Breaking

November 6, 2020

အေမရိကန္ ေရြးေကာက္ပြဲ မဲေရတြက္မႈျပႆနာ


(Zawgyi/Unicode)

အဂၤါေန႔မွာ ၿပီးဆံုးသြားၿပီျဖစ္တဲ့ အေမရိကန္သမၼတ ေရြးေကာက္ပဲြ မဲေရတြက္မႈ ရလဒ္ေတြ အခုခ်ိန္ထိ ေရတြက္လို႔ မၿပီးေသးတာ ဘာေၾကာင့္လဲ။ Electoral College လို႔ေခၚတဲ့ ျပည္နယ္ကုိယ္စားျပဳ ကိုယ္စားလွယ္မဲေတြ ေရတြက္ေနတဲ့ ရလဒ္အေပၚ အျငင္းပြားေနတာ ဘာေၾကာင့္လဲ။ သမၼတေရြးေကာက္ပဲြ ရလဒ္နဲ႔ ပတ္သက္လို႔ ေလာေလာဆယ္ ဘယ္လိုအေျခအေနေတြ ေရာက္ေနၿပီလဲ။ ဗီြအိုေအ ျမန္မာပိုင္းဌာနမွဴး ဦးသန္းလြင္ထြန္းကို မအင္ၾကင္းႏိုင္က Skype ကေန ဆက္သြယ္ ေမးျမန္းထားပါတယ္။

မအင္ၾကင္းႏိုင္။ ။ အခုဆိုရင္ သမိုင္း၀င္ အေမရိကန္သမၼတ ေရြးေကာက္ပြဲ အဂၤါေန႔ကဆိုရင္ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ ၿပီးသြားပါၿပီ။ ဒါေပမယ့္ ထူးျခားခ်က္က အခုအခ်ိန္အထိ မဲေတြ ေရတြက္လို႔ မၿပီးေသးဘူးေပါေ့နာ္။ ေနာက္ၿပီးေတာ့ ဘယ္သူ ဘယ္၀ါႏိုင္မယ္ဆိုတာကလည္း မသိရေသးဘူး။ တခ်ိန္တည္းမွာပဲ အျငင္းပြားမႈေတြကလည္း ရွိေနတဲ့အခါက်ေတာ့ ေရြးေကာက္ပဲြ ဒီရလဒ္နဲ႔ ပတ္သက္ၿပီးေတာ့ ေလာေလာဆယ္ ဘာေတြျဖစ္ေနသလဲ ဒီ ေနာက္ဆံုးအေျခအေနေတြကို ရွင္းျပေပးပါ။

ဦးသန္းလြင္ထြန္း။ ။ အဲဒီလို ေနာက္ဆံုးအေျခအေနေတြကို မရွင္းခင္မွာ ဘာျဖစ္သလဲဆိုတာကို တဆင့္ခ်င္း ေျပာရမွာေပါ့ေနာ္။ အခုျဖစ္ေနတဲ့အေျခအေနက ဘာျဖစ္သလဲဆိုေတာ့ အဂၤါေန႔က အေမရိကန္ ေရြးေကာက္ပဲြလုပ္တယ္။ ေရြးေကာက္ပဲြ လုပ္တဲ့အခါက်ေတာ့ ေရြးေကာက္ပဲြက သူ႔ဟာသူ ထူးထူးျခားျခားျဖစ္ရပ္ေတြ မရွိဘဲနဲ႔ ေရြးေကာက္ပဲြၿပီးသြားတယ္။ မဲရံုေတြ ပိတ္သြားတယ္။ ခါတိုင္းဆိုရင္ ညသန္းေခါင္ေက်ာ္ခ်ိန္ၿပီးၿပီဆိုရင္ မဲေတြေရတြက္တယ္၊ တရား၀င္ မဟုတ္ေပမယ့္လည္း ျပည္နယ္အလိုက္ ကိုယ္စားျပဳမဲေတြ ေရာက္လာၿပီး သတင္းပို႔ တဲ့အခါက်ရင္ လိုအပ္တဲ့မဲ အေရအတြက္ကို ရၿပီဆုိတာနဲ႔ ဒါ သမၼတေလာင္းတေယာက္ကေန သူႏိုင္ၿပီဆိုၿပီးေတာ့ ေၾကညာတာေပါ့ေနာ္။ အဲလိုအျဖစ္မ်ိဳးက မေန႔ အဂၤါေန႔ ညက ျဖစ္မလာဘူး။ ျဖစ္မလာဘဲနဲ႔ မဲေတြက ဆက္ၿပီးေတာ့ ေရတြက္ေနရဆဲ ျဖစ္တယ္။ ဒါေပမယ့္လည္း တဘက္က က်ေတာ့လည္း သမၼတ Trump က သူ႔အေနနဲ႔ ႏိုင္ၿပီးသားျဖစ္ေနၿပီ၊ ဒီမဲေတြ ဆက္ၿပီးေရတြက္ေနတာကို လံုး၀ လက္မခံႏိုင္ဘူး။ တရားလႊတ္ေတာ္ကို တင္ျပၿပီးေတာ့ ဒီကိစၥကို တားဆီးမယ္လို႔ေျပာတယ္။ အဲဒါနဲ႔ ပတ္သက္ၿပီး ေလာေလာဆည္ အျငင္းပြားေနတာေပါ့ေနာ္။ အတိုခ်ဳပ္ေျပာရမယ္ဆိုရင္ မဲေပးတာ ၿပီးသြားၿပီ၊ ဒါေပမယ့္ မဲေရတြက္တာမၿပီးေသးဘူး။ တခ်ိဳ႕အေျဖေတြလည္း ထြက္ေနၿပီ။ ဒါေပမယ့္ သမၼတ Trump က သူ႔အေနနဲ႔ ႏိုင္တယ္လို႔ ေျပာေနတယ္။

