားရေးဝါဒီ လှုပ်ရှားတက်ကြွသူ ဟိန်းဝေယံလည်း ထိုင်းနယ်စပ် (မြဝတီမြို.) ရဲစခန်းကို သွားရောက်အဖမ်းခံခဲ့ပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ NLD ပါတီပြောခွင့်ရ ဒေါက်တာမျိုးညွန့်က အခုလို သုံးသပ်ပါတယ်။

“နည်းနည်းတော့ ထူးဆန်းတဲ့သဘောရှိတာပေါ့လေ၊ ဟို ဟိန်းဝေယံဆိုတာကလည်း ဒီရက်ထဲမှာပဲ၊ တိုက်တိုက်ဆိုင်ဆိုင်ကို ပြန်ပြီး အဖမ်းခံကြတယ်လေ။ကျွန်တော်တို့သိတဲ့ အချက်အလက်တွေက၊ အနည်းငယ်ပဲရှိပါတယ်။အဲ့ဒိတော့ ဒီအတွက်တော့ ကျွန်တော်တို့ အထွေအထူး မှတ်ချက်မပေးလိုတော့ပါဘူး။”

ဒါ့အပြင် ၂၀၀၇ ခုနှစ် ရွှေဝါရောင်သံဃာတော်လှုပ်ရှားမူမှာ တက်ကြွစွာပါဝင်ခဲ့တဲ့ ဦးသောဘိတ (အင်္လကာကြယ်) ကလည်း၊ အလားတူ အခုအချိန်ကြီး ထူးခြားပုံကို

“ဒီနိုင်ငံရေးအခင်းအကျင်းကို စောင့်ကြည့်ပြီးတော့၊ ဒီ ဦးဝီရသူက တစ်နေရာမှာ နေခဲ့တာပေါ့။အခု အခင်းအကျင်းကလည်း လက်ရှိအစိုးရအာဏာဆက်ရမဲ့ အခြေအနေဖြစ်နေတယ်ပေါ့။ဆိုတော့ ဒီအမျိုးသားရေးလောကထဲမှာ နှစ်ပေါင်းများစွာကျင်လည်လုပ်ဆောင်ခဲ့တဲ့၊ ဒါကာလေး ဟိန်းဝေယံ သူ့ရဲ့ဖော်ထုတ်မူတွေကလည်း အရေးပါမယ်။”

တကယ်တော့ မနှစ် ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းမှာ၊ အစိုးရအပေါ် အကြည်အညိုပျက်စေတဲ့ ပြောဆိုဝေဖန်မူတွေနဲ့၊ နှစ်လယ်ပိုင်းမှာ၊ တရားစွဲ၊ ဝရမ်းထုတ်ခံထားခဲ့ရတဲ့ ဦးဝီရသူအနေနဲ့၊ အခုလို ကိုယ်တိုင်အဖမ်းခံလာခဲ့ရတဲ့ အကြောင်းရင်းနဲ့ သက်ရောက်နိုင်မူကို၊ မြန်မာနိုင်ငံအကြောင်း နက်နက်ရှိုင်းရှိုင်းလေ့လာသုံးသပ်သူ၊ သင့်ဘဝမဂ္ဂဇင်း အယ်ဒီတာဟောင်း ဒေါက်တာတင်မောင်သန်းကို မေးရာမှာ

