Breaking

November 6, 2020

ႀကိဳတင္မဲေပးၿပီးသူ သက္ႀကီးမဲဆႏၵရွင္အေရအတြက္ ထက္ဝက္ေက်ာ္ၿပီ

 


စစ္ကိုင္းၿမိဳ႕တြင္ အသက္ ၆၀ အထက္ လူႀကီးမ်ား မဲေပးၾကသည့္ျမင္ကြင္း။ (ေအာက္တိုဘာ ၂၉၊ ၂၀၂၀)
[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ လာမယ့္ ေ႐ြးေကာက္ပြဲအတြက္ ႀကိဳတင္မဲေပးတဲ့ လုပ္ငန္းစဥ္မွာ အားနည္းခ်က္ေတြ ရွိေနတယ္လုိ႔ ေ၀ဖန္သံေတြ ထြက္ေပၚေနခ်ိန္မွာပဲ သက္ႀကီးပုိင္း ႀကိဳတင္မဲေတြအားလုံးရဲ႕ ထက္ဝက္ေက်ာ္ ေကာက္ခံၿပီးစီးသြားၿပီလို႔ ေ႐ြးေကာက္ပြဲေကာ္မရွင္က ေျပာဆုိလုိက္တဲ့အေၾကာင္း တင္ျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေမခက သတင္းေပးပို႔ထားပါတယ္။

ကပ္ေရာဂါကာလ က်င္းပမယ့္ ေ႐ြးေကာက္ပြဲမွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေ႐ြးေကာက္ပြဲေန႔မွာ မဲမေပးႏိုင္တဲ့သူေတြအတြက္ ႀကိဳတင္မဲေတြ ၿပီးခဲ့တဲ့ သီတင္းပတ္ကစၿပီး ေကာက္ယူခဲ့တာပါ။ ဒီအထဲက အသက္ ၆၀ နဲ႔ အထက္ သက္ႀကီးပုိင္းေတြရဲ႕ ႀကိဳတင္မဲ ၅၀ ရာခုိင္ႏႈန္းေက်ာ္ ေကာက္ခံၿပီးစီး သြားၿပီလုိ႔လည္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္ ၫႊန္ၾကားေရးမွဴးခ်ဳပ္ဦးခင္ေမာင္ဦးက ဗြီအိုေအကို ေျပာပါတယ္။

"က်ေနာ္ေျပာရရင္ ၆၀ အထက္က စုစုေပါင္း ၅,၄၀၀,၀၀၀ ေက်ာ္ရွိတယ္။ အဲဒီအထဲမွာ ၿပီးစီးသြားတာက ၃,၀၀၀,၀၀၀ နီးပါး ၂,၉၀၀,၀၀၀ ေက်ာ္ၿပီးသြားပါၿပီ။ ၅၃ ရာခိုင္ႏႈန္းေလာက္ၿပီးသြားပါၿပီ။"

သက္ႀကီးပုိင္းေတြ၊ က်န္းမာေရး မေကာင္းသူေတြ ေ႐ြးေကာက္ပြဲေန႔မွာ မဲေပးဖို႔ အခက္အခဲရွိတဲ့ ႏိုင္ငံဝန္ထမ္းေတြ ကပ္ေရာဂါကာလ မဲဆႏၵနယ္ေျမျပင္ပ ေရာက္ေနသူေတြ အပါအဝင္ ႀကိဳတင္မဲေပးခြင့္ ရွိသူေတြကုိေတာ့ ၿပီးခဲ့တဲ့ တပတ္ကစ မဲေပးခြင့္ျပဳခဲ့တာပါ။ ဒီႏွစ္မွာ ႀကိဳတင္မဲ ေပးမယ့္သူေတြ ပိုမ်ားႏုိင္တယ္လုိ႔ ခန္႔မွန္းထားခ်ိန္မွာပဲ ႀကိဳတင္မဲေပးတဲ့ လုပ္ငန္းစဥ္မွာ အားနည္းခ်က္ေတြ ရွိေနတဲ့ သတင္းေတြလည္း ထြက္ေပၚလာေနတာပါ။

