Breaking

November 6, 2020

ကန်သမ္မတရွေးကောက်ပွဲ မဲရေတွက်မှုရပ်ဖို့ သမ္မတထရမ့်ပ်ကြိုးစားပေမဲ့ ဆက်ပြီးရေတွက်နေဆဲ

Pennsylvania ပြည်နယ် Allentown မြို့မှာ မဲများ ရေတွက်နေတဲ့ မြင်ကွင်း။ (နိုဝင်ဘာ ၀၅၊ ၂၀၂၀)

[Zawgyi/Unicode]

အမေရိကန်သမ္မတအဖြစ် ပြန်အရွေးခံရရေး အကြိတ်အနယ်ဖြစ်နေတဲ့ ပြည်နယ် ၂ ခုမှာ အခြေအနေ သိပ်မကောင်းလှတဲ့ သမ္မတ Donald Trump က မဲရေတွက်မှုတွေ ရပ်ထားဖို့ တရားရေး နည်းလမ်းတွေနဲ့ ကြိုးစားပေမဲ့ အဲဒီပြည်နယ်တွေကတော့ မဲတွေဆက်ပြီးရေတွက်နေပါတယ်။

“တရားဝင်မဲတွေကို ရေတွက်မယ်ဆိုရင် ကျနော်အသာလေး အနိုင်ရပါတယ်။ တရားဝင်မဟုတ်တဲ့ မဲတွေကို ရေတွက်မယ်ဆိုရင် ကျနော်တို့ဆီကနေ ရွေေးကာက်ပွဲရလဒ်ကို ခိုးယူဖို့ သူတို့ ကြိုးစားလာနိုင်ပါတယ်။" ဆိုပြီး သမ္မတ Trump ကအိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲမှာ မနေ့က ပြောဆိုသွားတာပါ။

ဒီမိုကရက်သမ္မတလောင်း Joe Biden မဆိုစလောက် မဲအသာရနေတဲ့ နီဗားဒါးပြည်နယ်မှာတော့ သမ္မတ Trump ရဲ့မဲဆွယ်စည်းရုံးရေးအဖွဲ့က ဒီပြည်နယ်မှာ နေထိုင်သူမဟုတ်တဲ့လူပေါင်း ၁၀,၀၀၀ လောက် ဒီမှာ တရားမဝင်မဲပေးခဲ့သလို သူတို့မဲတွေကိုပါ ထည့်ပြီးရေတွက်ထားတယ်ဆိုပြီး ဒီကိစ္စကို တရားရေးအရဆောင်ရွက်မယ်လို့ ပြောပါတယ်။

နီဗားဒါးပြည်နယ်၊ Clark ခရိုင် မဲရုံတာဝန်ခံ Joe Gloria က အဲဒီလိုအဖြစ်မျိုး ပေါ်ပေါက်ခဲ့တာမရှိဘူးဆိုပြီး စွပ်စွဲချက်တွေကို ပယ်ချခဲ့တာပါ။ သမ္မတTrump အနိုင်ရရေး အရေးကြီးလှတဲ့ ပန်ဆယ်လ်ဗေးနီးယားပြည်နယ်မှာ မဲရေတွက်မှုတွေ ရပ်ထားဖို့ တရားရေးအရ လုပ်ကိုင်ထားတယ်လို့လည်း သမ္မတ Trump ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ကြေငြာခဲ့ပါတယ်။

ဂျော်ဂျီယာနဲ့ မီရှီဂန်ပြည်နယ်တွေမှာ မဲတွေ ကိုင်တွယ်ဆောင်ရွက်ပုံနဲ့ ပတ်သက်လို့ သမ္မတ Trump ရဲ့ တရားစွဲဆိုမှုတွေကို သက်ဆိုင်ရာ တရားရုံးတွေက ပယ်ချလိုက်ချိန်မှာပဲ နီဗားဒါးပြည်နယ်မှာ တရားစွဲဆို လိုက်တာပါ။ နီဗားဒါးပြည်နယ်မှာလည်း အခုချိန်ထိ ဘယ်သူအနိုင်ရတယ်ဆိုတာ မထုတ်ပြန်နိုင်သေးပါဘူး။

[Unicode Version]

 https://burmese.voanews.com/a/usa-votes-trumps-legal-setback/5650576.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.