မအင္ၾကင္းႏိုင္။ ။ ဒီလိုမ်ိဳးျပႆနာမ်ိဳးေတြက အေမရိကန္သမၼတ ေရြးေကာက္ပြဲေတြမွာလည္း ျဖစ္ခဲ့တဲ့ အေတြ႔အၾကံဳေတြရွိတယ္။ ဒါေပမယ့္ အဲဒီအခ်ိန္တုန္းကလည္း ဒီလိုအေျခအေနကို ေက်ာ္လြားႏိုင္ခဲ့တယ္။ အခုတႀကိမ္မွာေတာ့ မဲဆက္ၿပီး ေရတြက္ေနရဆဲ ေရတြက္လို႔ မၿပီးေသးတဲ့အေပၚမွာ ဘာေၾကာင့္ပါလဲ။

ဦးသန္းလြင္ထြန္း။ ။ ခါတိုင္း အေမရိကန္သမၼတ ေရြးေကာက္ပြဲေတြမွာဆိုရင္ မဲဆႏၵေပးၿပီးေတာ့ ေရြးေကာက္ပြဲ ၿပီးသြားၿပီးေတာ့ မဲရံုေတြ ပိတ္သြားၿပီး ညသန္းေခါင္ေက်ာ္တာနဲ႔ မဲစာရင္းေတြက ေရာက္လာၾကၿပီ စုေပါင္းၿပီးေရာက္လာၾကေတာ့ ညသန္းေခါင္ ေက်ာ္ၿပီးေလာက္တဲ့အခ်ိန္က်ရင္ ၅၃၈ ကိုယ္စားလွယ္မဲေတြကေန ဘယ္သူက ၂၇၀ ရသလဲဆိုတာကို တိတိက်က် အေျဖထြက္လာတယ္။ အဲလိုအေျဖထြက္လာၿပီဆိုရင္ေတာ့ ႏိုင္တဲ့ သမၼတက က်ေနာ္ႏိုင္ပါၿပီဆိုၿပီးေတာ ့ ေၾကညာလို႔ ရသလို၊ ရံႈးတဲ့သူကလည္း က်ေနာ္ ရံႈးသြားပါၿပီဆိုၿပီးေတာ့ ေျပာလို႔ရတယ္။ ဒါက သာမန္ျဖစ္ရိုးျဖစ္စဥ္။ ဒီတေခါက္ကေတာ့ ထူးျခားတဲ့ ျဖစ္စဥ္ေလးေတြရွိတယ္။ ဥပမာ - တကယ့္ ထူးျခားတဲ့ ျဖစ္စဥ္ဆိုတာ ဘာလဲဆိုေတာ့ COVID-19 အေျခအေနေတြလည္း အမ်ားႀကီး ပတ္သက္ေနတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီ COVID-19 ျဖစ္တဲ့အခါက်ေတာ့ လူေတြက အျပင္မထြက္ၾကဘူး မဲေပးရမယ့္ေနရာမွာလည္း ဘာပဲေျပာေျပာ ျပႆနာေတြ အမ်ားႀကီး ရွိႏိုင္တယ္။ လူေတြအမ်ားႀကီး စုၿပီးေတာ့ မဲေပးတယ္ဆိုတာ။ အဲဒီေတာ့ ခါတိုင္းႏွစ္ေတြမွာ ရွိသလိုပဲ တင္ႀကိဳမဲတို႔၊ ဒါမွမဟုတ္ရင္လည္း အေ၀းေရာက္မဲဆိုတာ ရွိတာကို စာတိုက္ကေန ထည့္ရတာ။ ဒီႏွစ္မွာေတာ့ ဒီမိုကရက္ကို ေထာက္ခံသူေတာ္ေတာ္မ်ားမ်ားကို အျပင္ထြက္တာေတြ ေရွာင္ရွားဖုိ႔ဆိုၿပီးေတာ့ ႀကိဳတင္မဲေတြ ထည့္ၾကပါ၊ ဒါမွ မဟုတ္ရင္လည္း စာတိုက္ကေန ေပးၾကပါ ဆိုၿပီးေတာ့ သူက ပိုၿပီးေတာ့ လံႈ႔ေဆာ္တယ္။ လံႈ႔ေဆာ္ေတာ့ ဒီမိုကရက္အမ်ားစုက အေစာႀကီးကတည္းက ႀကိဳတင္မဲ လာထည့္တဲ့လူေတြရွိတယ္။ ေနာက္ၿပီးေတာ့ စာတိုက္ကေနၿပီးေတာ့ မဲထည့္တဲ့လူေတြရိွတယ္။

