Breaking

November 22, 2020

ေက်ာက္မဲ ဦးထုိက္ေဇာ္ ပစ္သတ္ခံရမႈ ႏုိင္ငံေရးေၾကာင့္ဟု NLD ယူဆ


 

 

(Zawgyi / Unicode)

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေက်ာက္မဲခ႐ိုင္ အမွတ္ ၁ မွာ ဝင္ေရာက္ယွဥ္ၿပိဳင္ၿပီး အႏိုင္ရခဲ့တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီက အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးထိုက္ေဇာ္ ေသနတ္နဲ႔ ပစ္ခတ္ခံရတာေၾကာင့္ ေသဆုံးသြားပါတယ္။ အျပည့္အစုံကို မေမခ စုစည္းတင္ျပထားပါတယ္။

ၿပီးခဲ့တဲ့ ႏုိဝင္ဘာ ၂၁ ရက္ေန႔ ညေန ၆ နာရီခြဲေလာက္က ဦးထိုက္ေဇာ္ရဲ႕ ေနအိမ္ကို ဆိုင္ကယ္နဲ႔ လူႏွစ္ေယာက္ လာေရာက္ၿပီး ေသနတ္နဲ႔ ပစ္ခတ္ခဲ့တာေၾကာင့္ ေသဆုံးခဲ့ရတာျဖစ္ၿပီး ေသဆုံးရတာဟာ ႏိုင္ငံေရးေၾကာင့္ျဖစ္တယ္လို႔ လက္ရွိ အႏိုင္ရပါတီ NLD ပါတီ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးၫြန႔္က ေျပာပါတယ္။

“ဒါက ဘာကိုျပလဲဆို ႏိုင္ငံေရးမွာ အၾကမ္းဖက္ဝါဒ သြတ္သြင္းဖို႔ ႀကိဳးစားေနတာလို႔ ယူဆပါတယ္။ ဒီလို ဦးထိုက္ေဇာ္ လုပ္ႀကံသတ္ျဖတ္ခံရတာက ႏိုင္ငံေရးရည္ရြယ္ခ်က္နဲ႔ လုပ္တယ္လို႔ သံသယရွိပါတယ္။ ဒီလုပ္ႀကံမႈမွာ ပါဝင္သူေတြကို တိတိက်က်နဲ႔ အျမန္ဆုံး ေဖာ္ထုတ္အေရးယူဖို႔ေတာ့ က်ေနာ္တို႔ တာဝန္ရွိသူေတြကို တိုက္တြန္းပါတယ္။”

ေသဆုံးသြားသူ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးထိုက္ေဇာ္ဟာ ေက်ာက္မဲၿမိဳ႕နယ္၊ ေနာင္ပိန္ေက်းရြာအုပ္စု၊ ပင္တိန္ရြာမွာ ေနထိုင္သူျဖစ္ပါတယ္။ ေသဆုံးခဲ့တာနဲ႔ပတ္သက္လို႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔ဘက္ကို ဆက္သြယ္ခဲ့ေပမယ့္ ဆက္သြယ္လို႔မရခဲ့ပါဘူး။ ေသနတ္သမားကိုလည္း မမိသလို ဘယ္အဖြဲ႔က ဘယ္လိုေၾကာင့္ လုပ္ႀကံသလဲ ဆိုတာကိုလည္း မေဖာ္ထုတ္ႏိုင္ေသးပါဘူး။