မဲစာအိတ္ေတြ ေပါက္ၿပဲေနတာ၊ မဲေပးရာမွာသုံးတဲ့ တံဆိပ္တုံးေတြကို အတုေတြနဲ႔ လဲလွယ္ထားတယ္ဆိုတဲ့ သတင္းေတြေၾကာင့္ တခ်ဳိ႕ေနရာေတြမွာ အျငင္းပြားစရာ ျပႆနာေတြလည္း ႀကံဳေနရပါတယ္။ ဒီသီတင္းပတ္ထဲမွာပဲ တပ္မေတာ္နဲ႔ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ကလည္း ေရြးေကာက္ပဲြ လုပ္ငန္းစဥ္မွာ အားနည္းခ်က္ေတြ၊ ခ်ဳိ႕ယြင္းခ်က္ေတြ ရွိေနတယ္ဆိုၿပီး အစုိးရနဲ႔ ေကာ္မရွင္ကုိ ေ၀ဖန္ေျပာဆုိခဲ့တာပါ။

ျပည္ေထာင္စု ေရြးေကာက္ပဲြ ေကာ္မရွင္ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးခင္ေမာင္ဦးကေတာ့ အားနည္းခ်က္ေတြ ရွိတာကုိ လက္ခံေပမဲ့ စုိးရိမ္ရေလာက္တဲ့ အေျခအေနမွာ မရွိဘူးလုိ႔ ေျပာပါတယ္။

"ဒါက အေနအထားအရ ကိုဗစ္ေၾကာင့္ မဲဆႏၵရွင္ေတြရဲ႕ အခြင့္အေရး မဆံုးရံႈးေအာင္ က်ေနာ္တို႔ ေဆာင္ရြက္ရတာေတြလည္း ရွိတာေပါ့ေလ။ ဒါေၾကာင့္မို႔လို႔ က်ေနာ္တို႔ ဒါေတြကိုလည္း သတ္မွတ္တဲ့ ဘယ္လို ကာကြယ္ပါ၊ ဘယ္လို ထိန္းသိမ္းပါ၊ ေသခ်ာ ညႊန္ၾကားထားၿပီးသား ျဖစ္တယ္။ ေနာက္သက္ဆိုင္ရာအဖဲြ႔အစည္းေတြ၊ လံုျခံဳေရးဆိုင္ရာ အဖဲြ႔အစည္းေတြကိုလည္းပဲ ဒါေတြနဲ႔ ပတ္သက္လို႔ ကူညီေပးဖို႔ က်ေနာ္တို႔ အားလံုး ညိွႏိႈင္းေပါင္းစပ္ေဆာင္ရြက္တာ ျဖစ္တဲ့အတြက္ ဒါကေတာ့ စိုးရိမ္မႈေတာ့ျဖစ္ပါလိမ့္မယ္။ သို႔ေသာ္လည္းပဲ ျပႆနာ မရွိဘူးလို႔ ယူဆတယ္။"

တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးကေတာ့ ေရြးေကာက္ပဲြအတြက္ ႀကိဳတင္ျပင္ဆင္ရာမွာ ေကာ္မရွင္နဲ႔ အစုိးရရဲ႕ ေဆာင္ရြက္ခ်က္ေတြဟာ အားနည္းခ်က္ေတြ ရွိေနတယ္ဆုိၿပီး တနလၤာေန႔ကပဲ သတင္းထုတ္ျပန္ခဲ့သလုိ ကာကြယ္ေရးဦးစီးခ်ဳပ္ကလည္း သတိေပးေျပာဆုိခဲ့တာပါ။ တပ္မေတာ္ရဲ႕ ထုတ္ျပန္ခ်က္နဲ႔ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ရဲ႕ မၾကာေသးခင္က ေတြ႔ဆုံေမးျမန္းခန္းတခုမွာ မွတ္ခ်က္ေပးခဲ့တာေတြ အေပၚမွာေတာ့ ဖဲြ႔စည္းပုံနဲ႔ ကုိက္ညီမႈမရွိဘူးဆုိၿပီး ေနျပည္ေတာ္ သတင္းစာရွင္းလင္းပဲြမွာ မေန႔က သမၼတ႐ုံး ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးကေတာ့ တုံ႔ျပန္ထားပါတယ္။

ေရြးေကာက္ပဲြ ေစာင့္ၾကည့္အကဲခတ္အဖဲြ႔တခုျဖစ္တဲ့ Generation tree ေ႐ြးေကာက္ပြဲေစာင့္ၾကည့္အဖြဲ႕က မေဆြမာဦးကေတာ့ ႀကိဳတင္မဲေပးရာမွာ ျပႆနာေတြ ေပၚရတာဟာ ျပင္ဆင္မႈေတြ အားနည္းတဲ့ ရလဒ္အျဖစ္ သုံးသပ္ပါတယ္။

