Breaking

November 25, 2020

ICJ ကို ျမန္မာဘက္က ဒုတိယအစီရင္ခံစာ တင္သြင္း


မွတ္တမ္းဓါတ္ပံု- ICJ ၾကားနာပြဲတြင္ေတြ႔ရသည့္ ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚေအာင္ဆန္းစုၾကည္ႏွင့့္ ျမန္မာကိုယ္စားလွယ္အဖြဲ႔ဝင္တခ်ဳိ႕။ (The Hague ၊ နယ္သာလန္) (ဒီဇင္ဘာ ၁၀၊ ၂၀၁၉)
(Zawgyi/Unicode)

ရိုဟင္ဂ်ာေတြကို လူမ်ိဳးတုန္း သတ္ျဖတ္မႈ မရွိေစေရး အကာအကြယ္ေပးဖို႔ ႏုိင္ငံတကာ တရားရံုး ICJ ရဲ႕ ၾကားကာလ အစီအမံ အမိန္႔နဲ႔ အညီ ျမန္မာ အစိုးရဘက္က ဒုတိယေျမာက္ အစီရင္ခံစာကို တနလာၤေန႔က တင္သြင္းပါတယ္။ဒီ အစီရင္ခံစာကုိေတာ့ အမ်ားျပည္သူ ၾကည့္ရႈႏုိင္ေရး အတြက္ ထုတ္ျပန္ဦးမွာ မဟုတ္ပါဘူး။

ျမန္မာ အစိုးရဘက္ကေတာ့ တနလာၤေန႔က အစီရင္ခံစာ တင္သြင္းမႈကို အသိေပး ထုတ္ျပန္ထားတာ မရွိေသးေပမယ့္လည္း အေမရိကန္ အေျခစိုက္ Global Justice Center က ျမန္မာဘက္က ဒုတိယေျမာက္ အစီရင္ခံစာ တင္သြင္းမႈကို ႀကိဳဆိုေၾကာင္းနဲ႔ အတူဘဲ ဒီ အစီရင္ခံစာ တင္ၿပီ ဆိုတာကို ထုတ္ျပန္တာ ျဖစ္ပါတယ္။

ရိုဟင္ဂ်ာ အေရး ICJ ရဲ႕ ဆံုးျဖတ္ခ်က္နဲ႔ အညီ ျမန္မာဘက္က ပထမဆံုး အစီရင္ခံစာကို ေမလ အတြင္း တင္သြင္းတာ ျဖစ္ၿပီး အခု ၆ လ အၾကာမွာ ဒုတိယေျမာက္ အစီရင္ခံစာကို တင္သြင္းရတာ ျဖစ္ပါတယ္။ ဂမ္ဘီယာႏိုိင္ငံရဲ႕ တိုင္ၾကားခ်က္နဲ႔ ICJ မွာ ႏွစ္ဘက္ ၾကားနာ စစ္ေဆးအၿပီး ဇန္န၀ါရီ လထဲမွာဘဲ ျမန္မာဘက္က ၾကားကာလ အစီအမံ အျဖစ္ လိုက္နာ ေဆာင္ရြက္ဖုိ႔ အေရးေပၚ စီမံ ဆံုးျဖတ္ခ်က္ ၄ ခ်က္ကို တရားရံုးက အမိန္႔ခ်ခဲ႔တာပါ။

လူမ်ိဳးတုန္း သတ္ျဖတ္မႈဆိုင္ရာ က်ဴးလြန္မႈေတြ မျဖစ္ေအာင္ ျမန္မာဘက္က ကာကြယ္ဖို႔၊ စစ္တပ္ လက္နက္ကိုင္တပ္ေတြ အဖြဲ႔အစည္းေတြဘက္က အလားတူ လုပ္ရပ္ေတြ လံႈ႕ေဆာ္မႈ က်ဴးလြန္မႈ မရွိေအာင္ ထိန္းခ်ဳပ္ဖို႔၊ သက္ေသ အေထာက္အထားေတြကို မဖ်က္စီးဘဲ ထိန္းသိမ္းထားဖို႔၊ ဒီအမႈကို တရားရံုးမွာ စစ္ေဆးေနစဥ္ ကာလအတြင္း ျမန္မာဘက္က ပထမ တခါ ၄ လ တႀကိမ္၊ ေနာက္ပိုင္းမွာ ၆ လတႀကိမ္ ပံုမွန္ အစီရင္ခံစာ တင္သြင္းဖို႔ အမိန္႔ခ်ထားတာပါ။