သမၼတ Trump ကေတာ့ သ႔ူမူ၀ါဒ သေဘာအရဆိုရင္ လူေတြကို ပံုမွန္အတိုင္းေနေစခ်င္ေတာ့ ေရြးေကာက္ပြဲေန႔မွာ လူေတြလာၿပီး မဲထည့္တာကို ပိုၿပီးသေဘာက်ၿပီး ေဆာ္ၾသထားတယ္။ အဲဒီေတာ့ အဲဒီေနရာမွာ ထူးထူးျခားျခား COVID ေၾကာင့္ ျဖစ္လာတဲ့ ျပႆနာက ထူးျခားစြာပဲ တင္ႀကိဳမဲထည့္တဲ့လူေတြ၊ စာတိုက္ကေန မဲထည့္သူေတြက လူေပါင္း သန္း ၁၀၀ နီးပါးေလာက္ ျဖစ္ေနတယ္။ ျဖစ္ေနေတာ့ ဟိုတုန္းကဆိုရင္ တင္ႀကိဳမဲထည့္တဲ့လူက နည္းနည္းပဲဆိုေတာ့ အဲဒီ စာတိုက္ကေနေရာက္လာတဲ့ မဲေတြ ဒါမွ မဟုတ္ လမ္းမွာပဲ ရွိေနေသးတဲ့ မဲေတြ ဆိုတာက သိပ္မေျပာပေလာက္ဘူး။ ဒီေန႔ ေရြးေကာက္ပြဲမွာ ျဖစ္တဲ့ ေန႔မွာ ၿပီးသြားလို႔ လာထည့္တဲ့ မဲေတြကို ေရတြက္လိုက္ရင္ ျပႆနာ ၿပီးတယ္။ အခုကေတာ့ ဒီတပတ္ေရြးေကာက္ပြဲမွာ လာေပးတဲ့ လူအေရအတြက္က တကယ္တန္းက်ရင္ သန္း ၆၀ ေလာက္ေတာ့ ရွိမယ္။ ဒီ သန္း ၆၀ နဲ႔ အေစာပိုင္းကေနၿပီးေတာ့ တင္ႀကိဳမဲေတြ သန္း ၁၀၀ ေလာက္နဲ႔ ရွိေနတာေတြကိုပါ ေရာၿပီးေတာ့ ေရတြက္တဲ့ အခါက်ေတာ့ ကိစၥက မျပတ္ဘူး။ သမၼတ Trump ကေတာ့ ေရြးေကာက္ပြဲ ၿပီးတဲ့ ညတြင္းခ်င္းမွာ ေရလို႔ရသေလာက္မဲေတြဟာ သူ႔ကို ေထာက္ခံတဲ့ မဲေတြဆိုတာ သေဘာထားၿပီးေတာ့ သူႏိုင္ပါၿပီလို႔ ေျပာၿပီး၊ ဒီ ေရြးေကာက္ပြဲၿပီး ေနာက္ေရတဲ့ မဲေတြကို တရားမ၀င္ဘူးလို႔၊ ဒါ မတရားလုပ္တာပါဆိုၿပီးေတာ့ ေျပာေနတာ ဆုိေတာ့ အဲဒီျပႆနာပါပဲ။

မအင္ၾကင္းႏိုင္။ ။ အဲဒီေတာ့ သမၼတ Trump က မဲေရတြက္မႈ ရလဒ္ေနာက္ဆံုးအခ်ိန္အထိ သူက ဘာေၾကာင့္ ႏိုင္တာလဲရွင့္။ အဂၤါေန႔ညကဆိုရင္ သူႏုိင္ေၾကာင္း သူဟာသူ ေၾကညာတယ္။ ေနာက္ၿပီးေတာ့ ဒီ ေရြးေကာက္ပြဲမွာလည္း မသမာမႈေတြ ရွိေနတယ္ဆိုတာ သူေၾကညာထားတယ္ဆိုေတာ့ အဲဒါရဲ႕ ေနာက္ဆက္တြဲ ဘာေတြ ျဖစ္လာႏိုင္မလဲ။

