ပြည်ထောင်စုနယ်မြေ နေပြည်တော်မှာ အဝင်အထွက်ဂိတ်တွေကို တင်းတင်းကြပ်ကြပ် 
ပိတ်ထားတဲ့ကြားက၊ ဒေသတွင်း ကူးစက်မှုပုံစံမျိုးနဲ့ မိသားစုတစ်တစ်စုထဲမှာတင်
 လူ လေးဦး ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့တာမျိုး ဖြစ်လာတဲ့အတွက် 
လူစုလူဝေးမလုပ်ဘဲ ကျန်းမာရေး စည်းကမ်းချက်တွေကို လိုက်နာကြဖို့ နေပြည်တော် 
ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် 
ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောလိုက်ပါတယ်။
အဝင်အထွက်ဂိတ်တွေကို 
တင်းတင်းကြပ်ကြပ်ပိတ်ပင်ထားတဲ့ နေပြည်တော်မှာ အခု နိုဝင်ဘာလ 
ဒုတိယပတ်အတွင်း၊ ရောဂါရာဇဝင်မသိဘဲ ကိုရိုနာကပ်ရောဂါ 
ဒေသတွင်းပြန်လည်ကူးစက်မှုပုံစံမျိုး တွေ့လာရတယ်လို့ နေပြည်တော် 
ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် 
ဒေါက်တာမြတ်ဝဏ္ဏစိုးက RFA ကို ပြောပါတယ်။
 
နေပြည်တော် 
ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်ရပ်ကွက်က မိသားစုတစ်စုတည်းက လူ လေးဦးမှာ 
ရောဂါရာဇဝင်မသိဘဲ၊ ဒေသတွင်းကူးစက်မှုပုံစံမျိုးနဲ့ 
ကိုရိုနာဗိုင်းရပ်ပိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးက 
ပြောပါတယ်။
 
“ဆေးရုံသွားပြတယ် နေမကောင်းလို့ ၊ဆေးရုံမှာ 
စစ်လိုက်တော့ ပေါ့စတစ် တွေ့တယ်၊ အဲတော့ သူ့မိသားစု စစ်လိုက်တော့ 
သူ့မိန်းမရော၊ သားရော၊ သမီးရော ပေါ့စတစ် ဖြစ်တယ်။ ဒါက ကျဉ်တောင်ကန် 
ကွင်းဆက်ပေါ့၊ သူတို့နေတဲ့အိမ်နဲ့ တစ်ဝင်းထဲမှာလည်း ခြံထဲမှာလည်း အိမ် ၄ 
လုံး ၅ လုံးလောက်ရှိတယ်၊ အဲဒါကိုလည်း စတေးဟုမ်း သတ်မှတ်ထားပါတယ်”
 
အခုအခါ
 ပိုးတွေ့လူနာတွေနဲ့ နီးနီးကပ်ကပ် ထိတွေ့ခဲ့သူ အယောက် ၂၀ လောက်ကို အသွားအလာ
 ကန့်သတ်စောင့်ကြည့်ထားတယ်လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။
 
ကပ်ရောဂါတားဆီးရေး
 လုပ်ငန်းတွေကို ကူညီဆောင်ရွက်နေတဲ့ ပုဗ္ဗသီရိမြို့နယ် 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်သစ် 
ကလည်း အခု ပိုးတွေ့ လေးယောက်ဟာ ခရီးသွားရာဇဝင်မရှိဘဲ 
ဒေသတွင်းကူးစက်ခံရတာလို့ ပြောပါတယ်။
“ဒီရှေ့မှာလည်း 
ပိုးတွေ့သူတွေရှိတယ်၊ ဒါပေမဲ့ ဒီလေးယောက်ကတော့ ဘယ်မှခရီးသွားတာ လာတာ 
ရာဇဝင်တော့မတွေ့ဘူး၊ သို့သော် ကိုယ့်အိမ်မှာကိုယ်နေရင်းကနေ ကူးတာဆိုတော့ 
local transmission (ဒေသတွင်းကူးစက်မှု) သဘောပေါ့၊ ပိုပြီးသတိထားရမယ့် 
အခြေအနေဖြစ်တယ်လို့ ဒါကြောင့်ပြောတာ၊ မြို့ရွာတွေအနေနဲ့ကတော့ stay at home 
ပုံစံမျိုးကို အမိန့်ညွှန်ကြားချက်နဲ့ မဟုတ်ဘဲနဲ့ 
မေတ္တာရပ်ခံတဲ့သဘောမျိုးနဲ့ မြို့ရွာက ဆောင်ရွက်နေတယ်၊ ရပ်ကွက်သူ 
ရပ်ကွက်သားတွေလည်း အတိုင်းအတာတစ်ခုထိတော့ လိုက်နာဆောင်ရွက်နေတာကို 
တွေ့ရပါတယ်”
 