ဒီၾကားထဲ တရားရံုးက ေနာက္ထပ္ အေရးေပၚ အစီအမံေတြလည္း ဆံုးျဖတ္ႏုိင္တယ္လို႔ ပါပါတယ္။ Global Justice Center အဖြဲ႔ႀကီးရဲ႕ ဥပေဒေရးရာ ညႊန္ၾကားေရးမွဴး Grant Shubin ကေတာ့ ျမန္မာဘက္က ဒုတိယေျမာက္ အစီရင္ခံစာ တင္တဲ႔ အေပၚမွာ ႀကိဳဆိုေၾကာင္း ေျပာေပမယ့္လည္း ရိုဟင္ဂ်ာေတြ ရင္ဆိုင္ေနရဆဲ ျဖစ္တဲ႔ လူမ်ိဳးတုန္း သတ္ျဖတ္မႈ က်ဴးလြန္ႏုိင္ေျခ အလားအလာေတြ ပိုၿပီး မ်ားလာေစတဲ႔ ခြဲျခားဆက္ဆံမႈေတြနဲ႔ အျပစ္က လြတ္ၿငိမ္းခ်မ္းသာခြင့္ရေနတဲ႔ အေျခခံ အရင္းအျမစ္ေတြကို ျမန္မာဘက္က ဘာမွ ေျဖရွင္းႏုိင္တာ မရွိေသးဘူးလို႔ ေထာက္ျပ ေ၀ဖန္ပါတယ္။

ၿပီးခဲ႔တဲ႔ ေရြးေကာက္ပြဲမွာ ရိုဟင္ဂ်ာ ကိုယ္စားလွယ္ေလာင္းေတြ ၀င္ၿပိဳင္ခြင့္ မရတဲ႔ အေျခအေနနဲ႔ ရိုဟင္ဂ်ာ မဲဆႏၵရွင္ေတြ မဲေပးခြင့္ မရခဲ႔တာဟာဆိုရင္ အစိုးရဘက္က ခြဲျခား ဆက္ဆံမႈကို ပိုၿပီးေတာ့ လုပ္လာတာလို႔လည္း သူကေျပာပါတယ္။ တရားရံုးရဲ႕ အမိန္႔နဲ႔ ကိုက္ညီဖို႔ ဆိုရင္ ရိုဟင္ဂ်ာေတြကို စနစ္တက် ခြဲျခားဆက္ဆံထားတဲ႔ ဥပေဒေတြကို အလံုးစံု ျပဳျပင္ေျပာင္းလဲဖို႔ အျပင္ စစ္တပ္ရဲ႕ ႀကီးစိုးမႈကိုလည္း ဖယ္ရွားဖို႔ လိုအပ္မယ္လို႔လည္း သူက ေထာက္ျပပါတယ္။ ျမန္မာ အစိုးရဘက္ကေတာ့ ရိုဟင္ဂ်ာဆိုတဲ႔ အသံုးအႏႈနး္ကို လက္မခံပါဘူး။