"အဓိကကေတာ့ ဘယ္သူမဆိုမဲေပးတာ လွ်ိဳ႕ဝွက္မဲေပးတာ safety အျဖစ္သင့္ဆုံးပဲ။ ႐ုပ္ပိုင္းဆိုင္ရာေရာ၊ စိတ္ပိုင္းဆိုင္ရာေရာေလ။ မဲဆႏၵရွင္ေတြကိုေမးေတာ့သူတို႔က နားလည္မႈနဲ႔လုပ္ေပးရတာပဲ ရွိတယ္။ ငါတို႔ႏိုင္ငံအေျခအေနအရ နားလည္မႈနဲ႔ လုပ္ေပးရတာရွိတယ္။ ဒါေပမဲ့ စိတ္ပိုင္းဆိုင္ရာ မလုံၿခဳံဘုး။ ဘာေၾကာင့္လဲဆိုေတာ့ ကိုယ္အားေပးတဲ့ ပါတီရွိတာယ္။ လက္ခံမခံတဲ့ ပါတီရွိတယ္။ ပါေနေတာ့သူတို႔မွာ လုံးဝလုံၿခဳံမႈမရွိဘူး။ ၿပီးေတာ့တခ်ိဳ႕နယ္ေတြမွာက စိန္ေခၚမႈမ်ားတယ္။ ဥပမာ ဒီပါတီကို မဲေပးမယ္ဆိုရင္ ေနာက္ပိုင္းက်ရင္ဘာလုပ္မယ္ဆိုတဲ့ ျခိမ္းေျခာက္မႈေတြ ရွိႏိုင္တယ္။ အဲဒါက မျမင္ႏိုင္တဲ့အရာေတြ အမတို႔မွာ အမ်ားၾကီးရွိႏိုင္တယ္။ ဒီလူတေယာက္ရဲ႕ လုံၿခဳံမႈအပိုင္းကို ဘယ္သူက တာဝန္ယူေပးမွာလဲ။ အဲဒါကို အမတို႔က စိုးရိမ္တာ။ အဲလိုမ်ိဳး issue ေတြက အမ်ားၾကီး ေအာက္ေျခမွာကေတာ့ ျဖစ္တယ္ေပါ့ေနာ္။ စနစ္က်တဲ့ ျပင္ဆင္မႈ မရွိထားလို႔ ျဖစ္တယ္လို႔ အမ ျမင္တယ္။"

ႏိုဝင္ဘာလ ၈ ရက္ေန႔မွာ က်င္းပမယ့္ ေ႐ြးေကာက္ပြဲမွာေတာ့ ႏိုင္ငံေရးပါတီေပါင္း ၉၀ ေက်ာ္နဲ႔ တသီးပုဂၢလ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမွာျဖစ္ၿပီး မဲေပးခြင့္ရွိသူ ၃၇ သန္းေက်ာ္ ရွိမယ္လို႔လည္း ေ႐ြးေကာက္ပြဲ ေကာ္မရွင္က ခန႔္မွန္းထားေပမဲ့ လြတ္လပ္မွ်တတဲ့ အေျခအေနမရွိဘူးဆိုၿပီး တိုင္းနဲ႔ျပည္နယ္ ၆ ခုက မဲဆႏၵနယ္ေျမေတြကို ေ႐ြးေကာက္ပြဲ မက်င္းပဖို႔ ေၾကညာထားတဲ့အတြက္ မဲဆႏၵရွင္ ခန႔္မွန္းေျခ ၁,၀၀၀,၀၀၀ ေက်ာ္ မဲေပးခြင့္ဆုံးရႈံးမယ့္ အေျခအေနမွာ ရွိေနပါတယ္။


[Unicode Version]

ကြိုတင်မဲပေးပြီးသူ သက်ကြီးမဲဆန္ဒရှင်အရေအတွက် ထက်ဝက်ကျော်ပြီ

မြန်မာနိုင်ငံမှာ လာမယ့် ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးတဲ့ လုပ်ငန်းစဉ်မှာ အားနည်းချက်တွေ ရှိနေတယ်လို့ ဝေဖန်သံတွေ ထွက်ပေါ်နေချိန်မှာပဲ သက်ကြီးပိုင်း ကြိုတင်မဲတွေအားလုံးရဲ့ ထက်ဝက်ကျော် ကောက်ခံပြီးစီးသွားပြီလို့ ရွေးကောက်ပွဲကော်မရှင်က ပြောဆိုလိုက်တဲ့အကြောင်း တင်ပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