နေပြည်တော်မှာ နိုဝင်ဘာ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့ထိ  
ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာ ၃၇ ယောက်ရှိခဲ့ပြီး၊ အများစုက အသွားအလာ 
ကန့်သတ်စောင့်ကြည့်ထားသူတွေထဲက ဖြစ်ပါတယ်။
 
ဒေါက်တာမြတ်ဝဏ္ဏစိုးကတော့
 နေပြည်တော်မှာ ခရီးသွားရာဇဝင်မရှိဘဲ ဒေသတွင်း ကူးစက်မှုတွေ့နေရတဲ့အတွက် 
ပြည်သူလူထုအနေနဲ့ လူစုလူဝေးမလုပ်ဘဲ ကျန်းမာရေးညွှန်ကြားချက်တွေကို 
လိုက်နာဖို့ မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။
 
“နေပြည်တော်အနေနဲ့ကတော့
 ဒို့တွေ စည်းကမ်းမလိုက်နာနိုင်ရင်တော့ ထိရောက်မှု (ကူးစက်မှု)နည်းမယ်၊ 
မဟုတ်လို့ရှိရင်တော့ ကျန်တဲ့မြို့ရွာတွေလိုပဲ ကူးစက်မှုက များလာမှာပေါ့၊ 
အဲတော့ တတ်နိုင်သလောက် လူစုလူဝေးမလုပ်နဲ့၊ ခပ်ခွာခွာနေ၊ မက်စ်တပ်၊ လက်ဆေး 
ဒီဥစ္စာလေးတွေ လိုက်နာ ကျင့်သုံးရင်တော့ ကောင်းမှာပေါ့၊ မဟုတ်လို့တကယ်လို့ 
နေပြည်တော်မှာဖြစ်တာ နည်းပါတယ်ဆိုပြီး ပေါ့လိုက်မိရင် 
အများကြီးတွေ့လာမှာပဲ၊ ဒီကြားထဲမှာ တခြားဒေသကလည်း ပြန်လာတာတွေ များတဲ့အတွက်
 ဒို့တွေဆီမှာ ကွာရန်တင်းတွေလည်း တက်လာတဲ့အနေအထားရှိတယ်။ အဲလို အနေအထားမှာ 
ဒို့တွေရဲ့ Work load ကို ဒီထက်ပိုပြီး မများအောင်လို့ အားလုံးက 
ပူးပေါင်းဆောင်ရွက်ပေးပါလို့ တိုက်တွန်းချင်ပါတယ်”
ပြီးခဲ့တဲ့ 
စက်တင်ဘာလ ၂ ရက်နေ့ကစပြီး နေပြည်တော်ကို ဘယ်အရပ်ဒေသကမဆို ဝင်ရောက်လာတဲ့ 
သူတွေအားလုံးကို၊ အသွားအလာ ကန့်သတ်စောင့်ကြည့်ကာ ဆေးစစ်မှုခံယူပြီး 
ကိုရိုနာဗိုင်းရပ်စ်ပိုး မတွေ့မှသာ နေပြည်တော်ကောင်စီနယ်မြေအတွင်းကို 
ဝင်ရောက်ခွင့်ပြုတာဖြစ်ပါတယ်။
နိုဝင်ဘာလ ၁၅ ရက်နေ့ထိ နေပြည်တော်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့သူ ၃၅၉ ဦးရှိပြီး၊ ငါးဦးသေဆုံးခဲ့ပါတယ်။
ရောဂါသက်သာလို့ ဆေးရုံဆင်းခွင့်ရသူက ၃၀၉ ဦး လက်ရှိဆေးရုံတက်လူနာက ၄၅ ဦး ရှိပါတယ် ။ နေပြည်တော်မှာ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူ အရေအတွက်က နိုဝင်ဘာလ ၁၅ နေ့ထိဆိုရင် ၁၈၃၄ ဦးရှိပါတယ်။

 
 

No comments:
Post a Comment
Note: Only a member of this blog may post a comment.