ဒါေပမယ့္လည္း အခု ဒုတိယ သက္တမ္းမွာလည္း ရခုိင္ အေရးကိစၥကို အဓိက ဦးစားေပး ကိစၥ တရပ္ ထားရွိမယ္လို႔ အေရွ႕ေတာင္ အာရွ ႏုိင္ငံမ်ား အသင္း အာဆီယံနဲ႔ ကုလသမဂၢ ထိပ္သီး ေဆြးေႏြးပြဲမွာ ကတိျပဳထားပါတယ္။ တခ်ိန္တည္းမွာပဲ ၿဗိတိန္အေျခစိုက္ ႐ိုဟင္ဂ်ာအေရး လႈပ္ရွားမႈအဖြဲ႕ BROUK ကေတာ့ ႐ိုဟင္ဂ်ာေတြအေပၚ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကို အကာအကြယ္ေပးဖို႔ အျပည္ျပည္ဆိုင္ရာ တရား႐ုံး (ICJ) က ၾကားျဖတ္အမိန႔္ ထုတ္ျပန္ထားေပမဲ့ လိုက္နာဖို႔ ပ်က္ကြက္ေနတယ္လို႔ ေျပာဆိုလိုက္ပါတယ္။ ကမာၻ႔တရား႐ုံးရဲ႕ အမိန႔္ကို ျမန္မာႏိုင္ငံက လိုက္နာေအာင္ ႏိုင္ငံတကာက ဖိအားေပးဖို႔လည္း မေန႔တုန္းကပဲ ေၾကညာခ်က္ထုတ္ျပန္ ေျပာဆိုထားပါတယ္။

.......

ICJ ကို မြန်မာဘက်က ဒုတိယအစီရင်ခံစာ တင်သွင်း

(Unicode)

ရိုဟင်ဂျာတွေကို လူမျိုးတုန်း သတ်ဖြတ်မှု မရှိစေရေး အကာအကွယ်ပေးဖို့ နိုင်ငံတကာ တရားရုံး ICJ ရဲ့ ကြားကာလ အစီအမံ အမိန့်နဲ့ အညီ မြန်မာ အစိုးရဘက်က ဒုတိယမြောက် အစီရင်ခံစာကို တနလာၤနေ့က တင်သွင်းပါတယ်။ဒီ အစီရင်ခံစာကိုတော့ အများပြည်သူ ကြည့်ရှုနိုင်ရေး အတွက် ထုတ်ပြန်ဦးမှာ မဟုတ်ပါဘူး။
မြန်မာ အစိုးရဘက်ကတော့ တနလာၤနေ့က အစီရင်ခံစာ တင်သွင်းမှုကို အသိပေး ထုတ်ပြန်ထားတာ မရှိသေးပေမယ့်လည်း အမေရိကန် အခြေစိုက် Global Justice Center က မြန်မာဘက်က ဒုတိယမြောက် အစီရင်ခံစာ တင်သွင်းမှုကို ကြိုဆိုကြောင်းနဲ့ အတူဘဲ ဒီ အစီရင်ခံစာ တင်ပြီ ဆိုတာကို ထုတ်ပြန်တာ ဖြစ်ပါတယ်။

ရိုဟင်ဂျာ အရေး ICJ ရဲ့ ဆုံးဖြတ်ချက်နဲ့ အညီ မြန်မာဘက်က ပထမဆုံး အစီရင်ခံစာကို မေလ အတွင်း တင်သွင်းတာ ဖြစ်ပြီး အခု ၆ လ အကြာမှာ ဒုတိယမြောက် အစီရင်ခံစာကို တင်သွင်းရတာ ဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံရဲ့ တိုင်ကြားချက်နဲ့ ICJ မှာ နှစ်ဘက် ကြားနာ စစ်ဆေးအပြီး ဇန်နဝါရီ လထဲမှာဘဲ မြန်မာဘက်က ကြားကာလ အစီအမံ အဖြစ် လိုက်နာ ဆောင်ရွက်ဖို့ အရေးပေါ် စီမံ ဆုံးဖြတ်ချက် ၄ ချက်ကို တရားရုံးက အမိန့်ချခဲ့တာပါ။

လူမျိုးတုန်း သတ်ဖြတ်မှုဆိုင်ရာ ကျူးလွန်မှုတွေ မဖြစ်အောင် မြန်မာဘက်က ကာကွယ်ဖို့၊ စစ်တပ် လက်နက်ကိုင်တပ်တွေ အဖွဲ့အစည်းတွေဘက်က အလားတူ လုပ်ရပ်တွေ လှုံ့ဆော်မှု ကျူးလွန်မှု မရှိအောင် ထိန်းချုပ်ဖို့၊ သက်သေ အထောက်အထားတွေကို မဖျက်စီးဘဲ ထိန်းသိမ်းထားဖို့၊ ဒီအမှုကို တရားရုံးမှာ စစ်ဆေးနေစဉ် ကာလအတွင်း မြန်မာဘက်က ပထမ တခါ ၄ လ တကြိမ်၊ နောက်ပိုင်းမှာ ၆ လတကြိမ် ပုံမှန် အစီရင်ခံစာ တင်သွင်းဖို့ အမိန့်ချထားတာပါ။