ဦးသန္းလြင္ထြန္း။ ။ (ႏုိ၀င္ဘာ) ၃ ရက္ အဂၤါေန႔ မဲရံုေတြ ပိတ္သြားၿပီးေတာ့ ေနာက္ေန႔မနက္ ကူးသြားတယ္၊ မနက္ ၂ နာရီ ေက်ာ္ေက်ာ္ေလာက္မွာ သမၼတ Trump က ဒီ အိမ္ျဖဴေတာ္မွာ ဖိတ္ၾကားထားတဲ့ တခ်ိဳ႕ သတင္းစာဆရာေတြေရာ၊ တခ်ဳိ႕ နီးစပ္သူေတြေရာ သူတို႔အေရွ႕မွာ ထြက္ၿပီးေတာ့ ရွင္းလင္းတဲ့ေနရာမွာ အားလံုးေတာ္ေတာ္ေလး အံၾသသြားတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူေျပာတာက အခုေနာက္ဆံုး မဲရံုေတြ ပိတ္သြားၿပီ၊ ဟုတ္ေတာ့လည္း ဟုတ္တယ္၊ အဲဒီအခ်ိန္မွာ ရသမွ်မဲေတြ ၀င္ေနတဲ့အခ်ိန္မွာ ဒါက ၁၀၀ ရာခိုင္ႏႈန္း မဲေတြ ျပန္ေရာက္လာတာ မဟုတ္ေသးဘူး။ တခ်ိဳ႕ဆိုရင္ ၆၀ ရာခိုင္ႏႈန္း ျပန္ေရာက္ေနတဲ့ ေရၿပီးတဲ့မဲေတြရွိတယ္။ ၈၀ ရာခိုင္ႏႈန္း ေရၿပီးတဲ့ မဲေတြရွိတယ္။ အဲဒီဟာေတြကို ၾကည့္မယ္ဆိုရင္ သမၼတ Trump က သူႏိုင္ေနတာကို။ ႏိုင္ေနေတာ့ ဒီအခ်ိန္မွာ သူ႔အေနနဲ႔ ရပ္သင့္ေနၿပီေပါ့ ။ ေနာက္ထပ္ လာစရာရွိတဲ့ ရခိုင္ႏႈန္းကို ၾကည့္လုိက္တယ္ဆိုရင္လည္း သူႏိုင္ေနတဲ့ အေနအထားနဲ႔ ယွဥ္တြက္လိုက္ရင္ ဟိုဟာေတြက သိပ္ အေရးမႀကီးေတာ့ဘူး။ ဘယ္ေလာက္လာလာ သူႏိုင္ထားတဲ့ အေရအတြက္ကို ထပ္ၿပီး ေခ်ဖ်က္ႏိုင္မယ္ မထင္ဘူးဆိုတဲ့ သေဘာမ်ိဳး တြက္ၿပီးေတာ့ သူႏိုင္ေနၿပီ၊ ဒါေတြကို ဆက္ၿပီးေရေနစရာမလိုဘူး။ ေနာက္ၿပီး အခုလက္ရွိ မဲေတြ ဆက္ေရတြက္ေနတယ္ဆိုတာက ဒါက မသမာမႈျဖစ္တယ္။ ေနာက္ၿပီးေတာ့ တရားလႊတ္ေတာ္ကို ကန္႔ကြက္ရမယ္ဆိုၿပီးေတာ့ သူနဲ႔ အင္မတန္နီးစပ္တဲ့ သူ႔လုပ္ေဖာ္ကိုင္ဖက္ေတြ Republican ပါတီက ေနာက္သူ႔ကို ေထာက္ခံေနတဲ့ ဒီဘက္က Fox News လို ေနရာမ်ိဳးမွာေတာင္မွ သူ႔ကို ေတာ္ေတာ္ အံ႔ၾသသြားၾကတယ္။ ဒါ သမၼတက နည္းနည္းေတာ့ လြန္သြားၿပီေပါ့ေနာ္ သေဘာကေတာ့။ တကယ္တမ္းက သူ သမၼတ တေယာက္အေနနဲ႔ မဲဆႏၵရွင္ေတြရဲ႕ မဲတခုခ်င္းစီကို ေရတြက္ခံယူပိုင္ခြင့္ ဆိုတာကို သူေလးစားရမယ္ေလ။ ေပးထားၿပီးသားဟာေတြကို သူ႔အေနနဲ႔ မလိုေတာ့ဘူး သူ အႏိုင္ရေၾကာင္း သူဟာသူ တဘက္သတ္ေၾကညာတယ္ဆုိတာက မျဖစ္သင့္တဲ့ တရားမ၀င္တဲ့ လုပ္ရပ္ျဖစ္တယ္။ သူတကယ္လို႔ တရားလႊတ္ေတာ္ကို သြားၿပီးေတာ ့Complain လုပ္မယ္ဆိုရင္လည္း ဒီအေျခအေနမွာ သူ႔တင္ျပခ်က္က တရားမ၀င္တဲ့အတြက္ ဟိုဘက္ကလည္း လက္ခံမွာ မဟုတ္ဘူး။