ေဒသခံတဦးလည္းျဖစ္ နာေရးကူညီမႈလုပ္ေနတဲ့ ပရဟိတ လုပ္ေပးေနသူ ဦးတင္ေမာင္သန္းကေတာ့ ဦးထိုက္ေဇာ္ဟာ သူဖြင့္ထားတဲ့ ကုန္စုံဆိုင္မွာ ကြမ္းယာလာဝယ္သူအတြက္ ကြမ္းယာ ယာေနစဥ္ ပစ္ခံခဲ့ရတာျဖစ္ၿပီး အဲဒီအခ်ိန္မွာ ဇနီးျဖစ္သူက အိမ္ေပၚတက္သြားခ်ိန္ျဖစ္လို႔ မ်က္ျမင္သက္ေသမရွိတဲ့ အေနအထား ျဖစ္သြားတယ္လို႔လည္း ေျပာျပပါတယ္။ ျဖစ္စဥ္အေနနဲ႔ စီးပြားေရး ရန္ၿငိဳးေၾကာင့္ မဟုတ္ဘဲ ေရြးေကာက္ပြဲမွာ အျငင္းပြားမႈေၾကာင့္ အခုလို ျဖစ္ႏိုင္တယ္လို႔ သူ႔ထင္ျမင္ခ်က္ကို ေျပာပါတယ္။

“စီးပြားေရးအရေတာ့ မပတ္သက္ပါဘူး။ ဘာလို႔လဲဆိုေတာ့ သူ႔စီးပြားေရးကလည္း ဘယ္လိုေခၚမလဲ ခ်မ္းသာေလာက္တဲ့အဆင့္ မရွိသလို ၿပိဳင္ဆိုင္စရာလည္း မရွိပါဘူး။ အဲေတာ့ ဒီမဲရလဒ္အေပၚမွာပဲ လတ္တေလာ ျဖစ္ၾကတာေပါ့ေနာ္။ အဲလိုပဲ က်ေနာ္တို႔ ေျပာလို႔ရပါမယ္။”

ေက်ာက္မဲၿမိဳ႕နယ္ထဲမွာ ၿပီးခဲ့တဲ့ ႏုိဝင္ဘာလ ၁၅ ရက္ေန႔ကလည္း ၿမိဳ႕နယ္ေရြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ရဲ႕ ေနအိမ္ ေသနတ္နဲ႔ ပစ္ခတ္ခံခဲ့ရပါေသးတယ္။ အဲ့ဒီပစ္ခတ္မႈမွာေတာ့ ထိခိုက္ဒဏ္ရာရသူ မရွိခဲ့ေပမယ့္ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ခြဲ ဥကၠ႒ရဲ႕ ေနအိမ္မွန္ေတြ ပ်က္စီးခဲ့ပါတယ္။ အဲဒီရဲ႕ လက္သည္တရားခံကိုလည္း မမိေသးပါဘူး။

ေက်ာက္မဲခ႐ိုင္တြင္းမွာ ေနာင္ခ်ိဳၿမိဳ႕နယ္ကလြဲၿပီး သီေပါ၊ နမၼတူ၊ ေက်ာက္မဲၿမိဳ႕နယ္ေတြမွာ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (SNLD) က ေနရာအမ်ားဆုံး အႏိုင္ရခဲ့တာ ျဖစ္ပါတယ္။ အမ်ိဳးသားလႊတ္ေတာ္ အမွတ္ ၁ ေနရာအတြက္ကိုေတာ့ NLD ပါတီကိုယ္စားလွယ္ ဦးထိုက္ေဇာ္က မဲေပါင္း ၅၀ ေက်ာ္အသာနဲ႔ SNLD ပါတီကိုယ္စားလွယ္ကို အႏိုင္ရခဲ့ပါတယ္။ ဒီလိုအႏိုင္ရတာမွာ မိုးမိတ္ဘက္မွာ မဲမသမာမႈ ရွိခဲ့တယ္ဆိုၿပီး ျပန္လည္ေရတြက္တာေတြ လုပ္ခဲ့ရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

Generation Tree ေရြးေကာက္ပြဲေစာင့္ၾကည့္အဖြဲ႔က ဦးေအာင္ႏိုင္ေမာ္ကေတာ့ ဒီျဖစ္ရပ္ဟာ စိုးရိမ္စရာျဖစ္ရပ္လို႔ ႐ႈျမင္ၿပီး ေရြးေကာက္ပြဲ အက်ိဳးဆက္ေၾကာင့္ ျဖစ္လာတယ္လို႔ သုံးသပ္သလို ၿမိဳ႕နယ္ေကာ္မရွင္အဖြဲ႔ေတြ လုံၿခဳံေရးကို ထည့္တြက္ဖို႔ သူက သတိေပးပါတယ္။