“ ဦးဝီရသူက သူ့ရဲ့ပရိသတ်တွေကို လှုပ်လှုပ်ရှားရှားပြန်ဖြစ်စေချင်လားမသိဘူး။အခုကတော့၊ မဲပေးတဲ့အခါမှာ NLD နဲ့ ပြိုင်ဘက် ပါတီအဖွဲ့အစည်းကို မဲပေးဖို့ ရည်ရွယ်တာလည်း ပါနိုင်တယ်။နောက်တစ်ခုက အဲ့ဒီလို လာပြီးအဖမ်းခံတယ်၊ဒီလိုဝင်သွားရတယ်ဆိုတာကို ပြခြင်းအားဖြင့်၊ ဒီလှုပ်ရှားမူတစ်ခုကိုများ သူ မျှော်လင့်သလားပေါ့။ဒီဟာကြောင့်၊ မဲ့ပေးပုံပေါ်မှာတော့ သက်ရောက်မူ မရှိနိုင်ဘူး။အဓိကရုဏ်းတွေကို ဖန်တီးတဲ့ ရွေးကောက်ပွဲကို ဖျက်ဖို့ကြိုးစားတဲ့ဟာတွေကတော့ နည်းအမျိုးမျိုးနဲ့ လုပ်လာဖို့ ရှိကောင်းရှိနိုင်တယ်လို့ ကျွန်တော်ထင်တယ်။”

အဲ့ဒီတော့ အခုလို ဘာသာရေးလှုပ်ရှားမူအထိ ဖြစ်လာဖို့ စိုးရမ်ရတာရှိလားလို့ မေးရာမှာ ဦးသောဘိတက -

“သူတို့ပြောနေကျ အမျိုး၊ဘာသာ၊ သာသနာဆိုတာက၊ တစ်ဦးတစ်ဖွဲ့ကောင်းစားရေးအတွက် ဝါဒမှိုင်းတိုက်ခံရတာဖြစ်တယ်ဆိုတာကို၊ လူတွေက သိခဲ့ပြီးသွားပြီပေါ့။အဲ့ဒါကြောင့်မို့ အဲ့ဒီအပေါ်မှာ ဘာမှဖြစ်စရာအကြောင်းမရှိဘူး။ဒီ လူတွေ အဲ့ဒိကိစ္စထက်၊ ရွေးကောက်ပွဲကိစ္စကိုအာရုံစိုက်ကြပါလို့ပဲ ပြောချင်တယ်ပေါ့နော်။သူတို့ ပြည်ထဲရေးက သူ့အလုပ်သူလုပ်သွားလိမ့်မယ်။”

ဒါပေမဲ့ လက်တွေ့အရ အခုလိုတားဆီး၊ အရေးယူမူတွေလုပ်ဖို့၊ တပ်ကိုပြောရေး၊ အစိုးရမှာ အခက်အခဲရှိနိုင်တယ်လို့ ဒေါက်တာတင်မောင်သန်းက ထောက်ပြပါတယ်။

“တားဆီးတဲ့အခါမှာလည်း၊ အထူးသဖြင့်တော့ အဲ့ဒီလို လှုပ်ရှားမူတွေကို လုပ်မလားလို့၊ စုံစမ်း ဖော်ထုတ် အရေးယူတာတွေလုပ်ဖို့လည်းလိုတယ်။ဒါပေမဲ့ အဲ့ဒီနေရာမှာ၊ အားနည်းချက်တွေ ရှိကောင်းရှိနိုင်တယ်။ဘာကြောင့်လဲဆိုတော့ ပြည်ထဲရေးဝန်ကြီးဌာနက လက်နက်ကိုင်တပ်ဖွဲ့တွေ၊ အထူးသဖြင့် ရဲပေါ့နော်၊ နောက်ထောက်လှမ်းရေး၊ SB လို စုံစမ်းထောက်လှမ်းတဲ့ဌာနတွေ ကိုင်ထားရပြီး၊ အဲ့ဒါက စစ်တပ်နဲ့ တိုက်ရိုက်ပတ်သက်နေတယ်။အဲ့ဒီတော့ ယျေဘူယျအားဖြင့် တပ်မတော်ကလည်း၊ ဒီ အမျိုး၊ ဘာသာ၊ သာသနာ၊ လူမျိုးရေးကိစ္စကို၊ လက်ယာအစွန်းဆန်ဆန်၊ တင်ပြီးတော့ ပြောနေတဲ့ ပုဂ္ဂိုလ်တွေလည်း တပ်မတော်ထဲမှာ ရှိနေတဲ့အခါကျတော့၊ တချို.ကိစ္စတွေ၊ အမူတွေဆို မဖော်ထုတ်နိုင်ဘူး။”