ဗီြအိုေအ ျမန္မာပိုင္းဌာနမွဴး ဦးသန္းလြင္ထြန္းကို မအင္ၾကင္းႏိုင္က Skype ကေန ဆက္သြယ္ေမးျမန္းခဲ့တာပါ။


............

အမေရိကန် ရွေးကောက်ပွဲ မဲရေတွက်မှုပြဿနာ

(Unicode)

အင်္ဂါနေ့မှာ ပြီးဆုံးသွားပြီဖြစ်တဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲ မဲရေတွက်မှု ရလဒ်တွေ အခုချိန်ထိ ရေတွက်လို့ မပြီးသေးတာ ဘာကြောင့်လဲ။ Electoral College လို့ခေါ်တဲ့ ပြည်နယ်ကိုယ်စားပြု ကိုယ်စားလှယ်မဲတွေ ရေတွက်နေတဲ့ ရလဒ်အပေါ် အငြင်းပွားနေတာ ဘာကြောင့်လဲ။ သမ္မတရွေးကောက်ပွဲ ရလဒ်နဲ့ ပတ်သက်လို့ လောလောဆယ် ဘယ်လိုအခြေအနေတွေ ရောက်နေပြီလဲ။ ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ် မေးမြန်းထားပါတယ်။

မအင်ကြင်းနိုင်။ ။ အခုဆိုရင် သမိုင်းဝင် အမေရိကန်သမ္မတ ရွေးကောက်ပွဲ အင်္ဂါနေ့ကဆိုရင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးသွားပါပြီ။ ဒါပေမယ့် ထူးခြားချက်က အခုအချိန်အထိ မဲတွေ ရေတွက်လို့ မပြီးသေးဘူးပေါေ့နာ်။ နောက်ပြီးတော့ ဘယ်သူ ဘယ်ဝါနိုင်မယ်ဆိုတာကလည်း မသိရသေးဘူး။ တချိန်တည်းမှာပဲ အငြင်းပွားမှုတွေကလည်း ရှိနေတဲ့အခါကျတော့ ရွေးကောက်ပွဲ ဒီရလဒ်နဲ့ ပတ်သက်ပြီးတော့ လောလောဆယ် ဘာတွေဖြစ်နေသလဲ ဒီ နောက်ဆုံးအခြေအနေတွေကို ရှင်းပြပေးပါ။

ဦးသန်းလွင်ထွန်း။ ။ အဲဒီလို နောက်ဆုံးအခြေအနေတွေကို မရှင်းခင်မှာ ဘာဖြစ်သလဲဆိုတာကို တဆင့်ချင်း ပြောရမှာပေါ့နော်။ အခုဖြစ်နေတဲ့အခြေအနေက ဘာဖြစ်သလဲဆိုတော့ အင်္ဂါနေ့က အမေရိကန် ရွေးကောက်ပွဲလုပ်တယ်။ ရွေးကောက်ပွဲ လုပ်တဲ့အခါကျတော့ ရွေးကောက်ပွဲက သူ့ဟာသူ ထူးထူးခြားခြားဖြစ်ရပ်တွေ မရှိဘဲနဲ့ ရွေးကောက်ပွဲပြီးသွားတယ်။ မဲရုံတွေ ပိတ်သွားတယ်။ ခါတိုင်းဆိုရင် ညသန်းခေါင်ကျော်ချိန်ပြီးပြီဆိုရင် မဲတွေရေတွက်တယ်၊ တရားဝင် မဟုတ်ပေမယ့်လည်း ပြည်နယ်အလိုက် ကိုယ်စားပြုမဲတွေ ရောက်လာပြီး သတင်းပို့ တဲ့အခါကျရင် လိုအပ်တဲ့မဲ အရေအတွက်ကို ရပြီဆိုတာနဲ့ ဒါ သမ္မတလောင်းတယောက်ကနေ သူနိုင်ပြီဆိုပြီးတော့ ကြေညာတာပေါ့နော်။ အဲလိုအဖြစ်မျိုးက မနေ့ အင်္ဂါနေ့ ညက ဖြစ်မလာဘူး။ ဖြစ်မလာဘဲနဲ့ မဲတွေက ဆက်ပြီးတော့ ရေတွက်နေရဆဲ ဖြစ်တယ်။ ဒါပေမယ့်လည်း တဘက်က ကျတော့လည်း သမ္မတ Trump က သူ့အနေနဲ့ နိုင်ပြီးသားဖြစ်နေပြီ၊ ဒီမဲတွေ ဆက်ပြီးရေတွက်နေတာကို လုံး၀ လက်မခံနိုင်ဘူး။ တရားလွှတ်တော်ကို တင်ပြပြီးတော့ ဒီကိစ္စကို တားဆီးမယ်လို့ပြောတယ်။ အဲဒါနဲ့ ပတ်သက်ပြီး လောလောဆည် အငြင်းပွားနေတာပေါ့နော်။ အတိုချုပ်ပြောရမယ်ဆိုရင် မဲပေးတာ ပြီးသွားပြီ၊ ဒါပေမယ့် မဲရေတွက်တာမပြီးသေးဘူး။ တချို့အဖြေတွေလည်း ထွက်နေပြီ။ ဒါပေမယ့် သမ္မတ Trump က သူ့အနေနဲ့ နိုင်တယ်လို့ ပြောနေတယ်။