ကပ်ရောဂါကာလ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အကြောင်းအမျိုးမျိုးကြောင့် ရွေးကောက်ပွဲနေ့မှာ မဲမပေးနိုင်တဲ့သူတွေအတွက် ကြိုတင်မဲတွေ ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး ကောက်ယူခဲ့တာပါ။ ဒီအထဲက အသက် ၆၀ နဲ့ အထက် သက်ကြီးပိုင်းတွေရဲ့ ကြိုတင်မဲ ၅၀ ရာခိုင်နှုန်းကျော် ကောက်ခံပြီးစီး သွားပြီလို့လည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူးချုပ်ဦးခင်မောင်ဦးက ဗွီအိုအေကို ပြောပါတယ်။

"ကျနော်ပြောရရင် ၆၀ အထက်က စုစုပေါင်း ၅,၄၀၀,၀၀၀ ကျော်ရှိတယ်။ အဲဒီအထဲမှာ ပြီးစီးသွားတာက ၃,၀၀၀,၀၀၀ နီးပါး ၂,၉၀၀,၀၀၀ ကျော်ပြီးသွားပါပြီ။ ၅၃ ရာခိုင်နှုန်းလောက်ပြီးသွားပါပြီ။"

သက်ကြီးပိုင်းတွေ၊ ကျန်းမာရေး မကောင်းသူတွေ ရွေးကောက်ပွဲနေ့မှာ မဲပေးဖို့ အခက်အခဲရှိတဲ့ နိုင်ငံဝန်ထမ်းတွေ ကပ်ရောဂါကာလ မဲဆန္ဒနယ်မြေပြင်ပ ရောက်နေသူတွေ အပါအဝင် ကြိုတင်မဲပေးခွင့် ရှိသူတွေကိုတော့ ပြီးခဲ့တဲ့ တပတ်ကစ မဲပေးခွင့်ပြုခဲ့တာပါ။ ဒီနှစ်မှာ ကြိုတင်မဲ ပေးမယ့်သူတွေ ပိုများနိုင်တယ်လို့ ခန့်မှန်းထားချိန်မှာပဲ ကြိုတင်မဲပေးတဲ့ လုပ်ငန်းစဉ်မှာ အားနည်းချက်တွေ ရှိနေတဲ့ သတင်းတွေလည်း ထွက်ပေါ်လာနေတာပါ။

မဲစာအိတ်တွေ ပေါက်ပြဲနေတာ၊ မဲပေးရာမှာသုံးတဲ့ တံဆိပ်တုံးတွေကို အတုတွေနဲ့ လဲလှယ်ထားတယ်ဆိုတဲ့ သတင်းတွေကြောင့် တချို့နေရာတွေမှာ အငြင်းပွားစရာ ပြဿနာတွေလည်း ကြုံနေရပါတယ်။ ဒီသီတင်းပတ်ထဲမှာပဲ တပ်မတော်နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကလည်း ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ အားနည်းချက်တွေ၊ ချို့ယွင်းချက်တွေ ရှိနေတယ်ဆိုပြီး အစိုးရနဲ့ ကော်မရှင်ကို ဝေဖန်ပြောဆိုခဲ့တာပါ။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးကတော့ အားနည်းချက်တွေ ရှိတာကို လက်ခံပေမဲ့ စိုးရိမ်ရလောက်တဲ့ အခြေအနေမှာ မရှိဘူးလို့ ပြောပါတယ်။

"ဒါက အနေအထားအရ ကိုဗစ်ကြောင့် မဲဆန္ဒရှင်တွေရဲ့ အခွင့်အရေး မဆုံးရှုံးအောင် ကျနော်တို့ ဆောင်ရွက်ရတာတွေလည်း ရှိတာပေါ့လေ။ ဒါကြောင့်မို့လို့ ကျနော်တို့ ဒါတွေကိုလည်း သတ်မှတ်တဲ့ ဘယ်လို ကာကွယ်ပါ၊ ဘယ်လို ထိန်းသိမ်းပါ၊ သေချာ ညွှန်ကြားထားပြီးသား ဖြစ်တယ်။ နောက်သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတွေကိုလည်းပဲ ဒါတွေနဲ့ ပတ်သက်လို့ ကူညီပေးဖို့ ကျနော်တို့ အားလုံး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်တာ ဖြစ်တဲ့အတွက် ဒါကတော့ စိုးရိမ်မှုတော့ဖြစ်ပါလိမ့်မယ်။ သို့သော်လည်းပဲ ပြဿနာ မရှိဘူးလို့ ယူဆတယ်။"