“ေက်ာက္မဲ ေနာင္ခ်ိဳက မၿငိမ္းခ်မ္းတဲ့ ေနရာက တခ်က္ေပါ့၊ ေနာက္တခုကေတာ့ ေရြးေကာက္ပြဲ အျငင္းပြားမႈနဲ႔လည္း ဆက္စပ္တယ္လို႔ က်ေနာ္ယူဆတယ္။ အခုကလည္း ကိုယ္စားလွယ္ေလာင္းေတြ ေၾကညာၿပီးၿပီ။ ေနာက္ဆက္တြဲ ေရြးေကာက္ပြဲအတြင္း ႀကဳံရတဲ့ တရားမဲ့ျပဳက်င့္မႈေတြကို တိုင္တန္းလို႔ရၿပီဆိုတဲ့ အခ်ိန္နဲ႔လည္း ကိုက္ေနတာဆိုေတာ့ သက္ဆိုင္ရာ ေကာ္မရွင္ေတြရဲ႕ လုံၿခဳံေရးကို သတိထားသင့္တယ္။ ေကာ္မရွင္အႀကီးထဲကတင္ မဟုတ္ဘဲ သက္ဆိုင္ရာ ၿမိဳ႕နယ္ေကာ္မရွင္ခြဲေတြ လုံၿခဳံေရးကို သတိထားဖို႔လိုတယ္လို႔ ျမင္တယ္။”

လုံၿခဳံေရးေၾကာင့္ အမည္နဲ႔ အသံ မေဖာ္ျပႏိုင္တဲ့ ရွမ္းျပည္ေရြးေကာက္ပြဲေကာ္မရွင္ အဖြဲ႔ဝင္တဦးကေတာ့ လက္ရွိအခ်ိန္မွာ ေကာ္မရွင္အဖြဲ႔ခြဲေတြမွာ အသက္အႏၲရာယ္ စုိးရိမ္စရာျဖစ္ေနၿပီး ေနအိမ္မွာ မေနႏိုင္တဲ့ဘဝနဲ႔ လွည့္ပတ္သြားေနရတယ္လို႔ ေျပာပါတယ္။ အခုလိုျဖစ္သြားတာေၾကာင့္ အမ်ိဳးသားလႊတ္ေတာ္ အမတ္ေနရာအတြက္ လစ္လပ္မဲဆႏၵနယ္အေနနဲ႔သာ သတ္မွတ္ ျပန္လည္ေရြးခ်ယ္မွာျဖစ္ၿပီး မဲအမ်ားဆုံးရသူ ေသဆုံးသြားတာေၾကာင့္ ဒုတိယမဲအမ်ားဆုံးရသူက အမတ္အျဖစ္ ဆက္ခံခြင့္ရမွာမ်ိဳး မရွိဘူးလို႔ ဗြီအိုေအကို အတည္ျပဳ ေျပာဆိုပါတယ္။

၂၀၂၀ ျပည့္ႏွစ္ ေရြးေကာက္ပြဲကို ေက်ာက္မဲခ႐ိုင္မွာ ႏိုင္ငံေရးပါတီေပါင္း ၁၀ ပါတီ ဝင္ၿပိဳင္ခဲ့ပါတယ္။

-----------------------

(Unicode)

ကျောက်မဲ ဦးထိုက်ဇော် ပစ်သတ်ခံရမှု နိုင်ငံရေးကြောင့်ဟု NLD ယူဆ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင် အမှတ် ၁ မှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထိုက်ဇော် သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားပါတယ်။ အပြည့်အစုံကို မမေခ စုစည်းတင်ပြထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့ ညနေ ၆ နာရီခွဲလောက်က ဦးထိုက်ဇော်ရဲ့ နေအိမ်ကို ဆိုင်ကယ်နဲ့ လူနှစ်ယောက် လာရောက်ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့ရတာဖြစ်ပြီး သေဆုံးရတာဟာ နိုင်ငံရေးကြောင့်ဖြစ်တယ်လို့ လက်ရှိ အနိုင်ရပါတီ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