ဒီကြားထဲ တရားရုံးက နောက်ထပ် အရေးပေါ် အစီအမံတွေလည်း ဆုံးဖြတ်နိုင်တယ်လို့ ပါပါတယ်။ Global Justice Center အဖွဲ့ကြီးရဲ့ ဥပဒေရေးရာ ညွှန်ကြားရေးမှူး Grant Shubin ကတော့ မြန်မာဘက်က ဒုတိယမြောက် အစီရင်ခံစာ တင်တဲ့ အပေါ်မှာ ကြိုဆိုကြောင်း ပြောပေမယ့်လည်း ရိုဟင်ဂျာတွေ ရင်ဆိုင်နေရဆဲ ဖြစ်တဲ့ လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်နိုင်ခြေ အလားအလာတွေ ပိုပြီး များလာစေတဲ့ ခွဲခြားဆက်ဆံမှုတွေနဲ့ အပြစ်က လွတ်ငြိမ်းချမ်းသာခွင့်ရနေတဲ့ အခြေခံ အရင်းအမြစ်တွေကို မြန်မာဘက်က ဘာမှ ဖြေရှင်းနိုင်တာ မရှိသေးဘူးလို့ ထောက်ပြ ဝေဖန်ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရိုဟင်ဂျာ ကိုယ်စားလှယ်လောင်းတွေ ဝင်ပြိုင်ခွင့် မရတဲ့ အခြေအနေနဲ့ ရိုဟင်ဂျာ မဲဆန္ဒရှင်တွေ မဲပေးခွင့် မရခဲ့တာဟာဆိုရင် အစိုးရဘက်က ခွဲခြား ဆက်ဆံမှုကို ပိုပြီးတော့ လုပ်လာတာလို့လည်း သူကပြောပါတယ်။ တရားရုံးရဲ့ အမိန့်နဲ့ ကိုက်ညီဖို့ ဆိုရင် ရိုဟင်ဂျာတွေကို စနစ်တကျ ခွဲခြားဆက်ဆံထားတဲ့ ဥပဒေတွေကို အလုံးစုံ ပြုပြင်ပြောင်းလဲဖို့ အပြင် စစ်တပ်ရဲ့ ကြီးစိုးမှုကိုလည်း ဖယ်ရှားဖို့ လိုအပ်မယ်လို့လည်း သူက ထောက်ပြပါတယ်။ မြန်မာ အစိုးရဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။

ဒါပေမယ့်လည်း အခု ဒုတိယ သက်တမ်းမှာလည်း ရခိုင် အရေးကိစ္စကို အဓိက ဦးစားပေး ကိစ္စ တရပ် ထားရှိမယ်လို့ အရှေ့တောင် အာရှ နိုင်ငံများ အသင်း အာဆီယံနဲ့ ကုလသမဂ္ဂ ထိပ်သီး ဆွေးနွေးပွဲမှာ ကတိပြုထားပါတယ်။ တချိန်တည်းမှာပဲ ဗြိတိန်အခြေစိုက် ရိုဟင်ဂျာအရေး လှုပ်ရှားမှုအဖွဲ့ BROUK ကတော့ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အကာအကွယ်ပေးဖို့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က ကြားဖြတ်အမိန့် ထုတ်ပြန်ထားပေမဲ့ လိုက်နာဖို့ ပျက်ကွက်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။ ကမ္ဘာ့တရားရုံးရဲ့ အမိန့်ကို မြန်မာနိုင်ငံက လိုက်နာအောင် နိုင်ငံတကာက ဖိအားပေးဖို့လည်း မနေ့တုန်းကပဲ ကြေညာချက်ထုတ်ပြန် ပြောဆိုထားပါတယ်

 https://burmese.voanews.com/a/icj-myanmar-files-second-report-/5675119.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.