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးကတော့ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ရာမှာ ကော်မရှင်နဲ့ အစိုးရရဲ့ ဆောင်ရွက်ချက်တွေဟာ အားနည်းချက်တွေ ရှိနေတယ်ဆိုပြီး တနင်္လာနေ့ကပဲ သတင်းထုတ်ပြန်ခဲ့သလို ကာကွယ်ရေးဦးစီးချုပ်ကလည်း သတိပေးပြောဆိုခဲ့တာပါ။ တပ်မတော်ရဲ့ ထုတ်ပြန်ချက်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မကြာသေးခင်က တွေ့ဆုံမေးမြန်းခန်းတခုမှာ မှတ်ချက်ပေးခဲ့တာတွေ အပေါ်မှာတော့ ဖွဲ့စည်းပုံနဲ့ ကိုက်ညီမှုမရှိဘူးဆိုပြီး နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ မနေ့က သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကတော့ တုံ့ပြန်ထားပါတယ်။

ရွေးကောက်ပွဲ စောင့်ကြည့်အကဲခတ်အဖွဲ့တခုဖြစ်တဲ့ Generation tree ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့က မဆွေမာဦးကတော့ ကြိုတင်မဲပေးရာမှာ ပြဿနာတွေ ပေါ်ရတာဟာ ပြင်ဆင်မှုတွေ အားနည်းတဲ့ ရလဒ်အဖြစ် သုံးသပ်ပါတယ်။

"အဓိကကတော့ ဘယ်သူမဆိုမဲပေးတာ လျှို့ဝှက်မဲပေးတာ safety အဖြစ်သင့်ဆုံးပဲ။ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာရောလေ။ မဲဆန္ဒရှင်တွေကိုမေးတော့သူတို့က နားလည်မှုနဲ့လုပ်ပေးရတာပဲ ရှိတယ်။ ငါတို့နိုင်ငံအခြေအနေအရ နားလည်မှုနဲ့ လုပ်ပေးရတာရှိတယ်။ ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာ မလုံခြုံဘုး။ ဘာကြောင့်လဲဆိုတော့ ကိုယ်အားပေးတဲ့ ပါတီရှိတာယ်။ လက်ခံမခံတဲ့ ပါတီရှိတယ်။ ပါနေတော့သူတို့မှာ လုံးဝလုံခြုံမှုမရှိဘူး။ ပြီးတော့တချို့နယ်တွေမှာက စိန်ခေါ်မှုများတယ်။ ဥပမာ ဒီပါတီကို မဲပေးမယ်ဆိုရင် နောက်ပိုင်းကျရင်ဘာလုပ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ရှိနိုင်တယ်။ အဲဒါက မမြင်နိုင်တဲ့အရာတွေ အမတို့မှာ အများကြီးရှိနိုင်တယ်။ ဒီလူတယောက်ရဲ့ လုံခြုံမှုအပိုင်းကို ဘယ်သူက တာဝန်ယူပေးမှာလဲ။ အဲဒါကို အမတို့က စိုးရိမ်တာ။ အဲလိုမျိုး issue တွေက အများကြီး အောက်ခြေမှာကတော့ ဖြစ်တယ်ပေါ့နော်။ စနစ်ကျတဲ့ ပြင်ဆင်မှု မရှိထားလို့ ဖြစ်တယ်လို့ အမ မြင်တယ်။"

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာတော့ နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်နဲ့ တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်တွေ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး မဲပေးခွင့်ရှိသူ ၃၇ သန်းကျော် ရှိမယ်လို့လည်း ရွေးကောက်ပွဲ ကော်မရှင်က ခန့်မှန်းထားပေမဲ့ လွတ်လပ်မျှတတဲ့ အခြေအနေမရှိဘူးဆိုပြီး တိုင်းနဲ့ပြည်နယ် ၆ ခုက မဲဆန္ဒနယ်မြေတွေကို ရွေးကောက်ပွဲ မကျင်းပဖို့ ကြေညာထားတဲ့အတွက် မဲဆန္ဒရှင် ခန့်မှန်းခြေ ၁,၀၀၀,၀၀၀ ကျော် မဲပေးခွင့်ဆုံးရှုံးမယ့် အခြေအနေမှာ ရှိနေပါတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.