“ဒါက ဘာကိုပြလဲဆို နိုင်ငံရေးမှာ အကြမ်းဖက်ဝါဒ သွတ်သွင်းဖို့ ကြိုးစားနေတာလို့ ယူဆပါတယ်။ ဒီလို ဦးထိုက်ဇော် လုပ်ကြံသတ်ဖြတ်ခံရတာက နိုင်ငံရေးရည်ရွယ်ချက်နဲ့ လုပ်တယ်လို့ သံသယရှိပါတယ်။ ဒီလုပ်ကြံမှုမှာ ပါဝင်သူတွေကို တိတိကျကျနဲ့ အမြန်ဆုံး ဖော်ထုတ်အရေးယူဖို့တော့ ကျနော်တို့ တာဝန်ရှိသူတွေကို တိုက်တွန်းပါတယ်။”

သေဆုံးသွားသူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော်ဟာ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာအုပ်စု၊ ပင်တိန်ရွာမှာ နေထိုင်သူဖြစ်ပါတယ်။ သေဆုံးခဲ့တာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဘက်ကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။ သေနတ်သမားကိုလည်း မမိသလို ဘယ်အဖွဲ့က ဘယ်လိုကြောင့် လုပ်ကြံသလဲ ဆိုတာကိုလည်း မဖော်ထုတ်နိုင်သေးပါဘူး။

ဒေသခံတဦးလည်းဖြစ် နာရေးကူညီမှုလုပ်နေတဲ့ ပရဟိတ လုပ်ပေးနေသူ ဦးတင်မောင်သန်းကတော့ ဦးထိုက်ဇော်ဟာ သူဖွင့်ထားတဲ့ ကုန်စုံဆိုင်မှာ ကွမ်းယာလာဝယ်သူအတွက် ကွမ်းယာ ယာနေစဉ် ပစ်ခံခဲ့ရတာဖြစ်ပြီး အဲဒီအချိန်မှာ ဇနီးဖြစ်သူက အိမ်ပေါ်တက်သွားချိန်ဖြစ်လို့ မျက်မြင်သက်သေမရှိတဲ့ အနေအထား ဖြစ်သွားတယ်လို့လည်း ပြောပြပါတယ်။ ဖြစ်စဉ်အနေနဲ့ စီးပွားရေး ရန်ငြိုးကြောင့် မဟုတ်ဘဲ ရွေးကောက်ပွဲမှာ အငြင်းပွားမှုကြောင့် အခုလို ဖြစ်နိုင်တယ်လို့ သူ့ထင်မြင်ချက်ကို ပြောပါတယ်။

“စီးပွားရေးအရတော့ မပတ်သက်ပါဘူး။ ဘာလို့လဲဆိုတော့ သူ့စီးပွားရေးကလည်း ဘယ်လိုခေါ်မလဲ ချမ်းသာလောက်တဲ့အဆင့် မရှိသလို ပြိုင်ဆိုင်စရာလည်း မရှိပါဘူး။ အဲတော့ ဒီမဲရလဒ်အပေါ်မှာပဲ လတ်တလော ဖြစ်ကြတာပေါ့နော်။ အဲလိုပဲ ကျနော်တို့ ပြောလို့ရပါမယ်။”

ကျောက်မဲမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့ကလည်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရဲ့ နေအိမ် သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါသေးတယ်။ အဲ့ဒီပစ်ခတ်မှုမှာတော့ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပေမယ့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌရဲ့ နေအိမ်မှန်တွေ ပျက်စီးခဲ့ပါတယ်။ အဲဒီရဲ့ လက်သည်တရားခံကိုလည်း မမိသေးပါဘူး။