မအင်ကြင်းနိုင်။ ။ ဒီလိုမျိုးပြဿနာမျိုးတွေက အမေရိကန်သမ္မတ ရွေးကောက်ပွဲတွေမှာလည်း ဖြစ်ခဲ့တဲ့ အတွေ့အကြုံတွေရှိတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းကလည်း ဒီလိုအခြေအနေကို ကျော်လွားနိုင်ခဲ့တယ်။ အခုတကြိမ်မှာတော့ မဲဆက်ပြီး ရေတွက်နေရဆဲ ရေတွက်လို့ မပြီးသေးတဲ့အပေါ်မှာ ဘာကြောင့်ပါလဲ။

ဦးသန်းလွင်ထွန်း။ ။ ခါတိုင်း အမေရိကန်သမ္မတ ရွေးကောက်ပွဲတွေမှာဆိုရင် မဲဆန္ဒပေးပြီးတော့ ရွေးကောက်ပွဲ ပြီးသွားပြီးတော့ မဲရုံတွေ ပိတ်သွားပြီး ညသန်းခေါင်ကျော်တာနဲ့ မဲစာရင်းတွေက ရောက်လာကြပြီ စုပေါင်းပြီးရောက်လာကြတော့ ညသန်းခေါင် ကျော်ပြီးလောက်တဲ့အချိန်ကျရင် ၅၃၈ ကိုယ်စားလှယ်မဲတွေကနေ ဘယ်သူက ၂၇၀ ရသလဲဆိုတာကို တိတိကျကျ အဖြေထွက်လာတယ်။ အဲလိုအဖြေထွက်လာပြီဆိုရင်တော့ နိုင်တဲ့ သမ္မတက ကျနော်နိုင်ပါပြီဆိုပြီးတော့ ကြေညာလို့ ရသလို၊ ရှုံးတဲ့သူကလည်း ကျနော် ရှုံးသွားပါပြီဆိုပြီးတော့ ပြောလို့ရတယ်။ ဒါက သာမန်ဖြစ်ရိုးဖြစ်စဉ်။ ဒီတခေါက်ကတော့ ထူးခြားတဲ့ ဖြစ်စဉ်လေးတွေရှိတယ်။ ဥပမာ - တကယ့် ထူးခြားတဲ့ ဖြစ်စဉ်ဆိုတာ ဘာလဲဆိုတော့ COVID-19 အခြေအနေတွေလည်း အများကြီး ပတ်သက်နေတယ်။ ဘာကြောင့်လဲဆိုတော့ ဒီ COVID-19 ဖြစ်တဲ့အခါကျတော့ လူတွေက အပြင်မထွက်ကြဘူး မဲပေးရမယ့်နေရာမှာလည်း ဘာပဲပြောပြော ပြဿနာတွေ အများကြီး ရှိနိုင်တယ်။ လူတွေအများကြီး စုပြီးတော့ မဲပေးတယ်ဆိုတာ။ အဲဒီတော့ ခါတိုင်းနှစ်တွေမှာ ရှိသလိုပဲ တင်ကြိုမဲတို့၊ ဒါမှမဟုတ်ရင်လည်း အဝေးရောက်မဲဆိုတာ ရှိတာကို စာတိုက်ကနေ ထည့်ရတာ။ ဒီနှစ်မှာတော့ ဒီမိုကရက်ကို ထောက်ခံသူတော်တော်များများကို အပြင်ထွက်တာတွေ ရှောင်ရှားဖို့ဆိုပြီးတော့ ကြိုတင်မဲတွေ ထည့်ကြပါ၊ ဒါမှ မဟုတ်ရင်လည်း စာတိုက်ကနေ ပေးကြပါ ဆိုပြီးတော့ သူက ပိုပြီးတော့ လှုံ့ဆော်တယ်။ လှုံ့ဆော်တော့ ဒီမိုကရက်အများစုက အစောကြီးကတည်းက ကြိုတင်မဲ လာထည့်တဲ့လူတွေရှိတယ်။ နောက်ပြီးတော့ စာတိုက်ကနေပြီးတော့ မဲထည့်တဲ့လူတွေရှိတယ်။