ဒါကြောင့် နိုင်ငံရေးအရ အစိုးရက ဘယ်လိုပြင်ဆင်သင့်တာကို ဒေါက်တာတင်မောင်သန်းကပဲ -

“နိုင်ငံရေးအရ မိမိ သာသနာရေး ဆောင်ရွက်ခဲ့တာတွေ ပြောပြဖို့လိုမယ်လို့ ထင်တယ်။အထူးသဖြင့်တော့ ဦးဝီရသူရဲ့ လှုပ်ရှားမူကို မတူကြောင်းပြဖို့အတွက်၊ ဘာသာပေါင်းစုံအဖွဲ့ကြီးက ဘာသာရေးကို ခုတုံးမလုပ်ဖို့ ပြောလာကြရင်၊ ဒါပိုပြီးကောင်းမယ်ထင်တယ်။”

အဲ့ဒီတော့ ပြည်သူတွေကရော၊ အခုလိုအရေးကြီးချိန်မှာ ဘယ်လိုပြင်ဆင်ထားသင့်ပါလဲလို့ မေးရာမှာ ဒေါက်တာတင်မောင်သန်းက -

“လူထုကိုယ်နှိုက်က အဲ့ဒိလုံခြုံရေးဆိုင်ရာ သတိ၊ အသိ ကောင်းကောင်း မြင့်မြင့်မားမားရှိပြီးတော့၊ အထူးသဖြင့် အခုလို လူမူမီဒီယာအခြေအနေမှာ၊ ဘယ်လိုကာကွယ်တားဆီးနိုင်မလဲဆိုတာကို၊ ဖန်တီးတာလုပ်ဖို့လိုမယ်လို့ထင်တယ်။ အထူးသဖြင့် အထူး အခုလို ရွေးကောက်ပွဲကာလမှာ၊ မန္တလေးမှာအရင်ဖွဲ့စည်းခဲ့ကြတဲ့၊ ဘာသာရေးအဓိကရုဏ်းဖြစ်ဖို့လှုံဆော်ချက်တွေကို ကာကွယ်တားဆီးတဲ့အဖွဲ့တွေကို၊ ကောင်းကောင်းမွန်မွန်ဖွဲ့ပြီးတော့ လှုပ်ရှားခဲ့ကြတဲ့ အတွေ့အကြုံတွေရှိတယ်။သံဃာတော်တွေ ကိုယ်နှိုက်ကိုက၊ သတင်းကို စပြီးတော့ Alert လုပ်တဲ့ဟာ၊ တုံးခေါက်တယ်ပေ့ါဗျာ။ဒီ မီးကိုမမြင်ရသေးဘူး၊ မီးခိုးကိုတွေ့တာနဲ့ကို၊ တုံးခေါက်ကြဖို့ သံဃာတော်တွေကလည်း လိုပါတယ်။”

တကယ်တော့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ အရေးပါတဲ့ ဒုတိယအကြိမ် ရွေးကောက်ပွဲမှာ ဒီမိုကရေစီလှုပ်ရှားမူကထွက်ပေါ်လာတဲ့ လက်ရှိအစိုးရပါတီနဲ့ အရင် တပ်မတော် အုပ်ချုပ်မှုကလာခဲ့တဲ့ အရပ်သားတပိုင်း အစိုးရပါတီအကြား အနိုင်အရှုံးပြိုင်ဆိုင်မူ ပြင်းထန်လာချိန်မှာ အခုလို အမျိုးသားရေးဝါဒီတွေဘက် အများပြည်သူရှေ့ ထွက်ပြီး အဖမ်းခံခဲ့တာဖြစ်ပါတယ်။

 https://burmese.voanews.com/a/wirathu-hands-himself-in-police-station-before-election-/5646126.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.