ကျောက်မဲခရိုင်တွင်းမှာ နောင်ချိုမြို့နယ်ကလွဲပြီး သီပေါ၊ နမ္မတူ၊ ကျောက်မဲမြို့နယ်တွေမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က နေရာအများဆုံး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော် အမှတ် ၁ နေရာအတွက်ကိုတော့ NLD ပါတီကိုယ်စားလှယ် ဦးထိုက်ဇော်က မဲပေါင်း ၅၀ ကျော်အသာနဲ့ SNLD ပါတီကိုယ်စားလှယ်ကို အနိုင်ရခဲ့ပါတယ်။ ဒီလိုအနိုင်ရတာမှာ မိုးမိတ်ဘက်မှာ မဲမသမာမှု ရှိခဲ့တယ်ဆိုပြီး ပြန်လည်ရေတွက်တာတွေ လုပ်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Generation Tree ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့က ဦးအောင်နိုင်မော်ကတော့ ဒီဖြစ်ရပ်ဟာ စိုးရိမ်စရာဖြစ်ရပ်လို့ ရှုမြင်ပြီး ရွေးကောက်ပွဲ အကျိုးဆက်ကြောင့် ဖြစ်လာတယ်လို့ သုံးသပ်သလို မြို့နယ်ကော်မရှင်အဖွဲ့တွေ လုံခြုံရေးကို ထည့်တွက်ဖို့ သူက သတိပေးပါတယ်။

“ကျောက်မဲ နောင်ချိုက မငြိမ်းချမ်းတဲ့ နေရာက တချက်ပေါ့၊ နောက်တခုကတော့ ရွေးကောက်ပွဲ အငြင်းပွားမှုနဲ့လည်း ဆက်စပ်တယ်လို့ ကျနော်ယူဆတယ်။ အခုကလည်း ကိုယ်စားလှယ်လောင်းတွေ ကြေညာပြီးပြီ။ နောက်ဆက်တွဲ ရွေးကောက်ပွဲအတွင်း ကြုံရတဲ့ တရားမဲ့ပြုကျင့်မှုတွေကို တိုင်တန်းလို့ရပြီဆိုတဲ့ အချိန်နဲ့လည်း ကိုက်နေတာဆိုတော့ သက်ဆိုင်ရာ ကော်မရှင်တွေရဲ့ လုံခြုံရေးကို သတိထားသင့်တယ်။ ကော်မရှင်အကြီးထဲကတင် မဟုတ်ဘဲ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်ခွဲတွေ လုံခြုံရေးကို သတိထားဖို့လိုတယ်လို့ မြင်တယ်။”

လုံခြုံရေးကြောင့် အမည်နဲ့ အသံ မဖော်ပြနိုင်တဲ့ ရှမ်းပြည်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တဦးကတော့ လက်ရှိအချိန်မှာ ကော်မရှင်အဖွဲ့ခွဲတွေမှာ အသက်အန္တရာယ် စိုးရိမ်စရာဖြစ်နေပြီး နေအိမ်မှာ မနေနိုင်တဲ့ဘဝနဲ့ လှည့်ပတ်သွားနေရတယ်လို့ ပြောပါတယ်။ အခုလိုဖြစ်သွားတာကြောင့် အမျိုးသားလွှတ်တော် အမတ်နေရာအတွက် လစ်လပ်မဲဆန္ဒနယ်အနေနဲ့သာ သတ်မှတ် ပြန်လည်ရွေးချယ်မှာဖြစ်ပြီး မဲအများဆုံးရသူ သေဆုံးသွားတာကြောင့် ဒုတိယမဲအများဆုံးရသူက အမတ်အဖြစ် ဆက်ခံခွင့်ရမှာမျိုး မရှိဘူးလို့ ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကို ကျောက်မဲခရိုင်မှာ နိုင်ငံရေးပါတီပေါင်း ၁၀ ပါတီ ဝင်ပြိုင်ခဲ့ပါတယ်။

 

 

 https://burmese.voanews.com/a/nld-react-u-htike-zaw-assassination/5671600.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.