သမ္မတ Trump ကတော့ သ့ူမူဝါဒ သဘောအရဆိုရင် လူတွေကို ပုံမှန်အတိုင်းနေစေချင်တော့ ရွေးကောက်ပွဲနေ့မှာ လူတွေလာပြီး မဲထည့်တာကို ပိုပြီးသဘောကျပြီး ဆော်သြထားတယ်။ အဲဒီတော့ အဲဒီနေရာမှာ ထူးထူးခြားခြား COVID ကြောင့် ဖြစ်လာတဲ့ ပြဿနာက ထူးခြားစွာပဲ တင်ကြိုမဲထည့်တဲ့လူတွေ၊ စာတိုက်ကနေ မဲထည့်သူတွေက လူပေါင်း သန်း ၁၀၀ နီးပါးလောက် ဖြစ်နေတယ်။ ဖြစ်နေတော့ ဟိုတုန်းကဆိုရင် တင်ကြိုမဲထည့်တဲ့လူက နည်းနည်းပဲဆိုတော့ အဲဒီ စာတိုက်ကနေရောက်လာတဲ့ မဲတွေ ဒါမှ မဟုတ် လမ်းမှာပဲ ရှိနေသေးတဲ့ မဲတွေ ဆိုတာက သိပ်မပြောပလောက်ဘူး။ ဒီနေ့ ရွေးကောက်ပွဲမှာ ဖြစ်တဲ့ နေ့မှာ ပြီးသွားလို့ လာထည့်တဲ့ မဲတွေကို ရေတွက်လိုက်ရင် ပြဿနာ ပြီးတယ်။ အခုကတော့ ဒီတပတ်ရွေးကောက်ပွဲမှာ လာပေးတဲ့ လူအရေအတွက်က တကယ်တန်းကျရင် သန်း ၆၀ လောက်တော့ ရှိမယ်။ ဒီ သန်း ၆၀ နဲ့ အစောပိုင်းကနေပြီးတော့ တင်ကြိုမဲတွေ သန်း ၁၀၀ လောက်နဲ့ ရှိနေတာတွေကိုပါ ရောပြီးတော့ ရေတွက်တဲ့ အခါကျတော့ ကိစ္စက မပြတ်ဘူး။ သမ္မတ Trump ကတော့ ရွေးကောက်ပွဲ ပြီးတဲ့ ညတွင်းချင်းမှာ ရေလို့ရသလောက်မဲတွေဟာ သူ့ကို ထောက်ခံတဲ့ မဲတွေဆိုတာ သဘောထားပြီးတော့ သူနိုင်ပါပြီလို့ ပြောပြီး၊ ဒီ ရွေးကောက်ပွဲပြီး နောက်ရေတဲ့ မဲတွေကို တရားမဝင်ဘူးလို့၊ ဒါ မတရားလုပ်တာပါဆိုပြီးတော့ ပြောနေတာ ဆိုတော့ အဲဒီပြဿနာပါပဲ။

မအင်ကြင်းနိုင်။ ။ အဲဒီတော့ သမ္မတ Trump က မဲရေတွက်မှု ရလဒ်နောက်ဆုံးအချိန်အထိ သူက ဘာကြောင့် နိုင်တာလဲရှင့်။ အင်္ဂါနေ့ညကဆိုရင် သူနိုင်ကြောင်း သူဟာသူ ကြေညာတယ်။ နောက်ပြီးတော့ ဒီ ရွေးကောက်ပွဲမှာလည်း မသမာမှုတွေ ရှိနေတယ်ဆိုတာ သူကြေညာထားတယ်ဆိုတော့ အဲဒါရဲ့ နောက်ဆက်တွဲ ဘာတွေ ဖြစ်လာနိုင်မလဲ။

ဦးသန်းလွင်ထွန်း။ ။ (နိုဝင်ဘာ) ၃ ရက် အင်္ဂါနေ့ မဲရုံတွေ ပိတ်သွားပြီးတော့ နောက်နေ့မနက် ကူးသွားတယ်၊ မနက် ၂ နာရီ ကျော်ကျော်လောက်မှာ သမ္မတ Trump က ဒီ အိမ်ဖြူတော်မှာ ဖိတ်ကြားထားတဲ့ တချို့ သတင်းစာဆရာတွေရော၊ တချို့ နီးစပ်သူတွေရော သူတို့အရှေ့မှာ ထွက်ပြီးတော့ ရှင်းလင်းတဲ့နေရာမှာ အားလုံးတော်တော်လေး အံသြသွားတယ်။ ဘာကြောင့်လဲဆိုတော့ သူပြောတာက အခုနောက်ဆုံး မဲရုံတွေ ပိတ်သွားပြီ၊ ဟုတ်တော့လည်း ဟုတ်တယ်၊ အဲဒီအချိန်မှာ ရသမျှမဲတွေ ဝင်နေတဲ့အချိန်မှာ ဒါက ၁၀၀ ရာခိုင်နှုန်း မဲတွေ ပြန်ရောက်လာတာ မဟုတ်သေးဘူး။ တချို့ဆိုရင် ၆၀ ရာခိုင်နှုန်း ပြန်ရောက်နေတဲ့ ရေပြီးတဲ့မဲတွေရှိတယ်။ ၈၀ ရာခိုင်နှုန်း ရေပြီးတဲ့ မဲတွေရှိတယ်။ အဲဒီဟာတွေကို ကြည့်မယ်ဆိုရင် သမ္မတ Trump က သူနိုင်နေတာကို။ နိုင်နေတော့ ဒီအချိန်မှာ သူ့အနေနဲ့ ရပ်သင့်နေပြီပေါ့ ။ နောက်ထပ် လာစရာရှိတဲ့ ရခိုင်နှုန်းကို ကြည့်လိုက်တယ်ဆိုရင်လည်း သူနိုင်နေတဲ့ အနေအထားနဲ့ ယှဉ်တွက်လိုက်ရင် ဟိုဟာတွေက သိပ် အရေးမကြီးတော့ဘူး။ ဘယ်လောက်လာလာ သူနိုင်ထားတဲ့ အရေအတွက်ကို ထပ်ပြီး ချေဖျက်နိုင်မယ် မထင်ဘူးဆိုတဲ့ သဘောမျိုး တွက်ပြီးတော့ သူနိုင်နေပြီ၊ ဒါတွေကို ဆက်ပြီးရေနေစရာမလိုဘူး။ နောက်ပြီး အခုလက်ရှိ မဲတွေ ဆက်ရေတွက်နေတယ်ဆိုတာက ဒါက မသမာမှုဖြစ်တယ်။ နောက်ပြီးတော့ တရားလွှတ်တော်ကို ကန့်ကွက်ရမယ်ဆိုပြီးတော့ သူနဲ့ အင်မတန်နီးစပ်တဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေ Republican ပါတီက နောက်သူ့ကို ထောက်ခံနေတဲ့ ဒီဘက်က Fox News လို နေရာမျိုးမှာတောင်မှ သူ့ကို တော်တော် အံ့သြသွားကြတယ်။ ဒါ သမ္မတက နည်းနည်းတော့ လွန်သွားပြီပေါ့နော် သဘောကတော့။ တကယ်တမ်းက သူ သမ္မတ တယောက်အနေနဲ့ မဲဆန္ဒရှင်တွေရဲ့ မဲတခုချင်းစီကို ရေတွက်ခံယူပိုင်ခွင့် ဆိုတာကို သူလေးစားရမယ်လေ။ ပေးထားပြီးသားဟာတွေကို သူ့အနေနဲ့ မလိုတော့ဘူး သူ အနိုင်ရကြောင်း သူဟာသူ တဘက်သတ်ကြေညာတယ်ဆိုတာက မဖြစ်သင့်တဲ့ တရားမဝင်တဲ့ လုပ်ရပ်ဖြစ်တယ်။ သူတကယ်လို့ တရားလွှတ်တော်ကို သွားပြီးတော့Complain လုပ်မယ်ဆိုရင်လည်း ဒီအခြေအနေမှာ သူ့တင်ပြချက်က တရားမဝင်တဲ့အတွက် ဟိုဘက်ကလည်း လက်ခံမှာ မဟုတ်ဘူး။

ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းခဲ့တာပါ။ 

 https://burmese.voanews.com/a/us-election-vote-counting-/5648966.html

 

 

No comments:

Post a Comment

Note: Only a member of this blog may post a comment.